လူ့အသက်တာကို အစဉ်တစိုက် ဘုရားလမ်းပြ၏ကျူး
၁ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ပြီးကတည်းက လူသားတို့၏အသက်တာကို အစဉ်အမြဲ ဦးဆောင်ခဲ့၏။ လူသားတို့ကို ကောင်းချီးများပေးသည့်နေရာမှာပင်ဖြစ်စေ၊ ဥပဒေသများနှင့် သူ၏ ပညတ်တော်များကို ပေးသည့်နေရာမှာပင်ဖြစ်စေ၊ သို့မဟုတ် အသက်တာအတွက် အမျိုးမျိုးသော စည်းမျဉ်း စည်းကမ်းများကို ပြဋ္ဌာန်းသည့် နေရာမှာပင်ဖြစ်စေ၊ ဘုရားသခင်ပြုသမျှသည် လူသားကို သာမန်ဘဝတစ်ခု ရှင်သန်နိုင်ရန် ဦးဆောင်လမ်းပြဖို့အတွက် ဖြစ်သည်။ ယင်းက လူသားမှာ သူ၏စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းစေရန်ပင်ဖြစ်စေ သို့မဟုတ် သူ၏ပညတ်များကို စောင့်ထိန်းစေရန်ပင် ဖြစ်စေ လူသားအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စာတန်ကို မကိုးကွယ်ရန်၊ စာတန်၏ ဘေးပြုခြင်းကို မခံရရန်ဖြစ်သည်။ ဤအရာသည် အခြေခံကျဆုံး ဖြစ်ပြီး အစအဦး လုပ်ဆောင်ခဲ့သည့်အရာ ဖြစ်သည်။ သူ့ထံတွင် လူသားအတွက် အစီအစဉ်များနှင့် ရည်ရွယ်ချက်များ ရှိသော်လည်း မည်သည့်အရာတစ်ခုကိုမျှ သူကိုယ်တိုင်အတွက် သူမလုပ်ပါ။ သူလုပ်သမျှ အရာခပ်သိမ်းသည် လူသားတွေအတွက် သက်သက်သာ ဖြစ်ပြီး၊ လူသားများကို ကာကွယ်ရန်၊ လူသားများကို လမ်းလွဲသွားခြင်းမှ ထိန်းထားရန်သာဖြစ်သည်။
၂ သမ္မာတရားကို သင်နားမလည်သည့်အခါ ဘုရားသခင်က သင့်ကို မည်ကဲ့သို့လမ်းပြသနည်း။ (သူက အလင်းပေးပါသည်။) ဤသည်မှာ သမ္မာတရားနှင့် မကိုက်ညီသည့်အရာနှင့် သင်မည်သည့်အရာလုပ်သင့်သည်ကို ရှင်းရှင်းလင်းလင်းပြောပြရင်း သင့်ကို သူအလင်းပေး၏။ ဘုရားသခင် အမှုပြုသည့် ဤနည်းလမ်းများမှ သင်သည် ဘုရားသခင်နှင့် မည်ကဲ့သို့သော ဆက်ဆံရေးမျိုး ရှိသည်ဟု ခံစားရသနည်း။ ဘုရားသခင်သည် သင်နားလည်နိုင်သည့် အတိုင်းအတာကို ကျော်လွန်နေသည်ဟု ထိုအရာများက သင့်ကို ခံစားစေသလော။ ထိုသို့ဆိုလျှင် ထိုအရာများက သင့်ကို မည်ကဲ့သို့ခံစားစေသနည်း။ ဘုရားသခင်က သင့်ကို လမ်းပြသည့်အခါ၊ သူက သင့်ကို ထောက်ပံ့ပေးသည့်အခါ၊ သင့်ကို ကူညီပြီး မစသည့်အခါ၊ ဘုရားသခင်၏ ဖော်ရွေခြင်း၊ သူ၏လေးစားဖွယ်ဖြစ်ခြင်းကို သင်ခံစားရ၏၊ သူမည်မျှ နှစ်လိုဖွယ်ဖြစ်သနည်း၊ အဘယ်မျှ နွေးထွေးသနည်းဆိုသည်ကို သင်ခံစားရသည်။ ဘုရားသခင်က သိမ်မွေ့သည့်နည်း၊ ချစ်ခင်နူးညံ့ပြီး ဂရုတစိုက်ရှိသည့်နည်းဖြင့် အမှုပြု၏၊ အထူးသဖြင့် ချင့်ချင့်ချိန်ချိန်ရှိပြီး သင့်လျော်သည့် နည်းဖြင့်ဖြစ်သည်။ ဟူသည့် ပြင်းထန်သော စိတ်ခံစားမှုများကို သူ့နည်းလမ်းက သင့်ကို မခံစားစေပါ။ မခံနိုင်လောက်အောင် ဖြစ်စေသည့် ထိုကဲ့သို့သော ပြင်းထန်သည့် စိတ်နေစိတ်ထားမျိုး၊ သို့မဟုတ် ပြင်းထန်သည့် ခံစားချက်မျိုးကို ဘုရားသခင်က သင့်ကို ဘယ်သောအခါမျှ မပေးပါ။
၃ လူသားကို မစရန် လူသားအတွက် အစဉ်မပြတ် ထောက်ပံ့ပေးရန် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များ၊ သူ၏သမ္မာတရားနှင့် သူ၏အသက်ကို အသုံးပြုသည်။ သူ၏ လူသားကို ချစ်ခြင်း၊ လူသားကို တန်ဖိုးထားခြင်းနှင့် မြတ်နိုးခြင်းတို့ကို ဝါကျတစ်ကြောင်း နှစ်ကြောင်းတည်းဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြ၍ မရနိုင်ပေ။ ဤသည်မှာ လူသား၏ ကြွားဝါမှုကြောင့် ဖြစ်ပေါ်လာသည့်အရာတစ်ခု မဟုတ်ဘဲ စစ်မှန်သည့် လက်တွေ့လုပ်ဆောင်မှုထဲတွင် ဘုရားသခင် ထုတ်ဆောင်လာသည့် အရာတစ်ခုပင် ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင့် အနှစ်သာရ၏ ဖွင့်ပြချက်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ လူသားအပေါ် ဘုရားသခင်အမှုပြုသည့် ကွဲပြားခြားနားသော နည်းလမ်းများ အပါအဝင် ဘုရားသခင်က လူသားကိုပေးသည့် အရာအားလုံးထဲတွင် လူသားကို ဘုရားသခင် ပြောသည့်အရာများ၊ လူသားကို ဘုရားသခင် သတိပေးသည့်အရာများ၊ သူအကြံဉာဏ်ပေးပြီး ခွန်အားပေးသည့် အရာတွေအားလုံးမှာ အနှစ်သာရ တစ်ခုတည်းကနေ ပေါ်ပေါက်လာသည်။ အားလုံးက ဘုရားသခင်၏သန့်ရှင်းခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။