၆၇၅ စစ်ဆေးခြင်းဆိုင်ရာ ဘုရားအမှု၏ ရည်ရွယ်ချက်
၁
စစ်ဆေးခြင်းသည် ဘယ်သူ့အတွက်မှ မလွယ်ကူပါ
လက်ခံရန် အင်မတန်ပင် ခက်ခဲသည်
သို့သော် စစ်ဆေးခြင်းဖြင့် လူသားထံ သူ၏ ဖြောင့်မတ်သည့်
စိတ်သဘောထားကို ဘုရားသခင် ပေါ်လွင်စေသည်
လူသားအား သူ၏သတ်မှတ်ချက်ကို ဖော်ပြ၊
အသိဉာဏ်ပွင့်စေကာ ပိုမိုပြုပြင်ခြင်း ပေးသည်
စစ်ဆေးခြင်းသည် ဘုရားရှေ့မှောက်မှ လူတို့ကို ဖယ်ရှားခြင်း မဟုတ်သလို
အပ္ပါယ်ငရဲ၌ ဖျက်ဆီးခြင်းလည်း မဟုတ်ပါ
လူ့စိတ်သဘောထားကို ပြောင်းလဲခြင်း၊
ရည်ရွယ်ချက်များ၊ အမြင်ဟောင်းများ၊
ဘုရားအတွက် သူတို့၏ ချစ်ခြင်းကို ပြောင်းလဲခြင်းနှင့်
သူတို့ ဘဝတစ်ခုလုံးအား ပြောင်းလဲခြင်း ဖြစ်ပေ။
၂
အမှန်တရားနှင့် သမ္မာတရား နှိုင်းယှဉ်ခြင်းဖြင့်
လူတို့ကို သူတို့ကိုယ်တိုင်နှင့် သမ္မာတရား၊
အလိုတော်နှင့်ဆိုင်သည့် ပိုကြီးသော အသိပညာ ဘုရားပေးကာ
သာ၍ စစ်မှန်၊ ဖြူစင်သော ဘုရားကို ချစ်ခြင်းအား ရရှိခွင့်ပေးရင်းလေ
စစ်ဆေးမှုကို ဆောင်ရွက်စဉ် ဒီအရာများက ဘုရား ရည်မှန်းချက်များဖြစ်ပေ
စစ်ဆေးခြင်းသည် ဘုရားရှေ့မှောက်မှ လူတို့ကို ဖယ်ရှားခြင်း မဟုတ်သလို
အပ္ပါယ်ငရဲ၌ ဖျက်ဆီးခြင်းလည်း မဟုတ်ပါ
လူ့စိတ်သဘောထားကို ပြောင်းလဲခြင်း၊
ရည်ရွယ်ချက်များ၊ အမြင်ဟောင်းများ၊
ဘုရားအတွက် သူတို့၏ ချစ်ခြင်းကို ပြောင်းလဲခြင်းနှင့်
သူတို့ ဘဝတစ်ခုလုံးအား ပြောင်းလဲခြင်း ဖြစ်ပေ။
၃
လူသား၌ ပြုသည့် အမှုအားလုံး
ရည်ရွယ်ချက်နှင့် အရေးပါမှု ရှိ၏။
ဘုရားအမှု ဘယ်တော့မှ အဓိပ္ပါယ်မမဲ့နိုင်ပေ
လူသားကို အမြဲ အကျိုးပြု
စစ်ဆေးခြင်းမှာ လူအား စမ်းသပ်မှုနှင့် စစ်မှန်သော လေ့ကျင့်မှုပုံစံတစ်ခု။
စစ်ဆေးခြင်းမှတစ်ဆင့်သာ သူတို့အချစ်သည်
ပင်ကိုတာဝန် ထမ်းဆောင်နိုင်မည်
စစ်ဆေးခြင်းသည် ဘုရားရှေ့မှောက်မှ လူတို့ကို ဖယ်ရှားခြင်း မဟုတ်သလို
အပ္ပါယ်ငရဲ၌ ဖျက်ဆီးခြင်းလည်း မဟုတ်ပါ
လူ့စိတ်သဘောထားကို ပြောင်းလဲခြင်း၊
ရည်ရွယ်ချက်များ၊ အမြင်ဟောင်းများ၊
ဘုရားအတွက် သူတို့၏ ချစ်ခြင်းကို ပြောင်းလဲခြင်းနှင့်
သူတို့ ဘဝတစ်ခုလုံးအား ပြောင်းလဲခြင်း ဖြစ်ပေ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်