၃၂၀ သင်၏စကားများနှင့် လုပ်ရပ်များသည် ဘုရားအမြင်တွင် ညစ်ညူး၏ကျူး
၁ ငါသည် သင်တို့အလယ်တွင် ဤနည်းဖြင့် အမှုပြုကာ စကားပြောပြီး ဖြစ်သည်၊ အလွန်များစွာသော အားအင်များနှင့် အားထုတ်မှုကို ငါ အသုံးပြုပြီး ဖြစ်သည်၊ သို့သော် သင်တို့ကို ရှင်းလင်းစွာ ငါပြောသည့် အရာကို မည်သည့်အချိန်တွင် သင်တို့ နားထောင်ဖူးကြသနည်း။ အနန္တတန်ခိုးရှင်ကို သင်တို့ အဘယ်မှာ ပျပ်ဝပ်ဖူးကြသနည်း။ သင်တို့သည် အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြသနည်း။ အဘယ်ကြောင့် သင်တို့ ပြောသမျှနှင့် လုပ်ဆောင်သမျှတိုင်းသည် ငါ၏အမျက်ဒေါသကို နှိုးဆော်သနည်း။ ငါ၏ ပူဇော်သက္ကာများကို ခိုးယူပြီး ငါ၏ ပိုင်ဆိုင်မှုများကို သင်တို့ တပ်မက်ချိန်တွင်၊ ငါ၏ မျက်စိများဖြင့် သင်တို့ကို တွေ့မြင်နှင့်ပြီးဖြစ်သည်ကို သင်တို့မသိကြသလော။ ငါ၏ ပူဇော်သက္ကာများကို သင်တို့ ခိုးယူချိန်တွင်၊ ပူဇော်သက္ကာကို ပေးလှူသည့်နေရာ ယဇ်ပလ္လင် ရှေ့မှောက်တွင် ထိုသို့ သင်တို့ လုပ်ဆောင်ခဲ့ကြသည်ကို သင်တို့မသိကြသလော။ ဤနည်းဖြင့် ငါ့ကို လှည့်ဖြားရလောက်အောင် ပါးနပ်လှသည်ဟု သင်တို့ကိုယ်သင်တို့ အဘယ်သို့ ယုံကြည်နိုင်ကြသနည်း။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သင်တို့၏ အပြစ်များမှ ငါ၏အမျက်ဒေါသ အဘယ်သို့ ထွက်သွားနိုင်မည်နည်း။ သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များမှ အဘယ်သို့ ငါ၏ပြင်းထန်သော အမျက်သည်းခြင်းသည် ကျော်သွားနိုင်မည်နည်း။ သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များနှင့် မကောင်းသော စကားလုံးများသည် ငါ၏ ပြစ်တင်ဆုံးမခြင်းမှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။
၂ အနန္တတန်ခိုးရှင်၏ မျက်စိထဲတွင် သင်တို့၏ စကားများနှင့် အပြုအမူများသည် ညစ်ညူးနေသည်။ အနန္တတန်ခိုးရှင်၏ မျက်စိများက သင်တို့၏ မဖြောင့်မတ်ခြင်းအား ရက်စက်သော ပြစ်တင်ဆုံးမခြင်းအဖြစ် မြင်သည်။ ငါ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် သင်တို့ထံမှ အဘယ်သို့ ထွက်ခွာသွားနိုင်မည်နည်း။ ငါ့ကို ဝမ်းနည်းစေကာ အမျက်ထွက်စေလျက်၊ ဤအရာကို ငါ့အား သင်တို့ လုပ်ဆောင်ကြသောကြောင့်၊ သင်တို့ကို အဘယ်သို့ ငါ၏ လက်များမှ လွတ်မြောက်ခွင့်ပေးပြီး ငါက သင်တို့ကို ပြစ်တင်ဆုံးမကာ ကျိန်ဆဲသည့် နေ့ရက်မှ သင်တို့ကို သွေဖည်ခွင့်ပေးနိုင်မည်နည်း။ သင်တို့သည် အချိန်ကြာမြင့်စွာကတည်းက ငါ့ကို ဒေါသအမျက်ခြောင်းခြောင်း ထွက်စေရစ်ခဲ့ကြပြီး အချိန်ကြာမြင့်စွာကတည်းက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေပြီးဖြစ်သည်ကို သင်တို့ မသိကြသလော။ သင်တို့သည် ငါ၏ကိုယ်ခန္ဓာကို အဝတ်စုတ်များဖြစ် စေလျက် ဖျက်ဆီးနှင့်ကြပြီး ဖြစ်သည်ကို သင်တို့ မသိကြသလော။ ယခုအချိန်ထိ ငါ သည်းခံပြီးဖြစ်သည်မှာ ငါသည် ငါ၏အမျက်ဒေါသကို ထွက်စေပြီး၊ သင်တို့အပေါ် စိတ်ရှည်သည်းခံခြင်း မရှိတော့ပေ။ သင်တို့၏ နှလုံးသားများအပေါ်တွင် အသားမာများ တက်ပြီး ဖြစ်သည့်အလား သင်တို့သည် ယနေ့တွင် အဘယ်ကြောင့် အလွန် မာကျောပြီး အလျှော့မပေးဘဲ ရှိနေနိုင်ကြသနည်း။ ယနေ့ သင်တို့ ကျူးလွန်သော မကောင်းမှုသည် ကမ္ဘာမြေမှ ငါ၏ ထွက်ခွာခြင်းနောက် လိုက်လာမည့် အမျက်ဒေါသကျရောက်သည့်နေ့ကို အဘယ်သို့ လွတ်မြောက် နိုင်မည်နည်း။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်