၂၅၀ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အလွန်စစ်မှန်လှ

၁ အို ဘုရားရှင်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြရင်း နှိမ့်ချကာ ကွယ်ဝှက်လျက် ကိုယ်တော် လူ့ဇာတိခံလေပြီ။ လူသားမျိုးနွယ်က ကိုယ်တော့်ကို ဆန့်ကျင်၍ပင် ဝေဖန်ပြီး၊ ကိုယ်တော်၏ စိတ်နှလုံးကို နက်ရှိုင်းစွာ ထိခိုက်စေသော်လည်း၊ ကိုယ်တော့်ကို မသိပေ။ အို ဘုရားရှင်။ မည်သူ့အတွက် ကိုယ်တော် ငိုကြွေးသနည်း။ ကိုယ်တော်၏ ပူဆွေးမှုကို အဘယ်သူ ခံစားနိုင်သနည်း။ အို ဘုရားရှင်။ မည်သူ့အတွက် ကိုယ်တော် ဝမ်းနည်းပူဆွေးသနည်း။ ကိုယ်တော်၏ စိတ်နှလုံးကို အဘယ်သူ နားလည်နိုင်သနည်း။ ကျွန်ုပ်သည် ဘာသာရေး အယူအဆများအားဖြင့် ချည်နှောင်ခြင်း ခံခဲ့ရသည်။ ဘာသာရေး သင်းအုပ်ဆရာများကို မျက်စိစုံမှိတ် ကိုးကွယ်ခဲ့ပြီး၊ လူများနောက်သို့ လိုက်ခဲ့သည်။ ကျွန်ုပ်တို့၏ ပုန်ကန်မှုက ကိုယ်တော်၏ စိတ်နှလုံးကို ကြေကွဲစေ၊ ကျွန်ုပ်တို့၏ ခံစားချက်မဲ့ခြင်းက ကိုယ်တော့်ကို နာကျင်စေ။ အို၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ ယုံကြည်သော်လည်း အဘယ်ကြောင့် ဆန့်ကျင်ကာ ဘေးဖယ်ထားကြသနည်း။ အို၊ ကိုယ်တော့်ကို ကျွန်ုပ် ယုံကြည်သော်လည်း၊ ကိုယ်တော့်ကို ဘေးဖယ်ရင်း လူတို့နောက်သို့ လိုက်ခဲ့သည်မှာ အဘယ်ကြောင့် ဖြစ်သနည်း။ တရားစီရင်ခြင်းမှတဆင့်သာ ကျွန်ုပ်တို့ နိုးထပြီ၊ ကျွန်ုပ်တို့ အမှန်တကယ် သတိမပြုမိကြကာ ကိုယ်တော်ကို မသိကြပေ။ ကိုယ်တော်၏ တရားစီရင်ခြင်းကို မွေ့ပျော်ဖို့ ကျွန်ုပ်တို့၏ အခွင့်အလမ်းကောင်းမှာ အမှန်တကယ် ကိုယ်တော်၏ ကြီးမြတ်သော ကယ်တင်ခြင်းပေ။

၂ အို ဘုရားရှင်။ ကိုယ်တော့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်တို့ကို သန့်ရှင်းစေဖို့ သက်သက်ဖြစ်ပေ။ သို့သော် ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ်တို့ နားမလည်သေး၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ နားလည်မှုလွဲကာ အပြစ်တင်ပေ။ အို ဘုရားရှင်။ မည်သူ့အတွက် ကိုယ်တော် အားထုတ်ကြိုးပမ်းသနည်း။ အိပ်စက်ခြင်းနှင့် အစားအစာတို့ကို မည်သူ့အတွက် ကိုယ်တော် စွန့်လွှတ်သနည်း။ အို ဘုရားရှင်။ မည်သူ့အတွက် သင် စိုးရိမ်မိပါသနည်း။ မည်သူ့ကို သင် စိတ်ရှည်ရှည် စကားပြောဆိုပါသနည်း။ စာတန်အားဖြင့် ကျွန်ုပ်တို့ အန္တရာယ်ပြုခံရကာ နင်းခြေခံရ၊ ကိုယ်တော်၏ မျက်လုံးများဖြင့် ဤအရာကို ကိုယ်တော် မြင်ကာ စိတ်ထဲ မှတ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များဖြင့် ကျွန်ုပ်တို့ထဲ ကယ်တင်ခြင်းကို ကိုယ်တော် ဆောင်ရွက်ပေ။ အို၊ ကျွန်ုပ်တို့က မြေမှုန်သာ ဖြစ်ပေ၊ ကိုယ်တော်၏ ချစ်မြတ်နိုးခြင်းနှင့် ပူပန်ခြင်းတို့ဖြင့် ကျွန်ုပ်တို့ အဘယ်သို့ ထိုက်တန်သနည်း။ အို၊ မစင်ကဲ့သို့ ကျွန်ုပ်တို့ ညစ်ညမ်းကြပေ၊ ကိုယ်တော်ထံမှ ထိုသို့သော ချီးမြှောက်ခြင်းနှင့် ချစ်ခြင်းတို့ဖြင့် ကျွန်ုပ်တို့ အဘယ်သို့ ထိုက်တန်သနည်း။ ကျွန်ုပ်တို့၏ နက်ရှိုင်းသော ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်ုပ်တို့ စက်ဆုပ်မိ၊ ကိုယ်တော်၏ ချစ်ဖွယ်ကောင်းခြင်းနှင့် စေတနာတို့ကို ကျွန်ုပ်တို့ မမြင်နိုင်ပေ။ ကိုယ်တော့်ထံမှ သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းတို့ကို ကျွန်ုပ် ယခု ရရှိနိုင်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ အမြဲ ချစ်ကာ သစ္စာရှိပါမည်။

အရှေ့သို့- ၂၄၉ ဘုရားသခင်သည် များပြားသော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အား ပေးပြီ

နောက်တစ်ခုသို့- ၂၅၁ ဘုရားသခင်ကို ချစ်ဖို့ အခွင့်အရေးကို မြတ်နိုးပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။