၈၄၅ ဘုရား၏စုံလင်စေခြင်းကို ခံထားရသူများသာ သူ့ကို ဧကန်အမှန်ချစ်နိုင်၏ကျူး

၁ လူသားသည် အမှောင်စွမ်းအား၏ ဖုံးကွယ်ပိတ်ဆီးမှုအောက်တွင် အစဉ်နေထိုင်ပြီး စာတန်၏ စွမ်းအား၏ ကျေးကျွန်အဖြစ် ထိန်းချုပ်ခံရကာ မလွတ်မြောက်နိုင်ဘဲ၊ သူ၏ စိတ်နေသဘောထားသည် စာတန်၏ ပြုပြင်မှု ခံရပြီးနောက် တိုး၍အကျင့်ပျက်လာ၏။ လူသားသည် ၎င်း၏အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားအကြားတွင် အမြဲနေထိုင်ခဲ့ပြီး ဘုရားသခင်ကို စစ်မှန်စွာမချစ်နိုင်ဟု ဆိုနိုင်သည်။ လူသားသည် ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိပါက မိမိကိုယ်မိမိ သူတစ်ပါးထက် သာ၍ဖြောင့်မှန်သည်၊ သာ၍ အရေးပါသည် ဟူသောစိတ်၊ အထက်စီးဆန်ခြင်း၊ စိတ်ကြီးဝင်ခြင်းနှင့် စာတန်၏ စိတ်သဘောထားနှင့် အလားတူသော အရာအားလုံးတို့ကို ပယ်ချွတ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ ချစ်ခြင်းသည် မသန့်စင်သော ချစ်ခြင်း၊ စာတန်ဆန်သော ချစ်ခြင်းဖြစ်ပြီး ဘုရားသခင်၏ သဘောကျထောက်ခံမှုကို လုံးဝမရရှိနိုင်သော ချစ်ခြင်းဖြစ်၏။

၂ သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက် စုံလင်စေခြင်းခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ချိုးဖျက်ခံရခြင်း၊ ပြုပြင်ခံရခြင်း၊ ဆုံးမပဲ့ပြင်ခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် စစ်ဆေးခံရခြင်း မရှိဘဲ ဘုရားသခင်ကို မည်သူမှ စစ်မှန်စွာ ချစ်နိုင်မည် မဟုတ်ပေ။ သင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ပိုင်းသည် ဘုရားသခင်ကို ကိုယ်စားပြုသဖြင့် သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်သည်ဟု သင်ဆိုလျှင် သင်၏စကားလုံးများသည် အထက်ဆီးဆန်ကာ သင်သည် ရယ်ဖွယ်ကောင်းသူ ဖြစ်၏။ ထိုသို့သော လူများသည် ကောင်းကင်တမန်မင်း ဖြစ်ကြ၏။ လူသား၏ မွေးရာပါ သဘာဝသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ပေ။ လူသားသည် သူ၏ မွေးရာပါ သဘာဝကို ဘုရားသခင်၏ စုံလင်စေခြင်းအားဖြင့် ခွာချရမည်။ သို့မှသာလျှင် ဘုရားသခင်၏ အလိုကို အရေးစိုက်ခြင်းအားဖြင့်သာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းဖြင့်သာ၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကြုံရခြင်းဖြင့်သာ သူအသက်ရှင်နေထိုင်သောအရာသည် ဘုရားသခင်၏ သဘောကျထောက်ခံခြင်း ခံရနိုင်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၄၄ ပေတရု၏လမ်းကြောင်းကို သင်လျှောက်လှမ်းမှ ဘုရားက သင့်ကို စုံလင်စေလိမ့်မည်ကျူး

နောက်တစ်ခုသို့- ၈၄၆ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်စေခြင်းခံရသည့် လူများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။