၂၆ ဘုရားသခင်၏တံပိုးခုနစ်လုံး တစ်ဖန်အသံမြည်လေ၏ကျူး

၁ ငါ၏ တံပိုးခုနှစ်လုံးသည် အိပ်မောကျနေသူတို့အား နိုးထစေလျက် အသံမြည်ကြ၏။ အလျင်အမြန် ထကြလော့၊ အချိန် သိပ်မနှောင်းသေးပေ။ သင်တို့၏ အသက်တာကို ကြည့်ကြလော့။ သင်တို့၏ မျက်လုံးများကို ဖွင့်၍၊ ယခု မည်သည့်အချိန် ရှိပြီဖြစ်သည်ကို မြင်ကြလော့။ ရှာဖွေစရာ မည်သည့်အရာ ရှိသနည်း။ စဉ်းစားစရာ မည်သည့်အရာ ရှိသနည်း။ ဖက်တွယ်စရာ မည်သည့်အရာ ရှိသနည်း။ ငါ၏ အသက်ကို ရခြင်းနှင့် သင် ချစ်ခင်ကာ ဖက်တွယ်ထားသော အရာအားလုံးကို ရရှိခြင်းကြား တန်ဖိုးကွာခြားမှုကို သင် ဆင်ခြင်စဉ်းစားဖူးပါသလော။ တဇွတ်ထိုးမလုပ်သကဲ့သို့ ကပြက်ကချော် မလုပ်ကြနှင့်တော့။ ဤ အခွင့်အရေးကို လက်လွှတ်မခံလေနှင့်။ ဤအချိန်သည် တစ်ဖန် ရောက်လာလိမ့်မည် မဟုတ်။ ငါ၏ ခြေလှမ်းများနောက်သို့ သင်တို့ လိုက်နိုင်ပြီး စာတန်ကို အောင်နိုင်ကြစေဖို့အလို့ငှာ၊ ချက်ချင်း ထရပ်လော့၊ စာတန်၏ ကြံစည်မှုနှင့် လှည့်ကွက်တိုင်းကို ရိပ်စားမိရန် ကြိုးစားလော့။ စိတ်ဓာတ်ကျခြင်း၊ အားနည်းခြင်း မရှိဘဲ၊ ရှေ့သို့ အမြဲရွှေ့ရင်း၊ တစ်လှမ်းချင်း လမ်းဆုံးထိ တည့်တည့် သွားကြလော့။

၂ တံပိုးခုနှစ်လုံး တစ်ဖန် အသံမြည်သည့်အခါ၊ ယင်းသည် တရားစီရင်ခြင်း၊ ပုန်ကန်သော သားများကို တရားစီရင်ခြင်း၊ တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့ကို တရားစီရင်ခြင်းအဖို့ ကြေညာခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး တိုင်းနိုင်ငံအသီးသီးသည် ဘုရားသခင်၏ရှေ့တွင် အညံ့ခံကြလိမ့်မည်။ ဘုရားသခင်၏ ကျက်သရေရှိသော မျက်နှာသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့ရှေ့၌ ဧကန်အမှန် ပေါ်ထွန်းလိမ့်မည်။ အယောက်တိုင်းသည် လုံးဝ လက်ခံယုံကြည်ကြလိမ့်မည်ဖြစ်ပြီး စစ်မှန်သော ဘုရားသခင်အား အတောမသတ် ကြွေးကြော်ကြလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပို၍ကြီးမားသော ကျက်သရေရှိလိမ့်မည်ဖြစ်ပြီး၊ ငါ၏ သားများသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့အား တရားစီရင်လျက်၊ မတရားသောသူတို့အား ပြစ်ဒဏ်ပေးလျက်၊ ငါနှင့်သက်ဆိုင်သောသူတို့အား ကယ်တင်ကာ သနား ကရုဏာထားလျက်၊ နိုင်ငံတော်ကို ခိုင်မာပြီး တည်ငြိမ်စေလျက် ငါနှင့်အတူ ဘုန်းအသရေနှင့် ရှင်ဘုရင် အရိုက်အရာကို မျှဝေခံစားကြလိမ့်မည်။ တံပိုးခုနှစ်လုံး၏ အသံမှတစ်ဆင့်၊ လူပေါင်းမြောက်မြားစွာတို့သည် အစဉ် ချီးမွမ်းခြင်းဖြင့် ဒူးထောက်ကိုးကွယ်ရန် ငါ၏ရှေ့သို့ ပြန်လာကြရင်း ကယ်တင်ခြင်း ခံရကြလိမ့်မည်။

၃ တံပိုးခုနှစ်လုံး နောက်တစ်ဖန် အသံမြည်သည့်အခါ၊ ယင်းသည် ခေတ်ကာလ၏ အဆုံးမှ နိဂုံးချုပ်အဖြစ်အပျက်၊ စာတန်မာရ်နတ်အပေါ် အောင်မြင်မှုနှင့်ဆိုင်သော ကျယ်လောင်စူးရှသည့် တံပိုးမှုတ်သံ၊ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံတော်ထဲတွင် လူပုံအလယ် အသက်ရှင်ခြင်း၏ အစအဦးကို ကြေညာသည့် ဂုဏ်ပြုခြင်း ဖြစ်လတ္တံ။ အလွန်မြင့်မြတ်သည့် အသံပေတကား၊ ပလ္လင်ပတ်လည်တွင် ပဲ့တင်ထပ်နေသော ဤအသံ၊ ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသော ဤကျယ်လောင်စူးရှသည့် တံပိုးမှုတ်သံသည် ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် အထမြောက်အောင်မြင်ခြင်း လက္ခဏာဖြစ်၏။ ယင်းသည် စာတန်နှင့်ဆိုင်သော တရားစီရင်ခြင်း ဖြစ်သည်။ ၎င်းက ဟောင်းနွမ်းသော ဤကမ္ဘာလောကကြီး တစ်ခုလုံးကို သေဆုံးခြင်းသို့၊ အနက်ဆုံးသောတွင်းထဲသို့ ပြန်သွားဖို့ စီရင်လေသည်။ ကျယ်လောင်စူးရှသော ဤတံပိုးမှုတ်သံသည် ကျေးဇူးတော်တံခါး ပိတ်တော့မည်၊ နိုင်ငံတော်၏အသက်တာသည် ကမ္ဘာမြေကြီးပေါ်၌ စတင်လိမ့်မည်ဟူသည့် မှန်ကန်ပြီး လျော်ကန်သောအချက်တို့ကို ညွှန်ပြပေသည်။ ဘုရားသခင်သည် သူ့အား ချစ်သောသူများကို ကယ်တင်၏။ သူ၏ နိုင်ငံတော်ဆီသို့ ၎င်းတို့ ပြန်သွားကြသည်နှင့် တစ်ပြိုင်နက်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့သည် ငတ်မွတ်ခြင်းဘေးနှင့် ကပ်ရောဂါဘေးကို ရင်ဆိုင်ကြရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖလားခုနှစ်လုံးနှင့် ဘေးဒဏ်ခုနှစ်ပါးသည် တစ်ခုပြီး တစ်ခု သက်ရောက်မည် ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း၊ ငါ၏စကား တည်လိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၅ မိုးချုန်းသံခုနစ်ချက် ပလ္လင်တော်မှထွက်ကျူး

နောက်တစ်ခုသို့- ၂၇ အရှေ့အရပ်မှ လျှပ်ပြက်သောအခါကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။