၈၆၈ လူသားကို ကယ်တင်ဖို့ လူ့ဇာတိခံဘုရားသခင် တိတ်ဆိတ်စွာ အမှုတော်ဆောင်ရွက်
အမှုသစ် ဆောင်ရွက်ဖို့၊ ဒုစရိုက်ထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ဖို့
ဘုရားသခင် လူ့ဇာတိခံယူလို့ လူတွေကြားမှာ လျှို့ဝှက်နေထိုင်ခဲ့
ဖြေရှင်းချက် ကိုသူဦးထား
သူ ပြင်ဆင်ထားသော အစီအမံအတိုင်း
အမှုကို အဆင့်ဆင့် သူ လုပ်ဆောင်
၁
ပြစ်တင်ရှုတ်ချခြင်း၊ သတိပေးခြင်းနဲ့ နှစ်သိမ့်ခြင်းများ ပြုနေရင်း
နှုတ်ကပတ်တရားများ တစ်နေ့ထက်တစ်နေ့ တိုးပွား
သိမ်မွေ့ ကြင်နာခြင်းမှ ခက်ထန် ထည်ဝါခြင်းသို့
နှုတ်ကပတ်တရားများ ကရုဏာနဲ့ကြောက်ရွံ့မှုကို မွေးမြူပေးနေ
သူ ပြောသမျှ ကျွန်ုပ်တို့၏ အနက်နဲဆုံး လျှို့ဝှက်မှုများကို ဖော်ထုတ်
နှုတ်ကပတ်တရားများ ကျွန်ုပ်အထဲ စူးဝင်နိုင်၍ အရှက်ရစေ
သူ၏သက်စမ်းရေကို အဆုံးမဲ့ ပေးနေ
သူ့ကျေးဇူးကြောင့် ကျွန်ုပ်တို့ ဘုရားသခင်နဲ့ မျက်နှာချင်းဆိုင် နေခွင့်ရ
အမှုသစ် ဆောင်ရွက်ဖို့၊ ဒုစရိုက်ထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ဖို့
ဘုရားသခင် လူ့ဇာတိခံယူလို့ လူတွေကြားမှာ လျှို့ဝှက်နေထိုင်ခဲ့
ဖြေရှင်းချက် ကိုသူဦးထား
သူ ပြင်ဆင်ထားသော အစီအမံအတိုင်း
အမှုကို အဆင့်ဆင့် သူ လုပ်ဆောင်
၂
ကောင်းကင်ဘုံရှင် သခင်ယေရှု ကျေးဇူးတော်သာ ကျွန်ုပ်တို့ချီးမွမ်းပေ
သာမန်လူသား ဘုရားဂုဏ်တော်ကျေးဇူး ရှိသူရဲ့
ခံစားချက်တို့ကို ကျွန်ုပ်တို့ ဂရုမပြုမိခဲ့ကြ
လူ့ဇာတိ၌ နှိမ့်ချစွာ ပုန်းကွယ်လျက် သူအမှုပြုဆဲ
သူ့နှလုံးသားအသံကို ဖော်ပြပေး
သူ့အား လူသားများငြင်းပယ်မှုကို အာရုံမခံနိုင်ပုံရ
လူသားရဲ့ကလေးဆန်မှုနဲ့ မသိနားမလည်မှုကို ထာဝရ ခွင့်လွတ်
သူ့အပေါ် လူသားရဲ့မကြည်ညိုမှုကို အစဉ်သည်းခံ
အမှုသစ် ဆောင်ရွက်ဖို့၊ ဒုစရိုက်ထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ဖို့
ဘုရားသခင် လူ့ဇာတိခံယူလို့ လူတွေကြားမှာ လျှို့ဝှက်နေထိုင်ခဲ့
ဖြေရှင်းချက် ကိုသူဦးထား
သူ ပြင်ဆင်ထားသော အစီအမံအတိုင်း
အမှုကို အဆင့်ဆင့် သူ လုပ်ဆောင်
၃
နှုတ်ကပတ်တရား၌ အသက်တန်ခိုး ရှိ
လျှောက်ရမယ့် လမ်းကို ညွှန်ပြ၊ ကျွန်ုပ်တို့အား သမ္မာတရားကို သိစေ
နှုတ်ကပတ်တော် ဆွဲခေါ်လို့
ဒီသာမည လူသားရဲ့ နှလုံးသားအသံကို ကျွန်ုပ်တို့ ဂရုပြုမိ ပြုမိ
အစွမ်းရှိသမျှ ကြိုးပမ်း၍ နှလုံးသွေး သူသွန်း
ကျွန်ုပ်တို့အတွက် နာကျင်မှု၌ သူ သက်ပြင်းချ မျက်ရည်ကျ
ကျွန်ုပ်တို့ ကံကြမ္မာနဲ့ ကယ်တင်ခြင်းအတွက် အရှက်ကွဲခံ
သူ့နှလုံးသွေးယိုစီး၊ ကျွန်ုပ်တို့ ဆန့်ကျင်ပုန်ကန်မှုကြောင့် မျက်ရည်ကျ
ထိုဖြစ်တည်မှုနဲ့ အရာအားလုံးကို ဘယ်သူမှ မရရှိနိုင်
သူ့ရဲ့စိတ်ရှည်သည်းခံမှုကို ဘယ်သူမှ မယှဉ်နိုင်
ဘယ်ဖန်ဆင်းခြင်းမှ ချစ်ခြင်းနဲ့ သူရရှိပိုင်ဆိုင်သော စိတ်ရှည်မှု မရှိနိုင်
အမှုသစ် ဆောင်ရွက်ဖို့၊ ဒုစရိုက်ထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ဖို့
ဘုရားသခင် လူ့ဇာတိခံယူလို့ လူတွေကြားမှာ လျှို့ဝှက်နေထိုင်ခဲ့
ဖြေရှင်းချက် ကိုသူဦးထား
သူ ပြင်ဆင်ထားသော အစီအမံအတိုင်း
အမှုကို အဆင့်ဆင့် သူ လုပ်ဆောင်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်