အသွင်အပြင်အားဖြင့် အကဲဖြတ်ခြင်းသည် တကယ့်ကို အဓိပ္ပါယ်မဲ့သည်

19.09.2019

ယိဖန်၊ ဟေနန်စီရင်စု

ယခင်က၊ ကျွန်မသည် နှစ်လိုဖွယ်ကောင်းကာ၊ သုတကြွယ်ပြီး စကားပြောကောင်းသော လူတို့ကို အထူးသဖြင့် အထင်ကြီးလေးစားမှု ထားရင်း၊ လူတို့ကို သူတို့၏ အသွင်အပြင်များအားဖြင့် ကျွန်မ အကဲဖြတ်ခဲ့ပါသည်။ ထိုသို့သော လူတို့က စဉ်းစားတတ်ပြီး အခြားသူများကို နားလည်ပေးရာတွင် တော်ကြကာ၊ ယေဘုယျအားဖြင့် ကောင်းမွန်ပြီး ကြင်နာကြသည်ဟု ကျွန်မ ယုံကြည်ခဲ့သည်။ လတ်တလောတွင်မှ၊ လက်တွေ့အရှိတရားက ၎င်းဘာသာ ထုတ်ဖော်ပြသည့်အခါ၊ ကျွန်မ ဤအဓိပ္ပါယ်မဲ့သော တွေးခေါ်ပုံကို ပြုပြင်ရန် ဖြစ်လာခဲ့သည်။

