သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ

ခေတ်ဟောင်းကုန်လွန်သွား၍ ခေတ်သစ်ကို ရောက်ရှိလာခဲ့ပြီ။ တစ်နှစ်ပြီးတစ်နှစ်၊ တစ်နေ့ပြီးတစ်နေ့ ဘုရားသခင်သည် အမှုများစွာကို ပြုခဲ့ပြီဖြစ်သည်။ သူသည် ကမ္ဘာကြီးထဲသို့ ရောက်လာခဲ့ပြီးသည့်နောက် ပြန်ထွက်သွားခဲ့သည်။ ဤသံသရာမှာ မျိုးဆက်များတစ်လျှောက် မိမိဘာသာ ထပ်တလဲလဲပေါ်ပေါက်ခဲ့ပြီ။ ယနေ့တွင် ဘုရားသခင်သည် ယနေ့တိုင်အောင် အနားယူဖို့ လိုသေးသည့်အတွက် သူသည် ယခင်ကကဲ့သို့ သူပြုရမည့်အမှု၊ အပြီးသတ်ရဦးမည့်အမှုကို ဆက်ပြီးလုပ်ဆောင်နေသည်။ ဖန်ဆင်းမှုကာလမှနေ၍ ယနေ့ထက်ထိ ဘုရားသခင်သည် အမှုများစွာကို ပြုခဲ့ပြီးပြီဖြစ်သည်။ သို့သော် ဘုရားသခင်က ယနေ့တွင် ယခင်ကထက် ပိုများသောအမှုကို ပြုနေပြီး သူ့အမှု၏ အတိုင်းအတာမှာ ယခင်ကထက် များစွာ ပို၍ကြီးမားသည်ကို သင်သိခဲ့သလော။ သို့ဖြစ်၍ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီဖြစ်သည်ဟု ငါပြောခြင်းပင်ဖြစ်သည်။ ဘုရားသခင့်အမှု၏ အချက်တိုင်းက လူသားနှင့် ပတ်သက်နေသည့်အတွက် သူ၏အမှုအားလုံးတို့သည် လူသားအတွက် ဖြစ်စေ၊ ဘုရားသခင်အတွက်ဖြစ်စေ အလွန်အရေးကြီးသည်။

ဘုရားသခင်၏အမှုကို ကမ္ဘာကြီးအနေနှင့် မြင်တွေ့နိုင်ရန်ဝေးစွ၊ မြင်လည်းမမြင်နိုင်၊ ထိတွေ့ကိုင်တွယ်၍လည်း မရနိုင်သည့်အတွက် ၎င်းသည် ကြီးမားသောအရာတစ်ခုခု အဘယ်သို့ ဖြစ်နိုင်သနည်း။ မည်သည့် အရာမျိုးကိုမှ ကြီးမားသည်ဟု ယူဆရမည်နည်း။ ဘုရားသခင် မည်သည့်အမှုကို ပြုသည်ဖြစ်စေ ယင်းကို ကြီးမားကြသည်ဟု မှတ်ယူနိုင်ကြောင်း မည်သူမျှ မငြင်းနိုင်သည်မှာ သေချာသော်လည်း၊ ယနေ့ ဘုရားသခင်ပြုသော အမှုကို အဘယ်ကြောင့် ဤသို့ ငါပြောရသနည်း။ ဘုရားသခင်က ကြီးမားသောအမှုကို ပြုခဲ့ပြီဟု ငါပြောဆိုရာတွင် ဤအရာ၌ လူသားအနေနှင့် နားလည်ဖို့လိုသေးသည့် များစွာသော နက်နဲရာများ ပါဝင်သည်မှာ ဧကန်မုချဖြစ်သည်။ ယင်းတို့ကို ယခုပြောကြစို့။

ယေရှုသည် သူ၏တည်ရှိမှုကို လက်သင့်မခံနိုင်ခဲ့သည့် ခေတ်တစ်ခေတ်၌ နွားစားခွက်ထဲ မွေးဖွားခဲ့စေကာမူ ကမ္ဘာကြီးက သူ့အား မတားဆီးနိုင်ခဲ့ဘဲ၊ သူသည် ဘုရားသခင်၏ စောင်မမှုဖြင့် လူတို့ကြား၌ သုံးဆယ့်သုံးနှစ်ကြာ နေထိုင်ခဲ့သည်။ သက်ရှင်နေထိုင်ခဲ့သည့် ဤနှစ်များစွာတွင် သူသည် လောကကြီး၏ ခါးသီးမှုကို တွေ့ကြုံခံစားခဲ့ရပြီး ကမ္ဘာပေါ်က ဒုက္ခဝေဒနာနှင့်ပြည့်နှက်သော ဘဝကို မြည်းစမ်းခဲ့ရသည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ရန်အလို့ငှာ သူသည် ကားစင်တင်၍ အဆုံးစီရင်ခံခဲ့ရခြင်းဟူသော ကြီးမားသည့်ဝန်ကို ထမ်းဆောင်ခဲ့သည်။ သူသည် စာတန်၏ အုပ်စိုးမှုအောက်၌ နေထိုင်ခဲ့ကြရသည့် အပြစ်သားများ အားလုံးကို ရွေးနုတ်ခဲ့ပြီး၊ နောက်ဆုံးတွင် သူ၏ ထမြောက်သည့် ခန္ဓာကိုယ်မှာ သူ၏ကျိန်းဝပ်ရာအရပ်သို့ ပြန်သွားခဲ့သည်။ ယခုတွင် ဘုရားသခင်၏အမှုသစ်က အစပြုပြီဖြစ်ပြီး၊ ယင်းက ခေတ်သစ်၏ အစကနဦးလည်းဖြစ်သည်။ ဘုရားသခင်သည် ကယ်တင်ခြင်းအမှုသစ်ကို အစပြုရန် ရွေးနုတ်ခြင်းခံရပြီးသော သူတို့ကို မိမိအိမ်သို့ ခေါ်ဆောင်သည်။ ဤတစ်ကြိမ်တွင် ကယ်တင်ခြင်းအမှုက လွန်လေပြီးသော ကာလများထက် ပို၍စေ့စပ်သည်။ လူသားကို မိမိဖာသာ ပြောင်းလဲစေရန် သူ့အထဲ၌ အမှုပြုနေသည်မှာ သန့်ရှင်းသောဝိညာဉ်တော် မဟုတ်သကဲ့သို့၊ လူသားများအကြား၌ ဤအမှုကိုပြုရန် ပေါ်ထွက်လာသည်မှာလည်း ယေရှု၏ခန္ဓာကိုယ် မဟုတ်ဘဲ၊ ဤအမှုကို အခြားနည်းလမ်းအားဖြင့် ပြုသည်မှာ အလားအလာမရှိဆုံး ဖြစ်သည်။ ထို့ထက် အမှုကိုပြုပြီး စီမံညွှန်ကြားသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ သူသည် ယင်းကို လူသားအား အမှုသစ်ထဲသို့ ခေါ်ဆောင်သွားရန်အလို့ငှာ ဤနည်းအတိုင်း လုပ်ဆောင်လေသည်။ ဤသည်မှာ ကြီးမားသောအမှု မဟုတ်ပေလော။ ဘုရားသခင်သည် ဤအမှုကို လူအချို့မှတစ်ဆင့် သို့မဟုတ် ပရောဖက်ပြုချက်များအားဖြင့် လုပ်ဆောင်သည်မဟုတ်။ ထို့ထက် ဘုရားသခင်က ယင်းကို ကိုယ်တော်တိုင် လုပ်ဆောင်ခြင်းဖြစ်သည်။ အချို့တို့က ဤသည်မှာ ကြီးမားသောအမှု မဟုတ်ကြောင်းနှင့် ယင်းက လူသားကို စိတ်ဓာတ်တက်ကြွခြင်း မယူဆောင်ပေးနိုင်ပါဟု ဆိုကောင်း ဆိုနိုင်သည်။ သို့သော် ဘုရားသခင်၏အမှုသည် ဤအရာသက်သက် မဟုတ်ဘဲ၊ ပိုကြီးမားပြီး ပိုများပြားသည်ဟု သင့်ကိုငါ ပြောရလိမ့်မည်။

ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက၊ ဇာတိအသွေးအသားသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရား၏ နှုတ်ကပတ်တော်များအားလုံးကို သရုပ်ထင်စေသည့်အရာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာနှင့်၊ လူသားက နားလည်ရန်အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြသောအရာလည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်အတွင်းဝင်ရောက်ရာ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ ဝင်ရောက်ရာ သင်၏လမ်းပြရှင်ဖြစ်သည်။ ထိုကဲ့သို့သော သာမန်ဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲရာများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း၊ သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိခန္ဓာ မဟုတ်သည်ကို သင့်အား မြင်ခွင့်ပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်နှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် ဂရုစိုက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင်သကဲ့သို့၊ မီးလျှံတစ်ခုကဲ့သို့ သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံရနိုင်သော်ငြားလည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားခြင်းကရုဏာကို ပြနေကြောင်း