၉၉၃ ဘုရား၏ဘုန်းအာနုဘော်နေ့ရက်ကို သင်တန်ဖိုးထားသင့်၏ကျူး

၁ လူတို့သည် ငါ၏ကြွလာခြင်းကို တန်ဖိုးမထားကြသကဲ့သို့ ငါ၏ဘုန်းအသရေ နေ့ရက်ကိုလည်း အထူး တန်ဖိုးမထားကြချေ။ ၎င်းတို့သည် ငါ၏ ဘုန်းအသရေကို ငါ့ထံသို့ ပြန်ပေးဖို့ လိုလားရန် မဆိုထားနှင့် ငါ၏ပြစ်တင်ဆုံးမမှုကို ခံယူဖို့ရန်ပင် ဝမ်းမြောက်ဝမ်းသာ မဖြစ်ကြသကဲ့သို့၊ ဆိုးယုတ်သူ၏ အဆိပ်ကိုလည်း စွန့်ပစ်ရန် လိုလားနေခြင်း မရှိကြချေ။ လူသားမျိုးနွယ်သည် ငါ့ကို အလားတူ နည်းလမ်းဟောင်းဖြင့် ဆက်လက် လှည့်ဖြားသည်၊ လူတို့သည် အလားတူ နည်းလမ်းဟောင်းဖြင့် ကြည်လင်ရွှင်ပျသော အပြုံးများနှင့် ပျော်ရွှင်နေသည့် မျက်နှာများ ဆင်မြန်းကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ငါ၏ဘုန်းအသရေက ၎င်းတို့ကို စွန့်ခွာပြီးနောက် လူသားမျိုးနွယ်အပေါ် ဆင်းသက်လိမ့်မည့် ဝမ်းနည်းပူဆွေးခြင်း၏ အတိုင်းအဆကို သတိမမူမိကြချေ။ အထူးသဖြင့်၊ ဣသရေလပြည်မှ ငါ၏ ဘုန်းအသရေ ထွက်ခွာသွားချိန်တွင် ထိုပြည်သည် မည်မျှ မှောင်မိုက်လာခဲ့သည်ကို ၎င်းတို့မသိကြသည့်အတွက်၊ မိုးသောက်ယံ၌ လူသားသည် ပိန်းပိတ်အောင်မှောင်သော ညက ဖြတ်သန်းရန် မည်မျှ ခက်ခဲခဲ့သည်ကို မေ့လျော့သည့်အတွက်၊ ၎င်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် ငါ၏နေ့ရက် ရောက်လာသောအခါ၊ ၎င်းတို့အတွက် နောဧ၏ အချိန်ကာလက လူများထက် သာ၍ ခက်ခဲသွားလိမ့်မည်ကို မသိကြချေ။ နေမင်းသည် ပြန်၍ ပုန်းခိုသွားပြီး လူသားအပေါ် မှောင်မိုက် သက်ဆင်းလာသည့်အခါ၊ သူသည် တစ်ဖန် ငိုကြွေးမြည်တမ်းလိမ့်မည်ဖြစ်ပြီး၊ အမှောင်ထုထဲတွင် အံသွားခဲကြိတ်ရလိမ့်မည်။

၂ ဣသရေလထံမှ ငါ၏ ဘုန်းအသရေ ထွက်ခွာခဲ့ချိန်တွင်၊ ဣသရေလူတို့အတွက် ထိုဒုက္ခဆင်းရဲ နေ့ရက်များကို ကြံ့ကြံ့ခံဖို့ မည်မျှ ခက်ခဲခဲ့သည်ကို သင်တို့ မေ့လျော့ကြပြီလော။ ယခုသည် ငါ၏ဘုန်းအသရေကို သင်တို့ မြင်ကြရသည့် အချိန်ဖြစ်သကဲ့သို့၊ ငါ၏ ဘုန်းအသရေ နေ့ရက်ကို သင်တို့ မျှဝေခံစားကြရသည့်အချိန်လည်း ဖြစ်သည်။ ငါ၏ ဘုန်းအသရေသည် ညစ်ညူးသောမြေကို စွန့်ခွာချိန်တွင်၊ လူသားသည် အမှောင်ထုအလယ် ငိုကြွေးမြည်တမ်းရလိမ့်မည်။ ယခုအချိန်သည် ငါ၏အမှုကို ငါ လုပ်ဆောင်ချိန်၊ ဘုန်းအသရေ နေ့ရက်ဖြစ်ပြီး၊ ငါသည် ညှဉ်းဆဲခြင်းနှင့် အတိဒုက္ခခံရသည့် အချိန်များကို ၎င်းတို့နှင့်အတူ ငါမျှဝေခံစားလိမ့်မည်မဟုတ်သည့်အတွက်၊ လူသားမျိုးနွယ်ကို ဆင်းရဲဒုက္ခမှ ငါလွတ်ငြိမ်းခွင့်ပေးမည့် နေ့ရက်လည်း ဖြစ်သည်။ ငါသည် လူသားမျိုးနွယ်ကို လုံးဝ သိမ်းပိုက်ရန်နှင့် လူသားမျိုးနွယ်၏ ဆိုးယုတ်သူကို လုံးဝ အနိုင်ယူရန်သာ အလိုရှိသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၉၂ လူသားကို ဘုရား၏ဆိုဆုံးမချက် သုံးခု

နောက်တစ်ခုသို့- ၉၉၄ ဘုရားသည် လူတို့အား မှန်သောအသက်လမ်းကြောင်းပေါ်သို့ ဦးဆောင်လမ်းပြ၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။