၅၉၂ ဘုရားသခင်၏နေ့ရက်ကာလ ရောက်လာသောအခါကျူး

၁ လူအများသည် ဘုရားသခင်ကို အစေခံရာတွင် အခြေအနေအကြောင်း စောဒကတက်ကြသည်။ လူသားဖြစ်သည် သို့မဟုတ် ဘုရားသခင်ဖြစ်သည်ကို သူတို့ အလေးမထားကြပေ။ သူတို့ကြုံရသော အခြေအနေကိုသာ အရေးဆိုကာ သူတို့အလိုရှိသော အောင်မြင်မှု နောက်သို့သာ လိုက်ကြသည်။ သင်တို့သည် ငါ့အတွက် အစားအစာချက်သောအခါ စားဖိုမှူးရထိုက်သော အခကြေးငွေကို တောင်းကြသည်။ ငါ့အတွက် ပြေးလွှားရသောအခါ ပြေးလွှားခ တောင်းကြသည်။ ငါ့အတွက် အလုပ်လုပ်သောအခါ လုပ်အားခ တောင်းကြသည်။ ငါ့အဝတ်အစားကို လျှော်ဖွပ်သောအခါ ဒိုဘီခ တောင်းကြသည်။ အသင်းတော်ကို ဆောင်မသောအခါ ရင်းစားပေးရန် တောင်းခံကြသည်။ စကားပြောရသောအခါ ဟောပြောခ တောင်းကြသည်။ စာအုပ်ဖြန့်ဝေသောအခါ ဖြန့်ဖြူးခ တောင်းကြသည်။ စာရေးသောအခါ ကလောင်ခ တောင်းကြသည်။ ငါ၏ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံခဲ့သော သူများသည် ငါ့ထံမှ လျော်ကြေးငွေတောင်းခံသည့်အထိ ဖြစ်သည်။ သင်တို့သည် ထိုသို့သော လူ့သဘောသဘာဝနှင့် သိစိတ်ရှိလျက်ပင် အသက်ကို ရလိမ့်မည်ဟု မျှော်လင့်ကြသေးသလော။ သင်တို့သည် အလွန်စက်ဆုပ်ဖွယ်ကောင်းသော အလေအလွင့်များ ဖြစ်ကြသည်တကား။

၂ သင်တို့ကို ငါကျောခိုင်းသည့်နေ့သည် သင်တို့သေရမည့်နေ့ ဖြစ်သည်။ သင်တို့အပေါ် အမှောင်ထု ကျရောက်လာမည့်နေ့၊ အလင်းသည် သင်တို့အား စွန့်ခွာမည့်နေ့ ဖြစ်သည်။ ငါ၏နေ့ရက်ကာလ ကျရောက်လာသောအခါ၊ တစ်ချိန်က ကြောက်မက်ဖွယ် ကောင်းသော ငါ၏အမျက်ဒေါသကို ဆွခဲ့သည့် မနာခံခြင်း၏ သားသမီးများအပေါ် ပူပြင်းလှသော မီးလျှံကို မိုးရွာသကဲ့သို့ ထာဝရ ငါရွာသွန်းမည်။ တစ်ချိန်က ငါ့ကို စော်ကားမော်ကားလုပ်၍ ပစ်ပယ်သွားသော ထိုတိရိစ္ဆာန်များကို ငါထာဝရ ပြစ်ဒဏ်ခတ်မည်။ တစ်ချိန်က ငါနှင့်အတူ နေထိုင် စားသောက်ခဲ့သော်လည်း ငါ့ကိုမယုံကြည်သည့်အပြင်၊ ငါ့ကို ဆဲရေးတိုင်းထွာကာ သစ္စာဖောက်သွားသော မနာခံခြင်း၏ သားများကို ခေတ်အဆက်ဆက် ငါ၏ ဒေါသမီးလောင်ကျွမ်းစေမည်။

၃ ငါ၏ အမျက်ဒေါသကို ဆွခဲ့သူ အားလုံးကို ပြစ်ဒဏ်ခတ်မည်။ တစ်ချိန်က ငါနှင့် ပုခုံးချင်းယှဉ်၍ ရပ်တည်လိုသော ဆန္ဒရှိလျက် ငါ့ကိုကိုးကွယ်ခြင်းနှင့် နာခံခြင်းမရှိခဲ့သော ထိုသားရဲများအပေါ် မိုးရွာသကဲ့သို့ ငါ၏အမျက်ဒေါသ အကုန်အစင် ရွာချမည်။ တစ်ချိန်က ငါ၏ပြုစုစောင့်ရှောက်မှုကို ခံစားခဲ့ရကာ ငါမိန့်မှာခဲ့သည့် လျှို့ဝှက်ဆန်းကြယ်မှုများကို နာခွင့်ရလျက် ငါ့ထံမှ လောကီစည်းစိမ်ကို ရယူရန် ကြိုးပမ်းခဲ့သော ထိုတိရစ္ဆာန်များအပေါ် လူသားကိုဆုံးမသော ငါ၏တုတ်သည် ကျရောက်လိမ့်မည်။ ငါ့နေရာကို လုရန် ကြိုးပမ်းသည့် မည်သူကိုမဆို ငါခွင့်လွှတ်မည် မဟုတ်ပေ။ ငါ့ထံမှ အစားအစာနှင့် အဝတ်အထည်ကို အတင်းယူရန် ကြိုးပမ်းသူများကို ငါချမ်းသာပေးမည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

အရှေ့သို့- ဘုရားနှင့်သင် သဟဇာတဖြစ်မှု၏ အထောက်အထားက အဘယ်မှာနည်းကျူး

နောက်တစ်ခုသို့- ဘုရားမချီးမွမ်းသော ယုံကြည်ခြင်းကျူး

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ မျက်မှောက်တော်၌ ကျွန်ုပ် နေထိုင်သည်။

၁ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား စဉ်းစားချင့်ချိန်ပြီး တွေးဆလျက် နေ့စဉ် ဘုရားသခင်၏ မျက်မှောက်တော်၌ ငြိမ်သက်ခြင်း ရှိပါသည်။...

ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

စစ်မှန်သောဆုတောင်းခြင်းရဲ့ ရလဒ်

၁ရိုးသားစွာ လျှောက်လှမ်းပြီးနှလုံးသားထဲ လှည့်စားခြင်းကင်းဖို့ရန် ဆုတောင်းပါဆုတောင်းပါ ကိုယ့်ကိုကိုယ်သန့်စင်ဖို့၊ ဘုရားတို့ထိဖို့...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်