ကျွန်ုပ်၏ ဝိညာဉ်အသက်တာကို ရှင်းလင်းစွာတွေ့ရှိခြင်း

16.09.2019

ဒင်ရှန်း၊ ရှမ်ဒေါင်စီရင်စု

အသင်းတော်အလုပ်အမှုဆောင်များ အစည်းအဝေးတစ်ခုတွင်၊ အသစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ခေါင်းဆောင်တစ်ဦးက “ကျွန်မမှာ လုံလောက်တဲ့ ဝိညာဉ်အသက်တာမရှိဘူး။ ကျွန်မက ဒီတာဝန်တွေကို ဖြည့်ဆည်းဖို့မသင့်တော်သလို ခံစားရပါတယ်။ ကျွန်မက အသင်းတော်က အရမ်းများတဲ့ အလုပ်တာဝန်တွေကြောင့် ဖိအားတွေ ခံစားရတာဟာ ရက်အတော်ကြာအောင် အိပ်မပျော်နိုင်တဲ့အထိ ဖြစ်ရပါတယ်” ဟုပြောခဲ့ပါသည်။ ထိုကဲ့သို့ အပျက်သဘောဆောင်သော၊ အားနည်းသော အခြေအနေတွင် အသက်ရှင်နေထိုင်နေသော ထိုညီအစ်မကို မြင်ရသည့် အခါ၊ ဤ ဝန်ထုပ်ဝန်ပိုးကို ကျွန်ုပ် ယူဆောင်ခဲ့ပြီး ဘုရားသခင်ကို ဆုတောင်းကာ ရှာဖွေခဲ့သည်၊ ပြီးနောက် သူမနှင့်အတူတကွ မိတ်သဟာယပြုခဲ့ပါသည်။ “အရာခပ်သိမ်းကို ဘုရားသခင် လုပ်ဆောင် တော်မူတယ်။ လူသားတွေက အနည်းငယ်သာ ပါဝင်ပူးပေါင်းတယ်၊ ကျွန်မတို့ ဝန်လေးပင်ပန်းခြင်းကို ခံစားရရင်၊ ဘုရားသခင် ရှေ့တော်မှောက်ကို မကြာခဏ လာပြီး၊ ဆုတောင်းကာ၊ ဘုရားသခင်ကို အားကိုးသမျှ ကာလပတ်လုံး ကျွန်မတို့က ဘုရားသခင်ရဲ့ အတိုင်းအဆမရှိ တန်ခိုးကြီးခြင်း နဲ့ ဉာဏ်ပညာတို့ကို ဧကန်အမှန် မြင်တွေ့ရမှာဖြစ်တယ်။ အဲဒီ့အပြင် ကျွန်မတို့က လက်တွေ့ကျတဲ့ ပြဿနာတွေကို ကြုံတွေ့ရ တဲ့အခါမှာ၊ ဆီလျော်တဲ့ သမ္မာတရားဆိုင်ရာ အခြေခံမူတွေကို ရှာဖွေပြီး၊ ပိုလို့ စဉ်းစားချင့်ချိန်ကာ၊ ဒီအခြေခံတွေကို ပိုပြီး မိတ်သဟာယပြုရမယ်။ ကျွန်မတို့ နားလည်သလောက်သာ လက်တွေ့လုပ်ဆောင်သင့်တယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းမှုက ကျွန်မတို့ ရှေ့ဆက်လျှောက်လှမ်းမဲ့ လမ်းခရီးကို ပိုမိုမြင်သာစေမှာ ဖြစ်တယ်” ဘုရားသခင်၏ လမ်းပြမှုအောက်တွင် ကျွန်မ၏ မိတ်သဟာယပြုခြင်းသည် အလွန်ရှင်းလင်းခဲ့သည်ဟု ကျွန်မခံစားခဲ့ရပါသည်။ ထိုညီအစ်မသည်လည်း သူမ၏နှလုံးသားထဲတွင် ဘုရားသခင်အတွက်နေရာ မရှိခဲ့ကြောင်း၊ အခက်အခဲများ ပေါ်ထွက်လာသည့်အခါတိုင်း သူမသည် ဘုရားသခင်ကို ကိုးစားခြင်းနှင့်ရှာဖွေခြင်းမရှိဘဲ သူမကိုယ်ကိုသာ ပိုမိုကိုးစားခဲ့ကြောင်းကို သတိပြုမိခဲ့သောကြောင့်၊ သူမသည် ဝင်ရောက်ခြင်းလမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျွန်မသည် သမ္မာတရား၏ ဤရှုထောင့်ဆိုင်ရာ စစ်မှန်မှုကို ပိုင်ဆိုင်ကြောင်း သက်သေပြရင်း၊ ထိုညီအစ်မ၏ ပြသနာကို ဖြေရှင်းနိုင်သည်ဟု တွေးမိသောကြောင့် ထိုအချိန်၌ လွန်စွာ ပျော်ရွှင်ခဲ့သည်။

နှစ်လကြာပြီးနောက်၊ အသင်းတော်မှကျွန်မအား စာရွက် စာတမ်းအချို့ကို တာဝန်ယူကိုင်တွယ်ရန် ပေးအပ်ခဲ့ပါသည်။ ကျွန်မသည် ထိုအလုပ်ကို ပထမဦးဆုံးအကြိမ် ပါဝင်လုပ်ဆောင်ခဲ့စဉ်က၊ သင့်တော်လျော်ညီသောစည်းမျဉ်းများကို မကျွမ်းကျင်သောကြောင့်၊ ပြုစုရမည့် စာရွက်စာတမ်းများကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသည့်အခါတွင် ကျွန်မသည် အပျက်သဘောဆောင်ခြင်း အခြေအနေ နှင့် ပဋိပက္ခများထဲသို့ မကျရောက်ဘဲ မနေနိုင်ခဲ့ပါ၊ “ကျွန်မဘာကိုမှ နားမလည်ဘူး၊ ပြီးတော့ ဒီတာဝန်ကို ထမ်းဆောင်ရုံသာမက၊ စာရွက်စာတမ်းတွေရဲ့ ချို့ယွင်းချက်တွေကို ရှာဖွေဖို့ တာဝန်တောင် ပေးခံရသေးတယ်။ အဲဒါက ကျွန်မကို အလွန်အကြူးတောင်ဆိုနေတာပဲ” ကျွန်မသည် ဖိအားများစွာကို ခံစားရပြီး ငြိမ်သက်ခြင်းမရှိပါ။ ထို့အပြင် ဘုရားရှင်ကို မည်သို့ အားကိုးရမည်ကိုလည်းမသိတော့ပါ။ ကျွန်မသည် အလွန်စိုးရိမ် ကြောင့်ကျပြီး၊ သုံးရက်တိုင်တိုင်ဆက်တိုက် အိပ်မပျော်ခဲ့ပါ။ ဤကဲ့သို့သော အခြေအနေဖြင့် ရင်ဆိုင်ကြုံတွေ့ရခြင်းကြောင့်၊ ကျွန်မသည် အလွန်မှပင် စိတ်ရှုပ်ထွေးခဲ့ပါသည်။ လက်တလောအချိန်ကပင် ဘုရားကျောင်း ခေါင်းဆောင်အသစ်၏ အခက်အခဲကို ကူညီဖြေရှင်းပေးစဉ်က၊ ကျွန်မသည် ဤသမ္မာတရား၏ ရှုထောင့်ကို ပြည့်ပြည့်ဝ၀ သိရှိနားလည်သည်ဟု၊ ခံစားခဲ့ရပါသည်။ သို့သော်လည်း ကျွန်မ ထိုကဲ့သို့သောပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ၊ ထိုသို့သော အတွေ့အကြုံကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိခဲ့ပါ။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင် ရှေ့တော်မှောက်သို့ စိတ်ရှုပ်ထွေးခြင်း၊ ပဟေဠိဖြစ်တို့ဖြင့် လာရောက်ပြီး၊ ဘုရားသခင်ကို ရှာဖွေကာ၊ ဆုတောင်းခဲ့ပါသည်။

