၁၇၆ စောင့်ကြည့်ခြင်းအောက်က နေ့ရက်များ

၁ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက်၊ စီစီပီ၏ ဖမ်းဆီးမှုနှင့် ထောင်ချခြင်းတို့ကို ကျွန်ုပ် သည်းခံခဲ့ပြီး ကျွန်ုပ်၏ ပြစ်ဒဏ်ချမှတ်ချက် အဆုံးတွင် လွတ်မြောက်လာခဲ့သည်။ မကောင်းဆိုးဝါး၏ အကျဉ်းထောင်ကို ကျွန်ုပ် လွတ်မြောက်ပြီးသော်လည်း၊ စီစီပီ၏ အနီးကပ် စောင့်ကြည့်စစ်ဆေးခြင်းကို ကျွန်ုပ် ဆက်လက်ခံခဲ့ရပေ။ နေ့စဉ်၊ ကျွန်ုပ် အိမ်ရှေ့က စောင့်ကြည့် ကင်မရာများသည် ကျွန်ုပ်၏ လှုပ်ရှားမှုများကို ခြေရာခံသည်။ ကျွန်ုပ်၏ အိမ်နီးချင်းများပင်လျှင် စီစီပီ၏ လာဘ်ထိုးခံရကာ အသုံးချခံရလေပြီ။ အဖန်ဖန်၊ ရဲများသည် ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ဆဲဖြစ်သည်၊မဖြစ်သည်ကို မေးမြန်းရန် ကျွန်ုပ်၏ အိမ်တံခါးသို့ လာကြသည်။ စီစီပီကို ကြောက်လှန့်လျက်၊ ကျွန်ုပ်၏ မိသားစုက ကျွန်ုပ်အပေါ် တိုး၍ ဖိအားပေးကြသည်။ ကျွန်ုပ် စိတ်မချမ်းမြေ့ဖြစ်ရသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုအပြင် အသင်းတော် အသက်တာကို ဆုံးရှုံးပြီးဖြစ်သည်။ နာကျင်မှုနှင့် မျှော်လင့်ချက်ကုန်ဆုံးခြင်းတို့က ကျွန်ုပ်ကို နေ့စဉ် ထပ်ကြပ်လိုက်ပြီး ကျွန်ုပ်၏ စိတ်နှလုံးက ညှဉ်းဆဲမှုအပြည့် ဖြစ်ပေ။

၂ ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများနှင့် စုဝေးခဲ့သည် နှစ်သက်ပျော်ရွှင်ဖွယ် အချိန်များကို မကြာခဏ ကျွန်ုပ် အမှတ်ရမိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကျွန်ုပ်တို့ မိတ်သဟာယပြုခဲ့၊ ကျွန်ုပ်တို့၏ အတွေ့အကြုံများကို ပြောဆိုခဲ့ကြပြီး အချင်းချင်း ကူညီက အားပေးခဲ့ကြပေ။ ဘုရားသခင်၏ တရားစီရင်ခြင်းကို ကြုံရသည့်နောက်တွင်၊ သမ္မာတရားကို ကျွန်ုပ်တို့ တဖြည်းဖြည်း နားလည်ခဲ့ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အရသာခံရင်း၊ ကျွန်ုပ်တို့၏ တာဝန်တွင် ကျွန်ုပ်တို့ စည်းလုံးခဲ့ကြပေ။ ယနေ့တွင်၊ အိမ်တွင် နေခြင်းက ထောင်ထဲတွင် ရှိနေဆဲဖြစ်သကဲ့သို့ ခံစားရ။ ကျွန်ုပ်၏ စိတ်နှလုံးသည် မကျေမချမ်းမှုဖြင့် ပြည့်ပေ။ စီစီပီသည် နေအိမ်အကျဉ်းချမှုအောက် ကျွန်ုပ်ကို တရားမဝင် ထားရှိရင်း၊ အဘယ်ကြောင့် ကျွန်ုပ်၏ ကိုယ်ပိုင် လွတ်လပ်မှုအား ခွာချလေပြီနည်း။ အဘယ်ကြောင့် ၎င်းသည် ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းမှ ကျွန်ုပ်ကို ဟန့်တားလေပြီနည်း။ ယင်းသည် တကယ်ကို ဆိုးယုတ်ပေသည်။ ကျွန်ုပ်တို့၏ ဘာသာရေး လွတ်လပ်မှုမှာ အဘယ်နည်း။ တရားဝင် နိုင်ငံသား အခွင့်အရေးများမှာ အဘယ်နည်း။

