၆၆၀ အောင်နိုင်သူတို့၏သီချင်း

၁ နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖွဲ့စည်းလျက် ရှိပြီး၊ လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်ကို ဖျက်ဆီးနိုင်သည့် အင်အားစု မရှိပေ။ ယနေ့၏ နိုင်ငံတော်ထဲ ရှိနေကြသော ငါ၏လူများထဲတွင် သင်တို့ထဲမှ မည်သူသည် လူသားများထဲက လူသားများ မဟုတ်ကြသနည်း။ သင်တို့ထဲမှ မည်သူသည် လူသားအခြေအနေ၏ ပြင်ပတွင် တည်ရှိသနည်း။ ငါ၏ အသစ်သော စမှတ်ကို လူထုထံ ကြေညာလိုက်သည့်အခါတွင်၊ လူသားမျိုးနွယ်သည် မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ လူသားမျိုးနွယ်၏ အခြေအနေကို သင်တို့၏ ကိုယ်ပိုင်မျက်စိများဖြင့် သင်တို့ တွေ့မြင်ပြီး ဖြစ်သည်။ ဤလောကထဲတွင် အစဉ်ထာဝရ ကြံ့ကြံ့ခံမည်ဟူသော မျှော်လင့်ချက်များကို သင်သည် ဧကန်မုချ သိုထားဆဲ မဟုတ်လော။

၂ ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် အနှံ့အပြား လျှောက်လှမ်းနေပြီး၊ ၎င်းတို့အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ သယ်ဆောင်သူများ- ထိုသို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို ကျိုးနွံနာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းသော သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ဧကန်မုချ ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားကြလိမ့်မည်။ မိမိတို့ကိုယ်ကိုယ် ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ ပိုင်ဆိုင်မှုထဲသို့ ဧကန်ဝင်ကြ ရလိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ကြွယ်ဝမှုကို အမွေခံကြရလိမ့်မည်။

၃ ငါ့အတွက် ဟိုဟိုသည်သည် အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက် အသုံးခံမှုများပြုသောသူတို့ကို ဝမ်းမြောက်စွာ ငါထွေးပိုက်မည်၊ ပြီးလျှင် ငါ့ထံ ပူဇော်မှုများ ပြုကြသော သူတို့အား ငါသည် ပျော်ရွှင်မှုများ ပေးသနားမည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မွေ့လျော်မှု ရှာတွေ့သော သူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားသည့် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏ အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ကြွယ်ဝမှုကို ရကြလိမ့်မည် ဖြစ်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။

၄ သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

နောက်တစ်ခုသို့- ၆၆၁ ဘုရားနောက် ဧကန်လိုက်သူတို့သည် စမ်းသပ်မှုများအတွင်း မြဲမြံစွာ ရပ်တည်နိုင်၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။