၂၆၆ ဘုရားသခင်အပေါ် ပေတရု၏ချစ်ခြင်း

၁ အို ဘုရားသခင်။ အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ကိုယ်တော့်ကို ကျွန်ုပ်အမြဲ သတိရသည်ကို ကိုယ်တော်သိပါ၏။ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုသည်ကို ကိုယ်တော်သိပါ၏၊ သို့သော် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်ပါ၏၊ ကျွန်ုပ်သည် အလွန်အားနည်းပြီး အစွမ်းမဲ့လှပါ၏။ ကျွန်ုပ်၏ ချစ်ခြင်းသည် အလွန်နည်းပါးပြီး၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ရိုးသားစစ်မှန်မှုမှာ အလွန် နည်းပါးလှပါ၏။ ကိုယ်တော်၏ မေတ္တာနှင့် နှိုင်းစာလျှင် ကျွန်ုပ်သည် အသက်ရှင်ရန်ပင် မသင့်တော်ပါ။ ကျွန်ုပ်၏အသက်တာ အချည်းနှီးမဖြစ်ရန်နှင့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ပြန်လည်ပေးနိုင်ရုံသာမက၊ ထို့အပြင် ကျွန်ုပ်တွင် ရှိသမျှအားလုံးကို ကိုယ်တော့်ထံ အပ်နှံနိုင်ရန်သာ ကျွန်ုပ် ဆန္ဒရှိပါသည်။ ကိုယ်တော့်ကို ကျွန်ုပ် စိတ်ကျေနပ်စေနိုင်ပါက၊ သတ္တဝါတစ်ဦးအနေဖြင့် ကျွန်ုပ် စိတ်ငြိမ်သက်မှု ရှိလိမ့်မည်ဖြစ်ပြီး မည်သည့်အရာကိုမျှ ကျွန်ုပ် ထပ်တောင်းဆိုမည် မဟုတ်ပါ။ ကျွန်ုပ်သည် ယခု အားနည်းပြီး အစွမ်းမဲ့သော်လည်း၊ ကိုယ်တော်၏ အားပေးတိုက်တွန်းမှုများကို ကျွန်ုပ်မေ့မည်မဟုတ်သကဲ့သို့၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကိုလည်း ကျွန်ုပ်မေ့မည်မဟုတ်ပါ။

၂ အို ဘုရားသခင်။ ကျွန်ုပ်သည် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှု ရှိသူဖြစ်ပြီး၊ ကျွန်ုပ်၏ချစ်ခြင်းက အလွန်နည်းပါးလှသည်ကို ကိုယ်တော် သိပါ၏။ ဤသို့သော ပတ်ဝန်းကျင်တွင် ကျွန်ုပ် လုပ်နိုင်သမျှ အစွမ်းကုန် မည်သို့ လုပ်ဆောင်နိုင်ပါမည်နည်း။ ကျွန်ုပ်သည် ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရန် ဖြူစင်သောမေတ္တာကို ပိုမိုပိုင်ဆိုင်နိုင်ပြီး ကျွန်ုပ်ရှိသမျှအရာအားလုံးကို ကိုယ်တော့်ထံ သာ၍ ဆက်ကပ်အပ်နှံနိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်အား ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုကို ပေးဖို့ ကိုယ်တော့်ထံ တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်နိုင်မည်သာမက၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်၊ စမ်းသပ်မှုများ၊ ပြီးလျှင် သာ၍ ပြင်းထန်သော ကျိန်ခြင်းတို့ကိုပင် တွေ့ကြုံနိုင်ပါမည်။ ကိုယ်တော်၏မေတ္တာ၊ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းအားလုံးသည် ကျွန်ုပ်အား ကိုယ်တော့်ကို သိရှိစေပြီးဖြစ်သည်၊ သို့သော် ကိုယ်တော်သည် အလွန် ကြီးမြတ်တော်မူ သည့်အတွက် ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ဖြည့်ဆည်းနိုင်စွမ်းမရှိဟုလည်း ကျွန်ုပ်ခံစားရသည်။ ကျွန်ုပ် ရှိသမျှအရာအားလုံးကို ဖန်ဆင်းရှင်ထံ မည်သို့ ဆက်အပ်နှံနိုင်မည်နည်း” ဟု ဆိုခဲ့သည်။

