၆၈၀ လူတို့၏ချစ်ခြင်းသည် စစ်ကြောပြုပြင်ပုံသွင်းခြင်း အမှုအားဖြင့်သာ ဖြူစင်လာသည်
၁
သူ့သက်တမ်းတစ်လျှောက်
ပေတရုသည် နာကျင်သော စစ်ကြောခြင်း ရာချီခံစား
ထိုသို့ စစ်ကြောခြင်းက
ဘုရားအပေါ်ထားသည့် သူ၏ အမြင့်ဆုံးမေတ္တာ၏ အခြေခံပင်
သူ့ဘဝတစ်ခုလုံးမှာ အဓိပ္ပာယ်အရှိဆုံး အတွေ့အကြုံပင်
ဘုရားကို သူချစ်ခြင်းသည် သူဒုက္ခနှင့် ဆန္ဒကြောင့်
ဘုရား၏စစ်ကြောခြင်းအမှုကြောင့်ဖြစ်သည်။
ထိုသို့ ဒုက္ခခံခြင်းက ဘုရားကို ချစ်ရန်သူ့၏လမ်းပြ
သူ့အတွက် အမှတ်ရခဲ့ဆုံး အရာပင်။
လူတို့ဘုရားကို ချစ်စဉ်တွင်
သူ၏စစ်ကြောခြင်းအမှုအား ဖြင့်ဒုက္ခမခံရပါက
သူတို့အချစ်က ဇာတိအတိုင်းလိုက်ပြီး
စိတ်ဝင်စား မှုများပြည့်နေမည်
လူတို့ဘုရားကို ချစ်စဉ်တွင်
သူ၏စစ်ကြောခြင်းအမှုအား ဖြင့် ဒုက္ခမခံရပါက
သူတို့အချစ်က စာတန်၏အတွေးများဖြင့် ပြည့်နေပြီး
ဘုရား၏အလိုတော်ကို မဖြည့်ဆည်းနိုင်။
၂
ဘုရားကိုချစ်ရန် ဆုံးဖြတ်ခြင်းသည်
ဘုရားကို စစ်မှန်စွာချစ်ခြင်းနှင့် မတူ
လူသည် အတွေးအခေါ်မပါသော အကြံဉာဏ်ကဲ့သို့
ဘုရားကို ချစ်ရန်နှင့် ကျေနပ်စေရန်၊ ဘုရားအတွက်ဟူသော
အတွေးအခေါ်မျိုး ကိုသာ စိတ်ထဲတွင် ထားရှိကြသည်။
သို့သော်ထိုသို့ အတွေးအခေါ်မျိုးကို
ဘုရားက ကောင်းချီးပေးမည် မဟုတ်။
လူတစ်ဦးသည် သမ္မာတရား အားလုံးကို နားလည်သော်ငြားလည်း
အဲဒါဘုရားကို စစ်မှန်စွာချစ်ခြင်း၏ လက္ခဏာမဟုတ်
လူတို့သည် သမ္မာတရားများစွာကို
စစ်ကြောခြင်းအမှုကိုမခံရဘဲ နားလည်သော်လည်း
ဤသမ္မာတရားများ အတိုင်း မလိုက်လျှောက်နိုင်ပါ။
စစ်ကြောခြင်းကို ရရှိပြီးမှသာ ထိုသမ္မာတရားများ၏ အဓိပ္ပာယ်စစ်ကို
လူတို့ အမှန်နားလည်နိုင်ပြီး
၎င်းတို့၏ နက်နဲသော အဓိပ္ပါယ် နားလည်နိုင်မည်။
၃
ထိုအချိန်တွင် ဘုရားအလို တော်တိုင်း သမ္မာတရား အတိုင်း
သူတို့မှန်ကန်စွာ လိုက်လျှောက်နိုင်သည်
ထိုအခါ လူ့အတွေးများ မှေးမှိန်သွားပြီး၊
လူ့ဇာတိသဘော လျော့ပါးသွားမည်။
ထိုအချိန်တွင် လူ့စိတ်ခံစားမှုအားလုံး လျော့နည်းသွားမည်။
ထိုမှသာ သူတို့လုပ်သမျှသည် ဘုရားကိုချစ်ခြင်းအား အမှန်ဖော်ပြသည်။
ဘုရားကို ချစ်ခြင်း၏ စစ်မှန်မှုသည်
အသိပညာစကားများ၊ သိနားလည်မှုများမှ အသီးမသီးနိုင်။
အဖိုးအခဖြင့် ဝယ်ယူရသည်။
လူသည် ဘုရား၏စစ်ကြောခြင်းအမှုအားဖြင့် ဒုက္ခခံယူရန်လိုသည်။
ထိုမှသာ လူ၏ချစ်ခြင်းသည် စင်ကြယ်ပြီး ဘုရား၏စိတ် ကို ကျေနပ်စေမည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်