၉၂ နောက်ဆုံးသောကာလတွင် နှုတ်ကပတ်တော်သည် အရာခပ်သိမ်းကို ပြီးမြောက်စေသည်
၁
နောက်ဆုံးအဆင့်က သင့်ကို ယေဟောဝါရဲ့ပညတ်တရားနှင့်
ယေရှုရဲ့ ရွေးနုတ်ခြင်းကို ရှင်းလင်းသွားစေမှာ
ဘုရားရဲ့ အနှစ်ခြောက်ထောင်အစီအစဉ်နှင့်
ယေရှုလုပ်ခဲ့သောအမှု၊
နှုတ်ကပတ်တော်အားလုံးရဲ့ရည်ရွယ်ချက်နှင့်
သင့်ရဲ့သမ္မာကျမ်းစာအား မျက်ကန်း
ယုံကြည်မှုနှင့် ကိုးကွယ်မှုကိုပင်နားလည်စေဖို့ပါ
ထိုအချိန်က ယေရှုလုပ်ခဲ့သော အမှုနှင့်
ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုတို့ကို
သင် နားလည်လာမှာ
သင်ဟာ သမ္မာတရား၊ အသက်နှင့် လမ်းခရီးအားလုံးကို
သိနားလည်လာမှာပါ။
အခုဖြစ်နေတဲ့ အမှုရဲ့ အဆင့်ဟာ
ပြီးမြောက်ဖို့နှင့် သန့်ရှင်းစေရန်ပါ
အမှုအားလုံးကို အဆုံးသတ်စေဖို့အတွက်ပါ
တကယ်လို့ မမြွက်ရသေးတဲ့ နှုတ်ကပတ်တော်ရှိရင်
ဒီအမှုဟာ အဆုံးသတ်နိုင်မှာမဟုတ်ပါ။
ဒီအဆင့်မှာ အမှုအားလုံးကို
နှုတ်ကပတ်တော်များ အသုံးပြုခြင်းဖြင့် အဆုံးသတ်စေလို့ပါ။
၂
ဘုရားရဲ့အမှုကိုပြီးမြောက်ခြင်းမရှိပဲ ယေရှုထွက်သွားခဲ့တာ
အဲဒါ သူ့ရဲ့ အမှုအဆင့်မဟုတ်ခဲ့လို့ပါ
ကားစင်တင်ခံခဲ့ရချိန် သူ့အမှုလုံးဝပြီးသွားခဲ့တာ
သူ့အမှုမှာ ထုတ်မပြောခဲ့၊ အပြည့်အဝမဖော်ပြခဲ့တဲ့
နှုတ်ကပတ်တော်များစွာရှိတာ
နှုတ်ကပတ်တော်များ ပြည့်စုံစွာ ထုတ်ပြော မပြော သူ အမှုမထားခဲ့
သူ့သာသနာက နှုတ်ကပတ်တော်များနဲ့မဆိုင်လို့ပါ
အဲဒါကြောင့် ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရပြီး
ကမ္ဘာမြေမှ သူ ထွက်ခွာခဲ့တာ
နောက်ဆုံးအဆင့်ဟာ ဘုရားရဲ့အလုပ်ကို အဆုံးသတ်စေမှာ
အားလုံးက ဘုရားရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်လာကြလိမ့်မှာ။
လူသားရဲ့ အယူအဆများနှင့်ရည်ရွယ်ချက်များ
တပါးအမျိုးသားများအပေါ် သူ့အမြင်များနှင့်
ယေဟောဝါနှင့် ယေရှုရဲ့ အမှုအပေါ် သူ၏အထင်မှားမှုများ
အခြားလွဲချော်မှုအားလုံးကို ပြင်ပေးခြင်းခံရကြမှာ
လူသား နားလည်လာမှာ
အသက်တာရဲ့ မှန်ကန်သောလမ်းကြောင်းအားလုံး
ဘုရားလုပ်ဆောင်ခဲ့တဲ့အမှုအားလုံးနှင့်
သမ္မာတရား တစ်ခုလုံးကိုလေ
အဲဒီအခါ လက်ရှိအမှုဟာ အဆုံးသတ်သွားမှာပါ
အခုဖြစ်နေတဲ့ အမှုရဲ့ အဆင့်ဟာ
ပြီးမြောက်ဖို့နှင့် သန့်ရှင်းစေရန်ပါ
အမှုအားလုံးကို အဆုံးသတ်စေဖို့အတွက်ပါ
တကယ်လို့ မမြွက်ရသေးတဲ့ နှုတ်ကပတ်တော်ရှိရင်
ဒီအမှုဟာ အဆုံးသတ်နိုင်မှာမဟုတ်ပါ။
ဒီအဆင့်မှာ အမှုအားလုံးကို
နှုတ်ကပတ်တော်များ အသုံးပြုခြင်းဖြင့် အဆုံးသတ်စေလို့ပါ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်