၃ အို ဘုရားသခင်။ လူသည် ကလေးဆန်သော ဝိညာဉ်ရင့်ကျက်မှု ရှိပါ၏၊ သူ၏အသိစိတ်မှာ ချည့်နဲ့ပြီး ကျွန်ုပ် စွမ်းဆောင်ရရှိနိုင်သည့် တစ်ခုတည်းသောအရာမှာ ကိုယ်တော်၏ မေတ္တာကို ပြန်ပေးဆပ်ရန်ပင် ဖြစ်သည်။ ယနေ့တွင် ကိုယ်တော်၏ စိတ်ဆန္ဒများကို မည်ကဲ့သို့ဖြည့်ဆည်းရမည်ကို ကျွန်ုပ်မသိသကဲ့သို့၊ ကျွန်ုပ်တတ်နိုင်သမျှ လုပ်ဆောင်ရန်၊ ကျွန်ုပ်တွင် ရှိသမျှကို ပေးအပ်ရန်နှင့် ကျွန်ုပ်တွင် ရှိသမျှကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရန်သာ ကျွန်ုပ်ဆန္ဒရှိပါ၏။ ကိုယ်တော်၏ တရားစီရင်မှု မည်သို့ဖြစ်ပါစေ၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု မည်သို့ဖြစ်ပါစေ၊ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသည့်အရာများ မည်သို့ဖြစ်ပါစေ၊ ကျွန်ုပ်ထံမှ ယူဆောင်သွားသောအရာများ မည်သို့ဖြစ်ပါစေ၊ ကိုယ်တော့်အပေါ် အနည်းငယ်မျှ စောဒကတက်ခြင်းမှ ကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ ကိုယ်တော် ကျွန်ုပ်ကို ကြိမ်ဖန်များစွာ ပြစ်တင်ဆုံးမပြီး တရားစီရင်သည့်အခါ၊ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ညည်းမိခဲ့ပြီး ဖြူစင်မှုကို စွမ်းဆောင်ရရှိနိုင်စွမ်း မရှိခဲ့ပါ သို့မဟုတ် ကိုယ်တော်၏ စိတ်ဆန္ဒများကို ဖြည့်ဆည်းနိုင်စွမ်း မရှိခဲ့ပါ။ ကိုယ်တော်၏မေတ္တာနှင့်ဆိုင်သည့် ကျွန်ုပ်၏ ပြန်လည်ပေးဆပ်မှုသည် မလုပ်မနေလုပ်ရခြင်းမှ ပေါက်ဖွားပြီး၊ ဤအခိုက်အတန့်တွင် ကျွန်ုပ်ကိုယ်ကျွန်ုပ် ပို၍ပင် မုန်းမိပါသည်။

၄ ကျွန်ုပ်၏အတွေးများသည် အလွန် ဖောက်ပြန်ပျက်စီးသောကြောင့်၊ ပြီးလျှင် ကိုယ်တော့်ကို ဖန်ဆင်းရှင်အဖြစ် ကျွန်ုပ် မြင်နိုင်စွမ်း မရှိသောကြောင့်၊ ယနေ့တွင် ကျွန်ုပ်၏အသိစိတ်ကို အသုံးပြုလျက်၊ ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းနှင့် ကိုယ်တော့်ထံသို့ ကျွန်ုပ်ပြန်ပေးခဲ့သည့် ချစ်ခြင်းမေတ္တာ မည်ရွေ့မည်မျှဖြင့် ကျွန်ုပ် မကျေနပ်မရောင့်ရဲသင့်ပါ။ ကျွန်ုပ်သည် ကိုယ်တော့်ကို ချစ်ရန် မသင့်တော်သေးသောကြာင့်၊ ကျွန်ုပ်တွင်ရှိသမျှ အရာများအားလုံးကို ကိုယ်တော့်ထံသို့ ဆက်ကပ်အပ်နှံနိုင်စွမ်းကို ကျွန်ုပ် ပျိုးထောင်ရမည်၊ ယင်းကို ကျွန်ုပ် လိုလိုလားလား လုပ်ဆောင်ပါမည်။ ကိုယ်တော် လုပ်ဆောင်ပြီးသည့် အရာအားလုံးကို ကျွန်ုပ်သိရမည်ဖြစ်ပြီး၊ ကျွန်ုပ်တွင် ရွေးချယ်စရာမရှိပါ၊ ပြီးလျှင် ကိုယ်တော်၏မေတ္တာကို ကျွန်ုပ် ရှုမြင်ရမည်ဖြစ်ပြီး၊ ကိုယ်တော်သည် ကျွန်ုပ်မှတစ်ဆင့် ကြီးမြတ်သော ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာ ကိုယ်တော်၏ ချီးမွမ်းခြင်းများကို ကျွန်ုပ် ပြောနိုင်ရမည်ဖြစ်ပြီး ကိုယ်တော်၏ သန့်ရှင်းသော နာမတော်ကို ချီးမြှောက်နိုင်ရပါမည်။ ကိုယ်တော့်အဖို့ ဤသက်သေခံချက်တွင် ကျွန်ုပ်မြဲမြံစွာ ရပ်တည်ရန် လိုလားနေပါသည်။

အရှေ့သို့- ၂၆၅ ဘုရားသခင်၏ စစ်ကြောစီရင်ခြင်းကို ဘဝတလျှောက်ခံယူရန်ဆန္ဒရှိပါသည်

နောက်တစ်ခုသို့- ၂၆၇ ဘုရား၏စီရင်ခြင်းက ကျွန်ုပ်၏ ဘုရားကိုချစ်တတ်သောနှလုံးသားကို ပိုဖြူစင်စေ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

၃၂၉ လူသားရဲ့စစ်မှန်သော နှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိ လာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာ ထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။