ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ မှားယွင်းသော စိတ်ကူးနှင့် ရှုထောင့်အမြင်များကို ပြောင်းလဲစေသည်

25.09.2019

ပေဟီ၊ ဟေဘေးစီရင်စု

စာကိုလုံလောက်စွာ ကျွန်မတို့ မသင်ခဲ့သောကြောင့်၊ အသိပညာ မရှိခဲ့ကြသောကြောင့်၊ ကျွန်မနှင့် ကျွန်မအမျိုးသာတို့က “နဖူးက ချွေး ခြေမ ကျရသည့်” ဘဝများကို ဖြတ်သန်းခဲ့ရသည်ဟု ကျွန်မ အမြဲ ယုံကြည်ခဲ့သည်။ ထို့ကြောင့် ကျွန်မ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဘယ်လောက်ပဲ ဒုက္ခခံစားရပါစေ၊ ကျွန်မ၏ သားသမီးများ တစ်ခုခုအောင်မြင်ဖို့အတွက်၊ လူအုပ်မှ ထင်ပေါ်ဖို့ရန်နှင့် ကျွန်မတို့၏ ခြေလှမ်းများကို မလိုက်ရဖို့ရန်အလို့ငှာ သူတို့ကို ကျောင်းကိုပို့မည်ဟု ကျွန်မ ဆုံးဖြတ်ခဲ့ပါသည်။ ယင်းအချက်၏ ဦးဆောင်မှုဖြင့်၊ ကျွန်မနှင့် ကျွန်မ၏ ယောက်ျားသည် ကျွန်မတို့၏ သမီးအကြီးဆုံးကို နည်းပညာကျောင်းကို ပို့ဖို့နှင့် သားအကြီးဆုံးကို တက္ကသိုလ်ကိုပို့ဖို့အတွက် ရိုးရိုးဝတ်စားပြီး ပိုက်ဆံကို ခြစ်ကုတ်စုဆောင်းခဲ့ကြပါသည်။ ကျွန်မတို့တွင် နောက်ထပ် ကလေးနှစ်ယောက်ရှိပါသေးသောကြောင့် သူတို့ကို တက္ကသိုလ် ပို့ဖို့ရန် ကျွန်မ၏ ယောက်ျားသည် နှစ်ပေါင်းများစွာအလုပ်လုပ်ဖို့အတွက် အိမ်ကနေထွက်ခဲ့ရပြီး၊ ကျွန်မသည် လယ်ကွင်းများနှင့် ဝက်များကို အိမ်တွင် မိုးလင်းမှမိုးချုပ်ထိ ကြည့်ရှုစောင့်ရှောက်ခဲ့ပါသည်။ လယ်အလုပ်က အလွန်ခြေကုန်လက်ပန်းကျ စရာဖြစ်သည့် အချိန်တိုင်းတွင် ကျွန်မ ဤအတိုင်းရပ်ပစ်၍ရလျှင် ရပ်လိုက်ချင်သည်။ သို့သော် ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် မည်မျှ ပြိုင်ဆိုင်မှုများကြောင်း တွေးမိရာတွင်၊ ကျွန်မ ကလေးများကို ကျောင်းမပို့လျှင် ကျွန်မကဲ့သို့ ရွှံ့ထဲတွင် လုပ်နေရသည့် အနာဂတ်တစ်ခုကိုသာ သူတို့ပိုင်ဆိုင်ရမည်ဖြစ်ကာ၊ မည်သည့် အရာကိုမျှ သူတို့ စွမ်းဆောင်ရရှိမည် မဟုတ်ဘဲ၊ အထင်သေးခံကြရမည်ဖြစ်သည်။ တက္ကသိုလ်ကို ရောက်ရှိခြင်းဖြင့်သာ အလုပ်ကောင်းတစ်ခု သူတို့ ရနိုင်မည် သို့မဟုတ် အရာရှိတစ်ဦး ဖြစ်လာနိုင်သည်၊ တစ်စုံတစ်ရာကို အောင်မြင်ရရှိနိုင်မည်၊ သူတို့အတွက် အနာဂတ်တစ်ခု ရရှိလာနိုင်မည်ဖြစ်ပြီး၊ ကျွန်မတို့အတွက် ဂုဏ်ကျက်သရေများ ရရှိလာမည်ဖြစ်သည်။ ဤအရာကို ကျွန်မ တွေးမိသည့်အခါ ကျွန်မ ခံစားနေရသည့် နာကျင်မှုနှင့် ပင်ပန်းမှုများ ထိုက်တန်လိမ့်မည်ကို ကျွန်မ ခံစားခဲ့ရသည်။ ထို့ကြောင့် နေ့တိုင်း ကျွန်မနိုးထသည့်အခါ ကျွန်မသည် မိမိကိုယ်ကို အလုပ်ရှုပ်စေခဲ့သည်မှာ မကြာခဏ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ဖို့ အချိန်မရှိသည်အထိ သို့မဟုတ် ပုံမှန် ဝိညာဉ်အသက်တာတစ်ခုအတွက် အချိန်မရှိသည်အထိ ဖြစ်ခဲ့သည့်အပြင်၊ ပုံမှန် အသင်းတော် အသက်တာအတွက် သို့မဟုတ် ကျွန်မ၏ တာဝန်များကို ဆောင်ရွက်ရန် အချိန် ပို၍ပင် နည်းပါးခဲ့သည်၊ သို့သော် ကျွန်မ ဘာကိုမှ မစဉ်းစားခဲ့ဘဲ၊ ကျွန်မ၏ ကလေးများအတွက် အလုပ်အလွန်အကျွံ လုပ်ခဲ့သည်။

လတ်တလောတွင်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရပါသည်။ “သားသမီးများနှင့်ပတ်သက်၍မူ၊ မိဘအားလုံးက ၎င်းတို့၏ သားသမီးများ ပို၍အဆင့်မြင့်သော ပညာရေးကိုရပြီး ၎င်းတို့သည် တစ်နေ့တစ်ချိန်တွင် အောင်မြင်ကာ၊ လူ့အသိုင်းအဝိုင်းထဲတွင် နေရာတစ်ခု ရသည်သာမက ပုံမှန်ဝင်ငွေနှင့် သြဇာလွှမ်းမိုးမှု နှစ်မျိုးစလုံးရှိ၍ ထိုနည်းဖြင့် ၎င်းတို့သည် မိသားစုမျိုးရိုးကို ဂုဏ်ပြုနိုင်မည်ဟု မျှော်လင့်ကြသည်။ အယောက်တိုင်း၌ ဤသဘောထား ရှိကြသည်။ ‘သားသည် နဂါးတစ်ကောင် ဖြစ်လာ၍၊ သမီးသည် ဖီးနစ်ငှက်တစ်ကောင် ဖြစ်လာရန်’ မျှော်လင့်ခြင်းမှာ မှန်သောရှုထောင့် ဖြစ်သလော။ အယောက်တိုင်းသည် ၎င်းတို့၏ သားသမီးများ ဘွဲ့များရပြီးနောက် လူအုပ်ထဲတွင် ထင်ပေါ်ကျော်ကြားလိမ့်မည်ဟု ထင်ကြ၍ ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခု၌ တက်ရောက်ကာ အဆင့်မြင့် လေ့လာ့ဆည်းပူးမှုများ လိုက်စားစေလိုကြသည်။ ဤအရာမှာ အဘယ်ကြောင့်နည်းဟူမူကား အယောက်တိုင်းသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ‘အခြားအရာများကို လေ့လာလိုက်စားခြင်း၏ တန်ဖိုးမှာ သေးငယ်သည်၊ စာအုပ်စာပေများကို လေ့လာခြင်းသည် ၎င်းတို့အားလုံးအနက် အကောင်းတကာ့ အကောင်းဆုံးဖြစ်သည်’ ဟု ယုံကြည်ကြ၍ အသိပညာကို ကိုးကွယ်ကြခြင်းကြောင့် ဖြစ်သည်။ ထိုမျှမက မျက်မှောက်ခေတ် လူ့အသိုင်းအဝိုင်းထဲမှ ယှဉ်ပြိုင်မှုမှာ အထူးသဖြင့် ပြင်းထန်ပြီး ဘွဲ့တစ်ခု မရှိပါက စားပွဲပေါ်တွင် အစားအစာကို တင်နိုင်ရန်ပင် သင်၌ အာမခံချက် မရှိပေ။ ဤသည်မှာ ၎င်းနှင့်ပတ်သက်၍ အယောက်တိုင်း တွေးပုံတွေးနည်း ဖြစ်သည်။...