ကျွန်မ၏သား ဆုံးပါးသွားပြီးနောက်

04.06.2022

ဝမ်လီ တရုတ်နိုင်ငံ

၂၀၁၄ ခုနှစ် ဇွန်လ ရက်တစ်ရက်မှာ၊ ကျွန်မသမီးက မမျှော်လင့်ဘဲ ဖုန်းဆက်ပြီး ကျွန်မသားက ငါးဖမ်းနေတုန်းမှာ ဓာတ်လိုက်ခံရတယ်လို့ ပြောတယ်။ အသေးစိတ် အတိအကျကို သူ သေချာမသိဘဲ၊ မိမိကိုယ်ကိုယ် ပြင်ဆင်ထားဖို့ ကျွန်မကို ပြောခဲ့တယ်။ ဒီသတင်းကို ကြားရတဲ့အခါ၊ အိပ်ရာပေါ်ထိုင်ပြီး ကျွန်မ စိတ်က ချာချာလည်နေခဲ့တယ်။ ကျွန်မသားက မိသားစုရဲ့ အမာခံကျောရိုးလေ။ သူတစ်ခုခုဖြစ်ရင် ကျွန်မတို့ ဘယ်လိုနေလို့ရမှာလဲ။ ကျွန်မ နည်းနည်း ပြန်ကြည်လင်လာချိန်မှာ တွက်ဆမိတယ်၊ နှစ်အတော်ကြာ ကျွန်မ ယုံကြည်သူဖြစ်ခဲ့ပြီး တာဝန်တစ်ခုကို အမြဲလုပ်ခဲ့တယ်၊ ဒီတော့ ဘုရားက သူ့ကို ကွယ်ကာမှာပါ။ သူ အဆင်ပြေမှာပါပေါ့။ ကျွန်မ ရပ်လိုက်တယ်၊ ကိုယ့်ခြေပေါ် တုန်တုန်ရီရီဖြစ်ခဲ့ပြီး၊ အခင်းဖြစ်ပွားတဲ့နေရာဆီ ခေါ်သွားဖို့ တစ်ယောက်ယောက်ကို ရှာလိုက်ရတယ်။ ကျွန်မ ရောက်သွားတော့၊ မှုခင်းဆေးစစ်သူက ကျွန်မသားကို ခွဲစိတ်စစ်ဆေးနေတာ တွေ့လိုက်ရတယ်။ ကျွန်မက ကိုယ့်မျက်စိရှေ့မှာတင် ရှိတာကို လက်မခံနိုင်ဘဲ မှင်တက်နေမိသလို၊ လမ်းလျှောက်ဖို့ အားမရှိတော့ဘူး။ တစ်ယောက်ယောက်က ကျွန်မကို တင်းတင်းကြပ်ကြပ်ဆွဲပြီး သူ့အလောင်းဆီကို တစ်လှမ်းချင်း ခေါ်သွားတယ်။ သူ့အလောင်းကို ကြည့်ရင်းနဲ့၊ ကျွန်မ ဆောင့်ကြောင့်ထိုင်ပြီး ရှိုက်မငိုဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မမြေးလေးက လေးနှစ်ပဲ ရှိသေးတာ။ ကျွန်မယောက်ျားနဲ့ ကျွန်မက အသက်ကြီးနေကြပြီ။ ကျွန်မ သားမရှိဘဲ ကျွန်မတို့ ဘယ်လိုနေလို့ရမှာလဲ။ ကျွန်မကို ဒီလိုဖြစ်နေတာ မြင်တော့ ကျွန်မ သမီးက၊ “အမေ၊ သူမရှိတော့ပေမဲ့၊ အမေ့မှာ သမီးရှိပါသေးတယ်၊ ပြီးတော့ ဘုရားလည်း ရှိသေးတယ်” လို့ ညင်ညင်သာသာ ပြောတယ်။ “ဘုရားရှိသေးတယ်” ဆိုတဲ့ သူ့စကားက ကျွန်မရဲ့ ပူဆွေးမှုကို လှုပ်နိုးခဲ့တယ်။ အဲဒါမှန်တယ်။ ဘုရားက ကျွန်မရဲ့ အထောက်အပံ့ပဲ။ ဘာလို့ သူ့ကို မေ့လို့ရမှာလဲ။ ကျွန်မရဲ့ ပူဆွေးမှုကို ချုပ်တည်းလိုက်တယ်၊ မျက်ရည်တွေကို သုတ်လိုက်ပြီး လိုအပ်တဲ့ အသုဘအစီအစဉ်တွေကို သွားကိုင်တွယ်ဖြေရှင်းတယ်။

အိမ်ပြန်ရောက်တော့၊ ကျွန်မသားရဲ့ မျက်နှာကို တွေးမိတော့ မျက်ရည်တွေ မျက်လုံးမှာ စီးလာခဲ့တယ်။ ကျွန်မ တယ်နာကျင်ရတယ်။ မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေက ပြုံးပြီး ငေါ့တော့တော့နဲ့၊ “ဒီတော့ ဘုရားကို နင်ယုံကြည်ပေမဲ့၊ နင့်သားက ဓာတ်လိုက်လို့ သေတုန်းပဲနော်။ နင့်ရဲ့ ယုံကြည်ခြင်း ရှိလျက်နဲ့ နင့်မိသားစုကို ဘုရားက မကာကွယ်ပေးခဲ့ဘူးပဲ” လို့ ပြောတယ်။ နောက်ပိုင်းမှာ ကျွန်မသမီးကလည်း “အမေက ယုံကြည်သူဆိုရင် ဘာလို့ သမီးရဲ့အစ်ကို သေခဲ့ရတာလဲ။ ဘာလို့ ဘုရားက သူ့ကို မကာကွယ်ခဲ့တာလဲ” လို့ ပြောရင်းနဲ့ ကျွန်မကို ဝေဖန်ခဲ့တယ်။ ဒါတွေကို ကြားရတာ တကယ်ကို ကျွန်မအတွက် အနာကို ဆားနဲ့ ပွတ်ခံရသလိုပဲ။ သူတို့ရဲ့ လှောင်ပြောင်မှုကို ကျွန်မ သည်းမခံနိုင်ခဲ့ဘူး၊ ဘုရားအပေါ် အယူအဆနဲ့ အထင်လွဲတာတွေ စရှိလာတယ်။ သခင့်ကို ကျွန်မရဲ့ ယုံကြည်မှုအတောအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် အသုံးခံနေခဲ့ပုံကို တွေးမိတယ်။ တစ်ခါတစ်‌လေ တခြားယုံကြည်သူတွေကို သွားအားပေးဖို့ မိုင်ချီ စက်ဘီးစီးခဲ့ရပြီး။ နွေဖြစ်စေ မိုးဖြစ်စေ၊ မိုးထဲ လေထဲ ကျွန်မ လုံးဝ အချိန်ဆွဲမနေခဲ့ဘူး။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ၊ ကိုယ့်တာဝန်ကို လုပ်ဖို့ ပိုလို့တောင် စတေးခဲ့သလို၊ ဧဝံဂေလိဖြန့်ဝေတာနဲ့ ယုံကြည်သူသစ်တွေကို ရေလောင်းရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ အဆင်းနီတဲ့ နဂါးကြီးက ကျွန်မကို ဖိနှိပ်ပြီး ကျွန်မအိမ်ကို မွေနှောက်ရှာဖွေခဲ့ချိန်မှာတောင် ဘုရားနောက်ကို လိုက်မြဲလိုက်ခဲ့တယ်။ ကျွန်မ အရာရာကို ပေးဆပ်ခဲ့ပြီးတဲ့နောက်မှာ၊ ဘာလို့ ဘုရားက ကျွန်မမိသားစုကို ကာကွယ်မပေးခဲ့တာလဲ။ ဘာလို့အဲဒါ ဖြစ်ရတာလဲ။ ပိုပိုပြီး မတရားခံရသလို ခံစားရပြီး မငိုဘဲ မနေနိုင်ခဲ့ဘူး။ ရက်အနည်းငယ်ကြာ ကျွန်မ အရမ်း စိတ်ကယောက်ကယက် ဖြစ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် မဖတ်ချင်၊ ဆုမတောင်းချင်ခဲ့ဘဲ၊ နေ့တိုင်း ကိုယ့်စိတ်နှလုံးထဲက အမှောင်ထုနဲ့ ဖြစ်သလို လုပ်နေခဲ့တယ်။ အန္တရာယ်များတဲ့ အခြေအနေမှာ ကျွန်မရှိမှန်း သဘောပေါက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မသားရဲ့ သေခြင်းကို ကျွန်မ လက်မလွတ်နိုင်ပါဘူး။ ကိုယ်တော့်ကို ကျွန်မ အထင်လွဲပြီး အပြစ်တင်နေမိပါတယ်။ ဘုရားသခင်၊ ကျွန်မ အခု အရမ်း အပျက်သဘောဆောင်ပြီး အားနည်းနေပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါ၊ ကိုယ်တော့်အလိုတော်ကို နားလည်ပြီး မမှန်တဲ့ အခြေအနေကနေ ထွက်လာအောင် ကူညီပါ”လို့ပေါ့။

