၂၄ မိုးချုန်းသံခုနစ်ချက်ကို ဖွင့်တော်မူသောသူကျူး

၁ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဝိညာဉ်တော်ခုနှစ်ပါး၏ ဘုရားသခင်ဖြစ်သည်။ မျက်လုံးခုနှစ်လုံးနှင့် ကြယ်ခုနှစ်လုံးတို့၏ ဘုရားသခင်မှာလည်း ကိုယ်တော်ပင်ဖြစ်သည်။ ကိုယ်တော်သည် တံဆိပ်ခုနှစ်ချက်ကို ဖွင့်ပြီး စာစောင်တစ်ခုလုံးကို သူဖွင့်ခဲ့သည်။ ကိုယ်တော်သည် တံပိုးခုနှစ်လုံးကို မှုတ်ခဲ့ပြီး ဖလားခုနှစ်လုံးနှင့် ဘေးဒဏ်ခုနှစ်ပါးကို ကိုယ်တော်၏အလိုတော်အတိုင်း လွှတ်ထုတ်ရန် ကိုယ်တော့်လက်ထဲတွင် ရှိနေသည်။ အို၊ အစဉ်အမြဲ တံဆိပ်ခတ်ထားခြင်း ခံရသော မိုးကြိုးသံ ခုနှစ်ချက်တို့။ ၎င်းတို့ကို ထုတ်ဖော်ရာအချိန်သည် ကျရောက်လာလေပြီ။ မိုးကြိုးသံ ခုနှစ်ချက်ကို ယူလာပေးမည့်သူသည် ငါတို့၏ မျက်စိရှေ့တွင် ပေါ်ထွန်းခဲ့နှင့်ပြီး ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်နှင့်ဆိုလျှင် အရာရာတိုင်းသည် အတားအဆီးမှ လွတ်ကင်း၍ လွတ်လပ်၏။ အခက်အခဲများမရှိ၊ အရာရာတိုင်းသည် ချောမွေ့စွာ စီးဆင်းပေ၏။ အဘယ်အရာမျှ သင့်ကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုရဲဘဲ အရာရာတိုင်းသည် သင့်ကို ကျိုးနွံနာခံကြသည်။ ကျိုးနွံနာခံခြင်း မရှိသူအားလုံးသည် သေဆုံးကြအံ့။

၂ အနန္တတန်ခိုးရှင် ဘုရားသခင်၊ မျက်လုံးခုနှစ်လုံးရှိသော ဘုရားသခင်။ အရာရာတိုင်းသည် လုံးလုံးလျားလျား ရှင်းလင်းပြီး အရာရာတိုင်းသည် တောက်ပကာ ဖုံးအုပ်ထားခြင်းမရှိဘဲ ထုတ်ဖော်ထားပြီး ဖွင့်ချထားသည်။ ကိုယ်တော်နှင့်ဆိုလျှင် အရာရာတိုင်းသည် ရှင်းလင်းပြတ်သားပြီး ဘုရားသခင် ကိုယ်တော်တိုင်သည်သာ ဤကဲ့သို့ မဟုတ်ဘဲ၊ ကိုယ်တော်၏သားများသည်လည်း ထိုနည်းနှင်နှင် ဖြစ်ကြသည်။ မည်သူမျှ၊ မည်သည့်အရာမျှ၊ မည်သည့်အကြောင်းအရာမျှ ကိုယ်တော်နှင့် ကိုယ်တော်၏သားများရှေ့မှောက်တွင် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကြယ်ခုနှစ်လုံးတို့သည် တောက်ပနေကြသည်။ အသင်းတော်သည် ကိုယ်‌တော်အားဖြင့် စုံလင်စေခြင်းကို ခံခဲ့ပြီးဖြစ်သည်။ ကိုယ်တော်သည် ကိုယ်တော့်အသင်းတော်၏ စေတမန်များကို သတ်မှတ်ပြီး အသင်းတော်တစ်ခုလုံးသည် ကိုယ်တော်၏ ပြဋ္ဌာန်းချက်အတွင်းတွင် ရှိသည်။ ကိုယ်တော်သည် တံဆိပ်ခုနှစ်ချက်စလုံးကို ဖွင့်ပြီး သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့် သူ၏အလိုတော်ကို သူကိုယ်တော်တိုင် အပြီးသတ်စေလေသည်။ စာစောင်သည် ကိုယ်တော်၏စီမံခန့်ခွဲမှု၏ လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်ဘာသာစကားဖြစ်ပြီး ကိုယ်တော်သည် ထိုစာစောင်ကို ဖွင့်ပြ၍ ထုတ်ဖော်ပြီးဖြစ်သည်။ လူသားအားလုံးတို့သည် ကိုယ်တော်၏တံပိုးခုနှစ်လုံး မြည်ဟည်းသံကို နားထောင်သင့်သည်။ ကိုယ်တော်နှင့်ဆိုလျှင် အရာရာတိုင်းကို ဘယ်သောအခါမျှ ပြန်လည်ဖုံးကွယ်မထားတော့ရန် ကြေညာထားပြီး နောက်ထပ်ဝမ်းနည်းစရာ မရှိတော့ပေ။ အရာအားလုံးကို ဖော်ထုတ်ထားပြီး အရာအားလုံးသည် အောင်မြင်လေသည်။

