၉၇၀ ဘုရား၏ သန့်ရှင်းသော အနှစ်သာရကို နားလည်ရန် အလွန်အရေးကြီး၏ကျူး

၁ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည် သဘောပေါက် လာသည့်အခါ ဘုရားသခင်ကို သင် အမှန်တကယ် ယုံကြည်နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်သဘောပေါက်လာသည့်အခါ “အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်” ဟူသော စကားလုံးတို့၏ အဓိပ္ပါယ် အစစ်အမှန်ကို အမှန်တကယ် နားလည်နိုင်လိမ့်မည်။ သင့်အနေဖြင့် ဤတစ်လမ်းအပြင် သင်ရွေးလျှောက်နိုင်သည့် အခြားလမ်းကြောင်းများရှိသည်ကို တွေးလျက် သင်သည် စိတ်ကူးယဉ်တော့မည် မဟုတ်သကဲ့သို့၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသော အရာရာတိုင်းကို သစ္စာဖောက်ရန်လည်း လိုလားတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသောကြောင့် ယင်းသည် ဘုရားသခင် အားဖြင့်သာလျှင် ဖြောင့်မတ်သော အလင်းလမ်းကြောင်းပေါ် အသက်တာတစ်လျှောက် သင်လျှောက်လှမ်းနိုင်သည်ဟု အဓိပ္ပာယ် ရ၏။ ဘုရားသခင်အားဖြင့်သာ ဘဝ၏ အဓိပ္ပာယ်ကို သင်သိနိုင်၏။ ဘုရားသခင်အားဖြင့်သာ စစ်မှန်သော လူ့သဘာဝကို သင် အသက်ရှင်နေထိုင်နိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်နိုင်သကဲ့သို့ သိလည်းသိနိုင်သည်။ ဘုရားသခင်အားဖြင့်သာ သမ္မာတရားမှ အသက်ကို သင်ရရှိနိုင်သည်။ ဘုရားသခင်ကိုယ်တိုင်သာ သင့်အား မကောင်းမှုမှ ရှောင်ကြဉ်ရန် ကူညီပေးနိုင်ပြီး စာတန်၏ အန္တရာယ်နှင့် ထိန်းချုပ်မှုမှ သင့်အား ကယ်တင်ပေးနိုင်၏။

၂ ဆင်းရဲဒုက္ခကို သင် မခံစားရတော့ရန်အလို့ငှာ ဘုရားသခင် မှအပ သင့်အား မည်သူမျှ၊ မည်သည့်အရာကမျှ ဒုက္ခပင်လယ် အတွင်းမှ မကယ်တင်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရအားဖြင့် သတ်မှတ်ခြင်း ဖြစ်၏။ ဘုရားသခင် ကိုယ်တိုင်သည်သာ သင့်ကို လုံးဝကိုယ်ကျိုးမငဲ့ဘဲ ကယ်တင်၏၊ ဘုရားသခင်သည်သာ သင်၏အနာဂတ်၊ သင်၏ ကံကြမ္မာနှင့် သင်၏အသက်တာအတွက် အခြေခံအားဖြင့် တာဝန်ရှိပြီး၊ သူသည် သင့်အတွက် အရာခပ်သိမ်းကို စီစဉ်ပေး၏။ ဤသည်မှာ ဖန်ဆင်းခံဖြစ်စေ၊ ဖန်ဆင်းခံ မဟုတ်သည့်အရာဖြစ်စေ မည်သည့် အရာကမျှ မစွမ်းဆောင်နိုင်သည့် အရာတစ်ခုဖြစ်သည်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာတို့က ဘုရားသခင်၏ အနှစ်သာရကဲ့သို့သော အနှစ်သာရကို မပိုင်ဆိုင်သောကြောင့် မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ သင့်အား ကယ်တင်ရန် သို့မဟုတ် သင့်အား ဦးဆောင်လမ်းပြရန် အစွမ်းအစမရှိချေ။ ဤသည်မှာ လူသားအဖို့ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော အရေးပါမှု ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၆၉ ဘုရား၏အနှစ်သာရသည် ကိုယ်ကျိုးမငဲ့ပေကျူး

နောက်တစ်ခုသို့- ၉၇၁ ဘုရား၏အကွယ်အကာအောက်တွင် လူတို့ကြီးထွားကြ၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။