ဆုတောင်းပြီးတဲ့နောက်မှာ ဒါကို ဘုရားနှုတ်ကပတ်တော်တွေထဲ ဖတ်ရတယ်။ “အကယ်၍ ၎င်းတို့သည် အကယ်တင်ခံရရန် ဆန္ဒရှိကြပြီး ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံလိုပါက၊ ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို အကြီး အသေးနှစ်ခုလုံး ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်ပေါ်လာသော သူများနှင့် စာတန်ကို အပြည့်အဝ ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂))ကယ်တင်ခြင်း မခံရသေးသော လူများသည် စာတန်အဖို့ အကျဉ်းသားများ ဖြစ်ကြသည်၊ ၎င်းတို့သည် လွတ်လပ်မှု မရှိပေ၊ ၎င်းတို့သည် စာတန်၏ စွန့်လွှတ်ခြင်းကို မခံရကြသေးပေ၊ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ရန် အရည်အချင်း မပြည့်မီကြပေ သို့မဟုတ် အခွင့်မရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် စာတန်၏ နီးကပ်စွာ လိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရသည်။ ထိုသို့သော လူများသည် ပြောစရာ ပျော်ရွှင်မှု မရှိကြချေ၊ ၎င်းတို့သည် ပုံမှန် တည်ရှိခြင်းအဖို့ ပြောစရာ လုပ်ပိုင်ခွင့်မရှိကြသည့်အပြင်၊ ၎င်းတို့သည် ပြောစရာ ဂုဏ်သိက္ခာ မရှိကြပေ။ သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား စာတန်နှင့် သေရေး ရှင်ရေး တိုက်ပွဲကို တိုက်ရန် လက်နက်များအဖြစ် အသုံးပြုရင်း၊ ၎င်းသည် သင့်အပေါ် တိုက်ခိုက်မှုများနှင့် စွပ်စွဲချက်များကို လုံးလုံးလျားလျား စွန့်ပစ်ဖို့အလို့ငှာ၊ ထရပ်ကာ စာတန်နှင့် တိုက်မှသာ ထိုသို့ဖြင့် သင်သည် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေပြီး ၎င်းသည် သင့်ကို မြင်သည့်အချိန်တိုင်း လှည့်၍ ပြေးစေကာ သူရဲဘောကြောင်လာစေပေသည်- ထိုအခါမှသာ သင်သည် ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး လွတ်မြောက်လာလိမ့်မည်။ အကယ်၍ သင်သည် စာတန်နှင့် အပြည့်အဝ အဆက်ဖြတ်ရန် စိတ်ဆုံးဖြတ်ပြီးသော်လည်း၊ စာတန် ရှုံးနိမ့်စေရန် သင့်အား အထောက်အကူပေးမည့် လက်နက်များဖြင့် အသင့်မပြင်ထားပါက၊ သင်သည် အန္တရာယ်ထဲ၌ ရှိလိမ့်ဦးမည်ဖြစ်သည်။ အချိန်ကုန်လွန်သည် နှင့်အမျှ၊ သင်သည် စာတန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် သင့်အထဲ၌ ခွန်အား တစ်စက်မျှ မကျန်ရှိသော်လည်း၊ သင်သည် သက်သေမခံနိုင်သေးသည့်အချိန်တွင်၊ သင့်အား စာတန်၏ စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများမှ သင့်ကိုယ်သင် လုံးလုံးလျားလျား မလွတ်မြောက်နိုင်သေးချိန်တွင်၊ သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏ အမှုပြီးဆုံးခြင်း ကြေညာသည့်အခါတွင်၊ သင်သည် မိမိကိုယ်ကိုယ် မလွတ်မြောက်နိုင်ဘဲ စာတန်၏ လက်တွင်း၌သာ ရှိနေဦးမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် သင်သည် မည်သည့်အခါမျှ အခွင့်အရေး သို့မဟုတ် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါ ဆိုလိုချက်မှာ ထိုသို့သော လူများသည် စာတန်၏ အကျဉ်းချခံရခြင်းတွင် လုံးလုံးလျားလျား ရှိကြလိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်ကနေ နားလည်လိုက်တာက၊ ကျွန်မသား ကွယ်လွန်တာဟာ ကျွန်မအတွက် စမ်းသပ်မှုတစ်ခု ဆိုတာပဲ။ အဲဒါကို ဖြတ်ကျော်ဖို့ ကျွန်မရဲ့ ယုံကြည်ခြင်းကို အားကိုးပြီး ဘုရားအတွက် သက်သေရပ်တည်ရမယ်၊ အရင်လို အပျက်သဘောဆောင်၊ အားနည်းပြီး ဘုရားကို ယုံကြည်ခြင်း ပျောက်ဆုံးဖို့နဲ့ သူ့ကို နားလည်မှုလွဲပြီး အပြစ်တင်ဖို့ မဟုတ်ဘူး။ ယောဘက စာတန်ရဲ့ စမ်းသပ်တာ ခံခဲ့ရတုန်းက၊ သူ့ရဲ့ တောင်ကုန်းအပြည့် ခြံမွေးတိရစ္ဆာန်တွေနဲ့ ပိုင်ဆိုင်မှုအားလုံးကို ဓားပြတွေက ခိုးယူသွားကြတယ်၊ သူ့သားသမီး ၁၀ ယောက်လုံး သေသွားခဲ့ပြီး၊ သူကိုယ်တိုင် အနာစိမ်းတွေနဲ့ လုံးဝ ပြည့်သွားခဲ့တယ်ဆိုတာ တွေးမိတယ်။ ဒါပေမဲ့ ယောဘက ဘုရားရဲ့ နာမကို ငြင်းပြီး ဘုရားကို အပြစ်တင်တာထက် သူ့မွေးရက်ကို ကျိန်ဆဲဖို့ ပိုနှစ်သက်ခဲ့တယ်။ သူက ပြောခဲ့တယ်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ဘုရားသခင်အတွက် လှပ၊ ထူးကဲတဲ့ သက်သေခံချက်ကို ယောဘပေးခဲ့ပြီး စာတန်ကို အရှက်ရစေခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့၊ ကျွန်မသားကို ဆုံးရှုံးလိုက်ရတဲ့နောက်မှာပဲ ဘုရားကို အထင်လွဲပြီး အပြစ်တင်နေခဲ့တယ်။ ယောဘနဲ့ ကျွန်မ နည်းနည်းမှ နှိုင်းလို့ မရနိုင်ဘူး၊ အရမ်းရှက်မိတယ်။ ယောဘက စမ်းသပ်ခံရချိန်မှာ၊ သူ့မိန်းမက ဘုရားကို စွန့်ပစ်ပြီး သေလိုက်ဖို့ပဲ ပြောခဲ့ပုံကိုလည်း ကျွန်မ တွေးမိတယ်။ ကြည့်ရတာ သူ့မိန်းမက သူ့ကို လူသိရှင်ကြား စွပ်စွဲရှုပ်ချခဲ့ပုံပဲ၊ ဒါပေမဲ့ အပေါ်ယံနောက်ကွယ်မှာ သူ့ကို စာတန်က စမ်းသပ်နေခဲ့တာ။ ကျွန်မ မိတ်ဆွေတွေ၊ အမျိုးတွေနဲ့ ကျွန်မ သမီးက စာတန်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လုပ်ဆောင်နေခဲ့ကြတာ မဟုတ်လား။ စာတန်က ကျွန်မ ဘုရားကို သစ္စာအောင် ကျွန်မကို စမ်းသပ်ပြီး တိုက်ခိုက်ဖို့ ကျွန်မ အနီးအနားရှိသူတွေရဲ့ လှောင်ပြောင်မှုကို အသုံးပြုနေခဲ့တာပဲ။ အပျက်သဘောဆောင်တာ၊ ဘုရားကို အထင်လွဲပြီး အပြစ်တင်ခြင်းထဲမှာ ကျွန်မ ဆက်အသက်ရှင်ရင်၊ စာတန်ရဲ့လှည့်ကွက်ကို ခံနေရာမှာဖြစ်ပြီး၊ သူ့ရဲ့ လှောင်ပြောင်စရာ လုံးလုံးလျားလျား ဖြစ်လာမှာ။ အဲဒီအချိန်မှာ ကျွန်မ သဘောပေါက်လိုက်တယ်၊ စာတန်က ဒီတုန်လှုပ်စရာအတွေ့အကြုံ တစ်လျှောက်မှာ ကျွန်မကို စောင့်ကြည့်နေခဲ့ပြီး၊ ဘုရားက သူ့အတွက် ကျွန်မ သက်သေရပ်တည်ပြီး စာတန်ကို အရှက်ခွဲမယ်လို့ မျှော်လင့်နေခဲ့တယ်။ ကျွန်မ ယုံကြည်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကနေ အာဟာရ အများကြီး မွေ့လျော်ခံစားခဲ့ပြီး၊ ခုချိန်ဟာ ဘုရားကို သက်သေခံချက်ပေးဖို့ အချိန်ဖြစ်မှန်း သိခဲ့တယ်။ သူ့ကို အထင်လွဲပြီး အပြစ်တင်တာနဲ့ စာတန်ကို လှောင်ရယ်စရာတစ်ခု ပေးနေတာကို ရပ်ရမယ်။ သက်သေရပ်တည်ပြီး စာတန်ကို အရှက်ရစေရမယ်။ ဒီလိုနဲ့၊ အရင်လောက် ကျွန်မ စိတ်မချမ်းမသာဖြစ်ပြီး မျှော်လင့်ချက် မမဲ့တော့ဘူး။ ကျွန်မရဲ့ ယုံကြည်ခြင်း တိုးပွားပြီး ဘုရားအပေါ် မှီခိုဖို့နဲ့ အဲဒီအခြေအနေကို ဖြတ်ကျော်ဖို့ အဆင်သင့်ဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာ၊ ကျွန်မ တွေးနေမိတယ်၊ အဲဒီအခြေအနေကို ရင်ဆိုင်ရာမှာ ကျွန်မက ဘာလို့ အရမ်းအပျက်သဘောဆောင်ပြီး မကျေနပ်ချက်တွေနဲ့ ပြည့်ခဲ့ရတာလဲပေါ့။ အဲဒီနောက် တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော်တွေထဲ စာတစ်ပိုဒ် ဖတ်ခဲ့ရတယ်။ “ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။...သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။...သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ကျွန်မရဲ့ ယုံကြည်ခြင်းမှာ ကျွန်မက မမှန်တဲ့ ရှုထောင့်အမြင်ရှိခဲ့လို့ ကျွန်မရဲ့သား သေပြီးတဲ့နောက်မှာ ကျွန်မက ဘုရားကို အထင်လွဲပြီး အပြစ်တင်ခဲ့မှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ တွေ့ရတယ်။ ယုံကြည်ခြင်း ရကတည်းက၊ လူတစ်ယောက်ရဲ့ ယုံကြည်ခြင်းကနေ တစ်မိသားစုလုံး ကောင်းချီးခံစားသင့်တယ်လို့ တွေးရင်းနဲ့ ကောင်းချီးခံစားခြင်းနဲ့ဆိုင်တဲ့ ရည်ရွယ်ချက်ကို ကျွန်မ ထိန်းသိမ်းခဲ့တယ်။ ဘုရားအတွက် ကျွန်မကိုယ်ကျွန်မ အသုံးခံသရွေ့၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးသရွေ့၊ ဘုရားက ကျွန်မကို ကောင်းချီးပေးဖို့၊ ကျွန်မမိသားစုကို ကာကွယ်ပြီး သူတို့ကို လုံခြုံဘေးကင်းစေဖို့ သေချာတယ်လို့ တွေးရင်းနဲ့ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ အဲဒီလို ကျွန်မ တွေးနေခဲ့တုန်းပဲ။ အဲဒါကြောင့် အသင်းတော်က ကျွန်မအတွက် ဘာတာဝန်ပဲ စီစဉ်ပါစေ၊ ကျွန်မ ကျိုးနွံနာခံခဲ့ပြီး၊ ဘယ်လောက် ခက်ခဲပါစေ ရှေ့ဆက်တိုးဖို့ ကြိုးစားရင်း၊ ဘယ်ဆင်းရဲဒုက္ခ ပမာဏကိုမဆို လိုလိုချင်ချင် လက်ခံရင်းနဲ့ တက်တက်ကြွကြွ လိုက်လုပ်ခဲ့တယ်။ မိတ်ဆွေတွေနဲ့ မိသားစုက ကျွန်မကို ဘယ်လိုပဲ အသရေဖျက်၊ ငြင်းပယ်ပြီး အစိုးရက ဖိနှိပ်ပါစေ၊ ဘယ်တော့မှနောက်မတွန့်ဘဲ တာဝန်ကို ဆက်လုပ်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်မသားက မမျှော်လင့်ဘဲ ဓာတ်လိုက် သေဆုံးသွားတဲ့အခါ၊ ဆုတောင်းဖို့၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ ဆန္ဒမရှိဘဲ နေ့တိုင်း နာကျင်မှုထဲမှာ အသက်ရှင်နေခဲ့တယ်။ လိုက်စားဖို့အတွက် အရင်လို ဆန္ဒမရှိတော့သလို၊ ကျွန်မရဲ့ အရင်က အားထုတ်မှုတွေကို အရင်းအနှီးအနေနဲ့ သုံးရင်း၊ ဘုရားနဲ့တောင် အကျိုးသင့် အကြောင်းသင့် ပြောဖို့ ကြိုးစားခဲ့တယ်။ ကျွန်မလုပ်ခဲ့တဲ့ စတေးမှုအားလုံးကို ထည့်မတွက်တဲ့အတွက်၊ ကျွန်မသားကို ကာကွယ်မပေးတဲ့အတွက် ဘုရားကို အပြစ်တင်ခဲ့တယ်။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုကို အဲဒီအခြေအနေက မဖော်ထုတ်မချင်း၊ ကျွန်မ မမြင်ခဲ့ဘူး။ အရင်က အမြဲတွေးခဲ့တယ်၊ ဘုရားအတွက် စတေးတာတွေ လုပ်နိုင်တယ်၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်တယ်၊ ဒီတော့ အဲဒါက သူ့ကို ဆက်ကပ်ခြင်းနဲ့ နာခံခြင်းဖြစ်သလို၊ နောက်ဆုံးမှာ သူက ကျွန်မကို သေချာပေါက် ကယ်တင်မယ်လို့ပေါ့။ ဒါပေမဲ့ ကျွန်မသားရဲ့ သေဆုံးမှုကို ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုကို ထုတ်ဖော်ပြခဲ့ပြီး၊ အဲဒီနောက် ကျွန်မရဲ့ အားထုတ်မှုတွေမှာ ရည်ရွယ်ချက်တွေနဲ့ မသန့်စင်တာတွေ အရမ်းများလွန်းခဲ့မှန်း တွေ့ခဲ့တယ်။ အားလုံးက ကျေးဇူးတော်နဲ့ ကောင်းချီးတွေအတွက် အလဲအလှယ်မှာ ရှိခဲ့တာဖြစ်ပြီး၊ အဲဒီအတွက် ကျွန်မရဲ့ ရည်မှန်းချက်နဲ့ မျှော်လင့်ချက်တွေ ကွဲကြေသွားတဲ့အခါ၊ ကြိုးပမ်းဖို့၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အလိုဆန္ဒ နည်းနည်းမှ မရှိခဲ့ဘူး။ အဲဒီ အလုပ်ကြိုးစားခဲ့တဲ့ နှစ်တွေအားလုံးက ကောင်းချီးတွေအတွက်၊ ဘုရားနဲ့အပေးအယူလုပ်ဖို့ပဲ ဖြစ်ခဲ့မှန်း၊ သူ့ကို ကျေနပ်စေဖို့ ကျွန်မတာဝန်ကို လုပ်ဖို့မဟုတ်ခဲ့မှန်း ဒါက ကျွန်မကို ပြခဲ့တယ်။ ဘုရားကို ကျွန်မ အသုံးပြုနေတာ၊ လှည့်စားနေခဲ့တာ။ ယုံကြည်ခြင်းနဲ့ ပတ်သက်လို့ အင်မတန် ဆိုးယုတ်၊ အကျည်းတန်တဲ့ သဘောထားပဲ။ အဲဒါကို မြင်တော့ ကျွန်မ တကယ် ဘုရားကို အကြွေးတင်တယ်လို့ ခံစားရပြီး အဲဒီနှစ်တွေတစ်လျှောက်လုံး ယုံကြည်သူဖြစ်ခဲ့ပေမဲ့ သမ္မာတရားကို မလိုက်စား၊ ဘုရားအတွက် သက်သေမရပ်တည်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ဘုရားရှေ့မှာ ဒူးထောက်ပြီး မျက်ရည်တွေနဲ့ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အခု ကိုယ်တော့်ကို အထင်လွဲ၊ အပြစ်တင်ရင်းနဲ့ အချိန်အတန်ကြာ အပျက်သဘောဆောင်ခြင်းထဲမှာ ကျွန်မ အသက်ရှင်နေမိခဲ့ပါတယ်။ အဲဒါ ကိုယ်တော့်အတွက် အရမ်းနာကျင်စရာဖြစ်ပြီး စိတ်ပျက်စရာပါ။ ဘုရားသခင်၊ ကျွန်မ နောင်တရချင်ပါတယ်”လို့ပေါ့။

