၈ အနန္တတန်ခိုးရှင် ဘုရင်အဖြစ် စိုးစံတော်မူပြီကျူး

၁ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်း၏အရှင်၊ ငါတို့၏ ဘုရားသခင်သည် ဘုရင်ဖြစ်၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သံလွင်တောင်ပေါ်တွင် ခြေချလေ၏။ လှပတင့်တယ်လေစွ။ နားထောင်လော့။ ကင်းစောင့်သောသူများတည်းဟူသော ငါတို့သည် ငါတို့၏ အသံများကို လွှင့်ကြ၏၊ ဘုရားသခင်သည် ဇိအုန်မြို့သို့ ပြန်လာခဲ့ပြီဖြစ်သောကြောင့် ငါတို့သည် ငါတို့၏ အသံများနှင့် သီဆိုကြ၏။ ယေရုရှလင်မြို့၏ အနိဋ္ဌာရုံမြင်ကွင်းကို ငါတို့ ကိုယ်တိုင်၏ မျက်စိများနှင့် မြင်၏။ ဝမ်းမြောက်သောအသံနှင့် ကြွေးကြော်၍ တညီတညွတ်တည်း သီချင်းဆိုကြလော့၊ အကြောင်းမူကား ဘုရားသခင်သည် ငါတို့အတွက် နှစ်သိမ့်ခြင်းကို ယူဆောင်လာခဲ့ပြီး ယေရုရှလင်မြို့ကို ရွေးနုတ်ပြီးသောကြောင့် ဖြစ်၏။ ခပ်သိမ်းသော လူအမျိုးမျိုးတို့၏ရှေ့တွင် ဘုရားသခင်သည် မိမိ၏ သန့်ရှင်းသော လက်ရုံးကို ဖွင့်ပြပြီး ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်သည် ပေါ်ထွန်းလာလေပြီ။ မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်းကို သိမြင်ခဲ့ပြီ။

၂ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်၏ နက်နဲရာရှိသမျှကို ထုတ်ဖော်ရန် ဝိညာဉ်တော်ခုနှစ်ပါးကို ကိုယ်တော်၏ပလ္လင်မှ အသင်းတော်အားလုံးထံသို့ စေလွှတ်ခဲ့လေပြီ။ ကိုယ်တော်သည် ကိုယ်တော်၏ ဘုန်းတော်ပလ္လင်ပေါ်၌ ထိုင်လျက် မိမိ၏ နိုင်ငံတော်ကို စီမံခန့်ခွဲခဲ့ကာ ယင်းကို တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ဖြင့် ခိုင်မာပြီး တည်တံ့စေခဲ့ပြီး ကိုယ်တော်၏ရှေ့တွင် တိုင်းနိုင်ငံအားလုံးကို ချိုးနှိမ်လေပြီ။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ရှင်ဘုရင်တို့၏ ခါးစည်းကို ကိုယ်တော်ချွတ်လေပြီ၊ မြို့တံခါးတို့ကို နောက်တစ်ဖန် မပိတ်စေခြင်းငှာ ကိုယ်တော်ဖွင့်ခဲ့ပြီ။ အကြောင်းမူကား ကိုယ်တော်၏အလင်း ရောက်လာပြီးဖြစ်၍ ကိုယ်တော်၏ ဘုန်းတော်သည် နိုးထကာ ယင်း၏တောက်ပမှုကို ထွန်းလင်းစေ၏။

၃ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်း၍ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလေသည်။ အို ဘုရားသခင်။ ကိုယ်တော်မူကား ငါတို့ထံ ပေါ်ထွန်း၍ ငါတို့အပေါ် ကိုယ်တော်၏ အလင်းကို ထွန်းလင်းကာ ကိုယ်တော်၏ ဘုန်းတော်သည် ငါတို့အပေါ်၌ ထင်ရှားလိမ့်မည်။ ခပ်သိမ်းသော လူမျိုးတို့သည် ကိုယ်တော်၏ အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် ကိုယ်တော်၌ ထွန်းလင်းတောက်ပခြင်းသို့လည်းကောင်း လာကြလိမ့်မည်။ ကိုယ်တော်သည် အရပ်ရပ်သို့ မျှော်ကြည့်လေသည်- ကိုယ်တော်၏ သားတို့သည် ကိုယ်တော့်ရှေ့တွင် စုရုံးကြ၍ ၎င်းတို့သည် အဝေးက လာကြ၏။ ကိုယ်တော်၏ သမီးတို့သည် ပွေ့ချီခြင်းကို ခံရလေပြီ။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်၏ ကြီးစွာသော ချစ်ခြင်းမေတ္တာသည် ငါတို့ကို ဖမ်းဆုပ်တော်မူ၏။ ကိုယ်တော်၏ နိုင်ငံတော်သို့ သွားရာလမ်းတွင် ငါတို့အား ရှေ့သို့ဦးဆောင်သူမှာ ကိုယ်တော်ဖြစ်ပြီး ငါတို့၌ စိမ့်ဝင်ပျံ့နှံ့သည်မှာ ကိုယ်တော်၏ သန့်ရှင်းသော နှုတ်ကပတ်တော်များဖြစ်သည်။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော့်ကို ငါတို့ ကျေးဇူးတင်၍ ချီးမွမ်းကြ၏။ ငါတို့ကို ကိုယ်တော့်အား ကြည်ညိုခွင့်၊ သက်သေခံခွင့်နှင့် ချီးမြှောက်ခွင့်ကိုပေး၍၊ ရိုးသား၍ တည်ငြိမ်ကာ မြဲမြံသော နှလုံးသားနှင့် ကိုယ်တော့်ကို သီချင်းကျူးဧခွင့်အား ပေးပါလော့။ ငါတို့၌ တစ်လုံးတစ်ဝတည်းသော စိတ်သာရှိစေ၍ အတူတကွ တည်ဆောက်ခွင့်ကို ပေးပါလော့။ ကိုယ်တော်၏ အသုံးပြုခြင်းခံရရန်၊ ကိုယ်တော်၏ စိတ်နှလုံးနှင့် ညီညွတ်သော သူများအဖြစ် ကိုယ်တော်သည် ငါတို့အား မကြာမီ ပြုလုပ်ပါစေ။ ကိုယ်တော်၏အလိုသည် ကမ္ဘာမြေကြီးတွင် အဆီးအတား မရှိ ဆောင်ရွက်စိမ့်သောငှာ ငါတို့ဆန္ဒပြုပါ၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၅)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇ အနန္တတန်ခိုးရှင်ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်ခန္ဓာ ပေါ်ထွန်းခြင်း

နောက်တစ်ခုသို့- ၉ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဘုန်းပလ္လင်ပေါ်၌ထိုင်တော်မူပြီ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။