၂၈၈ လူ့လောက၏ မတရားမှုများကို ဘုရားပြုပြင်လိမ့်မည်ကျူး

လောကရှိ မတရားမှုများအား ဘုရား ပြုပြင်မည်။

သူ၏လက်နှစ်ဖက်ဖြင့် အမှုတော်ဆောင်ရွက်လိမ့်မည်

သူ၏လူမျိုးများကိုမထိခိုက်စေရန် စာတန်ကိုသူတားဆီးကာ

ရန်သူများ၏ စိတ်ကြိုက်လုပ်ဆောင်တာကိုလည်း သူတားဆီးမည်

မြေကြီးပေါ်၌ ဘုရားသခင်သည် ရှင်ဘုရင်ဖြစ်လိမ့်မည်

ဘုရားသခင်သည် သူ၏ပလ္လင်တော်အား မြေကြီးပေါ်သို့ပြောင်းရွှေ့ပြီး။

ဘုရားသခင်သည် သူ၏ရန်သူများအား မြေကြီးပေါ်သို့လဲကျစေကာ

သူ၏ရှေ့တော်မှောက်၌ သူတို့၏အပြစ်များဝန်ခံကြလိမ့်မည်


ဝမ်းနည်းခြင်းနှင့် အမျက်ဒေါသတို့ဖြင့် စကြဝဠာကြီးကို သူနင်းချေပြီး

သူ၏ရန်သူများအားလုံး၏စိတ်နှလုံးကို ထိတ်လန့်တုန်လှုပ်စေမူမည်

ဘုရားသခင်သည် တစ်လောကလုံးအား ဖျက်ဆီးလိမ့်မည်

သူ့ရန်သူများ လူတို့ကို ဆက်လက် ဖောက်ပြန်ဖျက်ဆီး၍

မရအောင် သူတို့အား ဘုရား ချေမှုန်းမည်

လောကရှိ မတရားမှုများအား ဘုရား ပြုပြင်မည်။


ဘုရားသခင်၏အစီအစဉ်ကို ချမှတ်ခဲ့ပြီးဖြစ်၍

ဘယ်သူမှ ၎င်းကို ဘယ်သောအခါမှ ပြောင်းလဲ၍မရ

စကြဝဠာအထက်၌ ဘုန်းအာနုဘော်ဖြင့် သူလှည့်လည်သည့်အခါ

လူသားမျိုးနွယ်အားလုံး အသစ်ပြုခြင်းခံရပြီး

အရာခပ်သိမ်းပြန်လည်လန်းဆန်းစေမည်

လူသားတို့၌ငိုကြွေးခြင်းမရှိတော့သည့်အခါ

ဘုရားသခင်၏စိတ်နှလုံးဝမ်းမြောက်လိမ့်မည်

ဘုရားသခင်၏အကူအညီကို ဟစ်အော်တောင်းဆိုတော့မည်မဟုတ်

လူတို့သည် သူ့ကိုဂုဏ်ပြုဖို့ပြန်လာကြပြီး

စကြဝဠာတစ်ခုလုံး ရွှင်မြူးလိမ့်မည်


ဘုရားသခင်သည် ပြီးမြောက်ရန်

သူသတ်မှတ်ထားသည့်အမှုကို သူလုပ်ဆောင်နေသည်

လူသားတို့အလယ်၌ သူရွေ့လျားပြီး

သူ၏အစီအစဉ် အမှုအားလုံးသူလုပ်ဆောင်နေသည်

ဘုရားသခင်၏အလိုတော်အတိုင်း လူတို့ နိုင်ငံများကိုပိုင်းခြား

လောကရှိ မတရားမှုများအား ဘုရား ပြုပြင်မည်။


နေ့ရက်သည် နီးကပ်သထက်နီးကပ်လာပြီး

ကောင်းကင်တမန်များ၏တံပိုးသံသည်မြည်လာသည့်အတွက်

လူတို့သည် ၄င်းတို့၏ ပန်းတိုင်ပေါ်တွင် အာရုံစိုက်ကြ

နှောင့်နှေးခြင်းရှိမည်မဟုတ်

ဖန်ဆင်းခံအားလုံးတို့သည် ရွှင်မြူးကာ ကခုန်ကြလိမ့်မည်

ဘုရားသခင်၏နေ့ရက်အား

ကိုယ့်အလိုအတိုင်း ဘယ်သူများဆွဲဆန့်နိုင်မည်နည်း။

မြေကြီးသားအပေါင်း၊ ကောင်းကင်တမန်နှင့်

ကောင်းကင်ရှိကြယ်အပေါင်းတို့လည်းမတတ်နိုင်။


ဣသရေလလူမျိုးတို့ကိုကယ်တင်ဖို့ရန် ဘုရားသခင်မိန့်ဆိုသောအခါ

ဘုရားသခင်၏နေ့ရက်သည် လူသားအားလုံးအပေါ် လွှမ်းမိုးလာသည်

လူတို့ ဣသရေလနိုင်ငံ ပြန်ပေါ်လာခြင်းကို စိုးရွံ့ကြသည်

၎င်းသည် ဘုရားသခင်ဘုန်းထင်ရှားသည့်နေ့ရက်ဖြစ်ပြီး

ထိုနေ့ရက်သည် အရာအားလုံးပြောင်းလဲပြီး

အသစ်တဖန်မွေးဖွားသည့်နေ့ရက်ဖြစ်လိမ့်မည်

လောကရှိ မတရားမှုများအား ဘုရား ပြုပြင်မည်။

မြေကြီးပေါ်၌ ဘုရားသခင်သည် ရှင်ဘုရင်ဖြစ်လိမ့်မည်။

မြေကြီးပေါ်၌ ဘုရားသခင်သည် ရှင်ဘုရင်ဖြစ်လိမ့်မည်။


“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၈၇ လူသည် မိမိ၏ကံကြမ္မာကို ချုပ်ကိုင်ထားသလောကျူး

နောက်တစ်ခုသို့- ၂၈၉ လူ၏ဒုက္ခအခက်အခဲများကို ဘုရားသခင် သိမြင်နားလည်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။