နေဝင်ချိန်ရောက်လုလု တစ်ညတွင်၊ ကျွန်မ၏ ဧည့်ခံမိသားစုဆီ ကျွန်မ ပြန်ရောက်လျှင် ပြန်ရောက်ချင်း၊ ဝတ်စုံတစ်စုံ နှင့် သားရေဖိနပ် ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် အခန်းထဲတွင် ထိုင်နေသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ သူ၏ ယဉ်ကျေးဖွယ်ရာရှိပြီး ပညာရှင်ဆန်သော ဟန်ပန်ကို ပေါ်လွင်စေသည့် သားသားနားနား ပြုလုပ်ပြင်ဆင်ထားသော မျက်မှန်တစ်စုံကို သူ တပ်ထားလေသည်။ ကျွန်မ၏ အိမ်ရှင်အမျိုးသမီးမှာ အစ်မကြီးတစ်ဦးဖြစ်ပြီး၊ ထိုလူငယ်က သူ၏ သားဖြစ်ပြီး လက်ရှိအချိန်တွင် မြို့ကြီးတစ်မြို့၏ အစိုးရ မြူနီစီပယ်ဌာနတွင် အရာရှိတစ်ဦးအဖြစ် အလုပ်လုပ်နေသည်ဟု ကျွန်မကို အသိပေးခဲ့ပါသည်။ သူက အလွန် ကြော့ကြော့မော့မော့ ဝတ်စားထားပြီး၊ စကားပြောပုံ နှင့် မိမိကိုယ်ကို ပြုမူ နေထိုင်ပုံ တို့သည် အလွန် ယဉ်ကျေးဖွယ်ရာရှိသည့် ကောလိပ်ဘွဲ့ရတစ်ဦး အဖြစ် အများက လက်ခံထားကြသည်။ အစိုးရမြူနီစီပယ်ဌာနတွင် သင့်တင့်လျောက်ပတ် သော အလုပ်တစ်ခု သူရှိလေသည်။ ကျွန်မမှာ ကျွန်မ၏ မိသားစု ငွေရေးကြေးရေး ချို့တဲ့မှုကြောင့် စောစောစီးစီး ကျောင်းထွက်ခဲ့ရသည့်အတွက်၊ ဤအရာအားလုံးက ကျွန်မကို အလွန်အမင်း အားကျ စေလေသည်။ ထိုသို့သော နှစ်လိုဖွယ်ကောင်းပြီး ပညာရှင်ဆန်မှုတို့ရှိသည့်သူ တစ်ဦးတစ်ယောက်ကို ကျွန်မ မြင်ရသည်မှာ အမှန်တကယ် ပထမဆုံးအကြိမ် ဖြစ်သည်။ ကျွန်မ- “အရမ်းယဉ်ကျေးပြီး အဆင့်အတန်းနဲ့ ရည်မွန်မှု ဒီလောက်မြင့်တဲ့ သူတစ်ယောက်က သေချာပေါက် ဖော်ရွေတတ်ပြီး အကြင်နာတရားရှိသလို စဉ်းစားချင့်ချိန်နိုင်တဲ့ လူကောင်းတစ်ယောက် ဖြစ်မှာပဲ” ဟု မိမိဘာသာ တွေးမိခဲ့သည်။ စိတ်ထဲတွင် ထိုအတွေးဖြင့်၊ သူနှင့်အတူ ယုံကြည်ခြင်းနှင့်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးဖို့ ကျွန်မ စတင်ကြိုးစားခဲ့သည်၊ သို့သော် သူ၏ တုန့်ပြန်မှုမှာ ကျွန်မ မျှော်လင့်ထားသည့်အရာများနှင့် အတော်လေး ဆန့်ကျင်နေခဲ့သည်။ သူ မကျေမနပ် ထလိုက်ပြီး၊ “ဒီနေရာက ခုချက်ချင်း ထွက်သွား။ အခုချက်ချင်းထွက်မသွားရင်၊ ကျုပ်ရဲကိုခေါ်လိုက်မယ်” ဟု အော်ဟစ်ရင်း စားပွဲပေါ် သူ၏လက်သီးကို ဆောင့်ချလိုက်လေသည်။ ပြောဆိုရင်းဖြင့်၊ သူ၏ဆဲလ်ဖုန်းကို ချက်ချင်း သူထုတ်ယူလိုက်ပြီး ၁၁၀ ကို စတင် နှိပ်လေတော့သည်။ ကျွန်မ အလွန်အမင်း မှင်တက်မိခဲ့ပြီး နောက်ဘာလုပ်ရမည်ကို မသိခဲ့ပါ။ ည ၁၁ နာရီ ထိုးတော့မည်ဖြစ်ပြီး၊ ယခု ကျွန်မ ထွက်သွားလျှင် မည်သည့်နေရာသို့ သွားရမည်နည်း။ ထို့နောက်တွင်ပင်၊ အစ်မကြီးက “နောက်ကျနေပြီ၊ သူ မနက်ဖြန်ကျမှ သွားလို့ရပါတယ်” ဟု သူမ သားကို ဖျောင်းဖျပြောဆိုရင်း အကူအညီပေးခဲ့သည်။ ထိုနေရာတွင် ကျွန်မ တစ်ည နေဦးမည်ကို သူ သိသည်နှင့် တပြိုင်နက်၊ ဒေါသအမျက်ခြောင်းခြောင်း ထွက်လာခဲ့ပြီး၊ ကျွန်မကို သက်သက် တံခါးအပြင်ဖက်သို့ တွန်းဖယ်ရင်း၊ “တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘုရားသခင်ကို လူတွေ ယုံကြည်တာကို ခွင့်မပြုတဲ့ ဘုရားမဲ့အစိုးရပဲ။ အစိုးရဝန်ထမ်း တစ်ယောက်လုပ်နေပြီး ပြည်သူ့ရံပုံငွေ အကျိုးခံစားခွင့်ရှိသူ တစ်ယောက် ဖြစ်တဲ့ ငါက ငါ့အိမ်မှာ သာသနာပြုတစ်ယောက်ကို ဘယ်လိုနေခွင့်ပေး လို့ရမှာလဲ။ ဒီက အခု ထွက်သွားပါ” ဟု တွန်းထိုးနေစဉ် အော်ပါတော့သည်။ ထိုသို့ဖြင့် ဒေါသတကြီး ကျွန်မ၏ စက်ဘီးကို သူကောက်ယူလိုက်ပြီး၊ ကျွန်မဆီ တည့်တည့် ပစ်ပေးလိုက်ကာ ကျွန်မနှင့် ကျွန်မစက်ဘီးကို တံခါးအပြင်ဘက်သို့ တွန်းထုတ်လိုက်ပါသည်။ အစ်မကြီးက အခြား ဧည့်ခံမိသားစုအိမ်တစ်အိမ်ဆီ ကျွန်မကို ခေါ်သွားရန် အကြံဖြင့် ကျွန်မနောက်မှ လိုက်လာခဲ့သည်၊ သို့သော် သူ့သားက ခွင့်မပြုဘဲ သူ့ကို အထဲကိုဆွဲခေါ်ပြီး တံခါးကို သော့ခတ်လိုက်ပါသည်။ “မိန်းကလေးတစ်ယောက်က ညဉ့်နက်နေတဲ့ အချိန်မှာ သူတစ်ယောက်တည်း ဘယ်ကိုသွားဖို့ နင်မျှော်လင့်တာလဲ” ဟု သူမ အော်နေသည်ကို ကျွန်မ ကြားခဲ့ရသည်။ “သူသွားတဲ့နေရာ သွားပါစေပေါ့။ သူ့ဘုရားရဲ့ အကာအကွယ်နဲ့ဆိုတော့ ကြောက်စရာ ဘာမှမလိုဘူး မဟုတ်လား” ဟု သူမကို အထဲဆွဲခေါ်ရင်းနှင့် သူပြန်အော်ခဲ့လေသည်။

ညကောင်းကင်ယံက မှိတ်တုတ်မှိတ်တုတ်ကြယ်များကို ငေးကြောင်ကြောင် စိုက်ကြည့်နေမိရင်းနှင့် အဝေးပြေးလမ်းမပေါ်တွင် ကားများက တစ်ဝေါဝေါ မောင်းနှင်လျက်၊ ကျွန်မဝမ်းနည်းပြီး စိတ်နှလုံးက လေးလံလာခဲ့သည်။ “မင်းက ငါ့ကို မင်းအိမ်မှာ မနေစေချင်ရင် ရတယ်၊ ဒါပေမယ့် အစ်မကြီးက ငါ့ကို တစ်ခြားမိသားစုအိမ်ကို ခေါ်သွားပေးမှာကို တားဖို့ ဘာအကြောင်းမှမရှိဘူး။ ဘာလို့များ မင်းက အရမ်း လူမဆန်ရတာလဲ၊ အရမ်း ရက်စက်ရတာလဲ။ သူတောင်းစား တစ်ယောက်တောင် ဒီလိုအဆက်ဆံ မခံရသင့်ဘူး။ တစ်ခြား အိမ်ရှင်မိသားစု ဘယ်မှာရှိတယ်ဆိုတာ ငါမသိဘူး၊ ပြီးတော့ ညဉ့်နက်သန်းခေါင်မှာ သွားစရာမရှိဘဲ ငါ သောင်တင်နေပြီ။ ငါ ဘာလုပ်ရမလဲ” ဤအတွေးများ ကျွန်မခေါင်းထဲ တရစပ်ဝင်လာရင်းဖြင့်၊ ကျွန်မ၏ မျက်လုံးများတွင် မျက်ရည်များ စီးကျလာလေသည်။ ထိုအခိုက်အတန့်တွင်၊ အစ်မကြီး သား၏ နှစ်လိုဖွယ်ကောင်းခြင်း၊ အသိပညာနှင့် ရည်မွန်ယဉ်ကျေးခြင်းတို့အပေါ် ကျွန်မထံတွင် ရှိခဲ့သည့် ကောင်းမွန်သော အထင်ကြီးခဲ့ခြင်းက လုံးဝ ပျက်ပြယ်သွားခဲ့သည်။ ထို့နောက်တွင်မှ ဒေသနာတစ်ခုကို ကျွန်မ တွေးမိခဲ့သည်။ “ဘုရားသခင်ကို အာခံတဲ့သူ ဒါမှမဟုတ် ညှင်းပန်းနှိပ်စက်တဲ့သူတွေကို ဘယ်လိုဖြစ်ပြီး စစ်မှန်တဲ့ လူကောင်းတွေလို့ ကျွန်တော်တို့ ခေါ်လို့ရမှာလဲ။ လူသားဟာ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခဲ့ရပြီးကတည်းက၊ အယောင်ဆောင် ရာမှာနဲ့ သူ့ကိုယ်သူ ဘဝရဲ့ အတွေးအခေါ်နဲ့ ဖုံးရာမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့တယ်။ အပြင်ပန်းမှာ သူက လူတစ်ယောက်နဲ့ တူပေမယ့်၊ တစ်ယောက်ယောက်က ဘုရားသခင်ကို သက်သေခံတဲ့အခါ သူ့ရဲ့ နတ်ဆိုး သဘာဝက ထုတ်ဖော်ပြခံရတယ်။ ဒါကို လူအများကြီးက နားမလည်ကြပါဘူး၊ ဒါကြောင့် သူတို့ဟာ အခြားသူတွေရဲ့ အသုံးအနှုန်းတွေနဲ့ ယဉ်ကျေးလိမ္မာသော အသေးစိတ် အပြုအမူ တွေ အားဖြင့် မကြာခဏ မမြင်မကန်းနဲ့ အရူးလုပ်ခံရတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်က လူကို အကောင်းဆုံး ထုတ်ဖော်နိုင်တယ်။ သမ္မာတရားမရှိတဲ့သူတွေက သူတောင်ကောင်းယောင်ဆောင်တွေသာ ဖြစ်တယ်။ ဒီကိစ္စနဲ့စပ်လျဉ်းပြီး သမ္မာတရားကို နားလည်သူတွေက ရှင်းရှင်းလင်းလင်း မြင်ကြပါလိမ့်မယ်။ သမ္မာတရားကို နားမလည်သူတွေက ဘယ်အရာကိုမဆို ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို အကျိုးဆက်အနေနဲ့ သူတို့ရဲ့ ရှုထောင့် အမြင်တွေက အဓိပ္ပါယ်မဲ့ပါတယ်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဤစကားများသည် ကျွန်မကို အသိစိတ် ပြန်ဝင်စေခဲ့သည်။ အမှန်ပင်၊ ထိုမိတ်သဟာယက အံကိုက် မှန်ပါသည်။ ဖောက်ပြန်ပျက်စီးသူအားလုံးသည် ဟန်ဆောင်ရာတွင် တော်ကြပြီး၊ အပြင်ပန်းတွင် သူတို့က ရည်မွန်ပြီး