ကျွန်မသည် အမှန်ပင် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်ပါသည်

25.09.2019

ကျန်းမင်၊ စပိန်

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဤလူတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးများ ဖြစ်သည်ဟု ယခင်က ပြောထားခဲ့ပေသည်။ အမှန်တွင် ရှင်းလင်းအောင် ပြောရလျှင်၊ ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ ပြယုဂ်ဖြစ်ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး ၎င်းတို့က ကျွန်မတို့၏ တကယ့်အခြေအနေကို ထုတ်ဖော်ပြသည်ကို ကျွန်မ နှုတ်ဖြင့် အသိအမှတ်ပြုခဲ့သော်လည်း၊ ကျွန်မက အဆင်းနီသော နဂါးကြီး၏ သားသမီး သို့မဟုတ် ပြယုဂ်ဖြစ်သည်ကိုမူ ကျွန်မ စိတ်နှလုံးထဲတွင် လက်မခံခဲ့ပါ။ ယင်းအစား၊ ဘုရားသခင်နောက် ကျွန်မ လိုက်နိုင်စွမ်းရှိပြီး သူ့အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးတော်ခံနိုင်သည်၊ ကျွန်မ၏ ညီအစ်ကို မောင်နှမ အများစုနှင့် ကျွန်မ ကောင်းကောင်း အဆင်ပြေပြေ နေနိုင်ခဲ့ပြီး ကျွန်မ အနီးအနားက လူများက ကျွန်မကို အတော်လေး အထင်ကြီးကြသည်ဟု ကျွန်မ ခံစားမိခဲ့သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်မ ပိုင်ဆိုင်သော်လည်း၊ ယင်းမှာ အဆင်းနီသော နဂါးကြီးကဲ့သို့ ကျွန်မ မလိုမုန်းထားစိတ်ရှိကြောင်း မဆိုလိုပါဟု ကျွန်မ တွေးခဲ့သည်။ ဖော်ထုတ်ခံရသည့် အတွေ့အကြုံကို ဖြတ်သန်းပြီးနောက်မှသာ၊ စာတန်အားဖြင့် ကျွန်မ ဖောက်ပြန်ဖျက်ဆီးခံခဲ့ရပုံ အမှန်တရားကို နောက်ဆုံးတွင် ကျွန်မ တွေ့မြင်ခဲ့ခြင်း ဖြစ်ပြီး၊ ကျွန်မသည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နေခဲ့ကြောင်းနှင့် အဆင်းနီသော နဂါးကြီးကဲ့သို့ အတိအကျ တူညီသောအရာများကို ကျွန်မ အလွန်လုပ်ဆောင်နိုင်စွမ်းရှိကြောင်းတို့ကို ကျွန်မ မြင်တွေ့ခဲ့ရပါသည်။

အသင်းတော်ထဲက ကျွန်မ၏တာဝန်မှာ ဆောင်းပါးများကို စုဆောင်းရန် ဖြစ်သည်။ တစ်နေ့တွင်၊ ကျွန်မ၏ အဖွဲ့ခေါင်းဆောင်က ကျွန်မနှင့် ကျွန်မအတူ အလုပ်လုပ်သည့် ညီအစ်မတို့သည် ယခုမှစ၍ အသင်းတော်အားလုံးထံမှ ဆောင်းပါးများ စုဆောင်းသည့် အလုပ်အားလုံးအတွက် တာဝန်ယူရလိမ့်မည်ဖြစ်ပြီး တစ်ဦးတစ်ယောက်က ပြဿနာရှိလျှင် ကျွန်မတို့ အားလုံး အတူတကွ ဆွေးနွေးပြီး မိတ်သဟာယပြုနိုင်သည်ဟု ဆိုခဲ့သည်။ ဤသတင်းကို ကျွန်မ ကြားသည့်အခါ၊ ကျွန်မ အနည်းငယ် အံ့အားသင့်သွားပြီး အလွန်ကြီးမားသော ဖိအားကို ခံစားခဲ့ရသည်။ သို့သော် ကျွန်မ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှု ခံစားရဆဲ ဖြစ်ပါသည်။ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ်၊ “အသင်းတော်အားလုံးဆီက ဆောင်းပါးအားလုံးကို စုဆောင်းရာမှာ ငါတို့ အကူအညီရမှာပါ။ ကြည့်ရတာ ငါက ကိုယ့်အပိုင်းကို ကိုယ်လုပ်နိုင်ပြီး အသင်းတော်ထဲမှာ စွမ်းဆောင်နိုင်တဲ့သူတစ်ယောက် ဖြစ်ပုံပဲ” ဟု တွေးခဲ့သည်။ “တာဝန်ရှိခြင်း” ဟူသည့် ခံစားချက်တစ်ခုက ကျွန်မ၏ အတွင်း၌ ရုတ်တရက် ပြည့်လျှံလာခဲ့ပြီး မသိလိုက်ခင်မှာပင် ကျွန်မသည် စာဝေဖန်သုံးသပ်သူတစ်ဦး နေရာတွင် ပြုမူပြီး ပြောဆိုနေမိခဲ့ပါသည်။ တစ်ခါက ဆောင်းပါးရေးသားသည့် အသင်းတော်အားလုံး အဖွဲ့မှ ညီအစ်ကို မောင်နှများနှင့်အတူ ကျွန်မတို့ အတွေးအမြင်များ ဖလှယ်ကြသည့်အချိန်တွင်၊ အဖွဲ့ထဲက ညီအစ်ကိုတစ်ဦးက အလွန်တက်ကြွစွာ ကျွန်မတို့ အလုပ်တွင် ပါဝင်သည်ကို ကျွန်မ သတိထားမိခဲ့သည်။ ပြဿနာတစ်ခု ဖြစ်ပေါ်သည့်အခါတိုင်း၊ သူသည် မိမိ၏ ကိုယ်ပိုင်အမြင်ကို အမြဲ ဦးစွာဖော်ပြလေ့ရှိပြီး တစ်ခါတစ်ရံ အခြားသော ညီအစ်ကို သို့မဟုတ် ညီအစ်မ တစ်ဦးဦးက မေးခွန်းတစ်ခု မေးပြီး ကျွန်မက ကျွန်မတို့၏ အွန်လိုင်းဂရုထဲတွင် ပြန်ဖြေနှင့်ပြီးဖြစ်သည့်အချိန်တွင်၊ သူသည် ကျွန်မနောက်တွင် သူ၏ ကိုယ်ပိုင်အမြင်များကို မရမက ဖော်ပြနေဆဲ ဖြစ်ပြီး၊ ကိစ္စရပ်အပေါ် သူ၏ အမြင်က ကျွန်မ၏ အမြင်နှင့် တန်းတန်းမတ်မတ်ကို ကွဲလွဲနေတတ်လေသည်။ ဤအရာ ဖြစ်သည့်အခါတိုင်းတွင်၊ ကျွန်မ အတော်လေး မပျော်မရွှင် ဖြစ်ရပြီး ကျွန်မကိုယ်ကျွန်မ၊ “ဒီအဖွဲ့မှာ သူက အရမ်းကို တက်တက်ကြွကြွ ပါဝင်ပြီး၊ လူတွေအများကြီးက သူ့အမြင်တွေကို သဘောတူကြတယ်။ ဒါ ငါ့ကို သူ ကျောချင်တာများ ဖြစ်နိုင်မလား။ ဟင်း။ သူ ငါ့အကြောင်းကို သိတာ အရမ်းနည်းတယ်။ ငါ ဘာတာဝန်ကို လုပ်ဆောင်တယ်ဆိုတာ သူမသိဘူး၊ ဒါတာင် ငါနဲ့ ပြိုင်ချင်သေးတယ်။ သူ ကိုယ့်ကိုယ်ကိုယ်သိတတ်မှု မရှိတာပဲ မဟုတ်လား” ဟု တွေးမိပါသည်။ ဤအရာကို စဉ်းစားရင်းဖြင့်၊ ဤညီအစ်ကိုကို မနှစ်သက်ခြင်းက ကျွန်မ စိတ်နှလုံးထဲတွင် ဖြစ်ပေါ်လာသည်ကို စတင်ခံစားခဲ့ရသည်။

