Christian Dance (ဝမ်းမြောက်မှုနှင့် ဝမ်းနည်းမှု ရောစပ်နေသော ခံစားချက်များ)

04.02.2025

ဘုရားသခင်သည် ဇိအုန်သို့ ပြန်ကြွတော်မူတော့မည်ဖြစ်ကာ ယခု ကျွန်ုပ်တို့ မကြာခင် ခွဲခွာရတော့မည်ဖြစ်။

ကျွန်ုပ်၏စိတ်နှလုံးတွင် ရောယှက်နေသော အခြားခံစားချက် အမျိုးမျိုးအဖုံဖုံကြား

ဝမ်းနည်းမှုနှင့် ဝမ်းမြောက်မှု ရောနှော။

မိခင်တစ်ဦးကဲ့သို့ စစ်မှန်ပြီး ချစ်တတ်သော ဘုရားနှုတ်ကပတ်တော်များကို စဉ်းစားသောအခါ

ကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်နှင့် အလွန်နီးကပ်သည်ဟု ခံစားရ။

အို...ကျွန်ုပ်တို့ မကြာခဏ မဆုံတွေ့နိုင်၊

အို...ကျွန်ုပ်သည် ကိုယ်တော့်ကို အမြဲ လွမ်းရုံသာ တတ်နိုင်။

အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်လွမ်းပြီး ကိုယ်တော့်မျက်နှာတော်ကို

ကျွန်ုပ် လုံလောက်အောင် မကြည့်ရသေး။

ဘုရားသခင်နှင့်အတူ ကုန်ဆုံးခဲ့သော ကျွန်ုပ်၏အချိန်အကြောင်း၊

ကျွန်ုပ် ထုတ်ဖော်ထားသော ပုန်ကန်မှု မည်မျှရှိကြောင်းနှင့် ကိုယ်တော့်စိတ်နှလုံးကို

ကျွန်ုပ်မည်မျှဝမ်းနည်းအောင်လုပ်ထားကြောင်း ပြန်သုံးသပ်သောအခါ

ကျွန်ုပ်၏စိတ်နှလုံးသည် နောင်တတရားနှင့် ပြည့်လျှံပြီး အသံတိတ် မျက်ရည်များဖြင့် ကျွန်ုပ်ငိုကြွေး။

ကိုယ်တော်နှင့် ထိတွေ့ဆက်ဆံရာတွင် ရှိခဲ့သော နောင်တတရားများအတွက် ကျွန်ုပ်အလွန်ဝမ်းနည်းကြေကွဲ။

အို...ထိုအမှတ်ရစရာများကို ပြန်စဉ်းစားရင်း၊ အို...ကျွန်ုပ်၏စိတ်နှလုံး နာကျင်လိုက်လေခြင်း။

အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်လွမ်းပြီး ကိုယ်တော့်အချစ်ကို ပြန်ပေးဆပ်ရန်

ကျွန်ုပ်သည် မိမိတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းလို။

ယခုအခါ ဘုရားသခင် ထွက်ခွာတော့မည်ဖြစ်သဖြင့် ကျွန်ုပ်၏ စိတ်နှလုံးတွင်

ကိုယ်တော့်ကို လွမ်းဆွတ်မှုအား ဖြေဖျောက်ရန်ခက်ခဲပြီး အမှတ်ရစရာများက ကွက်ကွက်ကွင်းကွင်း ပြန်ပေါ်လာ။

မရေတွက်နိုင်သော နေ့နှင့် ညများတစ်လျှောက်၊ ရယ်မောမှုနှင့် ငိုကြွေးမှုတို့တစ်လျှောက်

ဘုရားသခင်က ကျွန်ုပ်နှင့်အတူ လိုက်ပါခဲ့ပေး။

အို...ကျွန်ုပ်သည် မကြာခဏ အပျက်သဘောဆောင်သော်လည်း၊

အို...ဘုရားသခင်က ကျွန်ုပ်ကို ဘယ်သောအခါမှ မစွန့်ပစ်ခဲ့။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်လွမ်းပြီး

ကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော့်ကို ချစ်ကြောင်း ကိုယ်တော်သိ။

ဘုရားသခင်သည် ဇိအုန်သို့ ပြန်ကြွသောအခါ ဤခွဲခွာရမည့် အခိုက်အတန့်တွင်

ကိုယ်တော်၏ တိုက်တွန်းချက်များကို မှတ်မိရန် ကျွန်ုပ်သန္နိဋ္ဌာန်ချ။

ဘုရားသခင်အတွက် သက်သေခံရန် ဧဝံဂေလိတရားကို ကျွန်ုပ်ဖြန့်ချိပြီး နောက်ဆုံးအပိုင်းကို

ကောင်းမွန်စွာ လျှောက်လှမ်းကာ ကိုယ်တော့်ကို စိတ်ကျေနပ်စေရန်ကောင်းမွန်သော သက်သေခံချက်ပေး။

အို...ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းကြောင်းသည် အန္တရာယ်များသော်လည်း၊

အို...ဘုရားနှုတ်ကပတ်တော်များက ကျွန်ုပ်နှင့်အတူရှိ။

အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်လွမ်းပြီး

ကျွန်ုပ်သည် ကိုယ်တော်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်ရန် ဆုတောင်းရုံသာတတ်နိုင်။

ဘုရားသခင်သည် ကောင်းကင်ဘုံတွင်ရှိပြီး ကျွန်ုပ်တို့သည် မြေကြီးပေါ်တွင်ရှိ။

ကျွန်ုပ်တို့အတူ ကုန်ဆုံးခဲ့သော နှစ်များ၏ အမှတ်ရစရာများက ကျန်ရစ်နေကာ

ကိုယ်တော်၏ နူးညံ့သော စကားလုံးများသည် ဘယ်သောအခါမှ မေ့ဖျောက်ခံရမည်မဟုတ်။

ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို မကြာခဏ တွေးမိကာ

ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်၏စိတ်နှလုံးတွင် ရှိနေမည်ဖြစ်ပြီး

ကိုယ်တော်၏အချစ်သည် ကျွန်ုပ်ကို ရာသက်ပန် ရှေ့ဆက်လျှောက်ရန် မာန်တင်းပေးမည်ဖြစ်။

အို...ကျွန်ုပ်၏စိတ်နှလုံးသည် ဘုရားသခင်ကို ချစ်လိုက်လေခြင်း၊

အို...ကျွန်ုပ်၏သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်ရန် သစ္စာဆို။

အလွန်ကြီးမားသော အပြောင်းအလဲများရှိစေကာမူ ကျွန်ုပ်၏စိတ်နှလုံးသည် ယခင်အတိုင်း ဆက်ရှိနေမည်ဖြစ်။

ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ပြီး

ဘုရားအတွက် ထာဝရ သက်သေခံမည်ဖြစ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ၊ ဝမ်းမြောက်မှုနှင့် ဝမ်းနည်းမှု ရောစပ်နေသော ခံစားချက်များ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။