၈၈ ဘုရားရဲ့မေတ္တာတော်အတွက် ကျေးဇူးတင်တယ်

၁ လူတို့ကို မျှော်လင့်ချက် မြင်တွေ့စေရင်း၊ သမ္မာတရားကို ဖော်ပြပြီး ကယ်တင်ခြင်း ပေးအပ်နှင်းတာက ဘယ်သူလဲ။ နောက်ဆုံးသောကာလ၏ စီရင်ခြင်းအမှုကို ဆောင်ရွက်လို့ ထာဝရအသက်လမ်း ဘယ်သူပေးတာလဲ။ လူ့အဖြစ်ခံယူသော ဘုရားရဲ့အမှုတော် လောကတစ်ခုလုံးကို တုန်လှုပ်စေ။ ဘုရားရဲ့ပလ္လင်ရှေ့မှောက် ချီဆောင်ခြင်းခံရကာ သိုးသူငယ်၏စားသောက်ပွဲသို့ တက်ရောက်ကြ၏။ နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့ မွေ့လျော်ကြ သမ္မာတရားများကို ရရှိကြတယ်။ နှုတ်ကပတ်တော်ရဲ့ စီရင်ခြင်းကို ခံကာ လူသားရဲ့ဖောက်ပြန်မှုကို ရှင်းလင်းစွာ ကျွန်ုပ်တို့ မြင်တွေ့ရတယ်။ စီရင်ခြင်း၊ စုံစမ်းခြင်းတွေကြောင့် ကျွန်ုပ်တို့ ဆိုးညစ်မှုသည် သန့်စင်ခြင်းခံရ။ သမ္မာတရားနှင့်အသက်ကို ရကာ လူသစ်ကဲ့သို့ အသက်ရှင်ကြ။

၂ ခက်ခဲချိန်များ၌ အနားမှာနေပြီး ကျွန်ုပ်တို့ကို ဘယ်သူ လမ်းပြပေးလဲ။ စာတန်ကို အနိုင်ယူဖို့၊ နဂါးနီကြီးကို အောင်နိုင်ဖို့ရာ ဘယ်သူ နှုတ်ကပတ်တော်နဲ့ လမ်းပြသလဲ။ ဩဇာအာဏာနဲ့ အသက်အင်အားတို့ကို ဆောင်ကြဉ်းရင်း၊ အတိဒုက္ခတွေအလယ်မှာ ကျွန်ုပ်တို့ သက်သေရပ်တည်နိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ယုံကြည်မှုနဲ့ ခွန်အားတို့ကို ထပ်ဆောင်းပေးတာက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖြစ်ပါတယ်။ အဆင်းနီတဲ့ နဂါးကြီးရဲ့ မကောင်းဆိုးဝါးမြို့ကို ကျော်ဖြတ်တဲ့ ကျွန်ုပ်တို့ရဲ့ ခက်ခဲတဲ့ခရီးကြမ်းတစ်လျှောက် ကျွန်ုပ်တို့ကို အဖော်ပြုတာက ဘုရားသခင် ဖြစ်ပေ။ သူ့ရဲ့ နှုတ်ကပတ်တော်တွေက အာရုဏ်မကျင်းခင် အမှောင်ကို ကျွန်ုပ်တို့နဲ့အတူ ကျော်ဖြတ်ပေ။ စာတန်ရဲ့ ဖျက်ဆီးမှုဒဏ်ခံစားရတဲ့ကာလထဲမှာ ရှင်သန်ခြင်းနဲ့ သေခြင်းတရားကြားက အဲဒီအခိုက်အတန့်လေးမှာ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေရဲ့ ဩဇာအာဏာနဲ့ တန်ခိုးအာဏာတို့ကို ကျွန်ုပ်တို့ မြည်းစမ်းရ။ ဘုရားသခင် အလွန်မြတ်နိုးဖွယ်ဖြစ်ရာ ကိုယ်တော်ကို ချစ်မြတ်နိုးကာ သက်သေခံကြမယ်။

ကျွန်ုပ်တို့အပေါ်ထားရှိသော ဘုရားရဲ့ချစ်ခြင်းမေတ္တာသည် အလွန်စစ်မှန်ပေ၏။ ကိုယ်တော်ရဲ့စီရင်ခြင်းကို ကျွန်ုပ်တို့ အောင်နိုင်တာ ကျေးဇူးတော်သက်သက်ကြောင့်သာ။ ဘုရားသခင်ပေးတဲ့ သမ္မာတရားနှင့်အသက်အတွက် ကျေးဇူးတင် ချီးမွမ်းကြပါတယ်။ ဘုရားရဲ့မေတ္တာကို ပြန်ဆပ်ဖို့ရာ သမ္မာတရားကိုရှာကာ တာဝန်တွေကို ကောင်းစွာ ထမ်းဆောင်မယ်။

အရှေ့သို့- ၈၇ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကမ္ဘာပေါ်ပြည့်လျှံသည်

နောက်တစ်ခုသို့- ၈၉ ဘုရားသခင်၏ချစ်ဖွယ်ကောင်းခြင်းသည် ကျွန်ုပ်၏စိတ်နှလုံး၌ အစဉ်ရှိပေ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။