၁၄၃ အို ဘုရားရှင်၊ ကျွန်ုပ်နှလုံးသား ကိုယ်တော့်ကို ထာဝရတွယ်တာမည်

၁ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရား ကိုယ်တော် ဖော်ပြပြီ။ ဤသည်မှာ ကိုယ်တော်၏ ကြီးမြတ်သော မေတ္တာပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက သမ္မာတရားသက်သက်ဖြစ်ကာ ကျွန်ုပ် နှလုံးသားကို သိမ်းပိုက်ပြီ။ စာတန်အားဖြင့် ကျွန်ုပ် ဆိုးရွားစွာ ဖောက်ပြန်ပျက်စီးသော်လည်း ကျွန်ုပ်ကို ဘယ်သောအခါမျှ မစွန့်ပစ်ဘဲလျက် ကျွန်ုပ်ကယ်တင်ခြင်းရစေဖို့ ကိုယ်တော် အစွမ်းကုန် လုပ်ဆောင်ဆဲ။ တစ်ခါတစ်ရံ ကျွန်ုပ် ကျရှုံးကာ လဲကျပြီး တစ်ခါတစ်ရံ ကျွန်ုပ် အားနည်းမိသော်လည်း၊ ကျွန်ုပ် ခိုင်မာစွာ ရပ်တည်ဖို့ ခွန်အားပေးလျက် ကျွန်ုပ်အတွက် ကိုယ်တော် အမြဲရေလောင်းကာ ထောက်ပံ့ပေးသည်။ အလင်းလမ်းပေါ် ကျွန်ုပ်ကို ကိုယ်တော်၏ နှုတ်ကပတ်တော်များ လမ်းပြပေ။ ကိုယ်တော့်နောက်လိုက်ရင်း၊ ကျွန်ုပ်၏ နှလုံးသား ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်။ အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်ုပ်နှလုံးသား ကိုယ်တော့်ကို ထာဝရတွယ်တာမည်။

၂ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ်ကို ချီးမြောက်ရင်း၊ မြေမှုန့်မှ ကိုယ်တော် ကျွန်ုပ်ကို ချီမခဲ့။ သို့တိုင် ဤအခွင့်အရေးကို ကျွန်ုပ် မချစ်မြတ်နိုးခဲ့ပေ။ ကျွန်ုပ် အထိုက်အလျောက်သာလုပ်ကာ ကိုယ်တော်ကို များစွာ လှည့်ဖြားမိခဲ့။ ကျွန်ုပ် မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ကာ သိစေရင်း၊ ကိုယ်တော် ကျွန်ုပ်ကို တရားစီရင်ကာ ဖော်ထုတ်ဖို့ ကိုယ်တော့်နှုတ်ကပတ်တော်များကို အသုံးပြုခဲ့။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်နှလုံးသားကို ထိုးဖောက်သော်လည်း၊ ကျွန်ုပ် လုံးဝ လက်ခံယုံကြည်ခဲ့။ ကိုယ်တော်၏ ကြင်နာသော ရည်ရွယ်ချက်များကို ကျွန်ုပ်နားလည်ခဲ့ပြီး နောင်တအပြည့် ကျွန်ုပ် ရှိခဲ့ပေ။ ကိုယ်တော်၏ ရှေ့မှောက်တွင် ဦးညွှတ်ကာ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်းတို့ကို လက်ခံဖို့ ကျွန်ုပ် လိုလားလျက်နေ။ ကိုယ်တော်၏ တရားစီရင်ခြင်းကို ကျွန်ုပ် ကြုံတွေ့ကာ ကိုယ်တော်၏ ချစ်ခြင်းကို ကျွန်ုပ် မြည်းစမ်းရပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်ုပ်နှလုံးသား ကိုယ်တော့်ကို ထာဝရတွယ်တာမည်။

