Myanmar Christian Song - ဘုရားကို သင်စိတ်ကျေနပ်စေလေ၊ သင်ကောင်းချီးခံစားရလေကျူး
18.05.2023
ဘုရားကို ကျေနပ်မှုပေးလေ၊ သင့်ကို ကောင်းချီးပေးလေ။
ကိုယ်တော်ကို ချစ်ရန် ပိုမိုကြီးမားသောခွန်အားရမယ်၊
ယုံကြည်ခြင်းနှင့် ဆုံးဖြတ်ချက်တို့ ရှိလိမ့်မည်။
ဘုရားကို ချစ်မြတ်နိုးသည့် ဘဝထက် ဘယ်အရာမှ
ပိုအရေးမကြီးတာ သင် တွေ့ရမည်။
အို့...ဘုရားကို ချစ်မြတ်နိုးသည့်ဘဝထက်
ဘယ်အရာမှ ပိုအရေးမပါဘူး။
၁
ဘုရားကို ချစ်နေရင် သောကကင်းမည်။
ဒုက္ခများ ကြုံရ၍ အားနည်းနိုင်ပေမဲ့
ကိုယ်တော်ကို အားကိုးရင်
သင့်ဝိညာဉ်အတွင်း၌ နှစ်သိမ့်ခြင်းကို ရ၍
စိတ်ချသေချာမှု ရှိလိမ့်မည်၊ မှီခိုစရာ ရှိလိမ့်မည်။
ထိုအခါ များစွာသောအရာကို သင်အောင်မြင်ကျော်လွှားလိမ့်မည်၊
ခံစားရသည့် ဆင်းရဲဒုက္ခများကို ညည်းညူတော့မည် မဟုတ်။
သီဆိုကခုန်၍ ဆုတောင်းရန်၊
မိတ်သဟာရဖွဲ့၊ ဘုရားကို တမ်းတရန် ဆန္ဒရှိလာမည်။
သင့်အတွက် ဘဝမှာ ဘုရားစီစဉ်ပေးသည့်အရာ
ကွက်တိကျသည်ကို ခံစားရလိမ့်မည်။
ဘုရားကို ကျေနပ်မှုပေးလေ၊ သင့်ကို ကောင်းချီးပေးလေ။
ကိုယ်တော်ကို ချစ်ရန် ပိုမိုကြီးမားသောခွန်အားရမယ်၊
ယုံကြည်ခြင်းနှင့် ဆုံးဖြတ်ချက်တို့ ရှိလိမ့်မည်။
ဘုရားကို ချစ်မြတ်နိုးသည့် ဘဝထက် ဘယ်အရာမှ
ပိုအရေးမကြီးတာ သင် တွေ့ရမည်။
အို့...ဘုရားကို ချစ်မြတ်နိုးသည့်ဘဝထက်
ဘယ်အရာမှ ပိုအရေးမပါဘူး။
၂
ဘုရားအပေါ် ချစ်ခြင်းမေတ္တာမရှိရင်
ခပ်သိမ်းသောအရာများ သင့်ကို နှောင့်ယှက်သလိုဖြစ်၍
ဘယ်အရာကမှ သင့်စိတ်နှလုံးကို မနှစ်သိမ့်ပေးနိုင်ပါ၊
စိတ်ဝိညာဉ် မလွတ်မြောက်ဖြစ်မည်။
ကိုယ်တော်အား အမြဲညည်းညူလိမ့်မည်၊
သင့်နာကျင်မှုကို မတရားဘူး သင်ထင်လိမ့်မည်။
ကိုယ့်ပျော်ရွှင်မှုအတွက်သာ မကြိုးပမ်းဘဲ
ဘုရားကို ကျေနပ်မှုပေးရန်နဲ့
စာတန်၏ စွပ်စွဲမှု မခံရရန် ကြိုးစားရင်း
သင့်ခွန်အား ကြီးလိမ့်မည်၊
ဘုရားကို ချစ်ရန် ကြီးမားသည့်ခွန်အားရှိလိမ့်မည်။
ဘုရားပြောဆိုသမျှ သင်လုပ်ဆောင်နိုင်သည်။
သင်ပြုသမျှသည် ကိုယ်တော်အား ကျေနပ်မှုပေးလိမ့်မည်။
သင် အားလုံး လုပ်ဆောင်နိုင်လိမ့်မည်။
ဘုရားပြောဆိုသမျှ သင်လုပ်ဆောင်နိုင်သည်။
သင်လုပ်သမျှသည် ကိုယ်တော်ကို ကျေနပ်မှုပေးလိမ့်မည်။
ဤသည်မှာ စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်။
ဘုရားကို ကျေနပ်မှုပေးလေ၊ သင့်ကို ကောင်းချီးပေးလေ။
ကိုယ်တော်ကို ချစ်ရန် ပိုမိုကြီးမားသောခွန်အားရမယ်၊
ယုံကြည်ခြင်းနှင့် ဆုံးဖြတ်ချက်တို့ ရှိလိမ့်မည်။
ဘုရားကို ချစ်မြတ်နိုးသည့် ဘဝထက် ဘယ်အရာမှ
ပိုအရေးမကြီးတာ သင် တွေ့ရမည်။
အို့...ဘုရားကို ချစ်မြတ်နိုးသည့်ဘဝထက်
ဘယ်အရာမှ ပိုအရေးမပါဘူး။
ဘုရားကို ချစ်မြတ်နိုးသည့်ဘဝထက်
ဘယ်အရာမှ ပိုအရေးမပါဘူး။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