နောက်ပိုင်းတွင်၊ ဆောင်းပါးရေးသားသည့် အသင်းတော်အားလုံး အဖွဲ့မှ ညီအစ်ကို မောင်နှများကို ဆောင်းပါးများထဲက ပြဿနာများအကြောင်း အတွေးအမြင်များ ဖလှယ်ရန် ကျွန်မ စီစဉ်ခဲ့သည်။ ညီအစ်ကို မောင်နှမ အများစုက ကျွန်မ၏ အကြံပြုချက်များကို သဘောတူခဲ့ကြသော်လည်း ဤညီအစ်ကိုက နောက်တစ်ဖန် အမှုအရာများအပေါ် မတူညီသော အမြင်တစ်ခု ယူပြန်ပြီး ကျွန်မ၏ အားနည်းချက်များကို ထောက်ပြခဲ့သည်။ ပြဿနာတစ်ခု ပေါ်သည့်အခါတိုင်း မတူညီသော အကြံပြုချက်များ ရှိခြင်းမှာ လူတို့အတွက် သာမန်ဖြစ်သည်ဆိုသည်နှင့် ကျွန်မတို့ တာဝန် ဆောင်ရွက်မှုကို အကျိုးပြုသည့် မည်သည့်အကြံပြုချက်ကိုမဆို လက်ခံသင့်သည်ဆိုသည်တို့ကို ကျွန်မ သိခဲ့သော်လည်း ညီအစ်ကို မောင်နှမများစွာ ရှေ့တွင် ဤညီအစ်ကိုက ကျွန်မ၏ အကြံပြုချက်ကို ငြင်းပယ်ခဲ့ပုံကို ကျွန်မ တွေးမိသည့်အခါ အတိုက်အခံလုပ်ခြင်း၊ မကျေနပ်ခြင်းများနှင့် ကျွန်မ ပြည့်လာခဲ့သည်။ ကျွန်မက၊ “တခြား ညီအစ်ကို မောင်နှမတွေက ကွဲပြားတဲ့ အမြင်တွေ တစ်ခုတစ်လေမှမရှိဘဲ ကျွန်မရဲ့ အကြံပြုချက်ကို လက်ခံနိုင်ကြတယ်။ ဒါပေမယ့် ရှင်ကတော့ အားလုံးကို ရှင်နဲ့ပတ်သက် စေချင်တယ်။အလုပ်အပေါ် ရှင် ဘယ်လောက် တာဝန်ရှိတယ်ဆိုတာနဲ့ အကြောင်းကိစ္စတွေကို ရှင် ဘယ်လောက် ရှင်းရှင်းလင်းလင်း နားလည်တယ်ဆိုတာ ပြဖို့ ကျွန်မအတွက် ခက်ခဲအောင် ရည်ရွယ်ချက်ရှိရှိ ရှင် လုပ်နေတာလား။ ရှင်က အရမ်းကို မာနထောင်လွှားပြီး သင့်မြတ်ဖို့ အရမ်းခက်တဲ့သူပဲ” ဟု တွေးခဲ့သည်။ ကျွန်မ ပိုတွေးလေလေ၊ ညီအစ်ကိုအပေါ် ပိုမနှစ်သက်လေလေ ဖြစ်လာခဲ့သည်မှာ သူ့အား ဘာတစ်ခုကိုမျှ မပြောချင်လောက်အောင်အထိပင် ဖြစ်ခဲ့သည်။ ရက်အချို့ကျော်လွန်ပြီးနောက်၊ ဤညီအစ်ကိုက ကျွန်မတို့ ဖတ်ရန် ဆောင်းပါးတစ်ပုဒ် ပို့ခဲ့သည်။ ဆောင်းပါးက အလွန်ကောင်းစွာ ရေးသားထားပြီး အယောက်တိုင်း၏ ကိုးကားချက်အတွက် ကျွန်မတို့ ပို့သင့်သည်ဟု သူက ပြောခဲ့သည်။ ထိုသို့ ကိုယ့်ကိုယ်ကိုယ် သေချာသည့် လေသံဖြင့် သူ စကားပြောသည်ကို ကျွန်မ ကြားရသည့်အချိန်တွင်၊ ကျွန်မ မသက်မသာ စတင်ခံစားခဲ့ရပြီး၊ “ကျွန်မတို့ ဒီဆောင်းပါးတွေကို အစကနေအဆုံးထိ ဖတ်ပြီးပါပြီ။ ဒီဆောင်းပါးက အရွေးမခံခဲ့ရရင် တစ်ခုခု မှားနေလို့ပဲ ဖြစ်ရမယ်။ ဒါကိုတောင် မပြောနိုင်ရင် ရှင်က လင်းနို့လောက်ကို မျက်စိကန်းနေလို့ပဲ ဖြစ်ရမယ်” ဟု ကျွန်မ တွေးခဲ့သည်။ ဤသို့ဖြင့်၊ အတွင်းတွင် ကျွန်မ ခံစားရသည့် မကျေနပ်ခြင်းကို ကျွန်မ မျိုသိပ်ခဲ့ပြီး အလွန် စိတ်မပါဘဲ ဤဆောင်းပါးကို အစကနေအဆုံး နောက်တစ်ခါ ပြန်ဖတ်ခဲ့ပါသည်။ ထို့နောက်တွင် ကျွန်မ၏ အမြင်နှင့် ဆောင်းပါးအတွင်းတွင် ရှိသည်ဟု ကျွန်မ ခံစားရသည့် ပြဿနာအချို့ကို သူ့ထံ ကျွန်မ ဆွေးနွေးခဲ့သော်လည်း သူက ကျွန်မ၏ အမြင်ကို လက်ခံရန် ငြင်းပယ်ခဲ့ပြီး ယင်းအစား ဆောင်းပါးတစ်ခုစီတိုင်းကို လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ကျွန်မ၏ အထက်လူကြီးများကို ဤဆောင်းပါးအား အစကနေအဆုံးထိ ပြန်ဖတ်ခိုင်းသင့်သည်ဟု ကျွန်မကို အသိပေးခဲ့သည်။ ထိုအခိုက်တွင် ကျွန်မအတွင်းတွင် ခံစားရသည့် အတိုက်အခံလုပ်ခြင်းက ကြီးထွားခဲ့ပြီး၊ ကျွန်မက၊ “ကျွန်မ ရှင်နဲ့ တွေ့ကတည်းက၊ ကျွန်မရဲ့ အကြံပြုချက် တစ်ခုတစ်လေကို ရှင် လက်ခံတာ ဒါမှမဟုတ်လိုက်နာတာရှားလွန်းတယ်။ အဲဒီအစား ရှင်က အယောက်တိုင်းအတွက် ကိုးကားဖို့ နဲ့ ခံယူဖို့ ကွဲပြားတဲ့အမြင်တွေ အမြဲ ဖန်တီးတယ်။ အခွင့်အရေးရတိုင်း ရှင်က ရှင့်ရဲ့ အရည်အချင်းတွေကို ထုတ်ကြွားတယ်၊ ရှင်က အရမ်း မာနထောင်လွှားတာပဲ။ ရှင်ကျွန်မကို ဘယ်လိုမှ တကယ်အရေးမထားဘူးကိုး။ ရှင့်လိုလူတစ်ယောက်နဲ့ ဆက်ဆံရတာက သိပ်အနှောင့်အယှက် ဖြစ်တယ်၊ ပြီးတော့ အရမ်းစိတ်ပျက်စရာပဲ” ဟု တွေးခဲ့သည်။ “ဘယ်လိုဖြစ်ပြီး အသင်းတော်က သူ့ကို ဆောင်းပါးတွေ စုဆောင်းဖို့ ရွေးနိုင်ရတာလဲ။ သူ့လို အရမ်း မာနထောင်လွှားတတ်တဲ့ စိတ်သဘောထားရှိသူ တစ်ယောက်က ဒီတာဝန်ကို ထမ်းဆောင်ဖို့ တကယ်ကို မသင့်တော်ပါဘူး။ ဒီပြဿနာကို ငါ့ရဲ့ ခေါင်းဆောင်ဆီ အသိပေးပြီး သူ ဒီတာဝန်နဲ့ သင့်တော်တာ မသင့်တော်တာကို ငါ့ခေါင်းဆောင်ကိုဆုံးဖြတ်ခိုင်းရမယ်။ ခေါင်းဆောင်က သူ့ကို တခြားနေရာမှာ ရွေ့ပြောင်းလိုက်ရင် အကောင်းဆုံး ဖြစ်မှာပဲ” ဟူ၍ပင် ကျွန်မ တွေးခဲ့သည်။ ဤအရာကို ကျွန်မ တွေးသည့်အချိန်တွင်၊ ကျွန်မ၏ အခြေအနေ မမှန်ကန်သည်ကို ကျွန်မ နားလည်ခဲ့ပါသည်။ ဤညီအစ်ကိုအကြောင်းကို ကျွန်မ လုံလုံလောက်လောက် နားမလည်ခဲ့သလို သူ့အကြောင်းကို လွန်စွာ ပေါ့ပေါ့တန်တန် မဝေဖန်သင့်ဘဲ မျှမျှတတ ဆက်ဆံသင့်သည်ကို ကျွန်မ သိခဲ့ပါသည်။သို့သော်၊ ဤအရာများကို ကျွန်မ တွေးရုံသာ တွေးခဲ့ပြီး ဤကိစ္စရပ်နှင့် စပ်လျဉ်း၍ ကျွန်မ ကိုယ့်ကိုယ်ကိုယ် နောက်ထပ် ဆင်ခြင်မသုံးသပ်ခဲ့သလို၊ ကျွန်မ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းများကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ မရှာဖွေခဲ့ပါ။ သို့သော် ယင်းအစား ဤညီအစ်ကိုနှင့်ပတ်သက်၍ ကျွန်မ ဆက်ပြီး တနုံ့နုံ့ တွေးနေခဲ့သည်။

