လူတို့ကို အပြစ်ဒဏ်ပေးချိန်၌ ဘုရား၏သဘောထားကို သင်နားလည်သလောကျူး
၁ ငါ၏ အလုပ်သည် သင်တို့အတွက် အလွန်အထောက်အကူ ဖြစ်ခဲ့သည်။ သင်တို့ထံမှ ငါရဖို့ မျှော်လင့်သည့်အရာမှာ ရိုးသားပြီး အကောင်းမြင်တတ်သော နှလုံးသားဖြစ်သည်။ သို့ရာတွင် ယခုအချိန်ထိ ငါ ဘာမျှ မရရှိသေးပေ။ စဉ်းစားကြည့်ပါ။ တစ်နေ့ ငါသည် စကားဖြင့် မဖော်ပြနိုင်လောက်အောင်ပင် ယခုကဲ့သို့ ခါးခါးသီးသီး ခံစားနေရသေးလျှင် ငါသည်သင်တို့ကို မည်သို့ မြင်မည်နည်း။ ငါသည် သင်တို့ကို ဖော်ဖော်ရွေရွေ ဆက်ဆံမည်လော။ ငါ၏စိတ်နှလုံးသည် ငြိမ်သက်ခြင်း ရှိမည်လော။ ခက်ခက်ခဲခဲ စိုက်ပျိုးပြီးနောက် သီးနှံတစ်ခုတစ်လေကိုမျှ ရိတ်သိမ်းခြင်း မပြုရသေးသည့် သူတစ်ဦး၏ ခံစားချက်ကို သင်တို့ နားလည်ပါသလား။ ထိခိုက်ဒါဏ်ရာ ကြီးကြီးမားမားရရှိထားသူတစ်ဦး၏ နာကျင်မှု မည်မျှကြီးမားသည်ကို သင်တို့ နားလည်ပါသလား။ မျှော်လင့်ချက်အပြည့်နှင့် လူတစ်ဦးသည် တစ်စုံတစ်ဦးနှင့် အဆင်မပြေဖြစ်ပြီး ခွဲခွာရသောအခါ၌ ခံစားရသည့် နာကျင်မှုကို သင်တို့ ခံစားဖူးပါသလား။ ရန်စခြင်းခံခဲ့ရသော သူတစ်ဦး၏ ဒေါသကို သင်တို့ မြင်ဖူးပါသလား။ ရန်လိုသည့် စိတ်ဖြင့် ဆက်ဆံခြင်းကို ခံရရုံသာမက လိမ်လည်လှည့်ဖျားခြင်းခံခဲ့ရသူတစ်ဦး ခံစားရသည့် အလျင်အမြန် လက်စားချေလိုသည့် ခံစားချက်ကို သင်တို့ နားလည်နိုင်ပါသလား။
၂ အဆိုပါပုဂ္ဂိုလ်များ၏ စိတ်ကို သင်တို့ နားလည်လျှင် အယောက်စီတိုင်းကို အပြစ်နှင့်အလျေက် ပေးဆပ်မည့်အချိန်၌ ဘုရားသခင်၌ မည်သို့သော စိတ်သဘောထားရှိမည်ကို မှန်းဆကြည့်ဖို့ သင်တို့အတွက် မခက်ခဲသင့်ဟု ငါထင်ပါသည်။ နိဂုံးချုပ်အနေဖြင့် သင်တို့၏ ပန်းတိုင်အတွက် သင်တို့အားလုံးသည် အလေးအနက်ထား ကြိုးစားအားထုတ်ကြမည်ဟု ငါမျှော်လင့်။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကြိုးပမ်းအားထုတ်သောအခါ၌ လှည့်ဖြားသည့် နည်းလမ်းများကို အသုံးမပြုကြနှင့်။ သို့မဟုတ် ငါ၏စိတ်နှလုံးထဲ၌ သင်တို့ကို စိတ်ပျက်နေလိမ့်အုံးမည်။ ထိုကဲ့သို့ စိတ်ပျက်ခြင်းသည် မည်သည့်အရာကို ဖြစ်စေသနည်း။ သင်တို့သည် ကိုယ့်ကိုယ်ကို လှည့်စားနေခြင်းပင် မဟုတ်လော။ မိမိတို့၏ ပန်းတိုင်အကြောင်းကို စဉ်းစားသော်လည်း ကိုယ့်ပန်းတိုင်ကိုယ် ဖျက်ဆီးသောသူများသည် လုံးဝ ကယ်တင်လို့ မရနိုင်သောသူများ ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များ အလွန်အမင်း ဒေါသထွက်လျှင်ပင် မည်သူက သူတို့ကို ကိုယ်ချင်းစာနာမည်နည်း။ ခြုံပြောရလျှင် သင်တို့၌ သင့်တော်ကောင်းမွန်သော ပန်းတိုင်တစ်ခုရှိလာဖို့ ငါဆန္ဒပြုလိုစိတ် ရှိဆဲဖြစ်သည်။ ထို့အပြင် သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘေးဒါဏ်မခံရဖို့ ငါမျှော်လင့်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပန်းတိုင်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။