ဘုရားသည် လူကိုလမ်းပြရန် အမြဲလုပ်ဆောင်နေခဲ့၏ကျူး
၁ ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက သူ့အမှုကို အကောင်အထည်ဖော်ရန် အစဉ်အမြဲ အပြည့်အဝ အချိန်ပေးမြှုပ်နှံနေခဲ့သည်။ ကိုယ်တော်သည် လူသားများထံမှ သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားသော်လည်း လူတို့အပေါ်တွင် အမှုပြုလျက်၊ သူ၏စိတ်သဘောထားကို ဖော်ပြလျက်၊ လူသားမျိုးနွယ်များကို သူ၏အနှစ်သာရနှင့် လမ်းပြပေးလျက် လူသားဘေးတွင် အမြဲရှိနေခဲ့သည်။ ထို့ပြင် သူ၏အစွမ်းတန်ခိုး၊ သူ၏ဉာဏ်ပညာနှင့် သူ၏အခွင့်အာဏာတို့အားဖြင့် တစ်ယောက်ချင်းစီအပေါ်တွင် သူ၏အမှုကို ပြုနေခဲ့သည်။ ထိုသို့ဖြင့် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် ယနေ့နိုင်ငံတော်ခေတ်ဟူ၍ ရှိလာရခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်ကို လူသားများထံမှ ဖုံးကွယ်ထားသော်လည်း သူ၏စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် သူ၏အရာအားလုံးတို့အပြင် လူသားများအတွက် သူ၏အလိုတော်ကိုမူ လူသားများမြင်တွေ့ပြီး တွေ့ကြုံနိုင်ရန် မခြွင်းမချန် ဖော်ပြတော်မူ၏။ဖြင့် လူသားများသည် ဘုရားသခင်ကိုမမြင်နိုင်၊ မထိတွေ့နိုင်သော်လည်း လူသားမျိုးနွယ်မှ ထိတွေ့ဆက်ဆံနေခဲ့သည့် ဘုရားသခင်၏စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ဘုရားသခင်ကိုယ်တော်တိုင်၏ ဖော်ပြခြင်း ဧကန်ပင်ဖြစ်သည်။
၂ မည်သို့သောနည်းလမ်း၊ သို့မဟုတ် မည်သို့သောရှုထောင့်ဖြင့် ဘုရားသခင်သည် မိမိအမှုကို ပြုသည်ဖြစ်စေ ဘုရားသခင်သည် သူပြုသင့်သည့်အရာကိုပြုလျက် သူပြောသင့်သည့်အရာကိုပြောကာ လူသားတို့ကို မိမိ၏စစ်မှန်သည့် ကိုယ်ပိုင်လက္ခဏာဖြင့် အမြဲဆက်ဆံ၏။ ဘုရားသခင်သည် တတိယကောင်းကင်တွင် တည်နေကောင်း တည်နေနိုင်သည်၊ သို့မဟုတ် ဇာတိခန္ဓာထဲတွင် တည်နေကောင်း တည်နေနိုင်သည်၊ သို့မဟုတ် သာမန်လူသားအဖြစ်ပင် ဖြစ်နေနိုင်သည်၊ မည်သည့်အနေအထားမှ ဘုရားသခင်ပြောဆိုသည်ဖြစ်စေ၊ သူသည် လှည့်စားခြင်းနှင့် ဖုံးကွယ်ထားခြင်းမရှိဘဲ မိမိ၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် လူသားတို့ကို အစဉ်အမြဲ ပြောဆို၏။ ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်သောအခါ မိမိ၏နှုတ်ကပတ်တော်နှင့် စိတ်သဘောထားကို ဖော်ပြပြီး မိမိ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို မည်သည့်အရာမျှ ခြွင်းချန်ထားခြင်းမရှိဘဲ ဖော်ပြ၏။ လူသားမျိုးနွယ်ကို မိမိ၏အသက်၊ မိမိ၏ဖြစ်ခြင်းနှင့် အရာအားလုံးတို့ဖြင့် သူလမ်းပြ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။