၃၇၇ ဘုရားသခင်ကို အစေခံသော်လည်း အာခံကြသူများ၏ အဆုံးသတ်ကျူး

ဖန်ဆင်းခြင်း၏ အချိန်မှစ၍ ယနေ့ထိတိုင် များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို မနာခံခဲ့ကြသောကြောင့်၊ ငါ၏ နာလန်ထူခြင်း ရေစီးကြောင်းထဲမှ သုတ်သင်ပယ်ရှင်းခြင်းနှင့် နှင်ထုတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်၊ အဆုံးတွင် ထိုလူတို့၏ ခန္ဓာကိုယ်များသည် ပျက်စီးသွားကာ ၎င်းတို့၏ ဝိညာဉ်များမှာလည်း မရဏာနိုင်ငံထဲသို့ ပစ်ချခြင်းခံရပြီး ယနေ့တွင်ပင် ၎င်းတို့သည် ကြီးလေးသော အပြစ်ဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။ များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို လိုက်နာခဲ့ကြသော်လည်း၊ ၎င်းတို့သည် ငါ၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းတို့အား လွန်ဆန်ခဲ့ကြလေပြီ၊ ထို့ကြောင့် စာတန်၏ အုပ်စိုးမှုအောက်သို့ ကျဆင်းကာ ငါ့ကို ဆန့်ကျင်သူများထဲမှ တစ်ယောက် ဖြစ်လာလျက် ငါ၏ ဘေးသို့ကန်ထုတ်ခြင်းကို ခံခဲ့ကြသည်။ ၎င်းတို့သည် ငါ့နှုတ်ကပတ်တော်များ၏ အပေါ်ယံ သဘောတရားများကိုသာ နာခံကြပြီး ငါ့နှုတ်ကပတ်တော်များ၏ အနှစ်သာရကို မနာခံကြပေ။ ယမန်နေ့က ငါပြောခဲ့သော နှုတ်ကပတ်တော်များကို နားထောင်ရုံမျှ ရှိသောလူများ၊ အတိတ်၏ “အသုံးမဝင်သော အရာများ” ကို ကိုင်စွဲထားပြီး မျက်မှောက်နေ့ရက်၏ “အသီးအနှံ” ကို တန်ဖိုးမထားသော လူများ များစွာရှိသည်။ ဤလူများသည် စာတန်၏ ဖမ်းမိခြင်းကို ခံရရုံသာမကဘဲ၊ ထာဝရ အပြစ်သားများ ဖြစ်လာကြပြီး ငါ၏ ရန်သူများ ဖြစ်လာကြကာ ၎င်းတို့သည် ငါ့ကို တိုက်ရိုက် ဆန့်ကျင်လေသည်။ ထိုကဲ့သို့သော လူများသည် ငါ့အမျက်ဒေါသ၏ အထွတ်အထိပ်၌ ငါ့တရားစီရင်ခြင်း၏ အပြုခံအရာများ ဖြစ်ကြပြီး၊ ယနေ့တွင် ၎င်းတို့သည် မျက်စိကန်းလျက် ရှိကြသေးကာ မိုက်မှောင်သော အကျဉ်းတိုက်များထဲတွင် ရှိကြသေးသည်။ ထိုကဲ့သို့သော လူများသည် စာတန်၏ ထိန်းချုပ်ခြင်း ခံရသည့် ပုပ်ပျက်လျက်၊ တွေဝေထိုင်းမှိုင်းလျက် ရှိသော အလောင်းကောင်များ ဖြစ်ကြသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၇၆ ဘုရားကို မနာခံသူတို့သည် သူ့ကို သစ္စာဖောက်ကြ၏ကျူး

နောက်တစ်ခုသို့- ၃၇၈ လူ့သဘာဝ သစ္စာဖောက်ရခြင်း အကြောင်းရင်းကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။