လူ့ထံမှ အဘယ်အရာကို ဘုရားရရှိသနည်းကျူး
၁ လူသားမျိုးနွယ်ကို ကယ်တင်ရာ၌ ဘုရားသခင်သည် သူ၏ချစ်ခြင်းမေတ္တာနှင့် အကြင်နာတို့ကြောင့် ကယ်တင်ခြင်းဖြစ်၍ သူ၏စီမံခန့်ခွဲမှုအတွက်ဖြစ်၏၊ ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံရာ၌၊ လူသားမျိုးနွယ်သည် ဘုရားသခင်မှ ကိုယ်တိုင်ကိုယ်ကျ မပြောဘဲမနေနိုင်သည့်အဆင့်သို့ ကျဆင်းခဲ့သည့်အတွက် ဤသို့လက်ခံခြင်းဖြစ်၏။ လူသားသည် ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံသည့်အခါ၊ ယင်းသည် အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်၍ အထူးအခွင့်အရေးလည်းဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင်သည်သာ သူ၏မိန့်မြွက်ချက်များကို ကိုယ်တိုင်ကိုယ်ကျ ပြောဆိုခြင်းမရှိခဲ့ပါက၊ လူသားမျိုးနွယ်၏ကံကြမ္မာမှာ တိမ်ကောပျောက်ကွယ်ခြင်းပင် ဖြစ်လိမ့်မည်။ သူသည် လူသားမျိုးနွယ်ကို စက်ဆုပ်ရွံရှာသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် လူသား၏ကယ်တင်ခြင်းအတွက် မည်သည့်အဖိုးအခကိုမဆိုပေးရန် အဆင်သင့်ရှိ၍ လိုလိုလားလား ရှိနေဆဲဖြစ်၏။ ထိုအတောအတွင်း လူသားသည် ဘုရားသခင်အပေါ် သူ၏ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ထံ အရာခပ်သိမ်းကို သူမည်သို့ဆက်ကပ်သည်ကို ထပ်တလဲလဲပြောစဉ်၊ သူသည် ဘုရားသခင်ကို ပုန်ကန်နေ၍ ဘုရားသခင်ထံမှ ကျေးဇူးတော်မျိုးစုံကို အတင်းအကျပ်တောင်းယူကာ တစ်ချိန်တည်းမှာပင် ဘုရားသခင်အား နာကျင်စေ၍ သူ၏နှလုံးသားအပေါ် ပြောမပြနိုင်သော နာကျင်မှုကိုပင် ဖြစ်ပေါ်နေစေသည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသားအကြားဆက်ဆံရေး၌ အတ္တကင်းမဲ့ခြင်းနှင့် အတ္တဆန်ခြင်းတို့အကြား ထင်ရှားသည့် ကွဲပြားမှုဖြစ်၏။။
၂ လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင်အား ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားမှ တစ်ဦးအဖြစ် သဘောထားရန် လွယ်ကူ၏၊ လူသားမှ ဘုရားသခင်ကိုပေးသည့် အကြီးမားဆုံးသောနာကျင်မှုနှင့် အရှက်ကွဲစေမှုသည် အတိအကျအားဖြင့်ဆိုလျှင် သူပွင့်လင်းစွာ ပေါ်ထွန်းသည့်အခါ သို့မဟုတ် လုပ်ကိုင်သည့်အခါ ဘုရားသခင်သည် လူသား၏ငြင်းပယ်မှုကို ခံရဆဲဖြစ်ကာ သူ၏မေ့လျော့မှုကိုပင် ခံရခြင်းဖြစ်၏။ လူသားမျိုးနွယ်ကိုကယ်တင်ရန် ဘုရားသခင်သည် အကြီးမားဆုံးသော အရှက်ကွဲခြင်းကို သည်းခံ၏၊ အရာခပ်သိမ်းကိုပေးခြင်းတွင် သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်အား ကယ်တင်ရန်၊ လူသားမျိုးနွယ်၏ အသိအမှတ်ပြုခြင်းကို ရယူရန်ဖြစ်သည်။ ဤအရာအားလုံးအတွက် ဘုရားသခင်ပေးခဲ့သော အဖိုးအခမှာ သြတပ္ပစိတ်ရှိသူတိုင်း နားလည်နိုင်မည့်အရာတစ်ခု ဖြစ်၏။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ပြောဆိုလုပ်ကိုင်ခြင်းကို ရရှိခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခဲ့ပြီးဖြစ်၏။ တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် လူသားမျိုးနွယ်ထံမှ မည်သည့်အရာရရှိခဲ့ပြီးသနည်းဟု မေးရမည်ကို မည်သူမျှ မစဉ်းစားမိခဲ့ပေ။ ဘုရားသခင်၏ မိန့်မြွက်ချက် တစ်ခုစီတိုင်းမှ လူသားသည် သမ္မာတရားကို ရရှိခဲ့၏၊ ပြောင်းလဲရာတွင် အောင်မြင်ခဲ့၏၊ အသက်တာတွင် ရည်မှန်းချက်ကို တွေ့ရှိခဲ့ပြီးဖြစ်၏၊ သို့သော်လည်း ဘုရားသခင်ရရှိခဲ့သည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ ကြွေး တာဝန်ကျေးဇူး တင်ခြင်းကိုဖော်ပြရန် လူသားတို့ အသုံးပြုသောစကားများနှင့် အားနည်းသော တီးတိုးချီးမွမ်းသံများထက် မပိုပေ။ ဤသည်မှာ လူသားထံမှ ဘုရားသခင်တောင်းဆိုသည့် နစ်နာကြေး မဟုတ်သည်မှာ သေချာ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ “စာအုပ်ထဲရှိ"အပိုင်း တစ် အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ”"နိဒါန်း"ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။