သို့သော်လည်း ၎င်းတို့သည် ယင်းကဲ့သို့ ပညာရေးမျိုးကို ရရှိပြီးနောက်တွင် အဆိပ်အတောက် မည်မျှနှင့် စာတန်၏ အတွေးအခေါ်နှင့် အယူအဆမည်မျှတို့သည် ၎င်းတို့အထဲ၌ သွတ်သွင်းခြင်း ခံရလိမ့်မည်ကို သင် တွေးခဲ့သလော။…တစ်ရက်ရောက်သောအခါမှ သင်၏ သားသမီးများ ပြန်လာပြီး သင်သည် သူတို့အား ဘုရားသခင်ကို ယုံကြည်ရန် ပြောသောအခါ ရွံ့မုန်းမှုကို ၎င်းတို့ ပြကြသည်။ သမ္မာတရား အကြောင်းကို ၎င်းတို့အား သင် ပြောပြီးသောအခါ ၎င်းတို့က သင်သည် မိုက်မဲကြောင်း ဆိုကာ သင့်ကို ရယ်မောကြ၍ သင် ပြောသောအရာတို့ကို သရော်ကြမည်။ ထိုအချိန်၌ သင်သည် သင်၏ သားသမီးများကို ထိုကဲ့သို့ ပညာရေးကို ရစေရန် ထိုကျောင်းများသို့ စေလွှတ်ခဲ့ခြင်းမှာ လမ်းမှားကို ရွေးချယ်မိခြင်းဖြစ်ကြောင်း သင် တွေးမိလိမ့်မည်၊ သို့သော်လည်း နောင်တရရန် အလွန်အချိန်နှောင်းလိမ့်မည်။…၎င်းတို့၏ သားသမီးများနှင့်ပတ်သက်လာပါက ဘုရားသခင် သတ်မှတ်ထားသော သဘောထားများနှင့် အတွေးအခေါ်များကို အကြွင်းမဲ့ လက်ခံရန် သို့မဟုတ် ဘုရားသခင် သတ်မှတ်ထားသော လူအမျိုးအစား ဖြစ်ရန်အတွက် ၎င်းတို့ကို ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်လာရန် မည်သူမျှ လိုလိုလားလားမရှိကြချေ။ လူတို့သည် ဤအရာကို မလုပ်လိုကြသည့်အပြင် လုပ်ရန် သတ္တိ မရှိကြပေ။ အကယ်၍ ၎င်းတို့ ထိုသို့ပြုပါက ၎င်းတို့၏ သားသမီးများသည် ဝမ်းစာမရှာဖွေနိုင်မည် သို့မဟုတ် လူ့အသိုင်းအဝိုင်းထဲတွင် အနာဂတ်တစ်ခု မရှိကို စိုးရိမ်ကြသည်။ ဤသဘောထားသည် မည်သည့်အရာကို အတည်ပြုသနည်း။ လူသားမျိုးနွယ်သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်အပေါ် စိတ်ဝင်စားခြင်း၊ စိတ်ချယုံကြည်မှုနှင့် ထိုမျှမက စစ်မှန်သော ယုံကြည်ခြင်း မရှိကြောင်းကို အတည်ပြုသည်။ ဤလောကမှ ထွက်ခွာသောလူများသည် ဆက်လက်ရှင်သန်နိုင်လိမ့်မည် မဟုတ်ဟုတွေးလျက်၊ လူသားမျိုးနွယ် မျှော်ကြည့်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကိုးကွယ်သောအရာမှာ ဤလောကပင် ဖြစ်နေသေးသည်။…လူသား၏ ဤအတွေးအခေါ်များနှင့် သဘောထားများသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်၊ ဘုရားသခင်ကို သစ္စာဖောက်ခြင်းနှင့် ငြင်းပယ်ခြင်း ဖြစ်ပြီး သမ္မာတရားနှင့် ကိုက်ညီမှုမရှိပေ။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်”) ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခုစီတိုင်းက