ကျွန်တော်၏ ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှုက အလွန်အဓိပ္ပါယ်မဲ့လှသည်

21.08.2019

ကျန်းချင်၊ ရှန်ဒုံစီရင်စု

အသင်းတော်ထဲက ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်အချို့တို့သည် အစဉ်အမြဲ မိမိတို့ကိုယ်ကိုယ် သက်သေခံကြပြီး ညီအစ်ကို မောင်နှမများကို မိမိတို့ရှေ့မှောက် ခေါ်ဆောင်ကြသောကြောင့် အန္တိခရစ်ဖြစ်လာပြီး ဘုရားသခင်၏ ပယ်ရှင်းခြင်းခံရသည်ကို မြင်သည့်အခါတိုင်းတွင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့သည်။ကိစ္စရပ်အားလုံးမှာ ငါ ဘုရားသခင်ကို အသေအချာ ချီးမြောက်ပြီး သက်သေခံရမည်။ ကျရှုံးသူများ၏ လမ်းကြောင်းပေါ် ငါ ခြေချမိမည်စိုးရသဖြင့်၊ မည်သည့်အခြေအနေတွင်မဆို ကိုယ့်ကိုယ်ကိုယ် မကြွားဝါ၊ မချီးမြှောက်ရဘူးဟူ၍ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် မိတ်သဟာယပြုသည့်အချိန်တိုင်းတွင် ကျွန်တော့်၏ ကိုယ်ပိုင် ပျက်စီးခြင်းကို ထုတ်ဖော်ခြင်းအပေါ်သာ ကျွန်တော် အာရုံစိုက်ခဲ့ပြီး လက်တွေ့လုပ်ဆောင်ခြင်းအကြောင်း သို့မဟုတ် ဝင်ရောက်ခြင်းအကြောင်းကို အပြုသဘောဆောင်သော ရှုထောင့်မှ ဘယ်သောအခါမှ မဆွေးနွေးခဲ့ပါ။ အခြားသူများက ကျွန်တော့်အထဲတွင် ဝင်ရောက်မှုအနည်းငယ် သို့မဟုတ် ပြောင်းလဲမှုအနည်းငယ် ရှိသည်ဟု ပြောသည့်အခ၊ ယင်းကို ချက်ချင်း ကျွန်တော် ငြင်းလိုက်သည်။ ထိုသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း ဖြစ်သည်ဟု ကျွန်တော် ယုံကြည်ခဲ့ပါသည်။

တစ်နေ့တွင် မိတ်သဟာယတစ်ခုမှ ဤစကားများကို ကျွန်တော် ကြားခဲ့ရပါသည်။ “လူတစ်ချို့ရဲ့ ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်းနှင့်ဆိုင်တဲ့ အသိပညာက မပြည့်စုံဘူး။ ဒါကြောင့် သူတို့ လက်တွေ့လုပ်ဆောင်တဲ့ အရာက အလုံးစုံ မမှန်ကန်ဘူး။ သူတို့က ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံခြင်းအကြောင်း ဆွေးနွေးခြင်းက အဓိကအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သိရှိခြင်း၊ သူတို့ရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ခြင်း နဲ့ ဖွင့်ဟခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ သူတို့ရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခြင်းကို စိတ်ဖြာ လေ့လာခြင်းနဲ့ဆိုင်တဲ့ ဆွေးနွေးခြင်းဖြစ်တယ်။ ဒီအရာကသာ ဘုရားသခင်ကို ချီးမြှောက်ခြင်းနဲ့ သက်သေခံခြင်းဖြစ်တယ်ုလို့ ထင်ကြတယ်။ ဒီလို အတွေ့အကြုံနဲ့ သက်သေခံချက်ရဲ့ ရှုထောင့်တွေကို ကိုယ့်ရဲ့ ပြောင်းလဲမှုတွေအဖြစ်နဲ့ ကိုယ်ပြောင်းလဲတဲ့ ဖြစ်စဉ် သို့မဟုတ် လက်တွေ့အရှိတရားထဲကို ကိုယ်ကဝင်ရောက်ခြင်းအဖြစ် ဆွေးနွေးဖို့က