၄၅ အသင်းတော်ထဲမှာ ငါတို့ အတူစုဝေး
တစ်ဦးနှင့်တစ်ဦး ချစ်ခင်မြတ်နိုး မိသားစုပမာ
၁
တို့တွေ အတူစုဝေး အသင်းတော်ထဲမှာ၊
ဘုရားကို ချစ်မြတ်နိုးသူများ၏ စုရုံးခြင်းပေ၊
နှုတ်ကပတ်တော်ကို စားသောက်၊ သမ္မာတရားအကြောင်း မျှဝေရင်း၊
ငါတို့နှလုံးသားများ ဝမ်းမြောက် ချိုမြိန်ခြင်းနှင့် ပြည့်နှက်
အတိတ်နေ့ရက်များ ငါတို့အား အရှက်နှင့် နောင်တကြီးစွာ ရစေ
အချင်းချင်း နားလည်ကြကာ ဘုရား၏ချစ်ခြင်းမေတ္တာ၌ ငါတို့ ရှင်သန်
အာဃာတများ၊ ဆီးတားခြင်းများမရှိ၊ စိမ်းကားမှုများ မရှိဘဲ
ညီအစ်ကို မောင်နှမများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်မြတ်နိုး မိသားစုပမာ
ငါတို့နှလုံးသားများ ပေါင်းစည်း၊ ငါတို့ကြားမှာ တံတိုင်းမရှိ
၂
တို့တွေ အတူစုဝေး အသင်းတော်ထဲမှာ၊ နေရာအသီးသီးမှ၊ တို့တွေ စုရုံး
ငါတို့ဘာသာစကားများ ကွဲပြားလိမ့်မည်၊
ငါတို့နှလုံးသားများ အတူပေါင်းစည်း၊
နှုတ်ကပတ်တော်ကို ငါတို့ အတူ စုပေါင်းရှာဖွေ၊
ဘုရား၏ချစ်ခြင်းမေတ္တာအကြောင်း တစ်ဦးပေါ်တစ်ဦး တို့သက်သေခံ၊
အတွေ့အကြုံနှင့်အသိပညာကို မျှဝေကာရယ်၊
ငါတို့ ယခုအခါ သမ္မာတရားတိုင်း လိုက်လျှောက်၊
နှုတ်ကပတ်တော်၌ ရှင်သန်
ငါတို့ အခွင့်အရေးများတွင် ဘောင်မရှိ၊
ခွန်အားများနှင့် အလင်းရောင်ပြည့်နှက်
တိုးတက်ဖို့ရာ ခွန်အားသုံးကာငါတို့ အတူကြိုးပမ်း
၃
တို့တွေ အတူစုဝေး အသင်းတော်ထဲမှာ၊ သို့သော် မကြာမီတို့ခွဲရမှာ
ဘုရား၏စေခိုင်းချက်ကို ငါတို့ပခုံးပေါ်ထမ်း၊
သာသနာတော်ကို ထမ်းရွက်
ကိုယ့်လမ်းကိုယ်လျှောက်ကာ
တို့တွေ ဘုရားရှေ့ သက်သေထွက်ဆိုရမယ်
ငါတို့ စုရုံးသောခါ ဝမ်းမြောက်၊ ရယ်မောခြင်းနှင့် ပြည့်လျှံ
တို့ ခွဲခွာသွားချိန် အားပေးစကားများစွာ တစ်ဦးကိုတစ်ဦး ငါတို့ပြောဆို၊
ဘုရား၏မေတ္တာဟာ အလေးနက်ဆုံး သစ္စာတရားကို နှိုးဆော်၊
ပိုကောင်းသော မနက်ဖြန်အတွက် ခွန်အားရှိသမျှ ငါတို့သုံးကြ၊
ခရစ်တော်နောက်သို့ တပ်ကြပ်မကွာ ငါတို့လိုက်၍၊
ဘုရားသခင်ကို ဆက်ကပ်ကြ၏
ခရစ်တော်နောက်သို့ တပ်ကြပ်မကွာ ငါတို့လိုက်၍၊
ဘုရားသခင်ကို ဆက်ကပ်ကြ၏