တစ်နေ့တွင် ကျွန်မ၏ ခေါင်းဆောင်က ဆောင်းပါးရေးသားခြင်း အခြေခံသဘောတရားများကို ပိုမိုကောင်းမွန်စွာ မည်သို့သဘောပေါက်နိုင်မည်ကို ဆွေးနွေးဖို့ရန်နှင့် ဤအလုပ်ကို တာဝန်ယူဆောင်ရွက်ရန်အလို့ငှာ အခြားအသင်းတော်အားလုံးမှ ခေါင်းဆောင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အတွေးအမြင်များ ကျွန်မတို့ ဖလှယ်ရန် အကြံပြုခဲ့သည်။ ကျွန်မ သဘောတူခဲ့သော်လည်း ထို့နောက်တွင် ကျွန်မ အလွန်အမင်း စိတ်လှုပ်ရှားခဲ့ပါသည်။ အလယ်အဆင့် ခေါင်းဆောင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အတွေးအမြင်များ ဖလှယ်ရန် အွန်လိုင်း အစည်းအဝေးတစ်ခု ကျွန်မတက်ရောက်ဖူးသည်မှာ ဤအရာက ပထမဆုံးအကြိမ်ဖြစ်လိမ့်မည်ဖြစ်သည်။ ထို့အပြင်၊ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် ဖော်ပြရာတွင် သိပ်မတော်သလို၊ ရှင်းရှင်းလင်းလင်း မိတ်သဟာယ မပြုနိုင်ဘဲ ကျွန်မကိုယ်ကျွန်မ စိတ်ကသိကအောက်ဖြစ်စရာ သူများလက်ညိုးထိုးခံရအောင် လုပ်မိမည်ကို ကျွန်မ စိုးရိမ်သွားခဲ့သည်။ ထို့ကြောင့် ဖြစ်လာနိုင်သည့် အခြေအနေကြောင့် ကျွန်မ စိတ်ဆင်းရဲခဲ့ရသည်။သို့သော်၊ အွန်လိုင်း အစည်းအဝေးမစတင်မီနေ့တွင် ရုတ်တရက် ဤညီအစ်ကိုထံမှ အစည်းအဝေးကို သူ တက်၍ ရမရ မေးသည့် မက်ဆေ့ချ်တစ်ခု ကျွန်မ ရခဲ့သည်။ သူ၏ မက်ဆေ့ချ်ကို ကျွန်မ ဖတ်ရသည့်အချိန်တွင်၊ ကျွန်မ အလွန်ပင် စိတ်ဆိုးဒေါသထွက်မတတ် ဖြစ်ခဲ့ရသည်။ ကျွန်မက၊ “အရင်တုန်းက အတွေးအမြင်တွေ ဖလှယ်ဖို့ အစည်းအဝေးတွေကို ရှင် အကြိမ်များစွာ တက်ပြီးပြီ။ ကျွန်မတို့ရဲ့ အကြံတစ်ခုကိုမှ ရှင် ဘယ်တော့မှ လက်မခံခဲ့ဘူး။ ဒီတော့ ဒီတစ်ခု တက်တော့ရော ဘာထူးမှာလဲ။ ဒီအစည်းအဝေးနဲ့တင်ကို ကျွန်မဖိအားတော်တော်များနေပြီ။ မနက်ဖြန် ရှင် ကျွန်မကို ခက်ခဲတဲ့ မေးခွန်း မေးရင်၊ ရှင်က ကိစ္စတစ်ခုလုံးကို ကျွန်မအတွက် မခံမရပ်နိုင်အောင် ပိုတောင်ဖြစ်စေလိမ့်မယ်” ဟု တွေးခဲ့သည်။ နောက်နေ့ အစည်းအဝေးကို သူ တက်ရောက်သည်ကို ကျွန်မ တွေးသည့်အခါ၊ ထိုနေရာတွင် သူ့ကို ကျွန်မ လုံးဝ ရှိမနေစေချင်သည်ကို ကျွန်မ သိခဲ့ပြီး သူ့ကို မတက်ချင်အောင် လုပ်ဖို့ ပြောဖို့ရန်တစ်ခုခုကို ကျွန်မ ကြိုးစားတွေးတောခဲ့သည်။ ဘာပြောရမည်ကို ကျွန်မ တစ်ခဏမျှ တွေးဆသော်လည်း သင့်တော်သော အကြောင်းအရာတစ်ခုကို မရနိုင်သေးဘဲ ဖြစ်ခဲ့သည်၊ ထို့ကြောင့် ကျွန်မက၊ “ဒီအစည်းအဝေးရဲ့ အကြောင်းအရာက ပြီးခဲ့တဲ့ ကျွန်မတို့ အစည်းအဝေးနဲ့ အတော်လေး တူလိမ့်မယ်။ ရှင်တက်ဖို့ မလိုပါဘူး” ဟု တဲ့တိုး ပြောလိုက်သည်။ ကျွန်မ ဤနည်းဖြင့် သူ့ကို တုံ့ပြန်လျှင် သူက အခြား မည်သည့်အရာကိုမျှ ပြန်ပြောလိမ့်မည်မဟုတ်ဟု ကျွန်မ ထင်ခဲ့သည်။ သို့သော် အံ့အားသင့်ဖွယ်ရာပင်၊ သူက “မနက်ဖြန် ကျွန်တော် အချိန်နည်းနည်းရတယ်၊ ပြီးတော့လူတိုင်းက ဆွေးနွေးကြတဲ့အရာကို ကျွန်တော် ကြားချင်ပါတယ်” ဟု ပြောသည့် နောက်ထပ်မက်ဆေ့ချ်တစ်ခုကို ပို့ခဲ့လေသည်။ သူ၏ မက်ဆေ့ချ်ကို ကျွန်မ ဖတ်လိုက်သည့်အချိန်တွင်၊ ကျွန်မ အလွန် စိတ်ပျက်မိခဲ့သည်။ သို့သော် သူ့ကို သွားခွင့်ပြုရန် ငြင်းပယ်ဖို့ ကျွန်မတွင် အကြောင်းပြချက် မရှိသေးပါ။ ကျွန်မမှာ အင်တင်တင်ဖြင့် လက်ခံရုံသာ ရှိတော့သည်။ သို့သော် ဂရုထဲကို သူ့ကို ထည့်ဖို့ ကျွန်မ တုံ့ဆိုင်းနေခဲ့မိသေး၏။ ကျွန်မက ကိုယ့်ကိုယ်ကိုယ်၊ “ရှင်က သိပ်ဒုက္ခပေးတဲ့လူပဲ။ ရှင့်ကို ဘာကြောင့် ကျွန်မ လုံးဝ မရှင်းထုတ်နိုင်တာလဲ။ ရှင်နဲ့အတူ ဒီအစည်းအဝေးကို တက်ရောက်ရာမှာ ကျွန်မတို့ တစ်ခုခု စွမ်းဆောင်နိုင်မှာလား။ ကျွန်မအတွက် ကိစ္စတွေ ခက်အောင်ကို ရှင် တမင်များ လုပ်နေတာလား” ဟု တွေးခဲ့သည်။ သူမတက်အောင် တားဖို့ရန် အကြောင်းပြချက်တစ်ခုကို ကျွန်မ ဆက်ကြိုးစား စဉ်းစားခဲ့ပြီး သူ့ကို မိတ်ဆွေစာရင်းမှ ဖြုတ်ရန်ပင် ကျွန်မ တွေးခဲ့သည်။ သို့သော် နောက်တွင် ကျွန်မက၊ “ကောင်းပြီလေ၊ ရှင် တက်နိုင်တယ်။ တကယ်လို့ ရှင်က ပြီးခဲ့တဲ့ အစည်းအဝေးတုန်းကလို မနှစ်မြို့စရာဖြစ်ပြီး ချစ်တီးခေါင်း သန်းရှာသလို လုပ်ခဲ့ရင်၊ လူတိုင်းက ရှင် ဘယ်လောက် မာနထောင်လွှားပြီး စိတ်ကြီးဝင်တယ်ဆိုတာ မြင်ရလိမ့်မယ်။ နောက်ဆိုရင် ဘယ်သူမှ ရှင့်ကို သိပ်စဉ်းစားမှာ မဟုတ်ဘူး...” ဟု တွေးခဲ့ပါသည်။ထို့နောက်တွင်ပင်၊ ကျွန်မ၏ သူ့အပေါ် မလိုမုန်းထားမှုက မုန်းတီးမှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ ကျွန်မ၏ ဆိုးယုတ်သော ရည်ရွယ်ချက်များကိုသာ ကျွန်မ ဖော်ပြနေမိသည်ကို နားလည်ခဲ့ရသည်။ ဤအခြေအနေကို ဆက်လက်ဖြစ်ပေါ်ဖို့ ကျွန်မ ခွင့်ပြုခဲ့မည်ဆိုလျှင်၊ ဤညီအစ်ကိုကို ကျွန်မ မည်သို့ ဆက်ဆံမိခဲ့လိမ့်မည်ကို ကျွန်မ မတွေးဝံ့ခဲ့ပါ။ ထို့ကြောင့်၊ ကျွန်မ၏ စိတ်နှလုံးကို ကွယ်ကာဖို့ တောင်းလျှောက်ရင်း ဘုရားသခင်ထံ ကမန်းကတန်း ကျွန်မ ဆုတောင်းပြီး ခေါ်ခဲ့ပါသည်။ ကျွန်မ စိတ်လျှော့လိုက်ပြီးသည်နှင့်တပြိုင်နက်၊ ကျွန်မ၏ ကိုယ်ပိုင် ထင်မြင်ယူဆချက်နှင့် မကိုက်ညီသည့် အရာတစ်ခုခုကို ကြုံရသည့်အချိန်တွင် ကျွန်မက အလွန်ပြင်းထန်စွာ အဘယ်ကြောင့် တုန့်ပြန်ခဲ့သည်၊ ကျွန်မကို ဆန့်ကျင်သည့် မည်သည့် သဘောထားကိုမဆို ကျွန်မ အဘယ်ကြောင့် လက်မခံနိုင်ခဲ့သည်ဆိုသည်နှင့် ဤညီအစ်ကိုကို ဆန့်ကျင်ပြီး ထိုမျှ ပြင်းထန်သည့် မလိုမုန်းထားမှုများကို ကျွန်မ အဘယ်ကြောင့် ဖွဲ့ခဲ့သည်တို့အပေါ် ကျွန်မ စတင် ဆင်ခြင်သုံးသပ်ခဲ့သည်။