၃ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဆင်းရဲဒုက္ခအားလုံးကို ကိုယ်တော် ကြုံရပြီ။ ကိုယ်တော် ကျွန်ုပ်တို့နှင့်အတူ မုန်တိုင်းကို ကျော်လွှားလွန်မြောက်ပြီ။ ကျွန်ုပ် အဖမ်းခံရကာ နှိပ်စက်ညှင်းပန်းခံခဲ့ရသည့်အခါ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက လမ်းပြခဲ့။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ် ဝိညာဉ်ကို နှစ်သိမ့်လျက်၊ ဆင်းရဲဒုက္ခများကို ဖြတ်ကာ ကိုယ်တော် ကျွန်ုပ်နှင့် အဖော်ပြုပေးပြီ။ ကိုယ်တော့် နှုတ်ကပတ်တော်ထဲတွင် သြဇာအာဏာနှင့် တန်ခိုးတို့ကို ကျွန်ုပ် မြင်ရကာ ကိုယ်တော်ကို ချီးမွမ်း။ ကိုယ်တော် ကျွန်ုပ်တို့နှင့်အတူ ဆင်းရဲဒုက္ခခံပေ၊ ယင်းက ကိုယ်တော့် ချစ်ခြင်းမေတ္တာ၏ သာ၍ကြီးမားသော ဖော်ပြမှုဖြစ်ပေ။ အခက်အခဲနှင့် ညှင်းပန်းနှိပ်စက်မှုတို့မှတဆင့်၊ ကိုယ်တော့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာ သာ၍ တိုးပွားလေ။ ကိုယ်တော့်အတွက် သက်သေခံကာ စာတန်ကို အရှက်ရစေဖို့ ကျွန်ုပ် ကျမ်းသစ္စာဆိုပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်ုပ်နှလုံးသား ကိုယ်တော့်ကို ထာဝရတွယ်တာမည်။

၄ ကိုယ်တော်၏ နှုတ်ကပတ်တော်များက အသစ်တစ်ဖန် အသက်ရှင်ဖို့ ကျွန်ုပ်ကို အခွင့်ပေးရင်း အသစ်သောအသက် ကျွန်ုပ်ကို ပေးသည်။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲစေလျက်၊ ကျွန်ုပ်ကို သန့်ရှင်းစေ။ ကိုယ်တော်၏ ချစ်ခြင်းနှင့် နှုတ်ကပတ်တော်တို့က ကျွန်ုပ် စိတ်နှလုံးထဲ နက်ရှိုင်းစွာ အမြစ်တွယ်။ ရှေ့ကလမ်း မည်မျှ ကြမ်းတမ်းပါစေ၊ ကိုယ်တော် သမ္မာတရားနှင့် အသက်ဖြစ်သည်ကို ကျွန်ုပ်သိကာ နောက်ဆုံးအထိ ကိုယ်တော်နောက်လိုက်ဖို့ ကျွန်ုပ် ဆုံးဖြတ်။ မည်သည့်အချိန်၊ မည်သည့်နေရာတွင်ဖြစ်စေ၊ ကိုယ်တော်၏ လုပ်ရပ်များကို ကျွန်ုပ် သက်သေခံမည်။ ကိုယ်တော့်ကို ချစ်ကာ သက်သေခံနိုင်ခြင်းက ကျွန်ုပ်၏ အကြီးမားဆုံး ဂုဏ်ယူခြင်း ဖြစ်ပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်ုပ်နှလုံးသား ကိုယ်တော့်ကို ထာဝရတွယ်တာမည်။

အရှေ့သို့- ၁၄၂ ကျွန်ုပ်အတွင်းစိတ်ထဲ ဘုရားရဲ့မေတ္တာကို အမြဲတမ်း ထားရှိမည်

နောက်တစ်ခုသို့- ၁၄၄ ကျွန်ုပ်နှလုံးသားရဲ့ဆန္ဒသည် ဘုရားကို ချစ်ရန်ဖြစ်၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။