ကျွန်မကို နက်ရှိုင်းစွာ တို့ထိခဲ့ပါသည်။ ကျွန်မ၏ ကလေးများ တက္ကသိုလ်တက်နိုင်ဖို့အတွက် ဆင်းရဲဒုက္ခမျိုးစုံတို့ကို ကြံ့ကြံ့ခံခဲ့ရခြင်း၊ ခက်ခဲပင်ပန်းသောအလုပ် နှင့်၊ ကုန်ကျစရိတ် ချွေတာခြင်းမရှိသည့် နှစ်ပေါင်းများစွာတို့သည် အဘယ်ကြောင့်နည်း။ စာတန်၏ “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” ဟူသည့် စာတန်၏ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းကို ကျွန်မ ယုံကြည်ခဲ့သောကြောင့်ဖြစ်ပါသည်။ စာတန်၏ အဆိပ်ရဲ့ လွှမ်းမိုးမှုအောက်တွင် ကျွန်မက အရာအားလုံး၏အထက်တွင် အသိပညာကို ဦးစားပေးခဲ့ပြီး၊ အသိပညာဖြင့်သာ ထင်ပေါ်နိုင်သည်၊ ကိစ္စများကို ပြီးမြောက်နိုင်မည်၊ အနာဂတ်ရှိပြီး လူ့အဖွဲ့အစည်းတွင် အဆင့်အတန်း ရရှိမည်ဟု ကျွန်မ ထင်ခဲ့သည်။ ပညာရေး မရှိသူများမှာ အထင်အမြင်သေးထိုက်သော အခြေခံလူတန်းစားများ၊ အနှိမ့်တကာ အနိမ့်ဆုံးသူများ ဖြစ်သည်ဟု ကျွန်မ ထင်ခဲ့သည်။ ထို့ကြောင့် ကျွန်မကလေးများက လောကတွင် အောင်မြင်နိုင်ပြီး၊ “နဖူးကချွေး ခြေမသို့ကျ” ရသည့် ဘဝများအား ရှောင်ကြဉ်နိုင်သည်ကို သေချာစေဖို့၊ သူတို့ စာလေ့လာဖို့ စေလွှတ်နိုင်ရန်နှင့် ပိုမိုမြင့်မားသော ပညာရေးကိုထောက်ပံ့နိုင်ရန် ကျွန်မ တတ်နိုင်သည့် အရာမှန်သမျှ လုပ်ခဲ့ပါသည်။ နှစ်ပေါင်းအတော်ကြာ၊ အရာအားလုံးရှေ့တွင် ကျွန်မ၏ ပန်းတိုင်ကို ဦးစားပေးခဲ့သည်၊ ထိုအတောအတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ကျွန်မ၏ တာဝန်များနှင့် ကျွန်မ၏ ကိုယ်ပိုင် ကယ်တင်ခြင်းတို့ကို ကျွန်မ၏ မသိစိတ်ထဲတွင် မြုပ်နှံထားခဲ့သည်။ စာတန်၏ အဆိပ်က ကျွန်မကို အလွန် ထိခိုက်စေခဲ့ပါသည်။ နှစ်များစွာ ဘုရားသခင်နောက် ကျွန် လိုက်ခဲ့ပြီးဖြစ်သော်လည်း၊ သမ္မာတရားကို ကျွန်မ မရရှိခဲ့သလို၊ ကျွန်မ၏ ရှုထောင့်အမြင်များ လုံးဝ မပြောင်းလဲခဲ့ပါ။ ကျွန်မ ကိုးကွယ်ခဲ့သည်မှာ အသိပညာ ဖြစ်နေဆဲဖြစ်ပြီး၊ ကျွန်မ တမ်းတပြီး အမှီပြုအားထားသည်မှာ စာတန် ဖြစ်ခဲ့သည်။ ကျွန်မသည် လောကီရေးရာ ခေတ်ရေစီးကြောင်း နောက်ကိုလိုက်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်သည့် မယုံကြည်သူတစ်ယောက် လုံးဝ ဖြစ်ခဲ့ပါသည်။

