၈၃၇ စုံလင်သောသူ ဘယ်လိုဖြစ်နိုင်မည်နည်း
၁
သင် ဘုရား အသုံးပြုခြင်းနှင့် စုံလင်စေခြင်း ခံလိုပါက သင်သည်
ဒုက္ခခံလိုစိတ်၊ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ နာခံခြင်းနှင့်
ဘုရား၏အမှုကို ကျော်ဖြတ်နိုင်စွမ်း၊
သူ့အလိုတော်ကို နားလည်နိုင်စွမ်း၊
သူ့ ပူဆွေးခြင်းကို နားလည်နိုင်စွမ်း စသည့်
အရာအားလုံးကို ပိုင်ဆိုင်ရမည်။
သင်တွေ့ကြုံရသော စစ်ဆေးမှုတစ်ခုစီတိုင်းမှာ
သင်၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း လိုအပ်။
ဘုရား၏စုံလင်စေခြင်း ခံလိုပါက
ထိုလမ်းပေါ် ပြေးပြေးလွှားလွှား သွားရုံမျှနှင့် မလုံလောက်ပဲ
ဘုရားအတွက် ကိုယ်တိုင်အသုံးခံရုံနှင့်လည်း မလုံလောက်ပေ။
ဘုရား၏ စုံလင်စေခြင်း ခံရသူတစ်ဦး ဖြစ်လာနိုင်ရန်၊
စုံလင်စေခြင်း ခံရသူတစ်ဦး ဖြစ်လာနိုင်ရန်
သင် အရာများစွာ ပိုင်ဆိုင်ရမည်။
၂
ဒုက္ခကို သင်သည် ရင်ဆိုင်ရသည့်အခါ
ဇာတိသွေးသားကို မေ့ထားကာ
ဘုရားအပေါ် မညည်းတွားဘဲ နေတတ်ရမည်
သင့်ထံမှ ဘုရား သူကိုယ်တိုင် ပုန်းကွယ်သည့်အခါ
သူ့နောက်လိုက်ရန် ယခင်က သင့်အချစ်ကို
မယိမ်းယိုင် မပျောက်ကွယ်စေဘဲ ထိန်းသိမ်းရန်
ယုံကြည်ခြင်းရှိရမည်။
ဘုရား မည်သည့်အမှုပြုပါစေ၊ သူ့အစီမံကို ကျိုးနွံနာခံရင်း
သူ့အပေါ် ညည်းတွားမည့်အစား သင့်ကိုယ်တိုင်ဇာတိခန္ဓာကို
ကျိန်ဆဲရန် အသင့်ဖြစ်ရမည်။
စမ်းသပ်မှုများ ရင်ဆိုင်သည့်အခါ
သင် ငိုကြွေးရပါစေ၊ သင်မြတ်နိုးသည့်အရာကို ဆုံးရှုံးရပါစေ၊
ဘုရားသခင်ကို ကျေနပ်စေရမည်။
ဤသည်သာ စစ်မှန်သော ချစ်ခြင်းနှင့် ယုံကြည်ခြင်း ဖြစ်သည်။
၃
တကယ့်သင့်ဝိညာဉ်သည် ရင့်ကျက်မှု မည်သို့ဖြစ်ပါစေ၊
ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သော ယုံကြည်ခြင်း နှစ်ခုစလုံး
ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သော ယုံကြည်ခြင်း နှစ်ခုစလုံး
သင် ဦးစွာ ပိုင်ဆိုင်ပြီး
ဇာတိ အသွေးအသား စွန့်လွတ်လိုစိတ်လည်း ရှိရမည်
ဘုရားအလိုတော်ကို ဖြည့်ဆည်းရန်အတွက်
နာကျင်မှုနှင့်ဆုံးရှုံးမှုဒဏ်ကို ကြံ့ကြံ့ခံလိုစိတ် ရှိသင့်သည်။
အတိတ်က ဘုရားကို မကျေနပ်စေနိုင်ခဲ့လို့
နောင်တစိတ် ရှိရမည်
ယခု သင့်ကိုယ်သင် နောင်တရပါ
ဤအရာတွေ တစ်ခုမျှ သင်၌ မကင်းမဲ့ရ
ဤအရာများဖြင့် ဘုရားသခင် သင့်ကို စုံလင်စေမည်။
ဤစံနှုန်းများ မပြည့်မီနိုင်လျှင်
သင်သည် စုံလင်စေခြင်း မခံရနိုင်ချေ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်