ဘုရားသခင်၏ အမှုတော်သည် အလွန် ဉာဏ်ပညာရှိ၏

19.09.2019

ရှီဂျီ၊ မန်းရှန်းမြို့၊ အန်းဟွေစီရင်စု

အသင်းတော်၌ ဦးဆောင်သူတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့စဉ် အချိန်အတွင်းတွင် ကျွန်တော့် ခေါင်းဆောင်သည် ကျွန်တော်တို့ အတွက်သင်ခန်းစာအဖြစ် အသုံးချရန် အခြားသူတို့၏ ကျရှုံးခြင်း ဥပမာများကို မကြာခဏ မျှဝေလေ့ရှိသည်။ ဥပမာအားဖြင့်၊ အချို့ခေါင်းဆောင်များသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကိုသာ ပြောကြသော်လည်း သူတို့ ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ပြရန် ပျက်ကွက်ကြသည်၊ သို့တည်းမဟုတ် လက်တွေ့တွင် သမ္မာတရား အကျိုးသက်ရောက်ပုံနှင့်ဆိုင်သော သူတို့၏ နားလည်မှုနှင့်ပတ်သက်ပြီး မဆွေးနွေးကြပေ။ အကျိုးဆက်အားဖြင့်၊ သူတို့သည် လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်နိုင်ဘဲ အစားထိုးခံရမည့် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်လာကြသည်။ အချို့ ခေါင်းဆောင်များက ကြွားဝါကြသည်၊ သူတို့ကိုယ်သူတို့ ချီးမြှောက်ကြပြီး သူတို့၏အဆင့်အတန်းကို ကာကွယ်ရန် သူတို့ကိုယ်သူတို့ သက်သေခံကြသည်။ အဆုံးသတ်၌၊ ထိုကဲ့သို့သော ခေါင်းဆောင်များသည် သူတို့ရှေ့သို့လူများကို ဦးဆောင်ပြီး ဆိုးသွမ်းသော အပြုအမူများအားလုံးကို လုပ်ဆောင်ကာ အသင်းတော်မှ နှင်ထုတ်ခြင်းခံရသည့် အန္တိခရစ်များ ဖြစ်လာကြသည်။ အချို့ခေါင်းဆောင်များသည် သူတို့၏အလုပ်ဆောင်ရွက်နေစဉ် အားလပ်ချိန်ကို တောင့်တရင်း စစ်မှန်သောအလုပ်တစ်ခုခုကို မည်သည့်အခါမျှ မလုပ်ဘဲ သူတို့၏ ကိုယ်ပိုင်ဇာတိပကတိအဖို့ အကြီးအကျယ် အလေးပေးမှုကို ပြကြသည်။ ထိုသို့သော ခေါင်းဆောင်များသည် အသင်းတော် အဆင့်အတန်း၏ အကျိုးကျေးဇူးများအပေါ် မှီခိုပြီး အသက်ရှင်နေသော ကပ်ပါးကောင်များနှင့် တူပေသည်။ အဆုံးသတ်၌၊ သူတို့သည် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရကြသည်။ ဤသို့သော ကျရှုံးမှု အဖြစ်အပျက်များကို ကြားရသည့်အခါ၊ ကျွန်တော့်၏ စိတ်ထဲသို့ မေးခွန်းတစ်ခု ရောက်လာခဲ့သည်။ ဘုရားသခင်သည် အနန္တတန်ခိုးရှင် မဟုတ်သလော။ ဤကဲ့သို့သော ခေါင်းဆောင်များ၏ မကောင်းမှုများ ကျူးလွန်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် အသင်းတော်၏ အလုပ်ကို အပျက်သဘောဆောင်သည့် လွမ်းမိုးမှု ရှိခြင်းတို့ကို ထောက်ဆလျှင် အဘယ်ကြောင့် ဘုရားသခင်သည် ဤအယောင်ဆောင် ခေါင်းဆောင်များကို ဖော်ထုတ်ပြီး ဖယ်ရှားရန် အဆောတလျင် ကြားမဝင်ခဲ့သနည်း။ ဤနည်းအားဖြင့်၊ ကျွန်တော့် ညီအစ်ကို မောင်နှမများ၏ အသက်တာနှင့် အသင်းတော်၏ အလုပ်အားလုံးသည် ဘေးအန္တရာယ်မှ လွတ်ကင်းလိမ့်မည်လား။ ဤ မေးခွန်းသည် အဖြေမရှိဘဲ ကျွန်တော်၏ အတွေးများထဲ၌ ကျန်ရစ်ခဲ့သည်။