နောက်ပိုင်းတွင် ကျွန်မသည် “အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)” မှ ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို တွေ့ခဲ့ပါသည်၊ “လူတို့ အလုပ်လုပ်သည့်အခါ သို့မဟုတ် စကားပြောသည့်အခါ၊ သို့မဟုတ် ဆုတောင်း၍ ၎င်းတို့၏ ဝိညာဉ်ရေးရာနှင့်ဆိုင်သော ဝတ်ပြုကိုးကွယ်မှုများကို ပြုသောအခါ၌၊ သမ္မာတရားသည် ထိုသူတို့အတွက် ရုတ်တရက် ရှင်းလင်းသွား လိမ့်မည်။ သို့သော် လက်တွေ့တွင် လူသားမြင်သောအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုသာ (ဤအရာသည် လူသား၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်မှာ မှန်ပေသည်) ဖြစ်ပြီး လူသား၏ ဝိညာဉ်အသက်တာအစစ်ကို ကိုယ်စားမပြုပေ။ အချို့သော အခက်အခဲများနှင့် စမ်းသပ်မှုများကို လူသားက ရင်ဆိုင်ကြုံရသည့် အချိန်ကာလတစ်ရပ် နောက်ပိုင်းတွင်၊ လူသား၏ ဝိညာဉ် အသက်တာအစစ်သည် ထိုသို့သော အခြေအနေများတွင် သိသာ ထင်ရှားလာသည်။…ထိုသို့သော အတွေ့အကြုံ သံသရာကို အကြိမ်ကြိမ် တွေ့ကြုံပြီးမှသာ ၎င်းတို့၏ ဝိညာဉ်အတွင်း နိုးထလာသည့်သူ များစွာက အတိတ်က ၎င်းတို့ ကြုံတွေ့ခဲ့ရသည်ကား ၎င်းတို့၏ကိုယ်ပိုင် တစ်ဦးချင်း လက်တွေ့တရား မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ခဏတာ အလင်းပေးခြင်းသာ ဖြစ်ကြောင်းနှင့် လူသားသည် ဤအလင်းကို ရရှိခဲ့ပြီးဖြစ်ကြောင်းတို့ကို နားလည်သဘောပေါက် မည် ဖြစ်သည်။ သမ္မာတရားကို နားလည်စေရန် သန့်ရှင်းသော ဝိညာဉ်တော်က လူသားကို ဉာဏ်အလင်းပေးသောအခါ အများအားဖြင့် အမှုအရာများ မည်သို့ ပေါ်ပေါက်လာခဲ့သည် သို့မဟုတ် မည်သည့်နေရာသို့ သွားနေသည်ကို မရှင်းပြဘဲ ရှင်းလင်းထင်ရှားသော နည်းတစ်နည်းဖြင့် ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် လူသား၏ အခက်အခဲများကို ဤဗျာဒိတ်တော်၌ ပေါင်းစပ်မည့်အစား၊ သမ္မာတရားကို တိုက်ရိုက် ထုတ်ဖော်ပြသည်။ လူသားသည် ဝင်ရောက်ခြင်း လုပ်ငန်းစဉ်၌ အခက်အခဲများနှင့် ကြုံသောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု ပါဝင်အောင် လုပ်ပါက ယင်းသည် လူသား၏ တကယ့်အတွေ့အကြုံ ဖြစ်သွားသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စဉ်းစား ဆင်ခြင်ပြီးနောက်၊ ထိုညီအစ်မကို သူမ၏ ပြဿနာအတွက် ကူညီဖြေရှင်းပေးစဉ်က၊ ကျွန်မနားလည်လိုက်သောအမှန်တရားမှာ ဘုရားသခင်ထံမှလာသော အလင်းပေးခြင်း ဖြစ်ကြောင်းကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ထိုအချိန်တွင် ကျွန်မသည် သန့်ရှင်းသောဝိဉာဉ်တော် လမ်းပြပို့ဆောင်မှုကို လက်ခံရရှိကာ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ယင်းမှာ ကျွန်မ၏စစ်မှန်သောဝိဉာဉ်အသက်တာ မဟုတ်သည့်အပြင်၊ ကျွန်မသည် သမ္မာတရား၏ ထိုရှုထောင့်ကို ရရှိခဲ့ကြောင်းကိုလည်း ဖော်ပြခြင်းမရှိခဲ့ပါ။ ယင်းသည် ကျွန်မ အလုပ်အတွက် လိုအပ်ခဲ့သောကြောင့်၊ သန့်ရှင်းသောဝိဉာဉ်တော်သည် ထိုအချိန်တွင် ကျွန်မ သမ္မာတရားကို နားလည်သဘောပေါက်စေရန် ဉာဏ်အလင်းပေးခဲ့ခြင်းဖြစ်သည်၊ ထို့အပြင် ကျွန်မ၏ပူးပေါင်းဆောင်ရွက်မှုမှတဆင့် ကျွန်မ၏အလုပ်မှပြဿနာများ၊ အခက်အခဲများကို သူကူညီ ဖြေရှင်းပေးခဲ့ပါသည်။ သို့သော်လည်း ဤအခြေအနေတွင် စစ်မှန်သည့် အတွေ့အကြုံ မရှိခဲ့စဉ်က၊ ကျွန်မ၏ ဝိဉာဉ်အသက်တာသည် ဤမျှသာ နည်းပါးဆဲဖြစ်ပါသည်။ သန့်ရှင်းသော ဝိဉာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ပူးပေါင်းခြင်း နှင့် ဤရှုထောင့်၏ အခက်အခဲများကို ကြုံတွေ့သည့်အချိန်တွင် လက်တွေ့လုပ်ဆောင်ခြင်း၊ စစ်မှန်မှုကို တွေ့ကြုံခံစားခြင်းတို့ဖြင့်သာလျှင်၊ ကျွန်မသည် ဤသမ္မာတရား၏ ရှုထောင့်ဆိုင်ရာ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ခဲ့ပါသည်။

ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်း နှင့် လမ်းပြခြင်းတို့အောက်တွင်၊ ကျွန်မနားလည်သဘောပေါက်သည့် သမ္မာတရားများအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့သည်၊ ကျွန်မ စိတ်အေးသက်သာ ရှိလာခဲ့ပြီး၊ ဘုရားသခင်ကို မျှော်ကြည့်ကာ၊ ဘုရားသခင်ကို မှီခိုခဲ့သည်၊ ပြီးလျှင် ကျွန်မသည် စာရွက်စာတမ်း ပြုစုခြင်းနှင့် သက်ဆိုင်သည့် အခြေခံမူများကို အလေးဂရုပြု၍ ဆင်ခြင်တွေးတောပြီး၊ ရှာဖွေခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း နှင့် လမ်းပြခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ရရှိခဲ့ ပြီး၊ ကျွန်မသည် စာရွက်စာတမ်းများထဲတွင် ပါရှိသည့် ပြဿနာများကိုလည်း အတော်အတန်ပင် နားလည်လာနိုင်ခဲ့သည်၊ ပြီးလျှင် စာရွက်စာတမ်းများကို ပြင်ဆင်ချိန်တွင် ကျွန်မ၏ အတွေးစဉ်များသည် များစွာ ပို၍ ရှင်းလင်းလာသည်။ ကျွန်မ၏ အပျက်သဘောဆောင်ခြင်းနှင့် အထင်လွဲခြင်းများကိုလည်း တဖြည်းဖြည်းချင်းဖြင့် ချန်ရစ်ခဲ့နိုင်သည်။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။ ဤအတွေ့အကြုံမှတစ်ဆင့် ကျွန်မသည် မိမိ၏ စစ်မှန်သည့် ဝိညာဉ်အသက်တာကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး၊ ကျွန်မ၏ နားလည်သဘောပေါက်မှု သွေဖယ်ခြင်းကိုလည်း ပြောင်းလဲနိုင်ခဲ့သည်။ ယခုမှစ၍ ကျွန်မသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို စစ်မှန်သော အသက်တာတွင် လက်တွေ့လုပ်ဆောင်လိုပြီး၊ သမ္မာတရားသည် ကျွန်မ၏ အသက်တာဆိုင်ရာ စစ်မှန်မှု အမှန်တကယ် ဖြစ်လာနိုင်ဖို့၊ ယင်းသို့ ပိုမိုဝင်ရောက်လိုပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အယောင်ဆောင်ခေါင်းဆောင်ကို ကာကွယ်ပေးခြင်း၏ အကျိုးဆက်

လီရန် တရုတ်နိုင်ငံ ၂၀၂၀၊ အောက်တိုဘာလကုန်ခါနီးမှာပေါ့။ ကျွန်မက လက်တွေ့အလုပ်မလုပ်တဲ့အတွက် ခေါင်းဆောင်ရာထူးကနေ အထုတ်ခံရတယ်။ ကျွန်မရဲ့...

ကံမကောင်းအကြောင်းမလှခြင်းမှတစ်ဆင့် ကောင်းချီးရရှိခြင်း

ဒုကျွမ်း ဂျပန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု...

အလှည့်အပြောင်း

ဝမ်ရှင်း တောင်ကိုရီးယားနိုင်ငံ ကျွန်မမှာ ပျော်ရွှင်စရာ မိသားစု ရှိနေကျဖြစ်ပြီး ကျွန်မယောက်ျားက ကျွန်မအပေါ် တကယ်ကောင်းခဲ့တယ်။ တော်တော်လေး...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။