သိနိုင်သည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံး အတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို နားလည်သဘောပေါက် နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် မြေကြီးပေါ်ရှိ လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ နာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ သည်ကနေ့တွင် လူသားက မြင်ရသည်မှာ လူသားနှင့်တူညီသော ဘုရားသခင်၊ နှာခေါင်းတစ်ခုနှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ ထို့ပြင် ထူးခြားမှုမရှိသော ဘုရားသခင်ဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော အပြောင်းအလဲကို ကြုံရမည်ဖြစ်ကြောင်း၊ ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်သည် မှောင်မည်းလာကာ၊ မြေကြီးသည် ပရမ်းပတာ အခြေအနေထဲ ကျရောက်သွားမည်ဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ခြင်းနှင့် ကပ်ဆိုးများအလယ်တွင် နေထိုင်ရမည်ဖြစ်ကြောင်း ဘုရားသခင်က သင်တို့ကို ပြသမည်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သင်တို့ကို ကယ်တင်ရန် ကြွမလာခဲ့လျှင် ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို လွန်ခဲ့သောအချိန်ကပင် ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သင်တို့ကို သူပြသမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ သင်တို့သည် အဓိကအပြစ်သားများ အစဉ်အမြဲ ဖြစ်ကြမည်ဖြစ်ပြီး၊ အလောင်းကောင်များ အမြဲတမ်း ဖြစ်ကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မရှောင်လွှဲနိုင်သော ဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင် စီရင်ချမှတ်မည့် ပို၍ပင် ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိရမည်ကို သင်တို့သိသင့်သည်။ ဤသာမန်ဇာတိခန္ဓာသာ မမွေးဖွားခဲ့ပါက၊ သင်တို့အားလုံးသည် အသက်မရှင်နိုင်ဘဲ ရှင်ခြင်းအတွက် တောင်းဆိုပြီး၊ အသက်မသေနိုင်ဘဲ သေခြင်းအတွက် ဆုတောင်းရမည့် အခြေအနေတစ်ခု၌ ရောက်ရှိကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိလျှင် သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ထို့ထက် သင်တို့သည် သင်တို့၏ ကြီးလေးသော အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရမည်။ သင်တို့သိခဲ့ပါ၏လော၊ ယင်းမှာ ဇာတိခန္ဓာသို့ ဘုရားသခင်၏ပြန်လာခြင်း မရှိခဲ့လျှင်၊ ကယ်တင်ခြင်း၌ မည်သူမျှ အခွင့်အလမ်း ရှိခဲ့မည်မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို လွန်ခဲ့သောအချိန်ကပင် အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ သို့ဖြစ်လျှင် သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ငြင်းပယ်နိုင်သေးသလော။ သင်တို့သည် ဤသာမညလူသားထံမှ အလွန်များပြားသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဖြစ်ရာ သင်တို့သည် သူ့ကို အဘယ်ကြောင့် ဝမ်းပန်းတသာ လက်မခံကြသနည်း။