ယဉ်ကျေးပုံရသောကြောင့်သာ၊ အနှစ်သာရတွင် ကောင်းမွန်ကြသည်ဟု မဆိုလိုပါ။ သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်သူတို့သာ ကောင်းမွန်ကြသည်၊ ကြင်နာစိတ်ရှိသည့် လူများဖြစ်ကြပါသည်။ တစ်စုံတစ်ဦးက အပြင်ပန်းတွင် သဘောကောင်း ပုံရသော်လည်း၊ ဘုရားသခင်ကို အသိအမှတ်မပြု သို့မဟုတ် ဘုရားသခင် ဖော်ပြသော သမ္မာတရားများကို လက်မခံသည့်အပြင်၊ ဆန့်ကျင်ခြင်း၊ စိတ်အနှာင့်အယှက်ဖြစ်စေခြင်းနှင့် မုန်းတီးခြင်းငှာ တတ်စွမ်းနိုင်လျှင်၊ သူတို့ကို လူကောင်းများဟု ခေါ်၍မရနိုင်ပါ။ သို့သော် ကျွန်မသည် ကျွန်မ၏ ကိုယ်ပိုင်စိတ်ကူးနှင့် လောကီရေးရာ လောကအမြင်တို့ကို အသုံးပြုပြီး လူတို့ကို အကဲဖြတ်ခဲ့သည်။ အသိပညာ၊ အဆင့်အတန်းနှင့် ယဉ်ကျေးခြင်းရှိသူတို့ကို အစဉ်သဖြင့် လူစိတ်ရှိသည်၊ စဉ်စားချင့်ချိန်နိုင်ပြီး အခြားသူများကို နားလည်တတ်သည်ဟု ကျွန်မ အမြဲ တွေးခဲ့သည်။ ကျွန်မ အမြင်ထက် ပိုပြီး အဓိပ္ပာယ်မရှိသည့်အရာ မရှိတော့ပါ။ အချို့သည် အပြင်ပန်းတွင် ယဉ်ကျေးပြီး နှစ်လိုဖွယ်ရှိသည်ဟု ထင်ရနိုင်သော်လည်း၊ စိတ်ထဲတွင် သူတို့သည် သမ္မာတရားကို ငြီးငွေ့ပြီး မုန်းတီးကြကာ၊ တစ်ဦးဦးက ဘုရားသခင် သို့မဟုတ် ဘုရားသခင်၌ ယုံကြည်ခြင်းကို ပြောလိုက်သည့်အခိုက်တွင် ၎င်းတို့က ရန်သူများဖြစ်သည့်အလား သူတို့ထံမှ အထိန်းအကွပ်မဲ့သည့် ဒေါသူပုန်ထခြင်းက တစ်ဟုန်ထိုးထွက်လာသည်၊ ပြီးလျှင် သူတို့သည် တရုတ်ကွန်မြူနစ်ပါတီ၏ လမ်းကြောင်းကိုပင် လိုက်ကြကာ၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို ညှင်းပန်းနှိပ်စက်ကြကြောင်းကို ကျွန်မ လုံးဝ မသိခဲ့ပါ။ ကျွန်မ ဆုံခဲ့ရသည့် ဤအစိုးရဝန်ထမ်းသည် အလွန်ပြည့်စုံသည့် နမူနာ တစ်ခု ဖြစ်ပါသည်။ အပေါ်ယံတွင် သူက နှစ်လိုဖွယ်ဖြစ်သည်၊ စကားပြောကောင်းပြီး၊ ယဉ်ကျေးသော်လည်း၊ ယုံကြည်ခြင်းအကြောင်းအရာကို ကျွန်မ ပြောလိုက်သည်နှင့်တပြိုက်နက် သူသည် အလွန်ဒေါသထွက်ခဲ့ပါသည်။ ဘုရားသခင်ကို ယုံကြည်သည့် လူတို့ကို သူက ရှုတ်ချပြီး မောင်းထုတ်ကာ၊ ခြိမ်းခြောက်ခဲ့သည်။ ပြီးလျှင် ဘုရားသခင်ကို ရန်လိုသည့် သူ၏ ဆိုးယုတ်သော သဘာဝကို လုံးဝ ထုတ်ဖော်ပြခဲ့လေသည်။ ဤအမှန်တရားများကို ရင်ဆိုင်ရသည့်အခါတွင်၊ လူတို့ကို အပြင်ပန်းတွင်ရှိသည့်အရာအားဖြင့်သာ အကဲဖြတ်ရမည်မဟုတ်သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ အဓိကအရာမှာ၊ ဘုရားသခင်အပေါ်နှင့် သမ္မာတရားအပေါ် သူတို့၏ သဘောထားများကို ကြည့်ရန်ဖြစ်သည်။ သမ္မာတရားကို သူတို့ မချစ်၊ လက်မခံလျှင်၊ ၎င်းတို့၏ ကျွမ်းကျင်မှု သို့မဟုတ် အဆင့်အတန်း မည်မျှကြီးမားသည်ဖြစ်စေ၊ အပြင်ပန်းတွင် သူတို့ မည်မျှ အထင်ကြီးစရာဖြစ်ပါစေ၊ သူတို့ မည်မျှ ယဉ်ကျေးပါစေ၊ သူတို့ အမှန်တကယ် မကောင်းမြတ်ကြသေးပါ။