၃ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တံပိုးခုနှစ်လုံးသည် ပွင့်နေကြကာ ဘုန်းကြီး၍ အောင်ပွဲခံသော တံပိုးများဖြစ်သည်။ ၎င်းတို့သည် ကိုယ်တော်၏ရန်သူများကို တရားစီရင်သော တံပိုးများလည်း ဖြစ်ကြသည်။ ကိုယ်တော်၏အောင်ပွဲအလယ်တွင် ကိုယ်တော်၏ တံပိုးခရာသည် ချီးမွမ်းခြင်း ခံနေရသည်။ ကိုယ်တော်သည် စကြဝဠာတစ်ခုလုံးအပေါ် အုပ်စိုးလေသည်။ ကိုယ်တော်သည် ဘေးဒဏ်များ၏ ဖလားခုနှစ်လုံးကို ပြင်ဆင်ထား၏၊ သူ၏ရန်သူများကို ပစ်မှတ်ထားကာ ယင်းတို့ကို ပြင်းထန်စွာ ဒလဟောစီးနေသည့် ရေအလျဉ်သို့ လွှတ်ပေးပြီး ထိုရန်သူတို့သည် ကိုယ်တော့်လောင်သောမီးများ၏ မီးတောက်များထဲတွင် ဝါးမျိုခြင်းကို ခံကြရလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ့သြဇာအာဏာ၏ခွန်အားကိုပြပြီး ကိုယ်တော်၏ရန်သူအားလုံး ပျက်စီးကြသည်။ နောက်ဆုံးသော မိုးကြိုးသံခုနှစ်ချက်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ရှေ့မှောက်တွင် တံဆိပ်ခတ်ထားခြင်းခံရန် မဟုတ်တော့ပေ။ ၎င်းတို့အားလုံးကို ထုတ်ဖော်ထားသည်။ သူတို့အားလုံးကို ထုတ်ဖော်ထားသည်။ ကိုယ်တော်သည် မြေကြီးကို ဘယ်သောအခါမျှ ထပ်မံ၍ ဖျက်ဆီးခြင်း မခံရစေတော့ရန် တည်ငြိမ်စေကာ သူ့အား အစေခံစေလျက်၊ သူ၏ရန်သူများကို မိုးကြိုးသံ ခုနှစ်ချက်ဖြင့် သေစေ၏။ ဖြောင့်မတ်သော အနန္တတန်ခိုးရှင်ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ်တို့ ထာဝရ ချီးမွမ်းပါ၏။ ကိုယ်တော်သည် အဆုံးမရှိသော ချီးမွမ်းခြင်းနှင့် ထာဝရ ထောမနာပြုခြင်းနှင့် ချီးမြှောက်ခြင်းကို ခံထိုက်ပေ၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၃ နိုင်ငံတော်တွင် ဘုရားသခင်အုပ်စိုး၏

နောက်တစ်ခုသို့- ၂၅ မိုးချုန်းသံခုနစ်ချက် ပလ္လင်တော်မှထွက်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။