ကျွန်မ ရှာဖွေစဉ်တွင်၊ မိတ်သဟာယထဲက စာတစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရပါသည်။ “ခေါင်းဆောင်အဖြစ် အစေခံသော သူတို့သည် မနှစ်မြို့စရာဟု သူတို့ မြင်ပြီး၊ သူတို့ကို ဆန့်ကျင်သူနှင့် သူတို့ထက် လုံးဝ ကွဲပြားသည့် အမြင်များကို ကိုင်စွဲသူများဟု သူတို့ မြင်သည့် ညီအစ်ကို မောင်နှမများကို အဘယ်သို့ ဆက်ဆံသည်မှာ အလွန် အရေးကြီးသည့် ကိစ္စဖြစ်ပြီး သတိနှင့် ကိုင်တွယ်သင့်ပါသည်။ ဤကိစ္စရပ်နှင့်ဆိုင်သော သမ္မာတရားထဲသို့ သူတို့ မဝင်ရောက်လျှင်၊ ဤကိစ္စမျိုးနှင့် သူတို့ ကြုံဆုံရသည့်အခါ၊ သေချာပေါက် သူတို့ ခွဲခြားဆက်ဆံပြီး ဝေဖန်ပြစ်တင်မိကြလိမ့်မည်ဖြစ်သည်။ ဤလုပ်ရပ်မျိုးသည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သည့် အဆင်းနီသော နဂါးကြီး၏ ဖော်ပြမှု အတိအကျ ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်အဖြစ် အစေခံသူတို့က သမ္မာတရားကို လိုက်စားကြပြီး အသိစိတ်နှင့် အသိတရား ပိုင်ဆိုင်ကြလျှင်၊ သမ္မာတရားကို သူတို့ ရှာဖွေပြီး ဤကိစ္စကို မှန်မှန်ကန်ကန် ကိုင်တွယ်ကြလိမ့်မည်ဖြစ်သည်။ လူတို့အနေဖြင့်၊ ကျွန်ုပ်တို့သည် သမာသမတ်ရှိပြီး မျှတဖို့ လိုပါသည်။ ခေါင်းဆောင်များအနေဖြင့်၊ သက်သေရပ်တည်ဖို့ရန်အလို့ငှာ အမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ကိုင်တွယ်ရပါမည်။ ကျွန်ုပ်တို့က အမှုအရာများကို ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဆန္ဒအတိုင်း လုပ်ဆောင်ပြီး၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဇက်ပုံပေးလိုက်လျှင်၊ ယင်းက အလွန်ဆိုးရွားသော ကျရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဤမိတ်သဟာယက ကျွန်မကို အလွန် တို့ထိခဲ့ပါသည်။ ဤညီအစ်ကိုအပေါ် ကျွန်မ အလွန်အတိုက်အခံလုပ်ပြီး အလွန်မကြိုက်ရသည်မှာ သူ့ကို ကျွန်မ စတင် မုန်းလာသည်အထိ အဘယ်ကြောင့် ဖြစ်ရသည်ကို ကျွန်မ တွေးမိခဲ့သည်။ ယင်းမှာ ကျွန်မ၏ မိတ်သဟာယကို သူ သဘောမတူခဲ့ဘဲ ကျွန်မကို မျက်နှာပျက်ဖို့ ဖြစ်စေခဲ့သည့် အခြား အကြုံပြုချက်အချို့ သူလုပ်ခဲ့သောကြောင့် သက်သက် မဟုတ်ပါလား။ ယင်းမှာ ကျွန်မတို့ အဖွဲ့တွင် သူ တက်တက်ကြွကြွ ပါဝင်ကာ အယောက်တိုင်း၏ ထောက်ခံမှုကို ရရှိပြီး၊ ထို့ကြောင့် ကျွန်မ၏ အောင်မြင်မှုကို သူ ခိုးယူခဲ့သည်ဟု ကျွန်မ ခံစားခဲ့ရသောကြောင့် သက်သက် မဟုတ်ပါလား။ ပထမတွင်၊ ကျွန်မတို့ ညီအစ်ကို မောင်နှများသည် ကျွန်မတို့၏ တာဝန်ကို ဆောင်ရွက်ဖို့ အတူတကွ အလုပ်လုပ်ခဲ့ကြသည်။ ကျွန်မတို့၏ မတူကွဲပြားသော အရည်အချင်းများနှင့် သိနားလည်မှုများကြောင့် တစ်ချို့ ကိစ္စရပ်များအပေါ် မတူညီသော အမြင်များရှိသည်မှာ သာမန်ဖြစ်ခဲ့သည်။ ဤညီအစ်ကို လုပ်သမျှမှာ သူ၏ ကိုယ်ပိုင်အမြင်များကို ဖော်ပြခြင်းသာ ဖြစ်သည်။ ယုတ်မာသော ရည်ရွယ်ချက်များ သူ မသိုထားခဲ့ပါ။ သို့သော် သူ့ကို ကျွန်မ ပြောစကားကို နားထောင်ပြီး နာခံဖို့ ကျွန်မ အမြဲလိုလားခဲ့သည်။ သူ့ကို ကျွန်မအား သဘောတူစေလိုပြီး ကျွန်မ ပြောသည့်အရာအတိုင်းကို လက်ခံစေချင်ခဲ့သည်။ ပြီးလျှင် ကျွန်မနှင့် ကွဲပြားသည့် အရာတစ်ခုခုကို သူ ပြောဖို့ မဖြစ်နိုင်ပါ။ သူ၏ လုပ်ရပ်များက ကျွန်မ၏ ကိုယ့်ကိုယ်ကိုယ် အလေးထားမှုနှင့် ရာထူးအပေါ် ထိခိုက်သည့်အခါ ကျွန်မအတွင်းတွင် အတိုက်အခံလုပ်ခြင်း ထွက်ပေါ်ခဲ့သည်မှာ သူ့ကို ဖယ်ထုတ်ပြီး အစည်းအဝေးတက်ဖို့ မလိုချင်ခဲ့သည်အထိပင် ဖြစ်ခဲ့သည်။ အကယ်၍ သူ့ကို ကျွန်မ အစည်းအဝေး တက်ခွင့်ပေးခဲ့လျှင်၊ ကျွန်မက သူ့ကိုယ်သူ အရူးလုပ်စေချင်သောကြောင့်သာ ဖြစ်ခဲ့သည်။ ဤအတွေးများနှင့် စိတ်ကူးများကို ကျွန်မ စိတ်ဖြာလေ့လာခဲ့ပြီး ကျွန်မ ဖော်ပြသမျှအားလုံးမှာ ယုတ်မာပြီး မာနထောင်လွှားသော ဆိုးယုတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ကျွန်မ၏ လုပ်ရပ်များမှာ အမှန်ပင် အလွန်စက်ဆုပ်စရာဖြစ်ပြီး အကျည်းတန်လွန်းခဲ့ပါသည်။

