Myanmar Praise Song 2020 (မှန်ကန်သော ဆုတောင်းခြင်း) Lyrics Video

Myanmar Praise Song 2020 (မှန်ကန်သော ဆုတောင်းခြင်း) Lyrics Video

1382 |13.05.2020

မှန်ကန်သော ဆုတောင်းခြင်းမှာ

ကိုယ့်ရင်ထဲက စကားများ ဘုရားအား ပြောဆိုခြင်းပါ

ဘုရားအလိုတော်နှင့်နှုတ်ကပတ်တော်ပေါ် အခြေခံ

မှန်ကန်သောဆုတောင်းခြင်းဟာ ဘုရားနဲ့အလွန်နီးကပ်၍

ကိုယ့်ရှေ့ရောက်နေသလို ခံစားခြင်းပါ

မှန်ကန်သော ဆုတောင်းခြင်းက

ဘုရားထံ တိုင်တည်စရာ များစွာပိုင်ဆိုင်တာ

သင့်နှလုံးသား နေမင်းလို ဝင်းဖြာ

ဘုရားရဲ့ချစ်စရာဖွယ်ကောင်းမှုကြောင့် သင်

နိုးကြွမှုခံစား၊ ကြားရသူများ ကျေနပ်ဝမ်းမြောက်

မှန်ကန်သောဆုတောင်းခြင်းက

ငြိမ်သက်ခြင်းနဲ့ပျော်ရွှင်ခြင်း ယူဆောင်လိမ့်မယ်

ဘုရားကို ပိုချစ်လာရန် တွန်းအားပေး၊

ဘုရားကို ချစ်ခြင်း၏တန်ဖိုး သိရှိ

သင့်ဆုတောင်းခြင်းများ မှန်ကန်ကြောင်း

ဒီအချက်အားလုံး သက်သေပြလိမ့်မယ်

မှန်ကန်သောဆုတောင်းခြင်းမှာ လုပ်ရိုးလုပ်စဉ်၊

စကားလုံးများ ရေရွတ်ခြင်းမဟုတ်

မှန်ကန်သောဆုတောင်းခြင်းက

အခြားသူများ၏ ဆုတောင်းခြင်းကို တုပခြင်းမဟုတ်

နှလုံးသားနဲ့ စကားပြောပြီး ဘုရားတို့ထိမှုခံယူပါ

ဆုတောင်းခြင်း ထိရောက်ဖို့ ဆိုရင် ဖတ်ရှုရမှာ နှုတ်ကပတ်တော်

နှုတ်တော်ထွက်စကားများ ဖတ်ရှုရင်း

ဆုတောင်းခြင်းဖြင့်သာ အလင်းမြင်ရမည်

အို… အို…

သခင့်ကိုယ်တိုင် အလိုရှိသောအရာကို တမ်းတသော နှလုံးသား၊

လိုအပ်ချက်များဖြည့်ဆည်းလိုသောဆန္ဒနှင့်

ဘုရားမကြိုက်သောအရာအားလုံး မုန်းတီးခြင်းက

အသိတရားပိုင်ဆိုင်မှုပေါ် အခြေခံလျက်

ဘုရားသခင်မိန့်ဆိုသော သမ္မာတရားများ ရှင်းလင်းပြတ်သားလာကာ

ခိုင်မာသောယုံကြည်ခြင်းနှင့် လက်တွေ့လျှောက်မည့်နည်းလမ်း ရရှိ

ဒီအချက်သာ မှန်ကန်သော ဆုတောင်းခြင်း

ဟုတ်တယ်၊ ဒီအချက်သာ မှန်ကန်သော ဆုတောင်းခြင်းပဲ

မှန်ကန်သောဆုတောင်းခြင်းက

ငြိမ်သက်ခြင်းနဲ့ပျော်ရွှင်ခြင်း ယူဆောင်လိမ့်မယ်

ဘုရားကို ပိုချစ်လာရန် တွန်းအားပေး၊

ဘုရားကို ချစ်ခြင်း၏တန်ဖိုး သိရှိ

သင့်ဆုတောင်းခြင်းများ မှန်ကန်ကြောင်း

ဒီအချက်အားလုံး သက်သေပြလိမ့်မည်

ဟုတ်… သင့်ဆုတောင်းခြင်းများ မှန်ကန်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်