ဘုရားသခင်ကိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် သက်သေခံနေသလို ဖြစ်တယ်။ ဒီလို အသိပညာက မှန်ကန်ရဲ့လား။ သင် တွေ့ကြုံရတဲ့ ဖြစ်စဉ်အကြောင်းကို ဆွေးနွေးခြင်းက သင့်ကိုယ်သင် သက်သေခံခြင်း ပမာဏကို ပြောင်းလဲစေပါသလား။ မပြောင်းလဲစေပါဘူး။ ကျွန်တော်တို့ နားလည်ထားရမှာက ဘုရားသခင်ရှေ့မှောက် လူတို့ကို ခေါ်ဆောင်ရာမှာ အထိရောက်ဆုံးဖြစ်ဖို့က၊ အပျက်သဘောဆောင်တဲ့ အတွေ့အကြုံတွေကိုသာ သင်ပြောဆိုပြီး အပြုသဘောဆောင်တဲ့ ဝင်ရောက်ခြင်းအကြောင်း ဘာမှ မပြောတဲ့အခါ၊ ထိရောက်မှုမှာ အကန့်အသတ်ရှိပြီး အကောင်းဆုံးမဟုတ်ဘဲ လူတွေဟာ လမ်းကြောင်းမရှိ ဖြစ်နေကြဆဲ ဖြစ်လိမ့်မယ်။ သင်တို့ မိတ်သဟာယပြုတဲ့ချိန်အတွင်းမှာ တခြားလူတွေက သင့်ကိုယ်သင် ဘယ်လို ဖွင့်ဟတယ်၊ သင့်ကိုယ်သင် ဘယ်လို စိတ်ဖြာဆန်းစစ်ပြီး သင့်ကိုယ်သင် ဘယ်လို ဖွင့်ချပြတယ်တို့ကိုသာ မြင်တယ်။ သင့်ရဲ့ အပြုသဘောဆောင်တဲ့ ဝင်ရောက်မှုကဘာလဲ၊ သင့်ရဲ့ လက်တွေ့လုပ်ဆောင်မှုက ဘာလဲ။ လက်တွေ့လုပ်ဆောင်ဖို့ ဘယ်လမ်းကြောင်းကို သင် လူတွေကို ပေးသလဲ။ အခုကနေစပြီး သူတို့ ဘယ်လိုလက်တွေ့လုပ်ဆောင်သင့်တာကို လူတွေကို သင် မပြောပြရသေးဘူး။ လူတချို့က ကိုယ့်ကိုယ်ကိုယ် သက်သေခံတယ်ဆိုတာဘာဆိုတာကို နားမလည်ကြဘူး။ သူတို့က သူတိုရဲ့ အပြုသဘောဆောင်တဲ့ ရှုထောင့်တွေနဲ့ သူတို့ရဲ့ လက်တွေ့အရှိတရားထဲ ဝင်ရောက်ခြင်းနှင့်ဆိုင်တဲ့ ရှုထောင့်အကြောင်း ဆွေးနွေးတာကို သူတို့ကိုယ်သူတို့ သက်သေခံနေကြတယ်လို့ ထင်ကြတယ်။ဒါပေမယ့် ဒါကတကယ်တမ်းက ဘုရားသခင်အတွက် ပိုမိုကောင်းမွန်တဲ့ သက်သေခံခြင်းဖြစ်တယ်။ ဘုရားသခင်အတွက် ပိုမိုစုံလင်တဲ့ သက်သေခံခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်တွေကို ဆောင်ရွက်ရာမှာ လက်တွေ့အရှိတရား အနည်းငယ်၊ ကောင်းမြတ်တဲ့ လုပ်ရပ်အချို့နှင့် သစ္စာရှိခြင်းအချို့ကို လုပ်နိုင်စွမ်းရှိကြတယ်။ဒါက ဘုရားသခင်ရဲ့ ချစ်ခြင်း မဟုတ်ဘူးလား။ဒါက ဘုရားသခင်ရဲ့ ကျေးဇူးတော် မဟုတ်ဘူးလား။ဒါက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ရလဒ် မဟုတ်ဘူးလား။ ဒီလို အရာတွေကို မိတ်သဟာယပြုခြင်းအားဖြင့်၊ သင်ဟာ ဘုရားသခင်ရဲ့ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း၊ ဘုရားသခင်ရဲ့ အမှုတော်ဟာ လူသားရဲ့ ကယ်တင်ခြင်းအမှုဖြစ်ပုံ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက လူတွေကို ဘယ်လိုပြောင်းလဲပေးတယ်၊ ဘယ်လိုစုံလင်စေပြီး ဘယ်လိုကယ်တင်ပေးတယ်ဆိုတာတွေကို ပိုပြီး သက်သေခံနိုင်ပါတယ်။ ဒါကြောင့်၊ ဘုရားသခင်ရဲ့ အမှုတော်ကို သက်သေခံခြင်းကလည်း သင့်ရဲ့ကိုယ်ပိုင် အပြုသဘောဆန်တဲ့ ဝင်ရောက်ခြင်း၊ မဝင်ရောက်နိုင်တဲ့အဖြစ်ကနေ နောက်ဆုံးမှာ ဝင်ရောက်နိုင်တဲ့အဖြစ်ကို သင်ဘယ်လို ရောက်ရှိပုံ၊ သင့်ကိုယ်သင် မသိရှိနိုင်ခြင်းအဖြစ်ကနေ နောက်ဆုံးမှာ သိရှိနိုင်တဲ့အဖြစ်၊ သင့်ရဲ့ သဘာဝ အနှစ်သာရကို သိရှိနိုင်တဲ့အဖြစ်ကို ဘယ်လို သင်ရောက်ရှိပုံ၊ ဘုရားသခင်ကို သင် ဆန့်ကျင် ပုန်ကန်နေခြင်းမှ သူ့ကို နာခံခြင်းကို ရောက်ရှိပုံ၊ သူ့ကို ကျေနပ်စေနိုင်ပြီး သက်သေခံနိုင်တဲ့အဖြစ်ကို သင်ရောက်ရှိပုံတို့ကို ပြောဆိုခြင်းတို့ လိုအပ်ပါတယ်။ သင်က ဒီလိုအတွေ့အကြုံတွေနဲ့ သက်သေခံချက်တွေကို သူတို့ရဲ့ ဝင်ရောက်မှုမှာ မိတ်သဟာယပြုနိုင်ရင် ဘုရားသခင်အတွက် သင့်ရဲ့ သက်သေခံခြင်းက စုံလင်ပြီး ပြည့်စုံပါတယ်။ဒါကသာ စစ်မှန်တဲ့ အဓိပ္ပါယ်နဲ့ ဘုရားသခင်ကို ချီးမြှောက်ခြင်းနဲ့ သက်သေခံခြင်း ဖြစ်ပါတယ်။ တကယ်လို့ သင် ဆက်ပြောသမျှအကြောင်းတွေက သင်ရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနဲ့ အကျည်းတန်မှုဖြစ်ရင် ဆယ်စုနှစ်တစ်ခု ဒါမှမဟုတ် ဒီထက်ပို ကြာပြီးနောက်မှာ သင်က သင်ကိုယ်တိုင်ထဲက ပြောင်းလဲမှုတွေကို ဘာမျှမပြောနိုင်ရင်ဒါက ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း ဖြစ်ရဲ့လား။ဒါက ဘုရားသခင်ကို ဘုန်းထင်ရှားစေသလား။ ဒါက ဘုရားသခင် အမှုတော်ရဲ့ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို သက်သေခံနိုင်သလား။ သင့်ရဲ့ သက်သေခံချက်က လူတို့ကို အပျက်သဘောဆောင်လာစေပြီး ဘုရားသခင်ထံကနေ လမ်းလွှဲစေရင် ဒီအရာက သက်သေခံချက်မဟုတ်ပါဘူး။ သင့်ရဲ့ လုပ်ဆောင်ချက်က ဘုရားသခင်ကို ဆန့်ကျင်ပါတယ်။ဒါက စာတန်ရဲ့ အလုပ်ဖြစ်တယ်။ ဘုရားသခင်ကို ဆန့်ကျင်တဲ့ အလုပ်ဖြစ်တယ်။” (“အသက်တာထဲ ဝင်ရောက်ခြင်းနှင့် ပတ်သက်သော တရားဒေသနာများနှင့် မိတ်သဟာယ ၃” ထဲက “မေးခွန်းများနှင့် အဖြေများ”). ဤအရာကို ကျွန်တော် ကြားသည့်အခါ အလျော့မပေးဘဲ ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်ခြင်းနှင့် ကျွန်တော့်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြခြင်းအကြောင်းအား ပြောဆိုခြင်းမှာ ဘုရားသခင်ကို ချီးမြောက်ခြင်းနှင့် သက်သေခံခြင်း မဟုတ်သည်ကို ရုတ်တရက် ကျွန်တော် နားလည်လာခဲ့သည်။ ဘုရားသခင်ကို စစ်မှန်သော ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို တွေ့ကြုံရစဉ်တွင် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော ဂုဏ်ဒြပ်ကို သိရှိလာခြင်းအကြောင်း ပြောဆိုခြင်းမျှသာ ပါဝင်သည် မဟုတ်ပါ။ ပိုမိုအရေးကြီးသော အရာမှာ သင်၏ အပြုသဘောဆောင်သော လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဝင်ရောက်ခြင်းအကြောင်း တစ်စုံတစ်ရာကို ပြောဆိုခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့်၊ မည်သည့် သမ္မာတရားကို သင်သိလာသည်၊ ဘုရားသခင်အကြောင်း မည်သည့်အရာကို သင်သိလာသည်၊ ဘုရားသခင်၏ အမှုတော်က သင့်တွင် မည်သည့် အကျိုးသက်ရောက်မှု ရှိခဲ့သည်၊ သင်၏ စိတ်သဘောထားဟောင်းထဲတွင် မည်သည့် ပြောင်းလဲမှုများ ရှိခဲ့သည်၊ စသဖြင့် ဖြစ်သည်။ ဤအတွေ့အကြုံနှင့် အသိပညာ ရှုထောင့်များကို စစ်မှန်စွာ သင်ပြောဆိုလျှင် သင် မိတ်သဟာယပြုသည့် တကယ့်အတွေ့အကြုံမှတဆင့် သင်သည် ညီအစ်ကို မောင်နှမများကို ဘုရားသခင်ကို သိကျွမ်းမှုရရှိဖို့နှင့် ဘုရားသခင်၏ အမှုတော်က လူတို့ကို အမှန်တကယ် ကယ်တင်နိုင်ပြီး ပြောင်းလဲစေနိုင်သည်ကို မြင်တွေ့ဖို့ အခွင့်ပေးပါလိမ့်မည်။ ထို့သို့ဖြင့် သူတို့တွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းကို ဖြစ်ပေါ်စေပြီး တစ်ချိန်တည်းမှာပင် လက်တွေ့လုပ်ဆောင်ဖို့နှင့် ဝင်ရောက်ဖို့ လမ်းကြောင်းတစ်ခုကို သင် ပေးလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို အဘယ်သို့ ကျေနပ်စေနိုင်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ အဘယ်သို့ ဝင်ရောက်ရမည်တို့ကို သူတို့အား အသိပေးလိမ့်မည်ဖြစ်သည်။ ဤသည်သာ အမှန်တကယ် ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဖြစ်ပြီး၊ ထိုသို့သော သက်သေခံချက်သည်သာ စာတန်ကို အရှက်ရစေနိုင်သည်။ သို့သော်လည်း ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းတို့နှင့်ဆိုင်သော ကျွန်တော့်၏ သိနားလည်မှုမှာ အလွန် တစ်ဖက်သတ်ဆန်လွန်းခဲ့ပြီး၊ အလွန် အဓိပ္ပါယ်မဲ့လှပါသည်။ ကျွန်တော့်၏ ညီအစ်ကို မောင်နှမများက ကျွန်တော့်ကို အထင်အမြင်သေးဖို့ရန်အလို့ငှာ သူတို့ရှေ့တွင် ကျွန်တော့်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို ပိုမိုပြောဆိုခြင်းက ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဖြစ်သည်ဟု ကျွန်တော် ထင်မှတ်ခဲ့သည်။ ဝင်ရောက်ခြင်းနှင့်ဆိုင်သည့် ကျွန်တော့်၏ အပြုသဘောဆောင်သော ရှုထောင့်များကို ပြောဆိုခြင်းက မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း ဖြစ်သည်ဟု ကျွန်တော် ထင်ခဲ့သည်။ ကျွန်တော် မိုက်မဲလွန်းလှပါတကား။ ဤအချိန်တွင်၊ ကျွန်တော့်၏ လက်တွေ့လုပ်ဆောင်ခြင်းအကြောင်းနှင့် ဘုရားသခင်ကို ချီးမြှောက်ခြင်း နင့် သက်သေခံခြင်းတို့၏ ရလဒ်ကို ကျွန်တော် မစဉ်းစားဘဲ မနေနိုင်ခဲ့ပါ။

တစ်ကြိမ်တွင်၊ ကျွန်တော့်ကို ဧည့်ခံပေးသော ညီအစ်မတစ်ဦးက၊ “ရှင်တို့ ခေါင်းဆောင်တွေက အိမ်ကနေအဝေးမှာ ရှင်တို့ရဲ့ တာဝန်တွေကို ဆောင်ရွက်ဖို့ ရှင်တို့ရဲ့ မိသားစုတွေနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေကို စွန့်လွှတ်ခဲ့ကြတယ်။ ဒုက္ခဆင်းရဲအများကြီးကို ရှင်တို့ ခံစားရပြီးပြီ၊ အမှုအရာအများကြီးကို တွေ့ကြုံကြရပြီး သမ္မာတရားများစွာကို နားလည်လာကြပြီးပြီ။ ရှင်တို့အားလုံးဲမှာ ဝင်ရောက်မှု နဲ့ ပြောင်းလဲမှုအချို့ ရှိခဲ့တယ်။ ဒါပေမယ့် အိမ်မှာနေရင်းနဲ့၊ ကျွန်မက ဇာတိပကတိရဲ့ ထိန်းချုပ်တာကို အရမ်းခံရတယ်၊ ဘုရားသခင်ရှေ့မှာ ကျွန်မရဲ့ စိတ်နှလုံး အေးချမ်းတဲ့အချိန်က အရမ်းနည်းပြီး ကျွန်မဲမှာ ပြောင်းလဲမှုမရှိခဲ့ဘူး။ ရှင်တို့လို ကျွန်မ ဖြစ်ချင်မိတယ်” ဟု ပြောခဲ့ပုံကို ကျွန်တော် သတိရမိပါသည်။ ဤအရာကို ကြားရသည့်အချိန်တွင်၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်၊ “ဘုရားသခင်ကို ငါ ချီးမြှောက်ပြီး သက်သေခံရမယ်၊ ငါ့ရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းကို ငါ မိတ်သဟာယပြုပြီး ငါ့ကိုယ်ပိုင် ပြောင်းလဲမှုတွေကို မပြောရဘူး၊ ဒါမှမဟုတ်ရင် ဒီညီအစ်မက ငါ့ကို အရမ်း လေးစားသွားလိမ့်မယ်”ဟု တွေးမိခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ အတိတ်တွင် ကျွန်တော် မည်မျှမာနထောင်လွှားပြီး ကျွန်တော့်၏ တာဝန်ကို ဆောင်ရွက်ချိန်တွင် အသင်းတော်၏ စီမံခန့်ခွဲမှုများကို မနာခံခဲ့ပုံ၊ ကျွန်တော့် ညီအစ်ကို မောင်နှများနှင့် အဆင်ပြေပြေ မနေနိုင်ခဲ့ပုံ၊ ကျွန်တော်ပြောသည့်အရာက မည်မျှ မမှန်ကန်မှု စွန်းထင်းခဲ့ပုံ၊ လူတို့ကို အဘယ်သို့ လှည့်ဖြားရန် နှင့် လူတို့အကြောင်း သံသယ သိုထားတတ်ပုံ...တို့ကို အသေအချာ ပြောခဲ့ပါသည်။ ကျွန်တော့်၏ မိတ်သဟာယကို ကြားပြီးသည့်နောက်၊ ညီအစ်မက၊ “ရှင့်မှာ အားလုံး အနည်း အများတော့ လုံးဝပြောင်းလဲပြီလို့ ကျွန်မထင်ထားတာ၊ ဒါပေမယ့် လက်စသတ်တော့ ရှင်လည်း မပြောင်းလဲသေးဘူးပဲ။ အဟင်း။ ရှင်တို့ထဲက ဘယ်သူမှ မပြောင်းလဲသေးဘူး၊ အဲဒါက ကျွန်မကို ပိုဆိုးစေတာပဲ” ဟု ဆိုလေသည်။ ထို့နောက်တွင်၊ ညီအစ်မက ကျွန်တော့်ကို အရမ်းမလေးစားတော့သလို အထင်ကြီးခြင်းလည်းမရှိတော့သော်လည်း၊ အကျိုးဆက်အနေဖြင့် သူမသည် အပျက်သဘောဆောင်လာခဲ့ပြီး သူမတွင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိဟု ထင်မှတ်ခဲ့သည်။ တစ်ကြိမ်တွင်၊ အစည်းအဝေးအတွင်း၌ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးခြင်း ရှုထောင့်တစ်ခုဖြစ်သည့် ဘုရားသခင်အကြောင်းနှင့်ပတ်သက်၍ ကျွန်တော် မည်သို့ယူဆချက်များ ရှိခဲ့သည်ကို ညီအစ်ကို မောင်နှမများထံ ပြောပြခဲ့ပါသည်။ ဘုရားသခင်အကြောင်း မည်သို့သော ယူဆချက်များ ရှိခဲ့သည်ကိုသာ ကျွန်တော်ပြောပြခဲ့ပြီး ဤယူဆချက်များကို ကျွန်တော်အဘယ်သို့ ဖြေရှင်းခဲ့သည်အကြောင်းကို မပြောခဲ့ပါ။ အမှန်မှာ ညီအစ်ကို မောင်နှမများက ထိုသို့သော အယူအဆများ မရှိခဲ့ပါ။သို့သော် ကျွန်တော်၏ မိတ်သဟာယကို ကြားပြီးနောက်တွင် ရှိလာခဲ့ကြသည်။ စသဖြင့် ဖြစ်လာခဲ့သည်။ ကျွန်တော် မှတ်ယူသော ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း အကျိုးဆက်မှာ ထိုသို့ဖြစ်ခဲ့သည်။ ကျွန်တော်လက်တွေ့လုပ်ဆောင်ခဲ့သော ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းတို့က ဘုရားနှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် ဘုန်းအာနုဘော်တော်တို့ကို သက်သေမခံခဲ့သည်သာမက၊ ယင်းအစား လူတို့ကို ဘုရားသခင် ကယ်တင်ခြင်း၊ ပြောင်းလဲခြင်း နှင့် ပြည့်စုံစေခြင်း အမှုနှင့် ပတ်သက်၍ ညီအစ်ကို မောင်နှမများကို သံသယများနှင့် ယူဆချက်များ ပေးခဲ့သည်။ ကယ်တင်ခြင်း၌ ယုံကြည်ခြင်းကို သူတို့ ဆုံးရှုံးသွားကြသည်။ သူတို့သည် သမ္မာတရားကို လိုက်စားလိုစိတ်မရှိခဲ့ရုံသာမက တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်ရန် ပြေလည်မှုလည်း မရှိခဲ့ကြပါ။ ကျွန်တော်လက်တွေ့လုပ်ဆောင်ခဲ့သော ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းတို့သည် လူတို့ကို ဘုရားသခင်၏ ကြင်နာခြင်း၊ ချစ်ဖွယ်ကောင်းခြင်း နှင့် ဖြောင့်မတ်ခြင်းတို့ကို သက်သေမခံခဲ့ပါ။ ယင်းက လူကို ကယ်တင်ရာတွင် ဘုရားသခင်၏ စေတနာရှိသော ရည်ရွယ်ချက်များ၊ လူတို့ကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပြသခြင်းနှင့် ဘုရားသခင်ကို သိရှိဖို့ရန် သူတို့ကို အခွင့်ပေးခြင်းတို့အား သက်သေမခံခဲ့ပါ။ ထိုအစား၊ ညီအစ်ကို မောင်နှများထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ ယူဆချက်များနှင့် နားလည်မှုလွဲခြင်းများ ဖြစ်ပေါ်စေခဲ့ပြီး မှားယွင်းသော အခြေအနေတွင် သူတို့ အသက်ရှင်ခဲ့ကြသည်။ ဘုရားသခင်ကို အဘယ်သို့ ကျွန်တော် ချီးမြောက်ပြီး သက်သေခံနေပါသနည်း။ ကျွန်တော်က အပျက်သဘောဆောင်ခြင်းကို ဖြန့်ဝေပြီး သေခြင်းကို ထုတ်ပြန်နေခြင်းသက်သက်သာ ဖြစ်ပါသည်။ အနှစ်သာရအားဖြင့်၊ ကျွန်တော်သည် လူတို့ကို နာကျင်စေခဲ့ပြီး သူတို့အပေါ်သို့ ဖျက်ဆီးခြင်းကို ယူဆောင်နေခဲ့သည်။ အပြင်ပန်းတွင် ကျွန်တော်သည် ဆိုးညစ်သော အရာတစ်ခုခုကို သိသိသာသာ ပြုလုပ်ပုံ မရသော်လည်း ကျွန်တော့် လုပ်ဆောင်ချက်များ၏ အနှစ်သာရမှာ ဘုရားသခင်ကို ဆန့်ကျင်မှုတွင် ရှိနေခဲ့သည်။ ယင်းက ဘုရားသခင်နှင့် လူတို့၏ ဆက်နွယ်မှုတွင် ဘဝင်မကျခြင်းကို ပြသနေခဲ့သည်။ ယင်းက ညီအစ်ကို မောင်နှမတို့၏ အပြုသဘောဆောင်ခြင်းအပေါ် တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပြီး၊ သူတို့ကို ဘုရားသခင်ထံမှ လမ်းလွှဲစေခဲ့ပါသည်။ ကျွန်တော်သည် မကောင်းမှုကို ကျူးလွန်နေခြင်းသာဖြစ်သည်။ လုံးဝရှင်းပါသည်။ ဤအရာကို ဘုရားသခင်က အမှန်တကယ် စက်ဆုပ်ရွံ့ရှာပြီး မုန်းတီးပါသည်။