ထို့နောက် မိတ်သဟာယထဲတွင် ကျွန်မ ဖတ်ခဲ့ရပါသည်။ “သင် မည်သူ ဖြစ်ကောင်းဖြစ်ပါလေ့စေ၊ သူတို့ကို သင် သဘောမတူသရွေ့၊ သူတို့မှ အပြစ်ဒဏ်ပေရန်အတွက် သင်သည် ပစ်မှတ်တစ်ခု ဖြစ်လာသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်ပါသနည်း။ ဤသည်မှာ အဆင်းနီသော နဂါးကြီးကဲ့သို့ ဖြစ်သည် မဟုတ်လော။ အဆင်းနီသော နဂါးကြီးက အားလုံးအပေါ် ကြီးစိုးမှုကို ရှာဖွေပြီး မိမိကိုယ်ကိုယ် အရာအားလုံး၏ ဗဟိုအဖြစ် မှတ်ယူလေသည်။‘သင် ငါ့ကို သဘောမတူလျှင် ငါသည် သင့်ကို အပြစ်ပေးမည်။ သင် ငါ့ကို ဆန့်ကျင်ဝံ့လျှင် သင့်ကို ချေမှုန်းရန် စစ်တပ်အင်အားကို ငါ သုံးမည်။’ ဤအရာများသည် အဆင်းနီသော နဂါးကြီး၏ မူဝါဒများဖြစ်ပြီး၊ အဆင်းနီသော နဂါးကြီး၏ စိတ်သဘောထားမှာ ကောင်းကင်တမန်မင်းဖြစ်သော စာတန်၏ စိတ်သဘောထား ဖြစ်သည်။ ခေါင်းဆောင်များ သို့မဟုတ် အမှုတော်ဆောင်များ ဖြစ်လာကြသည်နှင့်တပြိုင်နက် အဆင်းနီသော နဂါးကြီး၏ မူဝါဒများကို စတင် အကောင်အထည်ဖော်ကြသည့် လူအချို့ရှိသည်။ ဤအရာကို မည်သို့ သူတို့ လုပ်ဆောင်ကြပါသနည်း။ ‘ငါ အခု ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီ၊ ပြီးတော့ ငါ့ရဲ့ ပထမဆုံးတာဝန်က လူအားလုံး ငါ့ကို စိတ်နှလုံးထဲမှာ နဲ့ စကားအားဖြင့် နာခံအောင်လုပ်ဖို့ဖြစ်ပြီး အဲဒီနောက်မှပဲ ငါ့ရဲ့ တရားဝင် အလုပ်ကို ငါစလုပ်နိုင်တယ်။’” (အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ (၁၃) တွင်ပါဝင်သော “သမ္မာတရား၏ စစ်မှန်မှုထဲ ဝင်ရောက်ဖို့ရန် အသက်တာ စိတ်သဘောထား ပြောင်လဲခြင်းအပေါ် အာရုံစိုက်ရမည်”) “ညီအစ်ကို သို့မဟုတ် ညီအစ်မ တစ်ဦးက သမ္မာတရားကို စစ်မှန်စွာ ပိုင်ဆိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သလို လက်တွေ့လုပ်ဆောင်နိုင်သူတစ်ဦးတစ်ယောက်အပေါ် အမြင်တစ်ခု သို့မဟုတ် ထင်မြင်ချက်တစ်ခု ရှိလျှင်၊ ထိုလူက အားနည်းချက်များ ရှိပြီး အမှားများ လုပ်သည်ကို သူတို့ ရှာတွေ့ပြီး အပြစ်တင်၊ ဝေဖန်လျှင် သို့မဟုတ် သူ့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းလျှင်၊ ထိုလူက သူတို့ကို မုန်းခြင်းဖြင့် အဆုံးသတ်လိမ့်မည် မဟုတ်လော။ ထိုလူသည် အရင်ဦးဆုံး ကိစ္စရပ်ထဲသို့ ကြည့်ရှုပြီး တွေးရမည်။ ‘ခင်ဗျား ပြောတာ မှန်လား၊ ဒါမှမဟုတ် မှားလား။ အဲဒါက အမှန်တရားတွေနဲ့ ကိုက်ညီရဲ့လား။ အဲဒါ အမှန်တရားတွေနဲ့ ကိုက်ညီရင် ကျွန်တော် လက်ခံလိုက်မယ်။ ခင်ဗျားပြောတာက တစ်ဝက်တစ်ပျက် မှန်တယ်ဆိုရင် ဒါမှမဟုတ် အခြေခံအားဖြင့် အမှန်တရားတွေနဲ့ ကိုက်ညီတယ်ဆိုရင် ကျွန်တော် လက်ခံမယ်။ ခင်ဗျား ပြောတာက အမှန်တရားတွေနဲ့ မကိုက်ညီပေမယ့် ခင်ဗျားက ဆိုးယုတ်တဲ့ လူတစ်ယောက် မဟုတ်တာကို ကျွန်တော် မြင်နိုင်တယ်၊ ခင်ဗျားက ညီအစ်ကို ဒါမှမဟုတ် ညီအစ်မ တစ်ယောက်ဖြစ်တယ်ဆိုရင် ကျွန်တော် သည်းခံပြီး ခင်ဗျားကို မှန်မှန်ကန်ကန် ဆက်ဆံမယ်။’” (အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ (၇) တွင်ပါဝင်သော “မိမိကိုယ်ကိုယ် သိရှိခြင်းကို လက်တွေ့လုပ်ဆောင်ရန် ဖြေရှင်းရမည့် သွေဖည်မှုများနှင့် အမှားများ”) မိတ်သဟာယမှ၊ အဆင်းနီသော နဂါးကြီး အာဏာရလာကတည်းက၊ သာမန်လူတို့ကို ထည့်တွက်ဖို့ သူက လုံးဝ စိတ်မဝင်စားခဲ့သလို နိုင်ငံကို မည်သို့ စီမံရမည် သို့မဟုတ် တရုတ်လူမျိုးများကို ပျော်ရွှင်သည့်ဘဝများ မည်သို့ ရှင်သန်ခွင့်ပေးရမည်ကို လုံးဝ မစဉ်းစားခဲ့ပါ။ ယင်းအစား၊ သူလုပ်သမျှတိုင်းမှာ သူ၏ ကိုယ်ပိုင် ရာထူးနှင့် အာဏာတို့ကို ကာကွယ်ဖို့သာ ဖြစ်သည်။ လူတို့အပေါ် အမြဲတစေ အုပ်စိုးဖို့ရန်နှင့် လူတို့ကို သူ၏ လက်ခုပ်ထဲတွင် ခိုင်ခိုင်မာမာ ဆက်ထိန်းချုပ်ထားဖို့ရန်အလို့ငှာ အတွေးအမြင်ပေါင်းစည်းခြင်းနှင့် သဘောထားပေါင်းစည်းခြင်း မူဝါဒကို အကောင်အထည်ဖော်လေသည်။ သူက လူတို့ကို ဆန့်ကျင်သော အမြင်များ ရှိခြင်း နှင့် ယင်းကို ငြင်းဆိုခြင်း မပြုဖို့ တားမြစ်သည်။ အတွေးအမြင်တစ်ခုကို အဆိုပြုထားပြီး သူကိုယ်တိုင်က ထောက်ခံသရွေ့၊ ယင်းက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အယောကတိုင်းက လက်ခံရမည်ဖြစ်ပြီး အယောက်တိုင်းက ယင်းကို အပြည့်အဝ လိုက်လျောပေးရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်က ယင်းကို သဘောမတူ သို့မဟုတ် ဆန့်ကျင်လျှင်၊ သူက “ငါ့နောက်လိုက်သောသူတို့သည် ကြီးပွားတိုးတက်လိမ့်မည်ဖြစ်သော်လည်း ငါ့ကို ဆန့်ကျင်သူတို့သည် သေရလိမ့်မည်” ဟူသော ဆိုးယုတ်သည့် ဥပဒေကို လိုက်စားခြင်းဖြင့် ထိုသူတို့၏ အသက်များကို ယူလိမ့်မည်ဖြစ်ပြီး သူတို့အပေါ် တားမြစ်ချက်များ ချမှတ်လိမ့်မည်ဖြစ်သည်။ ကန့်ကွက်ချက် တင်ပြသော မည်သူကိုမဆို ဖယ်ရှားရမည့် ကင်ဆာရောဂါတစ်ခုအဖြစ် အမြင်ခံရပြီး ဆန့်ကျင်သော သူအားလုံးကို မြန်နိုင်သမျှ မြန်မြန် သတ်ဖြတ်ဖို့နှင့် သူတို့၏ တကယ့်အမြစ်များမှ ဖျက်ဆီးဖို့ အလောတကြီးဖြစ်လျက် ရှိသည်။ ၁၉၈၉ ခုနှစ်၊ ဇွန် ၄ ရက်နေ့က ကျန်နန်မင် စကွဲယားက ကောင်းလိပ်ကျောင်းသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းသည် တကယ့်သာဓကတစ်ခု ဖြစ်သည်။ ထိုကောလိပ်ကျောင်းသားများသည် အကျင့်ပျက်ခြစားခြင်းကို ဆန့်ကျင်ဆန္ဒပြပြီး ဒီမိုကရေစီကို ထောက်ခံနေခဲ့ကြခြင်းသာ ဖြစ်သော်လည်း၊ စီစီပီက သူတို့ကို ရန်သူများအဖြစ် မြင်ခဲ့သည်။ ကျောင်းသား လှုပ်ရှားမှုကို စီစီပီက တန်ပြန်တော်လှန်ရေး ပုန်ကန်မှုအဖြစ် ခေါ်ဆိုခဲ့ပြီး ကျောင်းသားများကို သွေးထွက်သံယိုမှုများသော ဖိနှိပ်ခြင်း ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်မ၏ အပြုအမူနှင့် ထိုအဆင်းနီသော နဂါးကြီး၏ အပြုအမူတို့ကို နှိုင်းယှဉ်ကြည့်သည့်အခါ၊ ကျွန်မ ဖော်ပြနေခဲ့သည့် သဘာဝက ထိုအဆင်းနီသော နဂါးကြီး၏ သဘာဝနှင့် တစ်ထေရာတည်းဖြစ်ခဲ့သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ ကျွန်မသည် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးဖြစ်ပြီး ကျွန်မ၏ စိတ်သဘောထားမှာ လုံးဝ မပြောင်းလဲသေးပါ။ သမ္မာတရား၏ စစ်မှန်မှု တစ်စိုးတစ်စိမျှပင် ကျွန်မ မပိုင်ဆိုင်သလို ကျွန်မ တင်ပြသည့် ရှုထောင့်အမြင်များကလည်း သေချာပေါက် အမြဲတမ်း မှန်ကန်ခြင်းမရှိပါ။ အခြားသူများက မေးခွန်းမထုတ်ဘဲ ကျွန်မပြောတာကို နားထောင်ပြီး နာခံဖို့ ကျွန်မ အမြဲလိုချင်ခဲ့သည်၊ သို့မဟုတ်လျှင် သူတို့ကို ကျွန်မ စိတ်ကုန်ပြီး ရှောင်ဖယ်လိမ့်မည်ဖြစ်သည်၊ ဤမျှလောက်တောင် ဖြစ်သည်မို့ ကျွန်မတို့သည် မကျေအေးနိုင်သောသူ ဖြစ်လာခဲ့သည်။ သူတို့ကို ကျွန်မ ဖယ်ရှားဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို စဉ်းစားခဲ့သည်။ကျွန်မ အလွန်ဆိုးယုတ်ပြီး လူသားသဘာဝ ကင်းမဲ့လှပါသည်။ ကျွန်မတို့ အချင်းချင်း၏ အားသာချက်များမှ သင်ယူနိုင်ဖို့၊ ညီညွှတ်စွာ အလုပ်လုပ်ဖို့နှင့် ဘုရားသခင်ကို ကျေနပ်စေဖို့ ကျွန်မတို့၏ တာဝန်ကို အတူတကွ ဆောင်ရွက်နိုင်ရန်အလို့ငှာ ကျွန်မတို့၏ တာဝန်ကို အတူတူဆောင်ရွက်ဖို့ အသင်းတော်က ညီအစ်ကို မောင်နှများနှင့် ကျွန်မအတွက် မည်သို့ စီစဉ်ခဲ့သည်ကို ကျွန်မ တွေးမိခဲ့သည်။ သို့တိုင် ကျွန်မသည် ဤအရာများကို လုံးဝ မစဉ်းစားခဲ့မိပါ၊ ယင်းအစား ကျွန်မ၏ ကိုယ်ပိုင် ရာထူးကို ကျွန်မ ဆက်ထိန်းနိုင် မထိန်းနိုင်၊ ကျွန်မ၏ ကိုယ့်ကိုယ်ကိုယ် အရေးထားခြင်းနှင့် ဂုဏ်သိက္ခာ ထိခိုက်နိုင် မထိခိုက်နိုင်ဆိုသည်နှင့် အခြားသူတိုင်းက ကျွန်မကို နားထောင်မည် နားမထောင်မည်တို့ကိုသာ စဉ်းစားခဲ့သည်။ ကျွန်မနှင့် ကွဲပြားသည့် အမြင်ရှိသူတို့ကိုမူ၊ သူတို့ကို ကျွန်မ ဖယ်ထုတ်ပြီး ဖိနှိပ်ခဲ့သည်။ ကျွန်မသည် မိမိ၏ ကိုယ်ပိုင် တောင်ကုန်းပေါ်တွင် သခင်တစ်ဦးကဲ့သို့ အုပ်စိုးသည့် ဓါးပြတစ်ဦးကဲ့သို့ အမှန်တကယ် ပြုမူခဲ့ပါသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့်၊ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်ရာတွင် ဘုရားသခင်ကို ကျွန်မ မည်သို့ စိတ်ကျေနပ်စေနိုင်မည်နည်း။ ကျွန်မသည် မကောင်းမှုကိုသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ဘုရားသခင်ကို အာခံနေခြင်း ဖြစ်ပါသည်။ ဤအရာများကို ကျွန်မ စဉ်းစားကြည့်သည့်အခါတွင် ကျွန်မ ပိုပြီးတော့တောင် ရှက်ရွံ့မိပါသည်။ ကျွန်မ အလွန် မာနထောင်လွှားပြီး စိတ်ကြီးဝင်ခဲ့ခြင်း၊ အဆင်းနီသော နဂါးကြီးကဲ့သို့ အလားတူ စိတ်သဘောထား ကျွန်မတွင် ရှိပြီး အဆင်းနီသော နဂါးကြီး လုပ်ခဲ့သမျှအားလုံးကို ကျွန်မလည်း အလွန်လုပ်ဆောင်နိုင်စွမ်းရှိခြင်းတို့ကို ကျွန်မ သိမြင်ခဲ့ရသည်။ ထို့နောက်တွင်မှ ကျွန်မသည် အဆင်းနီသော နဂါးကြီး၏ သားသမီး ဧကန်အမှန် ဖြစ်ပြီး အဆင်းနီသော နဂါးကြီး၏ အဆိပ်များဖြင့် ကျွန်မ ပြည့်နေခဲ့သည်ကို ကျွန်မ မြင်ခဲ့ရခြင်း ဖြစ်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ကျွန်မ မလိုက်စားခဲ့လျှင်၊ ဘုရားသခင်၏ အမှုတော်ကို ကြားဖြတ်ပြီး နှောင့်ယှက်မည့် အရာများကို ကျွန်မ အမှတ်တမဲ့ လုပ်မိခဲ့လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် ကိုယ်တော်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိခြင်းအတွက် ဘုရားသခင်၏ အပြစ်ပေးခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ခံခဲ့ရလိမ့်မည်ဖြစ်သည်။ ထိုအခိုက်အတန့်တွင်၊ ဘုရားသခင်၏ အလိုတော်နှင့် ကောင်းမြတ်သော ရည်ရွယ်ချက်များကို ကျွန်မ စတင်နားလည်ခဲ့သည်။ ဤအခြေအနေသာ ကျွန်မအပေါ် မကျရောက်ခဲ့လျှင်၊ မာနထောင်လွှားပြီး စိတ်ကြီးဝင်သလို အားလုံးအပေါ် ကြီးစိုးမှုကို ရှာဖွေသည့် အဆင်းနီသော နဂါးကြီး၏ အနှစ်သာရ နှင့် ဘုရားသခင်ကို အာခံသည့် ဆိုးယုတ်သော သဘာဝ နှစ်ခုလုံးကို ကျွန်မ ပိုင်ဆိုင်သည်ကို လုံးဝ သတိပြုမိနိုင်ခဲ့လိမ့်မည် မဟုတ်ပါ။ တစ်ချိန်တည်းတွင်၊ ဤအခြေအနေမျိုးကို ဘုရားသခင် စီမံခြင်းမှာ အလွန်မာနထောင်လွှားပြီး စိတ်ကြီးဝင်သူ၊ မိမိကိုယ်ကိုယ် အလွန် အထွတ်အထိပ်အဖြစ် တွေးတောသူ ကျွန်မကဲ့သို့သော တစ်စုံတစ်ဦးကို အကောင်းဆုံး ကွယ်ကာမှုဖြစ်သည်ကိုလည်း ကျွန်မ နားလည်လာခဲ့ပါသည်။ ညီအစ်ကို မောင်နှမများအားလုံးက ကျွန်မကို အားပေးကာ ထောက်ခံပြီး မည်သူမျှ ကန့်ကွက်ချက်တစ်စုံတစ်ရာ မတင်ပြခဲ့လျှင်၊ ကျွန်မအနေဖြင့် ပိုမို မာနထောင်လွှားပြီး စိတ်ကြီးဝင်မိခဲ့လိမ့်မည်ဖြစ်သည်၊ အခြားသူများကို အကြောင်းအရာအားလုံးတွင် ကျွန်မနောက်လိုက်စေပြီး ကျွန်မကို နာခံစေခဲ့မိပါလိမ့်မည်။ သတိပင် မထားမိပါဘဲ ကျွန်မ၏ ကိုယ်ပိုင် နယ်ပယ်ကို အုပ်စိုးရင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်က ကျွန်မကို စက်ဆုပ်ပြီး ငြင်းပယ်သည်အထိ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိလျက်၊ ဘုရားသခင်၏ နေရာတွင် ကျွန်မ ရပ်တည်ခဲ့မိလိမ့်မည်ဖြစ်သည်။ ဤအရာများကို ကျွန်မ နားလည်ခဲ့သည့်အချိန်တွင် ကျွန်မ၏ အူထဲအသည်းထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ဆက်ကပ်ခဲ့ပါသည်။ ဤညီအစ်ကိုနှင့်ပတ်သက်သော ကျွန်မ၏ မလိုမုန်းထားမှုများနှင့် ထင်မြင်ချက်များကိုလည်း ကျွန်မ လက်လွတ်ခဲ့သည်။ အတွေးအမြင်များ ဖလှယ်ဖို့ဖြစ်သော ဤအစည်းအဝေး မည်သို့ဖြစ်လာပါစေ၊ ကျွန်မ၏ ဆိုးယုတ်သော သဘာဝကို ကျွန်မ စွန့်လွှတ်ချင်နေခဲ့ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုများကို ကျိုးနွံနာခံချင်မိပါသည်။ အစည်းအဝေး၏ ရလဒ်က ကျွန်မ၏ မျှော်လင့်ချက်များအားလုံးကို ကျော်လွန်ခဲ့လိမ့်မည်ဟု ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ပါ။ ထိုနေ့တွင်၊ ဘုရားသခင်၏ လမ်းပြမှုအောက်၌၊ အစည်းအဝေးက အလွန်ချောချောမောမာ ဖြစ်ခဲ့ပြီး ထိုညီအစ်ကိုနှင့် ကျွန်မ အတွေးအမြင်များ ဖလှယ်သည့်အချိန်တွင် ကျွန်မတို့ ဘုံရပ်တည်ချက်ကို ကျွန်မတို့ ရှာတွေ့နိုင်ခဲ့ကြပြီး အချင်းချင်း၏ အားနည်းချက်များကို ကျွန်မတို့နှစ်ဦးလုံးက ကူညီအားဖြည့်ခဲ့ကြပါသည်။ ဘုရားသခင်၏ လမ်းပြမှုကို ကျွန်မတို့ မှီခိုခဲ့ကြပြီး အစည်းအဝေးကို ချောချောမောမော အဆုံးသတ်နိုင်ခဲ့ကြသည်။

