၉၂၀ ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ဦးညွှတ်ရလိမ့်မည်

၁ ခေတ်များကုန်လွန်ခြင်း၊ လူမှု ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ၏ သွင်ပြင်အပြောင်းအလဲ အားလုံးတို့သည် အမှု၏ အဆင့်သုံးဆင့်ရှိ အပြောင်းအလဲများနောက် လိုက်ကြသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏အမှုနှင့် အချိန်ကိုက် ပြောင်းလဲပြီး မိမိဘာသာ ဖွံ့ဖြိုးတိုးတက်သည် မဟုတ်ပေ။ သတ္တဝါအားလုံး၊ ဘာသာတရားတိုင်းနှင့် ဂိုဏ်းဂဏတိုင်းမှ လူအားလုံးတို့ကို တစ်ဆူတည်းသော ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ခေါ်ဆောင်လာရန် အလို့ငှာ ဘုရားသခင်၏ အမှု အဆင့်သုံးဆင့်ကို ရည်ညွှန်းထားပေသည်။ သင်သည် မည်သည့်ဘာသာတရားနှင့် သက်ဆိုင်သည်ဖြစ်စေ၊ နောက်ဆုံးတွင် သင်တို့ အားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် ဤအမှုကို ဆောင်ရွက်နိုင်သည်။ ယင်းကို မည်သည့်ဘာသာရေး ဦးသျှောင်ကမျှ မလုပ်ဆောင်နိုင်ပေ။ စကြဝဠာအတွင်းရှိ လူအားလုံးသည် တစ်ဆူတည်းသော ဘုရားသခင်၏ လမ်းပြမှုအောက်၌ တည်ရှိကြပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုကို ဘာသာရေးဦးသျှောင်များ၊ သို့မဟုတ် ခေါင်းဆောင်များက လမ်းပြနေသည် မဟုတ်ပေ။

၂ ဘာသာရေးဦးသျှောင်များသည် ခေါင်းဆောင်များသာ ဖြစ်ပြီး၊ ဖန်ဆင်းရှင်နှင့် တန်းတူ မရပ်တည်နိုင်ပေ။ အရာအားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ရှိကြပြီး၊ အဆုံးတွင် ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲသို့ ပြန်လာကြလိမ့်မည်။ လူသားမျိုးနွယ်ကို မူလက ဘုရားသခင် ပြုလုပ်ခဲ့ပြီး၊ မည်သည့်ဘာသာဖြစ်စေ၊ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်- ဤသည်ကို ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည်သာ အရာခပ်သိမ်းအလယ် အမြင့်မားဆုံး ဖြစ်ပြီး၊ သတ္တဝါ အားလုံးအလယ် အမြင့်မားဆုံးသော အုပ်စိုးသူသည်လည်း သူ၏အုပ်စိုးမှုအောက်သို့ ပြန်လာရလိမ့်မည်။ လူသား၏ အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ၊ လူသည် လူသားမျိုးနွယ်ကို သင့်တော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိသကဲ့သို့၊ မည်သူမျှ အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားနိုင်ခြင်း မရှိပေ။ ယေဟောဝါကိုယ်တိုင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရပြီး၊ နောက်ဆုံးအချိန် ရောက်သည့်အခါ၊ သူသည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလျက် သူ၏ကိုယ်ပိုင်အမှုကို သူကိုယ်တိုင် လုပ်ဆောင်လိမ့်ဦးမည်- ဤအမှုကို ဘုရားသခင်မှလွဲ၍ မည်သူကမျှ မလုပ်ဆောင်နိုင်ပေ။

၃ ကမ္ဘာလောကကို ဖန်ဆင်းနိုင်စွမ်း မရှိသူသည် ယင်းကို အဆုံးသတ်နိုင်စွမ်းလည်း ရှိလိမ့်မည် မဟုတ်၊ ကမ္ဘာလောကကို ဖန်ဆင်းသူမှာမူ ကမ္ဘာလောကကို ဧကန်မုချ အဆုံးသတ်ပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်ခြင်း မရှိသကဲ့သို့၊ လူသားကို သူ၏စိတ်အား ပျိုးထောင်ဖို့ အထောက်အကူပြုရုံသာ ပြုနိုင်ပါက၊ သူသည် ဧကန်မုချ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏သခင် ဧကန်မုချ ဖြစ်လိမ့်မည် မဟုတ်ပေ။ သူသည် ထိုသို့သော ကြီးမားသည့်အမှုကို လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုသို့သောအမှုကို ဆောင်ရွက်နိုင်သူ တစ်ဦးတည်းသာ ရှိပြီး၊ ဤအမှုကို မလုပ်ဆောင်နိုင်သူ အားလုံးသည် ဧကန်မုချ ရန်သူများဖြစ်ပြီး ဘုရားသခင် မဟုတ်ပေ။ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သကဲ့သို့၊ ယင်းတို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည့်အတွက် ဘုရားသခင်၏ရန်သူများ ဖြစ်ကြ၏။ အမှုအားလုံးကို ဤစစ်မှန်သော ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ပြီး စကြဝဠာ တစ်ခုလုံးကို ဤဘုရားသခင်တစ်ဆူတည်းက ကွပ်ကဲ၏။ သူ့အနေဖြင့် ဣသရေလနိုင်ငံ သို့မဟုတ် တရုတ်နိုင်ငံတွင် အမှုပြုနေသည်ဖြစ်စေ၊ အမှုကို ဝိညာဉ်တော် သို့မဟုတ် လူ့ဇာတိဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး၊ အခြားမည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ မည်သည့် သတ်မှတ်ချက်များ၏ ဘောင်ခတ်ခံရခြင်း မရှိဘဲ၊ လွတ်လပ်စွာ သူ အမှုပြုသည်မှာ အတိအကျအားဖြင့် သူသည် လူသားမျိုးနွယ်အားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်- ဤသည်မှာ ရူပါရုံများ အားလုံးအနက် အကြီးမားဆုံး ဖြစ်၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၁၉ ဘုရားဖန်ဆင်းသောအရာများသူ၏ အမိန့်အာဏာကို နာခံကြရမည်

နောက်တစ်ခုသို့- ၉၂၁ ဘုရားသခင်၏ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် သူ၏အုပ်စိုးမှုအောက်သို့ လာရောက်ရမည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။