ဘုရားသခင်ကို အမှန်တကယ် ချီးမြောက်ပြီး သက်သေခံသည်မှာ အဘယ်အရာဖြစ်သည်ကို ဉာဏ်အလင်းပေးခြင်းအတွက် ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းတို့နှင့်ဆိုင်သော ကျွန်တော့်၏ ကိုယ်ပိုင် သိနားလည်မှုက အဘယ်မျှအဓိပ္ပါယ်မဲ့သည်ကို သိခွင့်ပေးခြင်းအတွက် အနှစ်သာရအားဖြင့် ကျွန်တော် မှတ်ယူခဲ့သော ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းတို့မှာ ဘုရားသခင်အပေါ် ဆိုးရွားသော ဆန့်ကျင်မှုဖြစ်ခဲ့သည်ကို ကျွန်တော့်ကို တွေ့မြင်ခွင့်ပေးခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ထိုကဲ့သို့သာ ကျွန်တော်ဆက်သွားခဲ့ပါက၊ နောက်ဆုံးတွင် ကျွန်တော့်အပေါ် ဖြစ်မည့်အရာအားလုံးမှာ ဘုရားသခင်ကို ကျွန်တော် အစေခံသော်လည်း ဆန့်ကျင်ခဲ့သောကြောင့် ကျွန်တော်သည် ပယ်ရှင်းခံရပြီး အပြစ်ပေးခံရပေမည်။ ထိုနေ့မှစ၍၊ ကျွန်တော့်၏ အဓိပ္ပါယ်မရှိသော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းကို ပြောင်းလဲဖို့ ဆန္ဒပြင်းပြခဲ့ပါသည်။ ကိုယ့်ကိုယ်ကိုယ် သိရှိခြင်းအကြောင်း ကျွန်တော် မိတ်သဟာယပြုသည့်အခါ၊ ကျွန်တော့်အနေဖြင့် အပြုသဘောဆောင်သော ဝင်ရောက်ခြင်းဆီသို့ သွားရာလမ်းကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း သက်သေခံချက်ကို ပိုမို ပြောဆိုရပါမည်။ ကျွန်တော့်၏ အတွေ့အကြုံများနှင့် အသိပညာ အကူအညီဖြင့်၊ ညီအစ်အကို မောင်နှမများက ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ဖို့၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံနိုင်ဖို့နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း ရရှိနိုင်ပြီး သူတို့ကို ဘုရားသခင်ရှေ့ အမှန်တကယ် ခေါ်ဆောင်သွားဖို့ရန်အလို့ငှာကျွန်တော် သိလာခဲ့သမျှအားလုံးကို သက်သေခံရပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ချုပ်နှောင်ခံရခြင်း

လီမော့ တရုတ်နိုင်ငံ ၂၀၀၄ ခုနှစ်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပြီး၊ သိပ်မကြာခင်မှာ၊ ဧဝံဂေလိ...

အယောင်ဆောင်ခြင်းနှင့် ဖုံးကွယ်ခြင်း၏ အဖိုးအခများ

လီလီယက် ဟွန်ဒူရပ်နိုင်ငံ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...

ဂုဏ်နှင့်အဆင့်အတန်းမှ သယ်ဆောင်လာသောနာကျင်မှု

ဖန်းရှန့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ကျွန်မ အဖွဲ့ခေါင်းဆောင်အဖြစ်ရာထူးတိုးပြီးတော့ အဖွဲ့တချို့အတွက် ရေလောင်းပေးတဲ့ တာဝန်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။