တစ်ရက်မတိုင်မီထိ၊ ကျွန်တော်သည် အောက်ပါစာပိုဒ်ကို ဒေသနာတစ်ခုထဲတွင် ဖတ်ခဲ့ရသည်။ “တချို့လူတွေဟာ အဆင့်တိုင်းက ခေါင်းဆောင်တွေကို အမြဲတမ်း အသံကုန်ဟစ် ဝေဖန်ပုတ်ခတ်ကြပြီး တာဝန်မဲ့တဲ့ မှတ်ချက်တွေကို ပြုကြတယ်။ ဒီအပြုအမှုက ဒီလူတွေထဲ အဘယ်အရာကို ဖော်ပြနေသလဲ။ အဲဒါက သူတို့ဟာ မာနထောင်လွှားပြီး၊ စိတ်ကြီးဝင်တဲ့အပြင်၊ ဆင်ခြင်ဉာဏ်မရှိသူတွေ ဖြစ်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အမှုတော်ကို လုံးဝ နားလည်ခြင်းမရှိသူတွေ ဖြစ်လို့ သူတို့ဟာ မှန်ကန်တဲ့ နားလည်သဘောပေါက်မှု မရရှိနိုင်ဘူး ဆိုတာကို ဖော်ထုတ်နေပါတယ်။ တကယ်လို့ ဒီလူတစ်ယောက်က သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ကင်းမဲ့ပြီး ဘုရားသခင် ရွေးချယ်ထားသူကို သူ့အလုပ်အားဖြင့် သမ္မာတရားထဲ တွဲခေါ်မလာတာကို သင်သတိပြုမိရင် ဒီအရာက သင်ဟာ သမ္မာတရားထဲဝင်ရောက်ခဲ့ပြီးဖြစ်တာကို သက်သေပြနေတယ် မဟုတ်ပါလား။ တကယ်လို့ တစ်ဦးတစ်ယောက် ဒီလိုအရာတွေ ဖြစ်ပျက်နေတာကို မြင်ရင်၊ တကယ်လို့ အယောင်ဆောင် အမှုတော်ဆောင်တွေ ဒါမှမဟုတ် အယောင်ဆောင် တမန်တော်တွေ ပေါ်လာရင်၊ ဘုရားသခင် ရွေးကောက်ထားသူတွေရဲ့ တာဝန်က ဘာဖြစ်ပါသလဲ။ ဘုရားသခင် ရွေးကောက်ထားသူက ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်သင့်ပါသလဲ။ သင်က သင့်ရဲ့ အထက်အရာရှိတွေဆီ ပြဿနာကို အစီရင်ခံနိုင်ပြီး အဲဒီလူကို ဖော်ထုတ်နိုင်တယ်။ ဘုရားသခင် ရွေးကောက်ထားသူက ပြဿနာကို ပိုပြီးသတိပြုမိနိုင်ဖို့ သင့်လျော်တဲ့ စီမံချက်ကို လုပ်ဆောင်ပါ။ အကြောင်းကြားဖို့၊ ဖော်ထုတ်ဖို့နဲ့ အကြုံပေးချက်တွေ အဆိုပြုဖို့အတွက် သင့်လျော်သော စီမံမှုတွေ လုပ်ဆောင်ခြင်းအားဖြင့် ပြဿနာက ဒီနည်းနဲ့ ပြေလည်သွားတယ် မဟုတ်လား။ ဒါကြောင့်၊ ဘုရားသခင်ရဲ့ ရွေးကောက်ခံက တာဝန်ကို ယူရမှာဖြစ်ပြီး အဲဒီလိုကိစ္စတွေကို ဘယ်လို အကောင်းဆုံး ဖြေရှင်းရမယ်ဆိုတာကို သိရမယ်။ တကယ်လို့ ဘုရားသခင် ရွေးကောက်ထားသူမှာ သမ္မာတရား မရှိရင် သူတို့က ဒီလိုပြဿနာတွေကို ဖြေရှင်းရာမှာ သင့်လျော်စွာ ပြုမူတတ်မှာ မဟုတ်တာ သေချာပါတယ်။ တချို့လူတွေမှာခိုင်မာတဲ့ တရားမျှတတဲ့စိတ်ရှိပြီး သူတို့ကဘုရားသခင်ရဲ့ အမှုတော်ကို နှောက်ယှက်သူတွေနဲ့ ဖျက်ဆီးသူတွေကို အသင်းတော်အတွင်းမှာ ခွင့်ပြုမှာ မဟုတ်ပါဘူး။ သူတို့က အဲဒီလို ပုဂွိုလ်တစ်ဦးကို တွေ့လျှင်တွေ့ခြင်း ချက်ခြင်း အကြောင်းကြားပြီး သူတို့ကို ဖယ်ရှားတတ်ပါတယ်။ တချို့လူတွေက နှောက်ယှက်သူတွေ ဒါမှမဟုတ် ဖျက်ဆီးသူတွေကို ခုခံကြမှာဖြစ်ပြီး အချို့လူတွေကတော့ မျက်ကန်းလို နာခံကြတယ်။ တချို့လူတွေက ခေါင်းဆောင် မည်သူပဲဖြစ်ပါစေ သူ့ကို မျက်ကန်းပမာ ကိုးကွယ်ကြပြီး သူ့နောက်လိုက်ကြတယ်။ တခြားသူတွေက ချင့်ချိန်နိုင်စွမ်းမရှိဘဲ ပြုမှုကြတယ်။ လူတွေ ပြောသမျှကို လက်ခံပြီး အလေးဂရုပြုကြတယ်။ ဒါကြောင့်၊ သင်သိတဲ့အတိုင်း ဒီနည်းနဲ့၊ အမျိုးမျိုးသော လူအားလုံး ဖော်ထုတ်ခံရတာဖြစ်တယ်။ ဒီလို အမှုအရာတွေ ဖြစ်လာတဲ့အခါမှာ၊ အဲဒါတွေက လူတွေကို ထုတ်ဖော်ပြီး၊ အဲဒါတွေရဲ့ နောက်ကွယ်မှာက ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက် တစ်ခုရှိပါတယ်။တကယ်လို့ ဘုရားသခင် ရွေးကောက်ထားသူတွေမှာ သမ္မာတရားအကြောင်း နားလည်မှုခိုင်မာရင် သူတို့အများစုက အယောင်ဆောင် တမန်တော်များနှင့်အယောင်ဆောင် အမှုတော်ဆောင်တွေ ပေါ်ထွက်ချိန်မှာ သူတို့ကို သတိပြုမိနိုင်မယ်၊ ခုခံနိုင်ပြီး ငြင်းပယ်နိုင်မယ်။ ဒီအရာက ဘာကို ပြပါသလဲ။။ ဒီအရာက ဘုရားသခင့်ရွေးကောက်ခံရဲ့ အသက်တာတွေဟာ ရင့်ကျက် ကြီးထွားလာပြီးဖြစ်ကြောင်း၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို အပြည့်အဝ ရရှိပြီးဖြစ်ကြောင်းနဲ့သူတို့က ဘုရားသခင်ရဲ့ရယူခြင်းနဲ့ စုံလင်စေခြင်းကို ခံရပြီးဖြစ်ကြောင်းတို့ကို ဖော်ပြနေပါတယ်။ ဒီလိုနဲ့ ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေက အဲဒီလိုဖြစ်ပျက်တဲ့ နေရာတိုင်းမှာ ရှိနေပါတယ်။” (အသက်တာထဲသို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ဒေသနာများနှင့် မိဿဟာယဖွဲ့ခြင်း အတွဲ ၃ ထဲရှိ “လူသား၏ အယူအဆများနှင့် တရားစီရင်ချက်များကို မည်သို့သိနိုင်မည်နည်း။”) ဤအရာ က ကျွန်တော်၏ ရှုပ်ထွေးခြင်းကို လုံးလုံးလျားလျား ဖြေရှင်းပေးခဲ့သည်။ တကယ်တမ်းတွင်မူ ဘုရားသခင်သည် အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များကို ကျွန်တော်တို့၏ အသင်းတော်အတွင်း ပေါ်လာဖို့ ခွင့်ပြုပါသည်။ အကြောင်းမှာ၊ ဤသည်က အမျိုးမျိုးသော လူများအားလုံးကို ဖော်ထုတ်ရန် ဘုရားသခင်ကို လမ်းဖွင့်ပေးသောကြောင့် ဖြစ်သည်။ ယင်းက သူတို့ သမ္မာတရားကို နားလည်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင် ရန်အလို့ငှာ ဘုရားသခင်ကို လူများအတွင်း၌ သမ္မာတရားကို စိုက်ပျိုးခွင့် ရစေပြီး လူများကို အသိအမှတ်ပြုခြင်းနှင့် အသိပညာတို့ကို ပေးသည်။ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များက မကောင်းမှုများ ကျူးလွန်ပြီး အသင်းတော်၏ အမှုတော်ကို နှောက်ယှက်သောအခါ အသင်းတော်၏အကျိုးကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဘုရားသခင်အဖို့ သက်သေအနေနှင့် ရပ်တည်ရန် သမ္မာတရားကို ရှာဖွေပြီး တရားမျှတသောစိတ် ရှိသောသူအားလုံးသည် ရင်ဆိုင်ကာ ကျူးလွန်သော အပြုအမှုများကို အကြောင်းကြားခြင်း၊ ဖော်ထုတ်ခြင်း၊ ခုခံခြင်းနှင့် စွန့်ခွာခြင်းတို့ကို ပြုလုပ်လိမ့်မည်။ သူတို့သည် သိမှတ်ခြင်း မရှိဘဲ၊ အများလုပ်သလို လိုက်လုပ်ရန်သာ တတ်စွမ်းနိုင်သောကြောင့် သမ္မာတရားကို ရှာဖွေခြင်းမရှိသော အခြားသူများနောက်သို့ မျက်စိမှိတ် ခေါင်းညိတ်ကာ မျက်ကန်းပမာ လိုက်ကြသည်။ သို့သော် တခြားသူများ နောက်သို့ လက်လွတ်စပယ် လိုက်သူတို့သည် မကောင်းမှုပြုသူများနှင့် ပူးပေါင်းကြံစည်ခြင်းဖြင့် အဆုံးသတ်ကြလေသည်။ သူတို့သည် သမ္မာတရားကို မချစ်ဘဲ၊ တခြားသူများနောက်သို့သာလိုက်၍ ကိုးကွယ်ရှာဖွေကြသဖြင့်၊ ထိုအရေးမပါသော ထိန်းသိမ်းသူများနှင့် သြဇာညောင်းသူကို မျက်နှာလုပ်သူ များသည် မိစ္ဆာ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ၏ လှည့်စားခြင်းကို ခံရလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ အမှုတော်ကို အသိအမှတ်မပြုသောကြောင့်၊ မာနထောင်လွှားသောသူနှင့် ဆင်ခြင်တုံတရားမရှိသူသည် အသင်းတော်၏ အမှုတော်နှင့် စပ်လျဉ်း၍ ထင်မြင်ချက်များပေးပြီး အယူအဆများ ဖန်တီးကြသည်။ ဘုရားသခင်၏ အမှုတော်အပေါ် သံသယဝင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းကိုပင် လုပ်ဆောင်ကြသည်။ ဤအတွက်ကြောင့်၊ သူတို့သည် ဖော်ထုတ်ခြင်းခံရသည်။ ရှင်းလင်းသည့်အတိုင်း၊ ဘုရားသခင်၏ အမှုတော်သည် အလွန် ဉာဏ်ပညာရှိ၏။ ဘုရားသခင်သည် လူသားများကို ဖော်ထုတ်ရန်၊ လေ့ကျင့်စေရန်နှင့် ပြည့်စုံစေရန်အတွက် လူများ၏ အယူအဆများနှင့် တစ်သားတည်းမကျသည့် ဤကဲ့သို့သော အရာများမှတဆင့် အမှုပြုသည်။ ဘုရားသခင်ကို အစစ်အမှန် ယုံကြည်ပြီး သမ္မာတရားနောက်သို့ လိုက်သောသူတို့သည် သမ္မာတရားကို ရှာဖွေရန် တတ်စွမ်းကြသည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်သည်။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သည်။ ဘုရားသခင်ကို စိတ်ကျေနပ်အောင် သက်သေခံအဖြစ် ရပ်တည်ပြီး ဘုရားသခင်၏ ကုစားခြင်းနှင့် ပြည့်စုံစေခြင်းကို ရရှိသည်။ သမ္မာတရားကို မရှာသော သူတို့သည် တပါးသူတို့၏ စကားများကိုသာ ထင်ဟပ်စေကြသည်၊ မျက်ကန်းပမာ ကိုးကွယ်ကြသည် သို့မဟုတ် သူတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အခြေခံပြီး ဘုရားသခင်အပေါ် အကဲဖြတ်ဝေဖန်ခြင်း ဆက်လက်လုပ်ဆောင်ကြသည်။ ဤအတွက်ကြောင့်၊ သူတို့သည် ဖော်ထုတ်ခြင်းခံရပြီး ဖယ်ရှားခြင်းခံရသည်။ ကျွန်တော်သည် အောက်ပါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေးခဲ့သည်၊ “ဆန့်ကျင်ဘက်ပြုပြီး အပျက်သဘောဆောင်သော အရာများစွာ၏ အကူအညီနှင့်၊ စာတန်၏ အမျိုးမျိုးသော သရုပ်သကန်ဖော်ပြချက်များ တည်းဟူသော ၎င်း၏လုပ်ရပ်များ၊ ၎င်း၏စွပ်စွဲချက်များ၊ ၎င်း၏ အနှောင့်အယှက်များနှင့် လှည့်ဖြားမှုများကို အသုံးချခြင်းအားဖြင့် ဘုရားသခင်သည် သင့်အား စာတန်၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း ပြသကာ၊ ထိုသို့ဖြင့် သင်သည် စာတန်ကို မုန်းတီးပြီး ပစ်ပယ်နိုင်ဖို့အလို့ငှာ သင်၏ စာတန်အား ခွဲခြားသိမြင်နိုင်စွမ်းကို စုံလင်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဤအရာက တကယ့်ကို မှန်ကန်လှပေသည်။ လူများသည် အဖြစ်အပျက်တစ်ခုကို ဆိုးသည် သို့မဟုတ် အပျက်သဘောဆောင်သည်ဟု ယူဆကောင်း ယူဆနိုင်သော်လည်း၊ ဘုရားသခင်သည် ဤကဲ့သို့ ဆိုးသော အခြေအနေအားဖြင့် လူများကို အသိအမှတ်ပြုခြင်းနှင့် အသိပညာရရှိရန် အလုပ်လုပ်နေသည်။ ဘုရားသခင်သည် ဤအခြေအနေအားဖြင့် လူများကို သမ္မာတရား သဘောပေါက်မိလာအောင်၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ အတိုင်းအဆမဲ့တန်ခိုးနှင့် အံ့သြဖွယ် အမှုပြုခြင်းတို့ကို သတိပြုမိလာအောင်၊ စာတန်ကို စွန့်လွတ်ပြီး ဘုရားသခင်ထံ ပြန်လာစေရန်အတွက် စာတန်၏ အကြံအစည်များကို မြင်လာအောင် လုပ်ဆောင်နေသည်။ ဤအရာသည် လူသားကို ပြည့်စုံစေရန်အတွက် လူများ၏ အယူအဆနှင့် တစ်သားတည်းမကျသော အရာမှတဆင့် ဘုရားသခင်၏ အလုပ်လုပ်ခြင်း နောက်ကွယ်က အနက်အဓိပ္ပါယ်ပင်ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် အယောင်အဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များကို သူတို့ပေါ်လျှင်ပေါ်ချင်း ဖော်ထုတ်ပြီး ဖယ်ရှားလျှင်၊ လူတို့သည် သမ္မာတရားကို နားလည်အောင် တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ပေ။ တခြားသူများ၏ စစ်မှန်သော သဘောသဘာဝကို အသိအမှတ်ပြုပြီး မြင်နိုင်အောင် မတတ်စွမ်းနိုင်ခြင်း၏ အကျိုးဆက်အနေဖြင့် ထိုခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ အပေါ်ယံ အနစ်နာခံခြင်းနှင့် ရင်းနှီးမြုပ်နှံခြင်းတို့ကြောင့် လူတို့သည် ထင်ယောင်ထင်မှား ဖြစ်ကြလိမ့်မည်။ အကျိုးဆက်အားဖြင့်၊ သူတို့သည် ဘုရားသခင်၏ အမှုတော်အပေါ် အယူအဆများ ဖန်တီးခြင်းနှင့် အကဲဖြတ်ဝေဖန်ခြင်းများ ပြုလုပ်ခြင်း၊ နာကြည်းချက်များ ဖွင့်ဟခြင်းနှင့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များကြောင့် ကျရောက်သော မတရားမှုကိုပင် ခုခံကာကွယ်ပေးလာကြမည်။ ဤနည်းအားဖြင့်၊ ဘုရားသခင်သည် လူသားများကို ပြည့်စုံစေလိုသော သူ၏ ပန်းတိုင်ကို ရရှိရန် တတ်စွမ်းနိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် အတိုင်းအဆမဲ့တန်ခိုးရှင် မဟုတ်ခြင်းကြောင့် သို့မဟုတ် ကိုယ်တော်သည် သူတို့၏ မမှန်ကန်သည့် အပြုအမူများကို အသိအမှတ် မပြုခဲ့ခြင်းကြောင့် ဤကဲ့သို့သော မိစ္ဆာခေါင်းဆောင်များနှင့် မိစ္ဆာအမှုစောင့်များကို ဖော်ထုတ်ရန် ဥပေက္ခာပြုခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုပြုခြင်း ရှိသူနှင့် မရှိသူကြား၊ စစ်မှန်သော ခေါင်းဆောင်များ၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များကြား၊ အယူဝါဒကို ပြောသောသူတို့နှင့် သမ္မာတရား၏ စစ်မှန်မှု ရှိသောသူတို့ကြား၊ ခြားနားချက်ကို အသိအမှတ်ပြုရန်အတွက် လူများကို လေ့ကျင့်သောနည်းလမ်းအဖြစ် ဤအပျက်သဘောဆောင်သော အပြုအမှုများ ပေါ်ထွက်လာစေရန် အလိုရှိခဲ့သည်။ ကိုယ်တော်သည် ကျွန်တော်တို့ကို သမ္မာတရား ရှာသောသူတို့၏ စိတ်နှလုံးကို မြင်ပြီး တရားမျှတသောစိတ်ရှိရန်နှင့် သမ္မာတရားကိုမရှာဘဲ အသိအမှတ်ပြုခြင်း ကင်းမဲ့သောသူတို့နှင့် ဘုရားသခင်၏ အမှုတော်နှင့် စပ်လျဉ်းပြီး အယူအဆများကို အစဉ်အမြဲ ဆုပ်ကိုင်ထားကြသော မာနထောင်လွှားသောသူတို့၏ စိတ်နှလုံးများကို မြင်ရန် လေ့ကျင့်ပေးလိုခဲ့သည်။ လူအပေါင်းတို့သည် သမ္မာတရားကို နားလည်ပြီး ဘုရားသခင့်နှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်သဖြင့် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်း ခံရသည်နှင့်တပြိုင်နက်၊ ထိုအယောင်ဆောင် တမန်တော်များ၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များသည်လည်း အပြီးသတ်သွားလိမ့်မည်။ ဤနည်းလမ်းအားဖြင့်၊ ဘုရားသခင်သည် ဤလူများကို စေ့စေ့စပ်စပ် ဖယ်ရှားသည့်အခါ လူများသည် ဘုရားသခင်ကို နားလည်မှု မလွဲသည်သာမက သူတို့သည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် အတိုင်းအဆမဲ့တန်ခိုးကို