ဤအတွေ့အကြုံမှတစ်ဆင့် ကျွန်မသည် လူတို့ကို ၎င်းတို့၏ အနှစ်သာရအားဖြင့်မဟုတ်ဘဲ၊ အသွင်အပြင်အားဖြင့် ကျွန်မ အကဲဖြတ်နေခဲ့ခြင်းဖြစ်သည်ကို ကျွန်မ မြင်ရသည်။ ဤအတွေ့အကြုံက သမ္မာတရားကို နားလည်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်နောက် ကျွန်မ လိုက်နေမိခဲ့သည်ကိုလည်း ထုတ်ဖော်ပြခဲ့သည်။ အမှုအရာများအပေါ် ကျွန်မ၏ အမြင်မှာ စစ်မှန်သော ပြောင်းလဲမှုတစ်ကခု မကြုံခဲ့ရသလို၊ လူတို့ကို မည်သို့ ထိုးထွင်းသိမြင်ရမည်ကို ကျွန်မ မသိပါ။ အမှုအရာများကို ကျွန်မ လုံးလုံးလျားလျား နားမလည်သလို၊ ကျွန်မ၏ ဝိညာဉ်အသက်တာမှာ သနားစရာကောင်းလောက်အောင် မရင့်ကျက်ပါ။ အနာဂတ်တွင် သမ္မာတရားကို ရှာဖွေလိုက်စားဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့်အညီ လူများနှင့် အမှုအရာများကို ကြည့်ဖို့ သင်ယူကာ၊ အတွင်းရှိ ကျွန်မ၏ အဓိပ္ပါယ်မဲ့သော ရှုထောင့်အမြင်များအားလုံးကို အမှန်ပြင်ပြီး၊ ဘုရားသခင်နှင့် သဟဇတဖြစ်လာဖို့ ကြိုးစားရန် ကျွန်မ အစွမ်းကုန် လုပ်ဆောင်ပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီးနောက် နိုးထခြင်း

လျန်ရှင်း တရုတ်နိုင်ငံ ၂၀၂၀နှောင်းပိုင်းမှာ အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတဲ့ တာဝန်ယူခဲ့တယ်။ အစတော့ သူတို့ သိပ်များများစားစား မရှိလို့၊...

ဧဝံဂေလိ မျှဝေခြင်း၏ အသီးအပွင့်

ချူးရှင်း တောင်ကိုရီးယားနိုင်ငံ အရင်တစ်ခါတုန်းက ထရီဆာလို့ ခေါ်တဲ့ ဖီလစ်ပိုင်လူမျိုး ခရစ်ယာန်တစ်ယောက်နဲ့ အွန်လိုင်းမှာ ကျွန်မ တွေ့ခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။