ဘုရားသခင်၏ ဖော်ထုတ်ခံရခြင်းမှတဆင့်၊ ကျွန်မသည် အမှန်တကယ် အဆင်းနီသော နဂါးကြီး၏ သားသမီး အမှန်ပင် ဖြစ်သည်ဆိုသည်နှင့် အဆင်းနီသော နဂါးကြီး၏ အဆိပ်များက အချိန်ကြာမြင့်စွာကတည်းက ကျွန်မ၏ ဘဝဖြစ်လာခဲ့သည်ဆိုသည်တို့ကို ကျွန်မ သတိပြုလာမိခဲ့သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကျွန်မ မစွန့်ပစ်နိုင်ခဲ့လျှင်၊ နောက်ဆုံး၌ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုတို့ကိုသာ ကျွန်မ ခံခဲ့ရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်က ကျွန်မကို သုတ်သင်ဖယ်ရှားပစ်လိမ့်မည်ဖြစ်ပြီး ကယ်တင်ခြင်းရရှိဖို့ ကျွန်မ၏ အခွင့်အရေးကို ကျွန်မ ထာဝရ ဆုံးရှုံးခဲ့ရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည်ကို ကျွန်မ တွေးမိခဲ့ပါသည်။ “အဆင်းနီသောနဂါးကြီး၏ နိုင်ငံတွင် မွေးဖွားသော ငါ၏လူတို့အနေဖြင့် အကယ်စင်စစ် သင်တို့၏အတွင်း၌ အဆင်းနီသောနဂါးကြီး၏ အဆိပ် အနည်းငယ်မျှပင် မရှိသည်သာမက တစ်စိတ်တစ်ပိုင်းမျှလည်း မရှိပေ။ ထို့ကြောင့် ငါ့အမှု၏ ဤအဆင့်သည် အဓိကအားဖြင့် သင်တို့အပေါ် ဗဟိုပြုထားခြင်းဖြစ်ပြီး၊ ဤသည်မှာ တရုတ်နိုင်ငံတွင် ငါလူ့ဇာတိခံယူခြင်း၏ အရေးပါမှုလက္ခဏာ တစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁))ဤလူတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးများ ဖြစ်သည်ဟု ယခင်က ပြောထားခဲ့ပေသည်။ အမှန်တွင် ရှင်းလင်းအောင် ပြောရလျှင်၊ ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ ပြယုဂ်ဖြစ်ကြ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) လူကိုကယ်တင်ဖို့ ဘုရားသခင်၏ အမှုတော်မှာ အလွန်လက်တွေ့ကျပြီး အမြော်အမြင်ရှိသည်ကိုလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မ နားလည်လာခဲ့သည်။ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ကျွန်မတို့ထဲရှိ ဆိုးယုတ်သော သဘာဝကို ဖော်ထုတ်ဖို့ သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြပါသည်။ အမှန်တရားများကို ထုတ်ဖော်ပြခြင်းအားဖြင့်၊ ဘုရားသခင်က ကျွန်မထဲရှိ အဆင်းနီသော နဂါးကြီး၏ အဆိပ်များကို သိနားလည်မှုနှင့် သိမြင်မှုအချို့ ကျွန်မကို ရှိခွင့်ပေးခဲ့ပြီး ဤနည်းအားဖြင့် ၎င်း၏ ဖျက်ဆီးခံရခြင်း သို့မဟုတ် အန္တရာယ်ပြုခံရခြင်းတို့ လုံးဝမဖြစ်စေရန်အတွက် ၎င်းအား ငြင်းပယ်စွန့်လွှတ်စေခဲ့ပါသည်။ ကျွန်မအထဲတွင် ဆိုးယုတ်သော ဒဿနများ၊ နဂိုမှန်အဆိုများစွာနှင့် အဆင်းနီသော နဂါးကြီး၏ အဆိပ်များ ရှိနေသေးသည်ကို ကျွန်မ သိခဲ့ပါသည်။ သို့သော် ထိုနေ့မှစ၍၊ သမ္မာတရားကို လေးလေးနက်နက် လိုက်စားဖို့၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန်၊ အဆင်းနီသော နဂါးကြီး၏ အဆိပ်များအားလုံးကို မိမိကိုယ်ကိုယ် ဖယ်ရှားရန် မြန်နိုင်သမျှမြန်မြန် ကြိုးပမ်းပြီး ဘုရားသခင်၏ စိတ်နှလုံးတော်ကို နှစ်သိမ့်မှု ဆောင်ကျဉ်းဖို့ရန်အလို့ငှာ လူသားပုံသဏ္ဍာန်တစ်ခုကို အသက်ရှင်နေထိုင်ဖို့သာ ဆန္ဒရှိခဲ့ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အယောင်ဆောင်ခရစ်တော်များကို သတိထားခြင်းမှ ရရှိခဲ့သည့် သင်ခန်းစာများ