အဲဒီလိုနဲ့ တစ်နေ့မှာ ဒါကို ဘုရားနှုတ်ကပတ်တော်တွေထဲ ဖတ်ရတယ်။ “အယောက်တိုင်းသည် သင့်လျော်သော ခရီးပန်းတိုင်တစ်ခု ရှိသည်။ ဤခရီးပန်းတိုင်များကို တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး၊ အခြားလူများနှင့် လုံးဝ မသက်ဆိုင်ပေ။ ကလေးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူကို သူ၏မိဘများထံ လွှဲပြောင်းပေး၍ မရသကဲ့သို့၊ ကလေး တစ်ယောက်၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏မိဘများနှင့် ဝေမျှ၍မရနိုင်ပေ။ မိဘတစ်ဦး၏ ဆိုးယုတ်သော အပြုအမူကို ၎င်းတို့၏သားသမီးများထံ လွှဲပြောင်း၍ မရသကဲ့သို့၊ မိဘ၏ ဖြောင့်မတ်ခြင်းကိုလည်း ၎င်းတို့၏ သားသမီးများနှင့် ဝေမျှ၍မရနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာအပြစ်များကို သယ်ပိုးကြပြီး အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာ ကောင်းကြီးမင်္ဂလာများကို မွေ့လျော်ခံစားကြရသည်။ မည်သူမျှ အခြား လူအတွက် အစားထိုးတစ်ခု မဖြစ်နိုင်ပေ။ ဤသည်မှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ လူသား၏အမြင်မှ၊ မိဘများသည် ကောင်းမွန်သော ကောင်းကြီးမင်္ဂလာများ ရရှိပါက၊ ၎င်းတို့၏ သားသမီးများလည်း ရရှိသင့်ပြီး၊ သားသမီးများက မကောင်းမှုကို ကျူးလွန်ပါက၊ ၎င်းတို့၏မိဘများသည် ထိုအပြစ်များအတွက် ပြေရာပြေကြောင်း ပြုလုပ်ရမည် ဖြစ်သည်။ ဤသည်မှာ လူသား ရှုထောင့်အမြင်ဖြစ်ပြီး လူသား၏ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ရှုထောင့်အမြင်မဟုတ်ပေ။ အယောက်တိုင်း၏ ရလဒ်သည် ၎င်းတို့၏ အပြုအမူမှလာသော အနှစ်သာရနှင့်အညီ ဆုံးဖြတ်ခြင်း ဖြစ်ပြီး၊ ယင်းကို အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ မည်သူမျှ အခြားသူ၏ အပြစ်များကို မသယ်ပိုးနိုင်ပေ။ ထို့ထက်မက မည်သူမျှ အခြားသူကိုယ်စား အပြစ်ပေးခြင်းကို လက်မခံနိုင်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ လူတိုင်းရဲ့ နောက်ဆုံးခရီးပန်းတိုင်းကို သူတို့ရဲ့ အနှစ်သာရနဲ့ ကောင်းတာ လုပ်ခြင်း ရှိမရှိ၊ မကောင်းတာ လုပ်ခြင်း ရှိမရှိဆိုတဲ့အတိုင်း ဆုံးဖြတ်သလို၊ တခြားလူတွေနဲ့ မဆက်နွှယ်မှန်း တွေ့ရတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ တာဝန်မှာ၊ ကျွန်မ ဘယ်လောက် ဒုက္ခခံရပါစေ၊ အဖိုးအခ ပေးရပါစေ၊ ဝတ္တရား၊ အဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းရင်းနဲ့ ကိုယ့်တာဝန်ကို ကျွန်မ လုပ်ရုံလုပ်နေခဲ့တာပါ။ အဲဒါက ကျွန်မသားရဲ့ ကံကြမ္မာ၊ ရလဒ်နဲ့ ဘာမှ မပတ်သက်သလို၊ ကျွန်မရဲ့ ဒုက္ခသုက္ခတွေနဲ့ အားထုတ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ သူ အကျိုးခံစားရမှာ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ ယုံကြည်ခြင်းကနေ တစ်မိသားစုလုံး ကောင်းချီးခံစားရတာက ကျေးဇူးတော်ခတ်က အရာတစ်ခုဖြစ်ပေမဲ့၊ အခုနောက်ဆုံးသော ကာလမှာ၊ လူတိုင်းက သူ့အမျိုးအစားအလိုက် ခွဲခြားခံရတာပါ။ လူအသီးသီးရဲ့ ရလဒ်ကို သူတို့ရဲ့ ဆောင်ရွက်ချက်အတိုင်း ဘုရားက ဆုံးဖြတ်တယ်။ ကိုယ့်တာဝန်အတွက် အားထုတ်မှုတချို့ လုပ်လို့၊ ဘုရားက ကျွန်မသားကို စောင့်ရှောက်မယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒါပေမဲ့ အဲဒါက သမ္မာတရားနဲ့ လုံးဝ မကိုက်ညီတဲ့ အဓိပ္ပာယ်မရှိတဲ့ ရှုထောင့်အမြင်တစ်ခုဖြစ်ခဲ့တယ်။ ဘုရားက ဖန်ဆင်းရှင်ဖြစ်ပြီး၊ အရာခပ်သိမ်းရဲ့ ကံကြမ္မာတွေနဲ့ လူတိုင်းရဲ့ ကံက ဘုရားလက်ထဲမှာ ရှိတယ်။ ကျွန်မသား နှစ်ဘယ်လောက် အသက်ရှင်မယ်ဆိုတာကို အချိန်အကြာကြီးကတည်းက ဘုရားက သတ်မှတ်ခဲ့တာ။ သူ သေသွားတဲ့အချိန်မှာ၊ သူ့အတွက် ဘုရားစီမံထားတဲ့ သက်တမ်း အဆုံးသတ်တာဖြစ်ပြီး၊ အဲဒါကို ဘယ်သူမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဘုရားကို ယုံကြည်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လူတိုင်းဟာ ဘုရားလက်ထဲက အဖန်ဆင်းခံပဲ ဖြစ်တယ်။ အဖန်းဆင်းခံ တစ်ယောက်စီတိုင်းအတွက် သင့်တော်တဲ့ အစီအစဉ်တွေကို လုပ်ဖို့ သူ့မှာ တန်ခိုးအာဏာရှိပြီး၊ ဘယ်စီစဉ်ညွှန်ကြားမှုတွေနဲ့ အစဉ်အစဉ်တွေ သူ လုပ်ပါစေ၊ သူက ဖြောင့်မတ်ပါတယ်။ သူ့ရဲ့ အုပ်စိုးမှုကို ကျွန်မ ကျိုးနွံနာခံသင့်တယ်။ ဒီသိနားလည်မှုက ကျွန်မစိတ်နှလုံးကို ချက်ချင်း အားတက်သွားစေခဲ့ပြီး အရမ်း စိတ်မချမ်းမသာ မခံစားရတော့ဘူး။ ကျွန်မရဲ့ အခြေအနေက တဖြည်းဖြည်း တိုးတက်ခဲ့ပြီး၊ နေ့တိုင်း ဆုတောင်းပြီး ဘုရားရဲ့ နှုတ်ကပတ်တော်တွေ ဖတ်ခဲ့တယ်။ တစ်ခါတစ်လေ ကျွန်မရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ မိတ်သဟာယပြုပြီး၊ ကျွန်မသားရဲ့ သေခြင်းက ကျွန်မကို သိပ်အများကြီး မသက်ရောက်တော့ဘူး။

