၇၅၂ ယောဘအသက်တာ၏တန်ဖိုးကျူး

၁ ယောဘ၏တစ်သက်တာ သက်သေခံချက်၏တန်ဖိုးသည် အဘယ်မှာ ရှိသနည်း။ လူသား၏ ရှုထောင့်မှ ကြည့်ပါက၊ စာတန်နှင့် လောက လူများ၏ရှေ့တွင် ဘုရားသခင်အား ထူးကဲသော သက်သေခံချက်တစ်ခုကို သက်သေခံရာ၌ သူသည် ဘုရားသခင် ကယ်တင်ရန် အလိုရှိသော လူသားမျိုးနွယ်ကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ကို ဖြည့်ဆည်းခဲ့ပြီး ဘုရားသခင်ကို အမှီပြုခြင်းအားဖြင့် စာတန်ကို အောင်နိုင်ရန် လုံးဝ ဖြစ်နိုင်သည်ကို လူတို့အား မြင်ခွင့်ပေးရင်း၊ ဘုရားသခင် ကယ်တင်လိုသော သော သူအားလုံးအတွက် စံတစ်ခု ချမှတ်ကာ နမူနာတစ်ခုအဖြစ် အသက်ရှင်ခဲ့သည်။ ဘုရားသခင်အဖို့ ယောဘ အသက်တာ၏ တန်ဖိုးမှာ ဘုရားသခင်အား ကိုယ်စိတ်ချမ်းသာမှုနှင့် မွေ့လျော်စရာ တစ်စုံတစ်ခုကို ဆောင်ယူလာရင်း၊ ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း၊ ကိုးကွယ်နိုင်စွမ်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံနိုင်စွမ်းနှင့် ချီးမွမ်းနိုင်စွမ်းတို့၌ တည်ရှိလေသည်။

၂ ဘုရားသခင်အဖို့ ယောဘ အသက်တာ၏ တန်ဖိုးမှာ လူသားမျိုးနွယ်အလယ်၌ ဘုရားသခင်ကို ဘုန်းထင်ရှားစေရင်း၊ ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်စေကာ ဘုရားသခင်၏ စိတ်အားထက်သန်သော စိတ်နှလုံးကို ရလဒ်တစ်ခုအား ရှုမြင်စေပြီး မျှော်လင့်ချက်ကို မြင်စေရင်း၊ ယောဘသည် သူမသေဆုံးမီတွင် စမ်းသပ်မှုများကို မည်သို့ တွေ့ကြုံခံစားခဲ့ပြီး စာတန်အပေါ် အောင်နိုင်ခဲ့ကာ စာတန်နှင့် လောက လူတို့၏ ရှေ့၌ ဘုရားသခင်အား ထူးကဲသော သက်သေခံချက်ကို မည်သို့ သက်သေခံခဲ့သည် ဆိုသည့်အရာ၌လည်း တည်ရှိခဲ့သည်။ သူ၏သက်သေခံချက်သည် ဘုရားသခင်အဖို့ တစ်ဦးတစ်ယောက်၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်စွမ်းနှင့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၌ ဘုရားသခင်၏ ကိုယ်စား စာတန်အား အရှက်ရစေနိုင်ခြင်း အတွက် အစဉ်အလာတစ်ခုကို သတ်မှတ်ပေးခဲ့သည်။

၃ ယောဘသည် ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်မှု ယူဆောင်ပေးခဲ့သည်၊ သူသည် ဘုရားသခင်အား ဘုန်းထင်ရှားခြင်းနှင့်သက်ဆိုင်သည့် ဝမ်းမြောက်ခြင်း အမြည်းတစ်ခုကို ပေးခဲ့ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဝမ်းမြောက်ဖွယ်ကောင်းသော အစပြုခြင်းတစ်ခုကို ပေးခဲ့သည်။ ဤအချိန်မှစ၍ ရှေ့လျှောက်၊ ယောဘ၏အမည်သည် ဘုရားသခင်ကို ဘုန်းထင်ရှားစေခြင်းအတွက် သင်္ကေတတစ်ခုနှင့် စာတန်အပေါ် လူသားမျိုးနွယ်၏ အောင်နိုင်မှု အမှတ်အသားတစ်ခု ဖြစ်လာခဲ့သည်။ သူ၏ ဘဝတစ်လျှောက်လုံး ယောဘ အသက်ရှင်နေထိုင်ခဲ့သည့် အရာအပြင် စာတန်အပေါ် သူ၏ ထူးခြားသော အောင်နိုင်မှုတို့သည် အစဉ်ထာဝရ ဘုရားသခင်၏ မြတ်နိုးခြင်းခံရမည်ဖြစ်ပြီး၊ သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် နောင်လာမည့် မျိုးဆက်များအားဖြင့် အမွန်အမြတ်ထားခံရကာ အတုယူခံရလိမ့်မည် ဖြစ်သည်။ သူသည် အပြစ်အနာအဆာကင်းပြီး တောက်ပသော ပုလဲလုံး တစ်လုံးကဲ့သို့ ဘုရားသခင်၏ အစဉ်ချစ်ခင်မြတ်နိုးခြင်းကို ထာဝရ ခံရမည်ဖြစ်ပြီး၊ သူသည် လူ၏ တန်ဖိုးထားခံရခြင်းငှာလည်း ထိုက်တန်ပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၅၁ ယောဘသည် ဘုရားကို သိကျွမ်းရန် ကြိုးစားခြင်းဖြင့် သူ့တစ်ဘဝလုံးကို ကုန်လွန်စေခဲ့၏ကျူး

နောက်တစ်ခုသို့- ၇၅၃ ဘုရားသခင်ပြုသမျှသည် လူတို့ကို ကယ်တင်ဖို့သာ ဖြစ်ပေ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။