ကျစ်ကျန်း တရုတ်နိုင်ငံ ကျွန်တော်က အိမ်တွင်းအသင်းတော်တစ်ခုမှာ တွဲဖက်အမှုဆောင်ပါ။ ၂၀၀၀ခုနှစ် နေ့တစ်နေ့မှာ အထက်ခေါင်းဆောင်တွေက...

ဧဝံဂေလိဖြန့်ဝေခြင်း လမ်းကြမ်း (၂)

မြန်မာနိုင်ငံ အမ်းရှင်း ၂၀၂၂ခုနှစ်၊ စက်တင်ဘာလမှာ ယုံကြည်သူသစ်တစ်ယောက်က ကျွန်မတို့ကို သူ့မိဘတွေရဲ့ ရွာဆီ ဧဝံဂေလိဟောဖို့ ခေါ်သွားတယ်။ အဲဒီမှာ...

တရားစီရင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်

ရှီးအင်း အမေရိကန်နိုင်ငံ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူသားသည် အဆုံး၌ ဘုရားသခင်အတွက် မည်သည့်သက်သေကိုခံသနည်း။ ဘုရားသခင်သည်...

လူသစ်တွေကို လေ့ကျင့်ပေးရင်း ကျွန်တော် ထုတ်ဖော်ခံရတယ်

ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။