၁၇၇ ဘုရားသခင်အတွက် သက်သေခံရန် ကျွန်ုပ်၏ အသက်တာကို ကတိပြုခြင်း

၁ စာတန်က အာဏာစွဲကိုင်ထားသည့် မကောင်းဆိုးဝါးများ၏ ခံတပ်၊ တရုတ်နိုင်ငံတွင်၊ လူ့အခွင့်အရေးများ မည်သည့်နေရာတွင်မျှ မမြင်ရပေ။ ဧဝံဂေလိတရားကို ဖြန့်ဝေကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံနေစဉ်တွင် စီစီပီ၏ ဖမ်းဆီးခြင်းကို ကျွန်ုပ်ခံခဲ့ရ။ အကြမ်းနည်း နှင့် အနု နည်း နှစ်ခုလုံးကို အသုံးပြုရင်း လူမဆန်သော ဆိုးယုတ်သည့် ရဲများသည် ဘုရားသခင်ကို သစ္စာဖောက်ရန် ကျွန်ုပ်အား အတင်းအကျပ်ပြုရန် ကြိုးစားခဲ့ကြသည်။ ရက်စက်သော ညှဉ်းဆဲမှုနှင့် ပြင်းထန်သော ရိုက်နှက်မှုများက ကျွန်ုပ်၏ ခန္ဓာကို ပုံပျက်အောင် ဖျက်ဆီးသည်။ အသက်ရှင်ခြင်းနှင့် သေခြင်းကြား မရေမရာ အခြေအနေတွင် ရစ်ဝဲနေရင်း၊ ခက်ခဲသော ရွေးချယ်မှုတစ်ခုရှိ- သစ္စာရှိမြဲရှိနေရမည်လော သို့မဟုတ် အပေးအယူလုပ်ရမည်လော။ ကျွန်ုပ် စိတ်က အားနည်းခဲ့။ ဘုရားသခင်၏ ကွယ်ကာခြင်း၊ သူ့အတွက် ကျွန်ုပ်ကို ယုံကြည်ခြင်းပေးရန် ကျွန်ုပ် တောင်းလျှောက်ခဲ့။

၂ ဘုရားသခင့်နှုတ်ကပတ်တော်များအားဖြင့် အသိဉာဏ် ပွင့်လင်းစေခြင်းခံရလျက်၊ စိတ်ထဲတွင် ကျွန်ုပ် နားလည်သွားခဲ့သည်- ရှင်ခြင်းနှင့် သေခြင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိပေသည်။ သူ၏ ချစ်ခြင်းကို မွေ့လျော်သည့် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့်၊ ကျွန်ုပ်သည် ကိုယ်တော်ကို သစ္စာစောင့်သိသင့်ပေသည်။ ကျွန်ုပ်၏ ကိုယ်ပိုင် ဇာတိပကတိကို ထိန်းသိမ်းခြင်းသည် တစ်ကိုယ်ကောင်းဆန်ကာ ယုတ်ညံ့ကာ ကျွန်ုပ်အား အရှက်ရဖွယ်ကောင်းသော ယုဒတစ်ဦးအဖြစ်သို့ ပြောင်းလဲစေမည်။ ကျွန်ုပ်၏ အသက်ကို ကယ်တင်ဖို့အလို့ငှာ စာတန်ထံ ကျွန်ုပ် အညံ့ခံသင့်ပါက၊ ဘုရားသခင်၏ အပြစ်ပေးခြင်းကို ကျွန်ုပ် ဧကန်မုချ ခံရပေမည်။ ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခခံရင်း၊ ကျွန်ုပ်သည် စောဒကတက်မှုများ မရှိပေ။ ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့သာ ကျွန်ုပ် တောင်းဆိုသည်။ ပေတရုကို ကျွန်ုပ် အတုယူမည်၊ သေသည်အထိ ကျိုးနွံနာခံကာ ထူးကဲသော သက်သေခံချက်ကို သက်သေခံမည်။

၃ ဘုရားသခင်သည် အလွန် ဉာဏ်ပညာရှိသည်။ သူသည် ကျွန်ုပ်ကို စစ်ဆေးကာ စုံလင်စေဖို့ ဤအခြေအနေကို ဖန်တီးလေပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက စစ်မှန်သော ယုံကြည်ခြင်းကို ပုံသွင်းကာ သေခြင်းက ကျွန်ုပ်အတွက် ကြောက်ရွံ့မနေစေပေ။ စောဒကတက်ခြင်း သို့မဟုတ် နောင်တ မရှိဘဲ၊ ကျွန်ုပ်၏ စိတ်နှလုံး မသွေဖည်ဘဲ ဘုရားသခင်ကို ချစ်ရန် ကျွန်ုပ် ဆုံးဖြတ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အသက်ကို ပေးသည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံကာ သူ၏ စိတ်ကျေနပ်မှုကို ဦးစားပေသည်။ ကောင်းကင်နိုင်ငံတော်သို့ သွားရာ လမ်းကြောင်းသည် ရှည်လျားသည်၊ ခြေလှမ်းတိုင်းက အန္တရာယ်များသော်လည်း ဘုရားသခင်နောက်လိုက်ရန် ကျွန်ုပ်၏ အသက်တာကို ကျွန်ုပ် ကတိပြုသည်။ စာတန်ကို ကျွန်ုပ် အရှက်ရစေမည်၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေကာ အချည်းနှီး အသက်မရှင်ပေ။

အရှေ့သို့- ၁၇၆ စောင့်ကြည့်ခြင်းအောက်က နေ့ရက်များ

နောက်တစ်ခုသို့- ၁၇၈ ခွဲခွာချိန်တစ်ခု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။