Myanmar Christian Dance (ဘုရားအတွက် ထ၍ ကခုန်ပါ)

02.05.2024

စားပွဲတော်ကိုတက်ရန် ကျွန်ုပ်တို့ ဘုရားရဲ့အသံကြားရပြီး ဘုရားရှေ့မှောက်မှာ ချီမခြင်းခံရပြီ။

ကျွန်ုပ်တို့ နှုတ်ကပတ်တော်ကိုစားသုံးပြီး ဆုတောင်းကြတာ၊

ဘုရားရှေ့တော်မှာအသက်ရှင်ရတာပျော်ရွှင်ဖွယ်ရာကောင်း။

ကျွန်ုပ်တို့ ဘုရားကိုဘာသာတရားထဲမှာဘဲ ယုံကြည်ခဲ့စဉ်

စိတ်နှလုံးတွေမှောင်မိုက်ပြီး လမ်းစမရှိခဲ့။

ယခု ကျွန်ုပ်တို့ နှုတ်ကပတ်တော်ကို စားသုံး၊ သမ္မာတရားကို မိတ်သာဟာဟဖွဲ့ဖြစ်။

သန့်ရှင်းတဲ့ဝိဉာဉ်ရဲ့ အမှုတော်၌ မွေ့လျော်ခြင်းဟာ ပျော်ရွှင်မှုပါဘဲ။

ညီအစ်ကိုမောင်နှမတို့၊ ထ၍ ကခုန်လော့

ကခုန်ခြင်းအသစ်များနှင့် ချီးမွမ်းလော့။

ကျွန်ုပ်တို့ ဘာသာရေးထုံးတမ်း အချုပ်အနှောင်များမှလွတ်မြောက်ခဲ့ပြီ၊

သမ္မာတရားကိုနားလည်ခဲ့ပြီးပြီ ကျွန်ုပ်တို့ဝိညာဉ်တွေဟာ လွတ်မြောက်ခဲ့ပြီ။

ဘုရားစကားအားလုံးဟာ သမ္မာတရား၊ ကျွန်ုပ်တို့အား ဘဝလမ်းကြောင်းကိုညွှန်ပြတယ်။

ကျွန်ုပ်တို့၏ အနာဂတ်နှင့် ကံကြမ္မာအတွက် စဉ်းစားမည် မဟုတ်ပေ။

ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဥ်တွေကို နာခံဖို့ ကျွန်ုပ်တို့ လိုလားနေကြ။

ဘုရား၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ တွေ့ကြုံခဲ့ပြီ၊

ကျွန်ုပ်တို့အကျင့်ပျက်မှုဟာ စင်ကြယ်ခဲ့ပြီး အသွင်ပြောင်းခဲ့ပြီ။

အပြစ်ကင်းတဲ့ကလေးတွေလိုမျိုး ကျွန်ုပ်တို့ အသက်ရှင်နေပြီး

ဘုရားကို စိတ်နှလုံးနဲ့၊ ရိုးသားမှုနဲ့ ကျွန်ုပ်တို့ ကိုးကွယ်ကြ။

ကျွန်ုပ်တို့ကိုလမ်းပြတဲ့ ဘုရားရဲ့စကားတွေနှင့်၊

ဖိနှိပ်မှုနှင့် ဒုက္ခတွေအားလုံးကို ကျွန်ုပ်တို့ခြေဖဝါးအောက်မှာ နင်းခြေပစ်တယ်။

စာတန်က ဘယ်လိုပဲ တားဆီးပါစေ

ကျွန်ုပ်တို့ဟာခရစ်တော်နောက်လိုက်ပြီး အဆုံးတိုင်သစ္စာရှိ ကြမှာ။

ညီအစ်ကိုမောင်နှမတို့၊ ထ၍ ကခုန်လော့

ကခုန်ခြင်းအသစ်များနှင့် ချီးမွမ်းလော့။

ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ခြင်းက ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးများကို ဝမ်းမြောက်စေ၊

ထိုလမ်းကြောင်းဟာလင်းသထက်ပိုလင်းတာ။

ဘုရားရဲ့ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို မြင်တွေ့ရင်း

ကျွန်ုပ်တို့ စိတ်နှလုံးတွေက ကိုယ်တော်ကို အမြဲ ချီးမွမ်းမယ်။

ဘုရားကို ရိုးသားစစ်မှန်စွာ ချီးမွမ်းခြင်းက ပျော်ရွှင်စရာ၊

ကျွန်ုပ်တို့ဘုရားနှင့် အတူရှိနေခြင်းဟာ အမှန်ပျော်စရာပါ။

ဘုရားအတွက် သက်သေခံခြင်းဟာ ဂုဏ်ယူစရာ ဖြစ်သည်။

ကျွန်ုပ်တို့ရဲ့ ဝိညာဉ်တွေ လွတ်မြောက်ပြီး အရမ်းလွတ်လပ်တာကို ကျွန်ုပ်တို့ ခံစားရ။

စာတန်ကို အနိုင်ရပြီး ဘုန်းအသရေ အားလုံး ရရှိတဲ့အတွက် ဘုရားကို ချီးမွမ်း။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။