၃ စီစီပီ၏ စောင့်ကြည့်မှုအောက်က ကျွန်ုပ်၏ နေ့ရက်များအတောအတွင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်ကို အဖော်ပြုမြဲပြုကာ ကျွန်ုပ် အထီးမကျန်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့် သမ္မာတရားကို သိနားလည်ခြင်းတို့က ကျွန်ုပ်အား ယုံကြည်ခြင်းနှင့် ခွန်းအားပေး။ ကျော်ကြားမှုကို ရရှိဖို့ စီစီပီက ကမ္ဘာလောကကို လှည်ဖြားက သူတို့သည် ဘုရားသခင်ကို ခုခံကြသည် မကောင်းဆိုးဝါးများ ဖြစ်သည်ကို ကျွန်ုပ် မြင်ရ။ ခရစ်ယာန်များကို ဖမ်းဆီးကာ နှိပ်စက်ဖို့ နည်းလမ်းတိုင်းကို သူတို့ အသုံးပြုကြလေပြီ။ ကျွန်ုပ်အား ဘုရားသခင်ကို စွန့်ခွာစေရန် သို့မဟုတ် သူ့ကို ကျောပင်ကျောခိုင်းစေရန် နေအိမ်အချုပ်ကျခြင်းကို သူတို့ အသုံးပြုရန် ကြိုးပမ်းကြပေ။ သူတို့၏ အရင်းခံအကြောင်းများက စက်ဆုပ်ဖွယ်ပါတကား။ ကျွန်ုပ်၏ စစ်မှန်သော ယုံကြည်ခြင်းကို စုံလင်စေရန် စာတန်၏ အစေခံမှုကို သူ၏ အသုံးပြုခြင်းတွင် ဘုရားသခင် အလွန် ဉာဏ်ပညာရှိပေ။ နာကျင်မှုနှင့် စစ်ဆေးခြင်းအလယ်တွင်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မြည်းစမ်းကာ သူ့အတွက် ကျွန်ုပ်၏ ချစ်ခြင်း သာ၍ပင် တိုး၍ အားကောင်းလာ။ ခရစ်တော်၏ နာကျင်မှုကို မျှဝေခံစားရန်မှာ အင်မတန် ကြီးမြတ်သော ဂုဏ်တစ်ခု ဖြစ်ပေ။ စာတန်သည် ကျွန်ုပ်၏ လွတ်လပ်မှုကို ယူဆောင်သွားသော်လည်း ကျွန်ုပ်၏ စိတ်ကို အကျဉ်းမချနိုင်။ မည်မျှ အခက်အခဲ ကျွန်ုပ် ခံစားရသည်ဖြစ်စေ၊သမ္မာတရားကို ရှာဖွေဖို့ တတ်နိုင်သမျှအားလုံး ကျွန်ုပ် လုပ်ဆောင်မည်။ ခရစ်တော်နောက် ကျွန်ုပ် လိုက်ပြီး မည်သည့်အခါတွင်မျှ နောက်မလှည့်၊ မည်သည့်အခါတွင်မျှ နောက်မလှည့်ဘဲ တကယ့်အဆုံးထိ သစ္စာရှိမည်။

အရှေ့သို့- ၁၇၅ မြင့်မား စိမ်းလန်းသော စိုက်ခင်းများထဲက အစည်းအဝေး

နောက်တစ်ခုသို့- ၁၇၇ ဘုရားသခင်အတွက် သက်သေခံရန် ကျွန်ုပ်၏ အသက်တာကို ကတိပြုခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။