နောက်ပိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်ဆက်မပြတ် ဖတ်ရှုခြင်းအားဖြင့်၊ အသိပညာက ဘဝပေးအသိ၊ ထိုးထွင်းသိမြင်မှုများနှင့် ဘဝထဲက စည်းမျဉ်းများကဲ့သို့သော အချို့အရာများကို ကျွန်မတို့ကို ရှိခွင့်ပေးပြီး ဤသို့သော အသိပညာမျိုးက ကျွန်မတို့အတွက် အတော်အတန် အကျိုးပြုသည်ကို ကျွန်မ သဘောပေါက်ခဲ့ရသည်။ သို့သော် အသိပညာအများစုမှစာတန်၏ အမျိုးမျိုးသော အယူအဆများမှ လာပြီး လူတို့ကို လှည့်ဖြားပြီး ဖောက်ပြန်ပျက်စီးစေဖို့ စာတန် အသုံးပြုသည့် အတွေးမှားများနှင့် မိစ္ဆာအယူဝါဒများဖြစ်သည်။ စာတန်သည် သူ၏ ပညာရေးကို ရရှိခြင်းအဖြစ်သို့ရောက်စေရန် လူတို့ကို လှည့်စားဖို့အတွက် လေ့လာခြင်းနဲ့ သင်ယူခြင်းကို အသုံးချပြီး၊ ထိုသို့ဖြင့် သူတို့၏ စိတ်များထဲသို့ မိမိ၏ အဆိပ်နှင့် အတွေးတို့ကို သွန်းလောင်းပြီး၊ အဆိပ် ရောက်ရှိသည်နှင့်တပြိုင်နက်၊ လူများသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သည့် ဘုရားမဲ့အတွေးများနှင့် လွဲမှားသောအယူအဆများ၏ စိုးမိုးမှုကို လုံးဝခံရတော့သည်။ သို့ဖြစ်၍ စာတန်သည် လူများကို ဖောက်ပြန်ပျက်စီးစေခြင်း၊ ဝါးမျိုခြင်းနှင့်ဆိုင်သော သူ၏ပန်းတိုင်များကို အောင်မြင်ရရှိလေသည်။ “ကယ်တင်ရှင် မည်သည့်အခါကမျှ မရှိခဲ့ပေ” “လူသားသည် မျောက်ဝံမှ ဆင့်ကဲဖြစ်ပေါ်လာ၏” ၊ “မိုးလေဝသအားလုံးကို သဘာဝက ပုံဖော်သည်”၊ “ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးသည်”၊ “ဘယ်သူသေသေ ငတေမာရင် ပြီးရော” ကဲ့သို့သော စကားရပ်များသည် ရုပ်ဝတ္တုဝါဒနှင့် ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာ အယူအဆများနှင့် ဆက်နွယ်သည့် စိတ်ကူးများနှင့် ရှုထောင့်အမြင်များအားလုံး ဖြစ်သည်။ ယင်းတို့ကို ကျွန်မတို့ စိတ်နှလုံးများ၏ အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းများထဲသို့ ထိုးသွင်းခံရပြီး ယင်းတို့က ကျွန်မတို့ကို ဘုရားသခင်ကို အာခံစေပြီး သူ၏ တည်ရှိခြင်းကို ပိုပိုပြီး ငြင်းပယ်စေလေသည်။ စာတန်၏ လှည့်စားမှုများကို ကျွန်မ ထွင်းဖောက်မမြင်နိုင်ခဲ့သောကြောင့်၊ ဘုရားသခင်ရှေ့သို့ ကျွန်မကလေးများကို မည်သို့ ခေါ်ဆောင်ရမည် သို့မဟုတ် ဘုရားသခင်ထံမှလာသော သမ္မာတရားကို သူတို့လက်ခံကာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ အသက်ရှင်နိုင်စေဖို့ လုံးဝ မစဉ်းစားဘဲ စာတန်ထံ သူတို့ကို ကျွန်မ လက်လွှဲပေးရင်းဖြင့်၊ ဆိုးယုတ်သော ပညာရေးတစ်ခု ရရှိဖို့ ကျွန်မ၏ ကလေးများကို စိတ်အားထက်သန်စွာ ကျွန်မ စေလွှတ်ခဲ့သည်။ လတ်တလောတွင်၊ ကျွန်မသားသည် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရခဲ့ပြီး၊ အသိပညာများစွာ သူရရှိခဲ့သော်လည်း သူသည် စာတန်၏ အတွေးမှားများနှင့် မိစ္ဆာအယူဝါဒအားလုံးဖြင့် ပြည့်ခဲ့လေသည်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် ပတ်သက်သည့် အရာတစ်ခုခုကို ကျွန်မ ပြောသည့်အခါ သူက ကျွန်မကို ချေပဖို့အတွက် သိပ္ပံအသိပညာနှင့် အယူအဆမျိုးစုံတို့ကို ကြွားဝါပြောဆိုခဲ့သည်။ ကျွန်မကို ပညာမတတ်သူ၊ မသိနားမလည်သူ၊ မခွဲခြားတတ်သူဟု ခေါ်ဝေါ်ခဲ့သည် သိပ္ပံပညာကို ကျွန်မ ယုံကြည်သင့်သည်ဟု သူပြောခဲ့သည်။...ဤအရာအားလုံးကို ရင်ဆိုင်ရသည့်အခါ၊ ကျွန်မ အတော် နောင်တရမိခဲ့ပြီး၊ ထို့နောက်တွင်မှ ဆိုးယုတ်သော ယဉ်ကျေးမှုနှင့် အသိပညာအားလုံးသည် သမ္မာတရားနှင့် ဆန့်ကျင်ပြီး ဘုရားသခင်ကို အပြင်းအထန်ဆန့်ကျင်သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ ၎င်းတို့သည် လူများကို ဖောက်ပြန်ပျက်စီးစေပြီး ထိန်းချုပ်ဖို့ စာတန်အသုံးပြုသည့် အထောက်အကူများ ဖြစ်ကြသည်။ အသိပညာများစွာ ရှိခြင်းက ကောင်းမွန်သည့် အရာတစ်ခု မဟုတ်သည်ကိုလည်း ကျွန်မ နားလည်လာခဲ့သည်။ ပိုမြင့်မားသော ပညာရေးကို လူတို့ရရှိလေလေ၊ အသိပညာများကို သူတို့ သဘောပေါက်လေလေ၊ စာတန်၏အဆိပ်များက သူတို့ထဲတွင် ပိုမိုသွတ်သွင်းခံရလေလေဖြစ်သည်၊ ဘုရားသခင်ထံမှ သူတို့ဝေးကွာလာလေလေ၊ သမ္မာတရားကို ရရှိဖို့ သူတို့အတွက် ပိုခက်လေလေဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ သူတို့အတွက် ပိုခက်ခဲလေလေဖြစ်သည်။ လူတစ်ယောက်က စာအုပ်များများ ဖတ်လေလေ၊ သူတို့တွင် အသိပညာ များများရှိလေလေ၊ ဘုရားသခင်အပေါ် သူတို့၏ ဆန့်ကျင်မှုက ပိုမိုဆိုးရွားလေလေဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤသို့သော အသိပညာသည် အလွန်အန္တရာယ်များသည့် အရာတစ်ခု ဖြစ်ပါသည်။

“အခြားလေ့လာလိုက်စားမှုများ၏ တန်ဖိုးမှာ သေးငယ်သည်၊ အသိအလိမ္မာ စာမှာရှိ” ဆိုသည်မှာ ဆိုးယုတ်သော အတွေးမှားတစ်ခုဖြစ်ကြောင်း၊ လူတို့ကို လှည့်စားရန်၊ ထင်ယောင်ထင်မှားဖြစ်စေရန်နှင့် ဖောက်ပြန်ပျက်စီးစေဖို့ စာတန်၏ မုသားများထဲမှ တစ်ခုသာ ဖြစ်ကြောင်းကို နောက်ဆုံးတွင် ဘုရားသခင်မှ ဉာဏ်အလင်းပေးခြင်းမှ ကျွန်မကို