အဲဒီနိုဝင်ဘာလမှာ ကျွန်မ အသင်းတော် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ဘုရားကို အရမ်းကျေးဇူးတင်မိပြီး အဲဒါကို တကယ် ခေါင်းမဖော်တမ်း လုပ်ခဲ့တယ်။ သိပ်မကြာခင်မှာ၊ ကျွန်မသားရဲ့ သေဆုံးခြင်းအတွက် နစ်နာကြေးကို ထုတ်ပေးခဲ့ပေမဲ့၊ ကျွန်မချွေးမက အားလုံးယူချင်တော့ ကျွန်မ အံ့ဩသွားတယ်။ ကျွန်မသား အသက်ရှင်တဲ့အတောအတွင်း စုထားတဲ့ ငွေအားလုံးနဲ့ တန်ဖိုးရှိတာ မှန်သမျှကို သူ တိတ်တိတ်လေး ယူထားတယ်။ သူတို့ရဲ့ သားလေးနဲ့လည်း သူ ထွက်ပြေးသွားတယ်။ သူတို့ရဲ့ လွတ်နေတဲ့ အိပ်ရာကို ကြည့်ရင်းနဲ့ သူအသက်ရှင်ခဲ့ချိန်ကို တွေးရင်း ကျွန်မ ကျန်ရစ်ခဲ့တယ်။ အရင်က၊ ကျွန်မတို့ မိသားစုက စကားပြောပြီး ရယ်မောရင်းနဲ့ အားလုံးအတူရှိခဲ့ကြပေမဲ့၊ အခုတော့ အသက်နဲ့ ပိုင်ဆိုင်မှုနှစ်ခုလုံး ဆုံးရှုံးသွားရပြီ။ ခါးသီးတဲ့ မျက်ရည်တွေကို ကျွန်မ ထိန်းမထားနိုင်ခဲ့ဘူး။ ကျွန်မသားက မရှိတော့သလို၊ သူ့မိန်းမကလည်း ထွက်သွားခဲ့ပြီ။ တန်ဖိုးရှိတာတွေအားလုံးနဲ့ သူလည်း ထွက်ပြေးသွားတယ်။ ကျွန်မတို့ မိသားစုက ပြိုကွဲပြီး ခိုကိုးရာမဲ့နေတယ်၊ ကျွန်မမှာ ဘာမှမရှိတော့ဘူး။ ကျွန်မက ကိုယ့်တာဝန်ကို ဘယ်အခြေအနေ တစ်လျှောက်လုံးမှာမဆို လုပ်ရင်းနဲ့ နှစ်တွေအများကြီး ယုံကြည်သူ ဖြစ်ခဲ့ပြီး၊ ခေါင်းဆောင် ဖြစ်လာကတည်းက နေ့တိုင်း အသင်းတော်မှာ အလုပ်များနေခဲ့တာလေ။ ဘယ်အခက်အခဲကနေမဆို ဘယ်လောက်ပဲ ကြီးပါစေ၊ ကျွန်မ ထွက်မပြေးခဲ့ဘူး။ ကျွန်မက စစ်မှန်တဲ့ ယုံကြည်သူဖြစ်ပြီး ဘုရားအတွက် စစ်မှန်တဲ့ အားထုတ်မှုတွေ လုပ်ခဲ့တာလေ။ ကျွန်မရဲ့ ချွေးမက ကျွန်မကို ဆက်ဆံပုံနဲ့ပတ်သက်လို့ ဘုရားက ဘာလို့ တစ်ခုခု မလုပ်ခဲ့ရတာလဲ။ အရမ်းကို ညိုးငယ်ပြီး နာကျင်ရင်းနဲ့ ပိုပိုပြီး မတရားခံရတယ်လို့ ခံစားနေမိတယ်။

တစ်နေ့မှာ ငိုရင်း ဝမ်းနည်းရင်းနဲ့၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် သတိရတယ်။ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူ့ထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဒါကို သေချာ အကြိမ်ကြိမ် တွေးရင်းနဲ့ ဘုရားက အခက်အခဲကတစ်ဆင့် ကျွန်မတို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို စုံလင်စေမှန်း ကျွန်မ တွေ့ခဲ့တယ်။ ဘာကိုပဲ ကျွန်မတို့ ရင်ဆိုင်ရပါစေ၊ ဘယ်နာကျင်မှုနဲ့ အခက်အခဲမျိုးတွေ ကြုံရပါစေ၊ အဲဒါကို ကျော်ဖြတ်ပြီး သူ့အတွက် သက်သေရပ်တည်ဖို့ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းအပေါ် ကျွန်မတို့ မှီခိုမယ်လို့ ဘုရားက မျှော်လင့်တယ်။ ယောဘက သူ့ရဲ့ မိသားစု ပိုင်ဆိုင်မှုအားလုံးနဲ့ သားသမီးတွေကို ဆုံးရှုံးခဲ့တာ၊ ကြွယ်ဝတဲ့လူကနေ တစ်ပြားမှမရှိတဲ့၊ ခိုကိုးရာမဲ့ သူတစ်ယောက်အဖြစ်ကို ပြောင်းလဲသွားတာကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ သူဟာ မြေပေါ်လှဲပြီး ယေဟာဝါ ဘုရားသခင်ရဲ့ နာမကို ချီးမွမ်းနိုင်တုန်းပဲ၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကြွယ်ဝမှုတွေကို သူ့ကိုယ်ပိုင် အားထုတ်မှုကနေ ရတာလို့ သူ လုံးဝ မယုံသလို၊ သူ့သားသမီးတွေကို သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုအနေနဲ့ မြင်ခဲ့လို့ပဲ။ အဲဒီအရာအားလုံးက ဘုရားဆီက လာမှန်း သူ ရှင်းရှင်းလင်းလင်း သိခဲ့တယ်။ အပေါ်ယံမှာ ဓားပြတွေက အရာရာကို ခိုးယုသွားသလို ထင်ရပေမဲ့၊ ကိစ္စတွေကို အပေါ်ယံ သူ မကြည့်ခဲ့ဘူး၊ ဘုရားဆီက အမှုအရာတွေကို သူ လက်ခံခဲ့ပြီး ကျိုးနွံနာခံခဲ့တယ်။ ဘုရားအတွက် ယောဘရဲ့ ယုံကြည်ခြင်းနဲ့ ကြောက်ရွံ့ခြင်းက စမ်းသပ်မှုနဲ့ အတိဒုက္ခတစ်ခုပြီးတစ်ခုကတဆင့် ပြုပြင်ခံခဲ့ရတယ်။ ပြီးတော့ အသက် ၁၀၀ အထိ သားမရခဲ့တဲ့ အာဗြဟံ ရှိတယ်၊ ဒါပေမဲ့ သူ့သားကို ယဇ်တစ်ခုအနေနဲ့ ပူဇော်ဖို့ ဘုရားက သူ့ကို ပြောတော့၊ အာဗြဟံအတွက် တကယ်ကို နာကျင်စရာ ဖြစ်ခဲ့ပေမဲ့၊ ဘုရားကို သူ မညှိနှိုင်းခဲ့ဘူး၊ ကျိုးကြောင်းပြ မပြောဆိုခဲ့ဘူး။ အဲဒီသားကို ဘုရားက ပေးခဲ့တာကြောင့် အဲဒီသားကို ဘုရားက ပြန်လိုချင်ရင်၊ ဘုရားကို သူ ပြန်ပေးသင့်မှန်း သူ သိတယ်။ ယောဘနဲ့ အာဗြဟံတို့နှစ်ယောက်လုံးက အဲဒီလောက် ကြီးမြတ်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိခဲ့ပြီး၊ သူတို့ရဲ့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံခြင်းက လက်တွေ့အရှိတရားရဲ့ စမ်းသပ်မှုကို ခံရပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်တော့၊ ကျွန်မသားလေး ဆုံးပါးသွားချိန်မှာ ကျွန်မက ဘုရားကို အထင်လွဲပြီး အပြစ်တင်ခဲ့သလို၊ နောက်ပိုင်းမှာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကြောင့် သူ့အလိုတော်ကို ကျွန်မ နည်းနည်း နားလည်သွားချိန်မှာ ကျွန်မ နည်းနည်း ကျိုးနွံနာခံခဲ့တယ်၊ ဒါကြောင့် ဝိညာဉ်ရင့်ကျက်မှုတချို့ ရခဲ့ပြီး သက်သေရပ်တည်နိုင်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မချွေးမက ကျွန်မတို့ မိသားစု တန်ဖိုးရှိတာတွေအားလုံးကို ယူသွားတော့၊ ကျွန်မထဲမှာ မကျေနပ်မှုတွေက ပြန်ပေါ်လာခဲ့တယ်။ ဘုရားရဲ့ ကောင်းချီးတွေနဲ့ ဆုကျေးဇူးတွေကိုပဲ မွေ့လျော်ချင်ခဲ့ပေမဲ့၊ ဘာဘေးဒုက္ခ၊ ကံဆိုးခြင်းကိုမှ မခံယူနိုင်ခဲ့မှန်း ကျွန်မ တွေ့ရတယ်။ မဟုတ်ရင်၊ ကျွန်မ အပျက်သဘောဆောင်ပြီး မကျေနပ်ချက်တွေ ရှိမှာပဲ။ ကျွန်မမှာ ဘုရားအတွက် စစ်မှန်တဲ့ ကြောက်ရွံ့မှု၊ ကျိုးနွံနာခံခြင်း တစ်ခုမှ မရှိခဲ့ဘူး။ ဒီအခြေအနေတွေက အကြိမ်ကြိမ် ထုတ်ဖော်ပြတဲ့အရာက ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုကို ပြခဲ့တယ်။ အဲဒါမရှိဘဲနဲ့၊ ကျွန်မရဲ့ အပြင်ပန်း အပြုအမူကောင်းနဲ့ ကျွန်မ ကြောင်းကျိုးမမြင် ဖြစ်နေဦးမှာဖြစ်ပြီး၊ ကျွန်မသားသေဆုံးပြီးတဲ့နောက်မှာ တာဝန်ကို ဆက်လုပ်တာက ကျွန်မမှာ ဆက်ကပ်မှုနဲ့ ဝိညာဉ်ရင့်ကျက်မှု တချို့ ပိုင်ဆိုင်တဲ့ သဘောပဲလို့ တွေးနေမိမှာ။ ဒါပေမဲ့ ကျွန်မရဲ့ အလဲအလှယ်လုပ်တတ်တဲ့ စိတ်နေစိတ်ထားနဲ့ ကောင်းချီးတွေအတွက် ရည်မှန်းချက်က ဘယ်လောက် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့မှန်း ဘုရားသိတယ်။ သန့်စင်မှုနဲ့ ပြောင်းလဲမှု တချို့ တဖြည်းဖြည်း ရနိုင်အောင် ဒီအရာတွေအားလုံးကို ကျွန်မ ဖြတ်သန်းရမှာပဲ။ ဘုရားက အဲဒါတွေအားလုံး ဖြစ်ခွင့်ပေးတာဟာ ကျွန်မအတွက် သူ့ရဲ့ ကယ်တင်ခြင်းပါ။ အဲဒီအကြောင်း တွေးလေ ပိုအပြစ်ရှိသလို ခံစားရလေဖြစ်ပြီး ဆုတောင်းဖို့ ကိုယ့်ကိုယ်ကိုယ် ဘုရားရှေ့မှာ ပျပ်ဝပ်လိုက်တယ်၊ “အို ဘုရားသခင်။ ယုံကြည်သူအဖြစ် ကျွန်မရဲ့ နှစ်ကာလတွေအားလုံးနောက်မှာ၊ ကျွန်မက ကိုယ်တော့်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိသေးမှန်း သိပါပြီ။ ကျွန်မ မကြိုက်တဲ့ အရာတစ်ခု ဖြစ်တဲ့အခါ၊ ညည်းညူနေတုန်းပဲ ဖြစ်သလို၊ သက်သေခံချက် လုံးဝ မရှိပါဘူး။ ဘုရားသခင်၊ ကိုယ်တော့်ဆီ ကျွန်မ နောင်တရချင်ပါတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် သိဖို့ လမ်းပြတော်မူပါ” လို့ပေါ့။

နောက်ပိုင်းမှာ အဲဒီနှစ်တွေအားလုံးမှာ ကျွန်မ တကယ်ရှိခဲ့တဲ့ လမ်းကြောင်းအပေါ် စစ်မှန်တဲ့ သိနားလည်မှုတချို့ ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ယနေ့ လူများသည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝကို မပိုင်ဆိုင်ကြသည့်အတွက်၊ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရ အဖြစ်အနေနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြသလော။ မကောင်းမှုကို ရှောင်ကြဉ်ကြသလော။ ဘုရားသခင်ကို မကြောက်ရွံ့သောသူများ သို့မဟုတ် မကောင်းမှု မရှောင်ကြဉ်သူများကို စကားလုံးအနည်းငယ်ဖြင့်သာ ပေါင်းရုံးဖော်ပြ၍ ရသည်- ‘ဘုရားသခင်၏ ရန်သူများ’ ဟူ၍ ဖြစ်သည်။ သင်တို့သည် ဤစကားများကို မကြာခဏ ပြောကြသော်လည်း၊ ယင်းတို့၏ အဓိပ္ပာယ်အမှန်ကို လုံးဝ မသိကြပေ။ ‘ဘုရားသခင်၏ ရန်သူများ’ ဟူသော စကားလုံးများတွင် အနှစ်သာရရှိသည်- ယင်းတို့က ဘုရားသခင်သည် လူသားကို ရန်သူအဖြစ် မြင်သည်ဟု ပြောနေခြင်း မဟုတ်ဘဲ၊ လူက ဘုရားသခင်ကို ရန်သူအဖြစ် မြင်နေခြင်း ဖြစ်သည်။ ပထမဦးစွာ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ကြံရွယ်ချက်များနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။ လူတို့၏ ဘဝအတွေ့အကြုံများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို လက်လွှတ်ပြီးလေပြီ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်ကာ အတည်ပြုရမည်- လတ်တလောတွင် ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေကို ကျွန်ုပ် ရရှိပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်းတွင် များစွာ ပေးပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက်နေခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်- ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် အကျွန်ုပ်အား ကတိတစ်ခုတစ်လေကို ပေးပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်သလော...။ အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ မတုန်မလှုပ် ဖြစ်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝနှင့် အနှစ်သာရ အဖြစ်အနေမှသည် သူ၏ ဓမ္မဓိဋ္ဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ချေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။ ဘုရားသခင် ပေးသည့် အဖိုးအခ မည်မျှ ကြီးမားသည်ဖြစ်စေ သို့မဟုတ် အမှုမည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ကျိုးကြောင်းမမြင်မြဲရှိသကဲ့သို့ ယင်းကို လုံးဝ စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိလေသည်- ယင်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မလိုက်လျှောက်ချင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မနာခံချင်သကဲ့သို့ ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်ချင်ပေဟု ဖြစ်သည်။ ယင်းမှာ ယနေ့ လူသား၏ အခြေအနေ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်ပြခြင်းနဲ့ တရားစီရင်ခြင်းက ကျွန်မအတွက် အရမ်းစိတ်ထိခိုက်စရာပါ။ “ဘုရားသခင်၏ ရန်သူများ” ဆိုတဲ့ စကားလုံးတွေက အထူးသဖြင့် ကျွန်မအတွက် ပြင်းထန်တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်း နှစ်တွေအားလုံးနောက်မှာ ဘုရားရဲ့ရန်သူအနေနဲ့ ဖော်ထုတ်ခံရမယ်လို့ လုံးဝ စိတ်မကူးမိခဲ့ဘူး၊ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်က ကျွန်မအကြောင်း အမှန်တရားကို တကယ် ထုတ်ဖော်ပြခဲ့တယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဆိုတာနဲ့ “အကျိုးမရှိဘဲ လက်တစ်ချောင်း မလှုပ်နဲ့” ဆိုတာတွေက ကျွန်မ လက်ခံခဲ့တဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေ ဖြစ်တယ်။ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်၊ ဆိုးယုတ်ပြီး ကိုယ်ကျိုးရှာသူ ဖြစ်လာခဲ့တယ်။ တခြားအရာအားလုံးထက် ကိုယ်ကျိုးစီးပွားတွေကို ထိပ်တန်းတင်ခဲ့ပြီး၊ အရာရာမှာ ကျွန်မ ကောင်းချီးခံစားရခြင်း ရှိမရှိ၊ အကျိုးရှိမရှိဆိုတာကိုပဲ စဉ်းစားခဲ့တယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို အမြဲ ဦးစားပေးခဲ့တယ်။ ကျွန်မ ယုံကြည်သူ စဖြစ်လာခဲ့တုန်းက၊ ကျေးဇူးတော်နဲ့ ကောင်းချီး ရရှိဖို့ ရည်မှန်းချက်နဲ့ ဖြစ်ခဲ့တာပဲ။ ဘုရားရဲ့ အမှုသစ်ကို လက်ခံပြီးတဲ့နောက်မှာ၊ အဲဒီအရာတွေအတွက် ဘုရားကို ကျွန်မ တိုက်ရိုက်မတောင်းဆိုခဲ့ပေမဲ့၊ ရင်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် အသုံးခံနေခဲ့တဲ့အတွက် ဘုရားက ကျွန်မကို စောင့်ရှာက်ပြီး၊ ကျွန်မလိုချင်တဲ့ ကောင်းချီးတွေအားလုံး ပေးသင့်တယ်လို့ ခံစားခဲ့တယ်။ အဲဒါ ကျွန်မနဲ့ထိုက်တန်တဲ့အရာဖြစ်တယ်၊ ကျွန်မ အဖိုးအခ ပေးခဲ့တဲ့အတွက်၊ ဘုရားက ပြန်ပေးရမှာဖြစ်ပြီး၊ မဟုတ်ရင် သူ မဖြောင့်မတ်ဘူးလို့တောင် ပြောင်ပြောင်တင်းတင်း တွေးခဲ့တယ်။ ကျွန်မမိသားစု ဘေးကင်းပြီး အဆင်ပြေသလို၊ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ကျွန်မ မြင်ရတဲ့အချိန်မှာ၊ ကိုယ့်တာဝန်မှာ အားအင်အပြည့် ဖြစ်ခဲ့ပြီး၊ ဘယ်ဆင်းရဲဒုက္ခပမာဏမဆို တန်သလို ခံစားခဲ့ရတယ်။ ကျွန်မသားက ဓာတ်လိုက်သေသွားတဲ့အချိန်မှာ၊ ဘုရားက ကျွန်မမိသားစုကို ကာကွယ်မနေခဲ့ဘူးလို့ မြင်ခဲ့တယ်၊ ဒါကြောင့် သူ့အပေါ် မကျေနပ်ချက်တွေ ပြည့်သွားတယ်။ ကျွန်မရဲ့ အကျိုးစီးပွားတွေ ထိခိုက်တော့၊ ကျွန်မကို မစောင့်ရှောက်ပေးတဲ့အတွက် ဘုရားကို အပြစ်တင်ခဲ့တယ်။ ဘုရားနဲ့ အကျိုးသင့် အကြောင်းသင့် ပြောဖို့ ကျွန်မရဲ့အားထုတ်မှုတွေနဲ့ ဆင်းရဲဒုက္ခကို အပေးအယူ တိုကင်တစ်ခုလိုတောင် သုံးခဲ့တယ်။ ဘုရားဆီက ဘယ်ကျေးဇူးပမာဏမဆိုက ထုံးစံတစ်ခုဖြစ်သလို ခံစားခဲ့တယ်။ ဒါပေမဲ့ ကျွန်မမကြိုက်တာတစ်ခု သူ လုပ်တဲ့အခါမှာ၊ ချက်ချင်း သူ့ကို ဖြေရှင်းပြီး အထင်အမြင်လွဲရင်းနဲ့ သူနဲ့ပတ်သက်လို့ ကျွန်မ မပျော်မရွှင်ဖြစ်လာတယ်။ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တစ်ခုမှ မရှိဘဲ၊ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး မလိုမုန်းထားခဲ့တာကို တွေ့ရတယ်။ ကျွန်မက မယုံကြည်သူတစ်ယောက်ဖြစ်ခဲ့ပြီး၊ ဘုရားရဲ့ ရန်သူတစ်ယောက် လုံးဝ ဖြစ်ခဲ့တာပါ။ ဥရောပအနှံ့ ဧဝံဂေလိ သွားမျှဝေခဲ့တဲ့ ပေါလုအကြောင်း တွေးမိတယ်၊ သူက ဆင်းရဲဒုက္ခနည်းနည်း ခံခဲ့ရပေမဲ့၊ အဲဒီကြိုးစားမှုအားလုံးက ဘုရားရဲ့ နိုင်ငံတော် ကောင်းချီးတွေအတွက် အလဲအလှယ်မှာပဲ ရှိခဲ့တယ်။ နည်းနည်းလေး လုပ်ပြီးတဲ့နောက်မှာ၊ သူက ပြောတယ်၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) ဘာပြောကောင်းမလဲ။ အဲဒီအရာအားဖြင့် ပေါလိုဆိုလိုတာက ဧဝံဂေလိ ဖြန့်ဖို့ သူ အများကြီး ဆင်းရဲဒုက္ခခံခဲ့ရလို့ ဘုရားက သူ့ကို သရဖူပေးရမယ်၊ အဲဒါက သူ ထိုက်တန်တဲ့အရာဖြစ်တယ်၊ မဟုတ်ရင် ဘုရားက မဖြောင့်မတ်ဘူးဆိုတာပဲ။ အဲဒီလိုပြောခြင်းအားဖြင့်၊ သူက ဘုရားကို အကျပ်ကိုင်နေတာဖြစ်ပြီး၊ အခြေခံအားဖြင့် ဘုရားကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ရင်းနဲ့ လှုံ့ဆော်နေတာ၊ ပွက်ပွက်ညံအောင် တောင်းဆိုနေတာပဲ။ နောက်ဆုံးမှာ သူက ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားရဲ့ အပြစ်ပေးတာခံခဲ့ရတယ်။ ကျွန်မလည်း အတူတူပဲဆိုတာ မြင်ရတယ်။ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ မမြင်ရတဲ့အခါ သူ့ကို မဖြောင့်မတ်သလိုမျိုး စိတ်နှလုံးမှာ ဝေဖန်ရင်းနဲ့ အပြစ်တင်ပြီး အထင်လွဲခဲ့တယ်။ ကျွန်မက ပေါလုလိုပဲ ဘုရားကို ဆန့်ကျင်ရင်း တစ်လမ်းတည်းပေါ်မှာ ရှိနေခဲ့တာ မဟုတ်လား။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ခဲ့တယ်။ “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) မှန်တယ်။ တာဝန်တစ်ခုဆိုတာ ကျွန်မတို့အတွက် ဘုရားရဲ့ စေခိုင်းချက်ဖြစ်ပြီး ကျွန်မတို့ ခေါင်းရှောင်လို့မရတဲ့ တာဝန်တစ်ခုပဲ။ အဲဒါက သားသမီးတွေဟာ သူတို့မိဘတွေကို သားသမီးဝတ်လုပ်နေကြသလိုမျိုး မှန်ကန်ပြီး သင့်တော်တယ်။ အဲဒါက အကြွင်းမဲ့ ဖြစ်ရမယ်။ အဖန်ဆင်းခံတစ်ယောက်အနေနဲ့၊ ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ တာဝန်မှာ စတေးတာတချို့ လုပ်တာက ကျွန်မ ဖြည့်ဆည်းသင့်တဲ့ တာဝန်၊ ဝတ္တရားတစ်ခုပါ။ အဲဒါကို ဘုရားနဲ့ အပေးအယူလုပ်ဖို့ အရင်းအနှီးလို၊ အပေးအယူလုပ်တဲ့ တိုကင်လို သဘောမထားသင့်ဘူး။ နောက်ဆုံးမှာ ကောင်းချီးတွေကို မွေ့လျော်ရသည်ဖြစ်စေ၊ ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ၊ ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို လုပ်သင့်တယ်။ မွေးကတည်းကနေ သေတဲ့အထိ၊ ဘေးဒုက္ခ ဒါမှမဟုတ် အခွင့်အလမ်းကတစ်ဆင့်၊ တစ်စုံတစ်ယောက်က ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ၊ သူတို့ဘဝတစ်လျှောက်မှာ အခက်အခဲတွေနဲ့ ဆုတ်ဆိုင်းမှုတွေ အများကြီး ကြုံရဖို့ သေချာတယ်။ ကျွန်မရဲ့ သား အသေစောတာနဲ့ ကျွန်မတို့ မိသားစုထဲက တခြားကံဆိုးတာတွေဟာ ကြုံရမဲ့ လုံးဝကို ပုံမှန်ဖြစ်တဲ့အရာတွေပါပဲ။ ဒါပေမဲ့ ကျွန်မက ကောင်းချီးတွေအတွက် အရမ်းအားကောင်းတဲ့ စိတ်ဆန္ဒရှိခဲ့ပြီး၊ ကျွန်မတာဝန်မှာ စတေးတာတွေတချို့ လုပ်ခဲ့တော့၊ တကယ့်ပံပိုးမှုတစ်ခု ကျွန်မ လုပ်ခဲ့ပြီလို့ ခံစားခဲ့တာကြောင့်၊ ဘုရားရဲ့ ဆုလာဘ်တွေကို တောင်းဆိုဖို့ ဒါတွေကို အသုံးပြုချင်ခဲ့တယ်။ အဲဒါတွေကို မရတော့ ဘုရားကို ကျွန်မ အထင်လွဲပြီး အပြစ်တင်ခဲ့တယ်။ သဘာဝအားဖြင့် ကျွန်မက ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်ခဲ့တယ်၊ ပြီးတော့ အဓိပ္ပာယ်မရှိလိုက်တဲ့ ရှုထောင့်အမြင် ရှိခဲ့တယ်ဆိုတာကို မြင်ခဲ့တယ်။ ကျွန်မတို့ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားက ကြီးမားလှတဲ့ ဆင်းရဲဒုက္ခနဲ့ အရှက်ရခြင်းတွေကို လူ့ဇာတိနဲ့ နှစ်ကြိမ် ခံစားခဲ့ရပေမဲ့ အဲဒီအတွက် ဘယ်လောက် သွေး၊ ချွေးနဲ့ မျက်ရည်တွေ ပေးဆပ်ခဲ့ရတယ်ဆိုတာကို သူ လုံးဝ မဖော်ပြခဲ့တဲ့အကြောင်း ကျွန်မ တွေးမိတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့အမှုတော်ကို ထမ်းဆောင်ရင်း၊ မထင်ပေါ်ခြင်းနဲ့ သမ္မာတရားတွေကို သူ တိတ်တိတ်လေးပဲ ဖော်ပြတယ်။ ကျွန်မတို့အတွက် သူ့မေတ္တာက အရမ်းကြီးမားပါတယ်။ နှစ်ချီယုံကြည်သူတစ်ယောက်အနေနဲ့၊ ဘုရားရဲ့ ကျေးဇူးတော်၊ ကောင်းချီးတွေ အများကြီးနဲ့ သမ္မာတရားကနေ ရေလောင်းခြင်းနဲ့ အာဟာရတွေအများကြီး ကျွန်မ မွေ့လျော်ခဲ့ပြီးပြီ ဖြစ်ပေမဲ့၊ ဘုရားက ကျွန်မကို ကောင်းချီးပေးဖို့နဲ့ ကျွန်မ မိသားစုဝင်တွေကို ကာကွယ်ပေးဖို့ ရဲရဲတင်းတင်း တောင်းဆိုရင်းနဲ့ ကျွန်မရဲ့ မဖြစ်စလောက် စတေးမှုလေးတွေကို အရင်းအနှီးအဖြစ် အမြဲ သုံးချင်ခဲ့တယ်။ ကျွန်မက တကယ်ကို အရှက်မဲ့ပြီး ဆိုးဆိုးရွားရွား မလျော်ကန်မှန်း တွေ့ရတယ်။ အဲဒီအကြောင်းတွေးရင်းနဲ့ ကျွန်မ ပိုနောင်တရနေမိတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရတယ်။ “လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မမှာ ပုန်းကွယ်စရာ နေရာမရှိအောင် ခံစားစေခဲ့တယ်။ ကျွန်မက ဒီလူစားမျိုး အတိအကျ ဖြစ်ခဲ့တာ။ ကျွန်မရဲ့ ယုံကြည်ခြင်းက ကောင်းချီးတွေ ရဖို့ ဖြစ်ခဲ့ပြီး၊ ကျွန်မရဲ့ ဆန္ဒတွေ မပြည့်တော့၊ ကျွန်မမိသားစုမှာ ကံအကြောင်းမလှတာတစ်ခုခု ဖြစ်တော့၊ ချက်ချင်း ဘုရားကို ဆန့်ကျင်ရပ်တည်ပြီး သူ့ကို ရန်သူလိုတောင် ဆက်ဆံရင်းနဲ့ သူ့အပေါ် မကျေမချမ်းဖြစ်ခဲ့တယ်။ ကျွန်မရဲ့ စစ်မှန်တဲ့ သဘောသဘာဝကို နောက်ဆုံးမှာ မြင်စေခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေထဲက ထုတ်ဖော်ပြချက်တွေဖြစ်ခဲ့တယ်။ လက်စသတ်တော့ ကျွန်မက သဘာဝအားဖြင့် ဘုရားကို ဆန့်ကျင်ခဲ့တာကိုး။ ဒါကို သဘောပေါက်တာက ကျွန်မကို နောင်တ၊ အပြစ်နဲ့ ပြည့်သွားစေခဲ့တယ်။ ဘုရားရှေ့မှာ ဒူးထောက်ပြီး နောင်တအပြည့်၊ မျက်ရည်စက်လက်နဲ့ ဆုတောင်းခဲ့တယ်။ “ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့ ကျွန်မ ပေးခဲ့တဲ့အရာ နည်းနည်းလေးကို ကျွန်မ သုံးချင်ခဲ့တယ်။ ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့၊ အလဲအလှယ်တစ်ခုလုပ်ဖို့ ကျွန်မ ပေးခဲ့တဲ့ အရာနည်းနည်းလေးကို သုံးချင်ခဲ့ပါတယ်။ ကိုယ်တော့်ကို ကျွန်မ လှည့်စားပြီး အာခံနေမိခဲ့တယ်။ ကိုယ်တော့်ကို အများကြီး အကြွေးတင်ခဲ့တယ်။ ဘုရားသခင်၊ ကျွန်မ နောင်တရချင်ပါတယ်။ ဘာကိုပဲ ကိုယ်တော် စီစဉ်ပါစေ၊ ကျိုးနွံနာခံပြီး လက်ခံဖို့၊ ကိုယ်တော်ရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ကျွန်မတာဝန်ကို အစွမ်းကုန်လုပ်ဖို့ အသင့်ပါပဲ” လို့ပေါ့။ အဲဒီနောက်မှာ၊ ဘုရားဆီ ဆုတောင်းပြီး သူ့နှုတ်ကပတ်တော်တွေ ဖတ်ဖို့ ကျွန်မ အားထုတ်ခဲ့ပြီး၊ ကျွန်မတာဝန်မှာ အားကုန်စိုက်ထုတ်ခဲ့တယ်။ ဒါကိုလုပ်ခြင်းအားဖြင့်၊ ကျွန်မရဲ့ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ပြန်ရခဲ့ပြီး ကျွန်မရဲ့သား ဆုံးရှုံးရတဲ့ နာကျင်မှုနဲ့ ကျွန်မ မလောင်မြိုက်တော့ဘူး။

ဒါက နာကျင်စရာ အတွေ့အကြုံ ဖြစ်ခဲ့ပေမဲ့၊ ကောင်းချီးတွေနောက်လိုက်တဲ့ ကျွန်မရဲ့ ဆိုးယုတ်တဲ့ ရည်မှန်းချက်၊ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ယုံကြည်ခြင်းထဲက မသန့်စင်မှုကို ပြခဲ့တာက အဲဒီလို ဆင်းရဲဒုက္ခမျိုး အတိအကျ ဖြစ်ခဲ့ပြီး၊ ဘုရားကို ဆန့်ကျင်ခြင်းနဲ့ဆိုင်တဲ့ ကျွန်မရဲ့ ဆိုးယုတ်တဲ့ သဘာဝအပေါ် သိနားလည်မှုတချို့ ကျွန်မ ရရှိခဲ့တယ်။ ဒီအခက်အခဲတွေကို မဖြတ်သန်းရဘဲနဲ့၊ အမှန်တရားတွေရဲ့ ထုတ်ဖော်ပြချက်မရှိဘဲနဲ့၊ ကိုယ့်ရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုကို ကျွန်မ မြင်ခဲ့မှာ မဟုတ်ဘူး။ မကောင်းတဲ့ အရာတွေကို ကျွန်မတို့ပိုကြုံရလေ၊ ရှာဖွေရမဲ့ သမ္မာတရား ပိုရှိလေပဲဆိုတာကို ဒီအတွေ့အကြုံက ကျွန်မကို တကယ်သွန်သင်ပေးခဲ့တယ်။ ကျွန်မတို့အတွက် ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းက အဲဒီနောက်ကွယ်မှာ ရှိတယ်။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တရားစီရင်ခြင်းမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သိမြင်လာခြင်း

ဆွန်ယု နယ်သာလန်နိုင်ငံ “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊...

သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သော ဝန်ထုပ်

ဆုဝမ် တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ၊ အဆင့်အတန်းကို လိုက်စားပြီး အိုးနင်းခွက်နင်း လုပ်နေလို့ ခေါင်းဆောင်မှု တာဝန်ကနေ ကျွန်မ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။