၉၉၀ အပြစ်ထဲ၌ ပိတ်မိနေပြီး နောင်တမရသော လူများကို ကယ်တင်၍ မရနိုင်ပေ

၁ ယခုတွင်၊ သင်တို့၏ လိုက်စားခြင်းက ထိရောက်မှုရှိ မရှိဆိုသည်ကို လောလောဆယ် သင်တို့ ပိုင်ဆိုင်သည့်အရာအားဖြင့် တိုင်းတာပေသည်။ ဤသည်မှာ သင်တို့၏ အကျိုးဆက်ကို ဆုံးဖြတ်ဖို့ အသုံးပြုသည့်အရာ ဖြစ်သည်။ ဤသည်မှာ၊ သင်တို့၏ အကျိုးဆက်သည် သင်တို့ ပြုပြီးသည့် စွန့်လွတ်မှုများနှင့် သင်တို့ လုပ်ဆောင်ပြီးဖြစ်သည့် အရာများတွင် ထုတ်ဖော်ပြခံရသည်ဟု ဆိုလိုသည်။ သင်တို့၏ အကျိုးဆက်ကို သင်တို့၏ လိုက်စားမှု၊ သင်တို့၏ ယုံကြည်ခြင်းနှင့် သင်တို့ လုပ်ဆောင်ပြီးဖြစ်သည့် အရာအားဖြင့် သိစေလိမ့်မည်ဖြစ်သည်။ သင်တို့ အားလုံးအလယ်တွင်၊ ကယ်တင်၍ မရနိုင်သော သူများစွာ ရှိနှင့်လေသည်၊ အကြောင်းမူကား ယနေ့သည် လူတို့၏ အကျိုးဆက်များကို ထုတ်ဖော်ပြသည့် နေ့ရက်ဖြစ်ပြီး ငါ၏ အမှု၌ ငါသည် မပြတ်မသားဖြစ်မည်မဟုတ်၊ ငါသည် လုံးဝ ကယ်တင်၍ မရသော သူတို့ကို လာမည့်ခေတ်ထဲသို့ ငါ ဦးဆောင်မည်မဟုတ်။ ငါ၏ အမှု ပြီးစီးသည့် အချိန်တစ်ချိန် ရှိလိမ့်မည်။ ငါသည် လုံးဝ ကယ်တင်၍မရနိုင်သည့် ထိုနံစော်သော၊ ဝိညာဉ်ကင်းမဲ့သော အသေကောင်များအပေါ် အမှုပြုမည်မဟုတ်။ ယခုသည် လူသား၏ ကယ်တင်ခြင်း၏ နောက်ဆုံးသော ကာလဖြစ်ပြီး အချည်းနှီးသော အမှုကို ငါလုပ်ဆောင်မည်မဟုတ်။

၂ ၎င်းတို့၏ ဇာတိပကတိကိုသာ စဉ်းစားသူနှင့် ဇိမ်ခံစရာကို မွေ့လျော်သောသူများ၊ ယုံကြည်သည်ဟု ထင်ရသော်လည်း အမှန်တကယ် မယုံကြည်သူများ၊ မကောင်းသောဆေးနှင့် နတ်ဝိဇ္ဇာအတတ်၌ ပါဝင်ပတ်သက်သူများ၊ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံကာ စုတ်ဖွာပြီး စုတ်ပြတ်နေသူများ၊ ယေဟောဝါထံ ယဇ်ပူဇော်မှုများနှင့် သူ၏ ပိုင်ဆိုင်မှုများကို ခိုးယူသောသူများ၊ တံစိုးလက်ဆောင်များကို နှစ်သက်သောသူများ၊ ကောင်းကင်သို့ တက်ကြွရန် အလဟဿ အိပ်မက်မက်နေသူများ၊ မာန်မာနထောင်လွှားပြီး စိတ်ကြီးဝင်သူများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာအတွက်သာ ကြိုးပမ်းကြသူများ၊ ရိုင်းပျသော စကားများကို ဖြန့်ဖြူးသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ပြစ်မှားစော်ကားသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ဝေဖန်မှုများပြုပြီး အသရေပျက်အောင် လုပ်ကြံပြောဆိုသည်မှလွဲ၍ ဘာမျှမလုပ်ဆောင်သောသူများ၊ အုပ်စုများဖွဲ့ပြီး လွတ်လပ်မှုကို ရှာဖွေသောသူများ၊ ဘုရားသခင်ထက် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သောသူများ၊ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့မှု၌ မိနေသည့် ပေါ့ပျက်ပျက် လူငယ်၊ သက်လတ်ပိုင်းနှင့် သက်ကြီး အမျိုးသားများနှင့် အမျိုးသမီးများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာ၌ မွေ့လျော်ပြီး အခြားအရာများအပြင် ပုဂ္ဂိုလ်ရေး အဆင့်အတန်းနောက် လိုက်သူများ၊ အပြစ်၌ ပိတ်မိနေသည့် နောင်တမရသော လူများ- ၎င်းတို့ အားလုံးသည် ကယ်တင်မရသောသူများ ဖြစ်ကြသည်မဟုတ်လော။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၈၉ လူတို့ကို အပြစ်ဒဏ်ပေးချိန်၌ ဘုရား၏ သဘောထားကို သင်နားလည်သလောကျူး

နောက်တစ်ခုသို့- ၉၉၁ သင်၏ အပြောအဆို အမူအကျင့်ကို မည်သို့ ဆင်ခြင်သင့်သနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။