ဘုရားသခင်၏အမှုမှာ သင်သဘောမပေါက်နိုင်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ရွေးချယ်မှု မှန်မမှန်ကို အပြည့်အဝ နားမလည်နိုင်သကဲ့သို့၊ ဘုရားသခင်၏အမှု အောင်မြင်နိုင်မည် မအောင်မြင် နိုင်မည်ကို မသိနိုင်ပါက၊ သင်၏ကံတရားကို စမ်းသပ်ပြီး ဤသာမည လူသားက သင့်အတွက် ကြီးမားသောအကူအညီ ဖြစ်နိုင်မဖြစ်နိုင်မည်နှင့်၊ ဘုရားသခင်က ကြီးမားသောအမှုကို အမှန်ပင် လုပ်ဆောင်ပြီးပြီလော ဟူသည်ကို အဘယ်ကြောင့် မစမ်းသပ်သနည်း။ သို့သော်လည်း နောဧခေတ်တုန်းက လူများသည် သောက်စားနေခဲ့ကြပြီး လက်ထပ်ကြလျက်၊ ဘုရားသခင်အနေနှင့် မြင်တွေ့ရန် မခံမရပ်ခဲ့သည့် အတိုင်းအတာထိ အိမ်ထောင်ပြုခဲ့ကြသောကြောင့် သူသည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် ကြီးစွာသောရေလွှမ်းမိုးမှုကို စေလွှတ်လျက် လူရှစ်ဦးရှိသည့် နောဧမိသားစု၊ ငှက်များနှင့် သားရဲမျိုးစုံတို့ကိုသာ ချမ်းသာပေးခဲ့သည်ကို သင့်အား ငါပြောပြရမည်။ သို့သော်လည်း နောက်ဆုံးသောကာလတွင် ဘုရားသခင် ချမ်းသာပေးခဲ့သူအားလုံးတို့မှာ သူ့အပေါ် အဆုံးထိ သစ္စာရှိနေခဲ့သောသူတို့ပင်ဖြစ်သည်။ ခေတ်နှစ်ခေတ်စလုံးသည် ဘုရားသခင်အနေနှင့် မြင်တွေ့ရန် မခံမရပ်နိုင်သည့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခြင်း ကာလများဖြစ်ခဲ့ပြီး နှစ်ခေတ်စလုံးတွင် လူသားမျိုးနွယ်က အလွန်ဖောက်ပြန်ပျက်စီးပြီး ဘုရားသခင်သည် သူတို့၏သခင်ဖြစ်သည်ကို ငြင်းဆိုခဲ့သော်လည်း၊ ဘုရားသခင်သည် နောဧခေတ်တုန်းက လူတို့ကိုသာ ဖျက်ဆီးခဲ့လေသည်။ ခေတ်နှစ်ခေတ်စလုံးတွင် လူသားမျိုးနွယ်သည် ဘုရားသခင်အား ကြီးစွာသော ထိခိုက်နာကျင်မှု ပေးခဲ့စေကာမူ ဘုရားသခင်သည် ယခုထိ နောက်ဆုံးသောကာလ၌ရှိသော လူများကို ဆက်လက်၍ သည်းခံခဲ့ပြီဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ သင်တို့သည် အဘယ်ကြောင့်နည်းဟူသည်ကို မည်သည့်အခါမျှ မစဉ်းစားဖူးသလော။ သင်တို့ အမှန်တကယ် မသိပါက၊ သင်တို့ကို ငါပြောရမည်။ ဘုရားသခင်က နောက်ဆုံးသောကာလတွင် လူတို့ကို ကျေးဇူးတော် ပေးအပ်နိုင်သည့် အကြောင်းရင်းက သူတို့သည် နောဧခေတ်ကလူတို့ထက် လျော့၍ ဖောက်ပြန်ပျက်စီးသောကြောင့်၊ သို့မဟုတ် နောက်ဆုံးသောကာလ၌ စက်မှုနည်းပညာသည် လွန်စွာတိုးတက်နေသဖြင့် ဘုရားသခင်က သူတို့ကို ဖျက်ဆီးရန် ကိုယ့်ကိုကိုယ် မစေခိုင်းနိုင်ခြင်းမျိုး ဖြစ်ဖို့ဝေးစွ၊ သူတို့သည် ဘုရားသခင်အား နောင်တရခြင်းကို ပြခဲ့ကြပြီးသောကြောင့်လည်း မဟုတ်ပါ။ ထို့ထက် ယင်းမှာ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူအုပ်စုတစ်စုထဲ၌ အမှုပြုရန် ရှိသောကြောင့်ဖြစ်ပြီး ဘုရားသခင်သည် ဤအမှုကို သူ၏ လူ့ဇာတိခံယူခြင်းအားဖြင့် လုပ်ဆောင်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ထိုမျှမက ဘုရားသခင်သည် ဤအုပ်စုထဲက တစ်ချို့ကို သူ့ကယ်တင်ခြင်းအတွက် ရည်စူးထားသူများနှင့် သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ အသီးအပွင့်ဖြစ်လာရန် ရွေးချယ်လိမ့်မည်ပြီးလျှင် ဤလူတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်သွားလိုသည်။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေ ဘုရားသခင်ပေးဆပ်ခဲ့သည့် ဤတန်ဖိုးသည် နောက်ဆုံးသောကာလ၌ သူ၏ လူ့ဇာတိခံယူထားသော ဇာတိခန္ဓာက ပြုလုပ်မည့်အမှုအား ပြင်ဆင်ရန်အတွက်ချည်းသာ ဖြစ်နေခဲ့သည်။ ယနေ့ သင်တို့ရောက်ရှိလာခဲ့သည် အဖြစ်မှာ ဤဇာတိခန္ဓာကြောင့်ပင် ဖြစ်သည်။ သင်တို့၌ အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးရှိခြင်းမှာ ဘုရားသခင်က ဇာတိခန္ဓာ၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤကံကောင်းခြင်းအလုံးစုံကို ဤသာမညလူသားအတွက်ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဤအရာသာမက အဆုံးတွင် လူမျိုးတိုင်းသည် ဤသာမညလူသားကို ဝတ်ပြုကိုးကွယ်ကြမည် ဖြစ်သကဲ့သို့၊ ဤမထင်ရှားသော လူသားကို ကျေးဇူးတင်ပြီး နာခံကြမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပြီးပြီဖြစ်သည့် သူယူဆောင်ခဲ့သော သမ္မာတရား၊ အသက်နှင့် လမ်းခရီးတို့ပင် ဖြစ်ပြီး၊ လူသားနှင့် ဘုရားသခင်ကြားက ပဋိပက္ခကို ပြေလည်စေခဲ့ကာ သူတို့ကြားက အကွာအဝေးကို တိုစေပြီးလျှင် ဘုရားသခင်နှင့် လူသား၏ သဘောထားများကြား၌ ဆက်သွယ်ချက်တစ်ခုကို လမ်းဖွင့်ပေးခဲ့သည်။ ဘုရားသခင်အတွက် သာ၍ပင်ကြီးမားသော ဘုန်းအသရေကို ရယူပြီးခဲ့သူမှာလည်း သူပင်ဖြစ်သည်။ ထိုသို့သော သာမညလူသားသည် သင်၏ယုံကြည်စိတ်ချမှုနှင့် ကြည်ညိုမှုတို့နှင့် မထိုက်တန်သလော။ ထိုကဲ့သို့သော သာမညဇာတိခန္ဓာသည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် မသင့်တော်သလော။ ထိုကဲ့သို့သော သာမညလူသားသည် လူများကြား၌ ဘုရားသခင်၏ထုတ်ဖော်ချက် ဖြစ်မလာနိုင်သလော။ လူသားမျိုးနွယ်ကို ဘေးဒုက္ခမှ ချမ်းသာပေးခဲ့သည့် ထိုလူသားသည် သင်၏ချစ်ခြင်းမေတ္တာနှင့် သူ့အားဖက်တွယ်ထားရန် သင်၏ဆန္ဒတို့နှင့် မထိုက်တန်သလော။ သင်တို့သည် သူ၏နှုတ်မှ ဖော်ပြခဲ့သည့် သမ္မာတရားများကို ငြင်းပယ်ကာ၊ သင်တို့အလယ်၌ သူ၏တည်ရှိမှုကို စက်ဆုပ်ပါက၊ အဆုံး၌ သင်တို့ ဘာဖြစ်သွားမည်နည်း။

နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ အမှုအားလုံးကို ဤသာမညလူသားအားဖြင့် လုပ်ဆောင်လျက်ရှိသည်။ သူသည် အရာခပ်သိမ်းကို သင့်အပေါ် အပ်နှင်းမည်ဖြစ်ပြီး၊ ထို့ထက်ပို၍ သင်နှင့်ပတ်သက်သော အရာခပ်သိမ်းကို သူက ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သောလူသားသည် ထုတ်ဖော်ရန် မထိုက်တန်လောက်အောင် အလွန်ရိုးစင်းသည့် လူသားဖြစ်သည်ဟု သင်တို့သူ့ကို ယုံကြည်သည့်အတိုင်း ဖြစ်နိုင်သလော။ သူ၏သမ္မာတရားက သင်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့အတွက် မလုံလောက်သလော။ သူ၏လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ရခြင်းက သင့်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့ မလုံလောက်သလော။ သို့မဟုတ် သင်တို့ကို သူဆောင်ကြဉ်းသွားသည့် လမ်းကြောင်းကို သင်တို့အနေနှင့် လိုက်လျှောက်ရန် မထိုက်တန်သလော။ အဆုံးစွန်အနေဖြင့် သင်တို့အား သူ့ကို စက်ဆုပ်ရွံမုန်းပြီး သူ့ကို ဖယ်ထုတ်ကာ ရှောင်ဖယ်စေသည်မှာ မည်သည့်အရာနည်း။ သမ္မာတရားကို ဖော်ပြသည်မှာ ဤသူပင်ဖြစ်သည်၊ သမ္မာတရားကို ထောက်ပံ့ပေးသည်မှာ ဤသူပင်ဖြစ်သည်၊ ထို့ပြင် သင်တို့လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးသည်မှာ ဤသူပင် ဖြစ်သည်။ သင်တို့သည် ဤသမ္မာတရားများထဲ၌ ဘုရားသခင့်အမှု၏ သဲလွန်စများကို ရှာမတွေ့နိုင်သေးသည်မှာ ဖြစ်နိုင်သလော။ ယေရှု၏အမှု မပါရှိလျှင်၊ လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ ဆင်းလာနိုင်ခဲ့မည်မဟုတ်၊ မည်သို့ဆိုစေ မျက်မှောက်ကာလ၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း၊ လက်ဝါးကပ်တိုင်မှ ဆင်းလာသူတို့က ဘုရားသခင်၏ သဘောကျနှစ်သက်မှုကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ထဲသို့လည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ဤသာမညလူသား၏ ကြွဆင်းလာခြင်း မရှိလျှင်၊ သင်တို့တွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မြင်တွေ့ရန် မည်သည့်အခါမျှ အခွင့်အလမ်းရရှိမည် မဟုတ်သကဲ့သို့၊ မြင်တွေ့ဖို့လည်း အရည်အချင်း ပြည့်မီမည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် လွန်ခဲ့သော အချိန်ကပင် ဖျက်ဆီးခြင်းခံသင့်ခဲ့သည့် အရာများပင် ဖြစ်ကြပေသည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှု၏ ကြွလာခြင်းကြောင့်သာ ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ခဲ့ပြီဖြစ်ကာ သနားကရုဏာကို ပြသခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ သင်တို့အား ငါချန်ထား ပေးရမည့် စကားမှာ ဤအရာသာလျှင်ဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ဤသာမညလူသားမှာ သင်တို့အတွက် မရှိမဖြစ် အရေးပါသူပင် ဖြစ်သည်။ ဤသည်မှာ လူသားများကြား၌ ဘုရားသခင် ပြုခဲ့ပြီးဖြစ်သည့် ကြီးမားသောအမှုပင် ဖြစ်ပေ၏။

အရှေ့သို့- ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

နောက်တစ်ခုသို့- နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။