ချီးမွမ်းကြလိမ့်မည်။ ရှင်းလင်းသည့်အတိုင်း၊ ဤသို့ဆိုးပြီး အပျက်သဘောဆောင်သော အဖြစ်အပျက်များမှတဆင့် လုပ်ဆောင်သော ဘုရားသခင်၏ အမှုတော်များသည် လူများကို သမ္မာတရားအကြောင်း သဘောပေါက်မိစေသည်၊ အမျိုးမျိုးသောလူတို့အကြောင်းကို သိမှတ်စေသည်၊ ဘုရားသခင်၏ စစ်မှန်သော အမှုတော်ကို မှန်ကန်မှန်ကန်ကန် နားလည်စေသည်။

ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်နှင့် ဉာဏ်ပညာသည် လူများ၏ အယူအဆများနှင့် မညီညွတ်သည့် ထိုအဖြစ်အပျက်များ၌ ပို၍ပင် တည်ရှိကြောင်း အကျွန်ုပ် နားလည်ခွင့်ပေးသည့် ကိုယ်တော်၏ ဉာဏ်ပွင့်စေခြင်းနှင့် လမ်းပြပို့ဆောင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော် ပြောဆိုသကဲ့သို့ “စာတန်၏အကြံအစည်များပေါ် အခြေခံပြီး ငါ၏ဉာဏ်ပညာကို ကျင့်သုံးသည်။” ပြီးလျှင် “အရာခပ်သိမ်းက ဘုရားသခင်အား အစေခံစေရန် ကိုယ်တော်မှ ၎င်းတို့ကို ထိန်းကြောင်းနေခြင်း” အဓိပ္ပါယ်အရှိဆုံးနည်းလမ်းဖြင့် လူများကို ဖော်ထုတ်ပြီး ပြည့်စုံစေသည်။ အနာဂတ်၌ ကျွန်တော်သည် အခြေအနေများကို ကောင်းသည် သို့မဟုတ် ဆိုးသည်ဟု တိုင်းတာရန် ကျွန်တော်၏ နိမ့်ကျသော လူသားအမြင်ကို အသုံးမပြုရန် ကတိပြုပါသည်။ ကျွန်တော် တွေ့ကြုံသမျှ အရာအားလုံး၌ သမ္မာတရားကို အမှန်တကယ် နားလည်ရန်နှင့် သမ္မာတရား၏ ပိုင်ဆိုင်ခြင်းထဲသို့ ဝင်ရောက်ရန် ကျွန်တော်သည် သမ္မာတရားကိုသာ ရှာဖွေရန်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အတိုင်းအဆမဲ့တန်ခိုး၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ရှာဖွေရန် ကတိပြုပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့ရွေးချယ်မှု

၂၀၁၂ မတ်လတုန်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မအမေက ကျွန်မကိုမျှဝေခဲ့တယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို...

မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

ဖုဒမ်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်ခန့်က၊ ကျွန်မကို ခေါင်းဆောင်မှုတာဝန်များ၌ ကူညီဖို့ ညီမရှောက်ကျီက ကျွန်မတို့အသင်းတော်က...

လူ့သဘာဝကို အပြင်ပန်းသဏ္ဌာန်အားဖြင့် ပိုင်းခြားမသိမြင်နိုင်ပေ

ရန်ရွယ်၊ ယူဆီမြို့၊ ရှန်စီမြို့နယ် ကျွန်မ၏ နှလုံးသားထဲတွင် ကျွန်မ ဖခင်သည် လူကောင်းတစ်ယောက်ဟု ကျွန်မ အမြဲတမ်း ယုံကြည်ခဲ့သည်။ တစ်နေ့သောအခါ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။