၈၃၅ ဘုရားသခင်သည် သူ့ကို အမှန်တကယ်ချစ်သော သူများကိုသာ စုံလင်စေ၏

၁ သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် ဆန္ဒရှိပါက၊ ကိစ္စရပ်အားလုံးတွင် မည်သို့ တွေ့ကြုံရမည်ကို သင်ယူရမည်ဖြစ်ပြီး၊ သင်၌ ဖြစ်ပျက်သည့် အရာရာတိုင်း၌ ဉာဏ်အလင်းပေးခြင်းကို ရယူနိုင်ရမည်ဖြစ်သည်။ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ယင်းသည် သင့်ကို အကျိုးကျေးဇူး ယူဆောင်လာပေးသင့်ပြီး၊ သင့်ကို အပျက်သဘော မဆောင်စေသင့်ပေ။ မည်သို့ဆိုစေ၊ သင်သည် ဘုရားသခင်၏ဘက်တွင် ရပ်နေစဉ် အမှုအရာများကို သုံးသပ်ဆင်ခြင်နိုင်သင့်ပြီး လူသား၏ ရှုထောင့်မှ ၎င်းတို့ကို မစိစစ်သင့်ပေ သို့မဟုတ် မလေ့လာသင့်ပေ။ သင်သည် ထိုသို့တွေ့ကြုံပါက၊ သင်၏ စိတ်နှလုံးသည် သင့်အသက်တာ၏ ဝန်ထုပ်များဖြင့် ပြည့်နေလိမ့်မည်။ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် လွယ်လင့်တကူ မသွေဖည်ဘဲလျက်၊ ဘုရားသခင်၏ မျက်နှာအလင်းတွင် စဉ်ဆက်မပြတ် အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့ရှေ့တွင် တောက်ပသော အနာဂတ်ရှိလေသည်။ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အလွန်များလှစွာသော အခွင့်အရေးများ ရှိပေသည်။ ယင်းသည် သင်တို့အနေဖြင့် ဘုရားသခင်ကို အမှန်ချစ်သောသူတစ်ဦး ဖြစ်၊ မဖြစ်ဆိုသည်နှင့် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့နှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့၊ ပြီးလျှင် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာကိုရရှိရန် သန္နိဌာန်ရှိသည်၊ မရှိသည် ဆိုသည့်အပေါ် အားလုံးမူတည်ပေသည်။

၂ သန္နိဌာန်ရှိရုံမျှသည် မလုံလောက်ပေ။ သင်တို့အနေဖြင့် များစွာသော အသိပညာများ ရှိရမည်၊ သို့မဟုတ်ပါက သင်တို့၏ လက်တွေ့လုပ်ဆောင်ခြင်းတွင် သင်တို့ အမြဲ သွေဖည်နေကြလိမ့်မည် ဖြစ်သည်။ လူအများစုသည် ဘုရားသခင်၏ ကျေးဇူးတော်၌ အရိပ်ခိုခြင်းမျှထိသာ မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားကြကာ ဇာတိပကတိ၏ သက်သာမှုအနည်းငယ်ကို ၎င်းတို့အား ပေးရန်သာ ဘုရားသခင်ကို အခွင့်ပေးဖို့ လိုလားနေကြသော်လည်း၊ သာ၍များပြီး သာ၍ မြင့်မားသော ထုတ်ဖော်ခြင်းများကို ရရှိရန် လိုလားလျက်မရှိကြပေ။ ဤရာက လူသား၏စိတ်နှလုံးသည် အမြဲ ပြင်ပတွင် ရှိနေသေးသည်ကို ပြသပေသည်။ ပြီးလျှင် လူသားသည် ၎င်းတို့ကို ဘုရားသခင်မှ စုံလင်စေခြင်းတွင် မည်သည့်သတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များရှိနိုင်သည်ဆိုသည်တို့ကို လုံးဝ ဂရုမစိုက်ပေ။လူအများစု၏ အသက်တာများသည် အောက်တန်းကျကာ ယိုယွင်းဆဲ ဖြစ်သည်။ ၎င်းတို့၏ အသက်တာများသည် စိုးစဉ်းမျှ ပြောင်းလဲခြင်းမရှိလေပြီ။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေကြပြီး ဖြစ်ကတတ်ဆန်း နေရင်း၊ မရေရာသော တည်ရှိခြင်းတွင် လွင့်မျောလျက် ရှိသည်။ သာ၍များပြီး သာ၍ ကြွယ်ဝသော အရာများကို ရရှိရင်း၊ ယနေ့တွင် ဘုရားသခင်၏အိမ်၌ သာ၍ကြီးမြတ်သော ကြွယ်ဝမှုနှင့်ဆိုင်သည့် လူများ ဖြစ်လာရင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို သာ၍ ရရှိရင်း၊ အရာခပ်သိမ်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်နိုင်သောသူ နည်းပါးပေသည်။ အကယ်၍ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ကြိုးစားပြီး၊ အရာခပ်သိမ်း၌ သင်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခံရဖို့ ကြိုးစားပါက၊ ထိုသို့ဖြင့်သာ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုက်တန်ကာ အရည်အချင်း ပြည့်မီလာလိမ့်မည် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၃၄ သူ့ကို အမှန်တကယ် ချစ်သောသူတို့ကို ဘုရားသခင် စုံလင်စေသည်

နောက်တစ်ခုသို့- ၈၃၆ စုံလင်စေခြင်းခံရပြီးသူများ ပိုင်ဆိုင်သည့်အရာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။