၈၉၈ လူတို့သည် မိမိတို့၏ အမှားများမှ ဝေးရာသို့လှည့်သွား သည့်အခါ ဘုရားသခင်သည် နှစ်သိမ့်ခြင်းခံစားရသည်

၁ ၎င်းတို့၏ လောကီအား တွယ်တာမှုကို စွန့်လွှတ်ဖို့ တွန့်ဆုတ်နေသောသူ အချို့သည် ဖယ်ရှင်းခံရပြီး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်သို့ မပြန်မီတွင် နှစ်အနည်းငယ်ကြာ လှည့်လည်သွားလာနေကြသည်။ ဤသို့ပြုလုပ်ခြင်း၌ ၎င်းတို့တွင် ကယ်တင်ခြင်း ရရှိရန် မျှော်လင့်ချက်တစ်ခု ရှိကြသည်။ ဤသည်မှာ ရှားပါးပြီး တန်ဖိုးရှိလှသည်။ ဘုရားသခင် မည်သို့ ပြုမူပါစေ၊ ပြီးလျှင် ဘုရားသခင်သည် လူများကို မည်သို့ ဆက်ဆံပါစေ၊ မုန်းပါစေ သို့မဟုတ် စက်ဆုပ်ပါစေ၊ ၎င်းတို့ ပြောင်းလဲနိုင်သည့်နေ့ရက်အချိန် ရောက်လာပါက၊ ဤသည်က ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာအနည်းငယ် ရှိဆဲဖြစ်ကြောင်း၊ ၎င်းတို့သည် ၎င်းတို့၏ လူ့အသိစိတ် သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ လုံးလုံး မဆုံးရှုံးသေးကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လိုဆဲ ဖြစ်ပြီး သူ့ကို အသိအမှတ်ပြုဖို့နှင့် သူ့ရှေ့မှောက် ပြန်လာဖို့ အနည်းဆုံးအနေဖြင့် ရည်ရွယ်ချက်အချို့ ရှိကြောင်းကို ဆိုလိုမည် ဖြစ်သည့်အတွက် ငါသည် အလွန်ကျေနပ်မည်ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်ကို မည်သူစွန့်ခွာပါစေ၊ ၎င်းတို့ပြန်လာပြီး ဤမိသားစုကို ချစ်ခင်ဆဲဖြစ်ပါက၊ ငါသည် အတော်အတန် သံယောဇဉ်ရှိစွာ တွယ်တာလာပြီး ယင်းတွင် ကျေနပ်မှုအချို့ ရလိမ့်မည် ဖြစ်သည်။ သို့သော် ၎င်းတို့ မည်သည့်အခါမျှ မပြန်လာပါက၊ ငါသည် ယင်းကို သနားစဖွယ်အဖြစ် တွေးမိမည်။ ၎င်းတို့ ပြန်လာနိုင်ပြီး ဘုရားသခင်ကို ရိုးသားစွာ စတင်ယုံကြည်နိုင်ပါက၊ ငါ့စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းဖြင့် အထူးသဖြင့် ပြည့်နှက် နေလိမ့်မည်။

၂ ကျေးဇူးတော်ခေတ်တွင်၊ ယေရှုသည် လူသားများအတွက် သနားခြင်းနှင့် ကျေးဇူးတော် ရှိခဲ့သည်။ သိုးတစ်ရာထဲမှ တစ်ကောင်ပျောက်ဆုံးခဲ့လျှင်၊ ထိုတစ်ကောင်ကို ရှာဖွေရန်အတွက် ကိုးဆယ့်ကိုးကောင်ကို သူ စွန့်ခဲ့မည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် သဘာဝလှုပ်ရှားမှုနှင့် ကျိုးကြောင်းဆက်စပ်သော နည်းစနစ်မျိုး မဟုတ်သကဲ့သို့၊ စည်းမျဉ်းတစ်ခုလည်း မဟုတ်ပေ။ ယင်းထက်၊ လူသားအပေါ် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သူတို့ကို ကယ်တင်ဖို့ ဘုရားသခင်၏ အရေးပေါ် ရည်ရွယ်ချက်နှင့် သူတို့အတွက် သူ၏ နက်ရှိုင်းသည့် ချစ်ခြင်းမေတ္တာတို့ကို ၎င်းတို့က ပြသသည်။ လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာမှာ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု မဟုတ်။ ယင်းသည် စိတ်သဘောထားတစ်မျိုး၊ စိတ်နေစိတ်ထား တစ်မျိုးဖြစ်သည်။ ထို့ကြောင့်၊ လူတို့သည် အားနည်းချက်များနှင့် လွဲမှားသော အယူအဆများ မည်မျှရှိကြပါစေ၊ ၎င်းတို့ နိုးထကြလျှင်၊ နားလည်သဘောပေါက်ပြီး ပြောင်းလဲမှုတစ်ခုပြုကြလျှင်၊ ဘုရားသခင်သည် အထူးသဖြင့် နှစ်သိမ့်မှုခံစားရလိမ့်မည်။ ဤကာမဂုဏ်အာရုံ ပျော်မွေ့မှုများ၏ လောကထဲတွင်၊ ဤဆိုးယုတ်သည့် ခေတ်ထဲတွင်၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခြင်း၊ ဘုရားသခင်ကို အသိအမှတ်ပြုနိုင်ခြင်းနှင့် မှန်ကန်သည့် လမ်းကြောင်းပေါ် ပြန်သွားနိုင်ခြင်းတို့သည် အတော်အတန်နှစ်သိမ့်မှု ယူဆောင်ပေးသည့် အရာများနှင့် စိတ်လှုပ်ရှားစရာကောင်းသော အရာများ ဖြစ်ကြလေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

နောက်တစ်ခုသို့- ၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။