ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၅

20.02.2021

မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို အသက်ရှင်ဖို့ရန်၊ လူတစ်ဦးသည် နေ့စဉ် အလင်းသစ်ကို ရရှိနိုင်ရမည်ဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များအား စစ်မှန်သော သိနားလည်မှုတစ်ခုကို ရှာဖွေနိုင်ရမည်။ သမ္မာတရားကို ရှင်းလင်းစွာ မြင်ရမည်၊ ကိစ္စရပ်များအားလုံးတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေရမည်၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် မေးခွန်းသစ်များကို ရှာဖွေတွေ့ရှိရမည်ဖြစ်ပြီး၊ မိမိ၏ ဖြစ်တည်မှု တစ်ခုလုံးကို တို့ထိသည့် တောင့်တပြီး ရှာဖွေတတ်သော စိတ်နှလုံးတစ်ခု ရှိနိုင်ဖို့အလို့ငှာနှင့် နောက်ကျကျန်ရစ်မည်ကို အလွန်အမင်း စိုးရိမ်လျက် ဘုရားသခင်၏ ရှေ့မှောက်တွင် တစ်ချိန်လုံး ဆိတ်ငြိမ်နိုင်ဖို့အလို့ငှာ မိမိကိုယ်တိုင်၏ ချို့ယွင်းချက်များကို သိရမည်။ ဝင်ရောက်မှုကို စဉ်ဆက်မပြတ် ကြိုးပမ်းရရှိဖို့ရန် လိုလားနေသည့် ထိုသို့သော တောင့်တ၊ ရှာဖွေသည့် စိတ်နှလုံးနှင့် လူတစ်ဦးသည် ဝိညာဉ်ရေးရာ အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရသူများ၊ သာ၍ ကောင်းစွာ လုပ်ဆောင်ရန် ဆန္ဒရှိသူများ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို လိုက်စားရန် လိုလားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သာ၍ နက်နဲသည့် သိနားလည်မှုတစ်ခုကို တောင့်တသူများ၊ သဘာ၀လွန်ဖြစ်ရပ်ကို မလိုက်စားဘဲ ထိုအစား စစ်မှန်သော အဖိုးအခတစ်ခုကို ပေးသောသူများ၊ ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် အရေးစိုက်သောသူများ၊ ၎င်းတို့၏ အတွေ့အကြုံများ သာ၍ ရိုးသားကာ စစ်မှန်ဖို့အလို့ငှာ ဝင်ရောက်ခြင်းကို အမှန်တကယ် ကြိုးပမ်းရရှိသူများ၊ အချည်းနှီးသော စကားများနှင့် အယူဝါဒများကို မလိုက်စားသူ သို့မဟုတ် သဘာဝလွန်ဖြစ်ရပ်ကို ခံစားဖို့ရန် မလိုက်စားသူများ၊ မည်သည့် ကြီးမြတ်သည့် ပုဂ္ဂိုလ်ကိုမဆို မကိုးကွယ်သူများ- ဤသူများသည် မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာတစ်ခုထဲသို့ ဝင်ရောက်ပြီးသည့် သူများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် အသက်တာတွင် နောက်ထပ် ကြီးထွားမှုကို ရရှိဖို့ရန်နှင့် ၎င်းတို့ စိတ်ဝိညာဉ်၌ လန်းဆန်း၍ တက်ကြွစေရန် ရည်ရွယ်ပြီး၊ ၎င်းတို့သည် ဝင်ရောက်မှုကို တက်ကြွစွာ အစဉ်အမြဲ ကြိုးပမ်းရရှိနိုင်ကြလေသည်။ မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာရှိသူတို့သည် နေ့စဉ် စိတ်ဝိညာဉ်၏ လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို ရှာတွေ့ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ စိတ်ကျေနပ်သည်အထိ လွတ်လပ်သည့်နည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ဤလူတို့အတွက်၊ ဆုတောင်းခြင်းသည် လုပ်ရိုးလုပ်စဉ် သို့မဟုတ် လုပ်ထုံးလုပ်နည်းတစ်ခု မဟုတ်။ နေ့စဉ်၊ အသစ်သော အလင်းကို ၎င်းတို့ အမှီလိုက်နိုင်ကြသည်။ ဥပမာအားဖြင့်၊ လူတို့သည် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်၏ ရှေ့မှောက်တွင် ဆိတ်ငြိမ်စေဖို့ရန် မိမိတို့ကိုယ်ကိုယ် လေ့ကျင့်ကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ဆိတ်ငြိမ်နိုင်ကြကာ၊ မည်သူမျှက ၎င်းတို့ကို မနှောင့်ယှက်နိုင်ပေ။ ၎င်းတို့၏ မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာများကို မည်သည့်လူ၊ မည်သည့် အဖြစ်အပျက် သို့မဟုတ် မည်သည့် အမှုအရာကမျှ မတားဆီးနိုင်ပေ။ ထိုသို့သော လေ့ကျင့်မှုသည် ရလဒ်များ ဖြစ်ထွန်းဖို့ ရည်ရွယ်၏။ လူတို့ကို စည်းမျဉ်းများ လိုက်နာစေဖို့ ရည်ရွယ်ထားခြင်း မဟုတ်ပေ။ ဤလက်တွေ့လုပ်ဆောင်မှုသည် စည်းမျဉ်းလိုက်နာမှုအကြောင်း မဟုတ်ဘဲ၊ ယင်းအစား လူတို့၏ အသက်တာထဲတွင် ကြီးထွားမှုကို အထောက်အကူပြုခြင်း အကြောင်း ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှုကို လိုက်နာရမည့် စည်းမျဉ်းများအဖြစ်သာ သင် မြင်ပါက၊ သင်၏ အသက်တာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်။ အခြားသူများကဲ့သို့ အလားတူ လက်တွေ့လုပ်ဆောင်မှု၌ သင်သည် ပါဝင်ပတ်သက်နိုင်၏၊ သို့သော်လည်း ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အမှီလိုက်နိုင်စဉ်တွင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းမှ ပယ်ရှင်းခံရပေသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေခြင်း မဟုတ်လော။ ဤနှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ လူတို့ထဲက ဘုရားသခင်၏ အမှုအား အဟန်ု့အတားမရှိစေဖို့နှင့် အသီးအပွင့်များ သီးပွင့်နိုင်ဖို့အလို့ငှာ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးများ ဆိတ်ငြိမ်စေရန်၊ ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ လှည့်ရန် လူတို့ကို အခွင့်ပေးဖို့ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။