နားလည်စေခဲ့သည်။ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ခြင်းနှင့် စာတန်၏ အတွေးအမြင်ဆိုင်ရာ ပညာရေးကို လက်ခံခြင်းဖြင့်၊ ကျွန်မတို့ ပိုပိုပြီးသာ ဖောက်ပြန်ပျက်စီးလာ နိုင်သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ တစ်ချိန်တည်းတွင်၊ ဘုရား နှုတ်ကပတ်တော်များ ကို ဖတ်ရှုဖို့နှင့် ကိုယ်တော်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူကြဖို့ရန် ကျွန်မတို့၏ ကလေးများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းအားဖြင့်သာ၊ သူတို့ အဓိပ္ပါယ်ရှိသော ဘဝများကို အသက်ရှင်နေထိုင်နိုင်သည်ကို ကျွန်မ နားလည်ခဲ့သည်။ ထို့နောက်တွင်ပင်၊ ဘုရားသခင်ရှေ့ ကျွန်မ လာပြီး သူ့ထံ ကျွန်မ၏ နှလုံးသားကို သွန်းလောင်ခဲ့သည်။ “ဘုရားရှင်၊ စာတန်ရဲ့ လှည့်ဖြားတာနဲ့ ဖိစီးနှိပ်စက်တာကို ကျွန်မ နောက်ထပ် မခံချင်တော့ပါဘူး။ ကျွန်မ သမ္မာတရားနောက်ကို ဦးစွာလိုက်စားပြီး၊ ကျွန်မရဲ့ ကိုယ်ပိုင် မှားယွင်းတဲ့ အမြင်တွေကို ပြောင်းလဲချင်ပါတယ်။ ကျွန်မရဲ့ ဖြစ်တည်မှုအတွက် ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို အခြေခံအုတ်မြစ် ဖြစ်စေချင်ပါတယ်၊ ပြီးတော့ ကျွန်မရဲ့အငယ်ဆုံးကလေးနှစ်ယောက်ကို ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို ရရှိပြီး စစ်မှန်တဲ့ လူတွေဖြစ်လာဖို့ ကိုယ်တော်ရဲ့ရှေ့ကို ကျွန်မ ခေါ်ဆောင်လာချင်ပါတယ်။”

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လမ်းမှန်ကို လက်ခံရာတွင် အတားအဆီး အလွန်များရသည့် အကြောင်းအရင်း

ဂျိုစီလင် အီကွေဒေါ ၂၀၀၈ မှာ ကျွန်မက ကျွန်မအမေနဲ့အတူ သခင့်ကို ယုံကြည်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဒေသခံအသင်းတော်မှာ စုဝေးပွဲတွေကို စတက်တယ်။...

တာဝန်တစ်ခုသည် ကောင်းချီးရရန်အတွက် အပေးအယူလုပ်သည့်အရာမဟုတ်ပေ

ရှောင်ချန် တရုတ်နိုင်ငံ ကျွန်တော်က အမြဲတမ်း နေမကောင်းဖြစ်လွယ်တယ်။ အသက် ၁၁နှစ်မှာ ကျွန်တော် သွေးအားနည်းရောဂါရှိနေတယ်လို့ တွေ့ရတယ်။ ဒါကြောင့်...

တစ်ဇွတ်ထိုး အလုပ်လုပ်ခြင်း၏ အကျိုးဆက်များ

ကျောက်ယံ တရုတ်နိုင်ငံ ၂၀၁၆ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်အဖြစ် အမှုဆောင်ဖို့ ကျွန်တော် အရွေးခံခဲ့ရတယ်။ ပထမဆုံး ဒီတာ၀န်ကို ယူတဲ့အချိန်မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။