အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၄)

ယနေ့ အထူးအကြောင်းအရာတစ်ခုအပေါ် ငါတို့ မိတ်သဟာယဖွဲ့နေကြခြင်း ဖြစ်သည်။ ယုံကြည်သူ အယောက်စီတိုင်းအတွက် သိဖို့၊ တွေ့ကြုံခံစားဖို့နှင့် နားလည်ဖို့ လိုအပ်သည့် အဓိကအရာ နှစ်ခုသာရှိသည်။ ဤအရာနှစ်ခုမှာ အဘယ်နည်း။ ပထမမှာ တစ်ဦးချင်းစီ၏ အသက်ထဲသို့ ဝင်ရောက်မှုဖြစ်ပြီး၊ ဒုတိယမှာ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ဆက်နွှယ်သည်။ လတ်တလော ငါတို့ ပြောဆိုနေကြပြီးဖြစ်သည့် ဘုရားသခင်ကို သိကျွမ်းခြင်း အကြောင်းအရာနှင့် စပ်လျဉ်း၍၊ ယင်းကို ကြိုးပမ်းရရှိနိုင်သည်ဟု သင်တို့ ထင်သလော။ ယင်းသည် လူအများစု ဧကန်အမှန် လက်လှမ်းမမီသည့်နေရာတွင် ရှိသည်ဟု ပြော၍ ရနိုင်သည်။ သင်တို့သည် ဤနှုတ်ကပတ်တော်များအားဖြင့် လက်ခံယုံကြည်ကောင်း ယုံကြည်နိုင်မည် မဟုတ်သော်လည်း၊ ဤအရာကို ငါ အဘယ်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ငါယခင်က ပြောနေခဲ့သည့်အရာကို သင်တို့ နားထောင်နေခဲ့ချိန်တွင်၊ ငါမည်သို့ ပြောဆိုခဲ့သည်ဖြစ်စေ သို့မဟုတ် မည်သည့်စကားလုံးများဖြင့် ပြောဆိုခဲ့သည်ဖြစ်စေ၊ သင်တို့သည် ဤစကားများက မည်သည့်အရာအကြောင်း ဖြစ်သည်ကို တိုက်ရိုက်ရော သဘောတရားအရပါ နှစ်ခုလုံးဖြင့် သိရှိနိုင်ခဲ့ကြသည်။ သို့သော် သင်တို့အားလုံးအတွက်၊ လွန်စွာ လေးနက်သည့် ပြဿနာတစ်ရပ်မှာ ငါသည် ထိုသို့သောအရာများကို အဘယ်ကြောင့် ပြောခဲ့သည် သို့မဟုတ် ထိုသို့သော အကြောင်းအရာများနှင့်ပတ်သက်၍ ငါ အဘယ်ကြောင့် ပြောဆိုခဲ့သည်ကို သင်တို့ နားမလည်ခဲ့ကြခြင်း ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အခရာဖြစ်သည်။ ထို့ကြောင့် သင်၏ ဤအရာများကို ကြားပြီးသည့်နောက် ဘုရားသခင်နှင့် သူ၏လုပ်ဆောင်ချက်များနှင့်ဆိုင်သည့် သင်တို့၏ သိနားလည်မှုကို အနည်းငယ် ဖြည့်စွက်ကာ ကြွယ်ဝစေခဲ့သော်လည်း၊ သင်တို့သည် ဘုရားသခင်ကို သိခြင်းက အားသွန်ခွန်စိုက် လုပ်ရသော အားထုတ်မှုကို ဖြစ်ပေါ်စေသည်ဟု ခံစားရဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ ငါပြောသည့်အရာကို ကြားပြီးနောက် သင်တို့ အများစုသည် ငါအဘယ်ကြောင့် ယင်းကို ပြောဆိုပြီးဖြစ်သည် သို့မဟုတ် ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် မည်သည့် ဆက်စပ်မှု ရှိသည်ဆိုသည်ကို နားမလည်ကြပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ယင်း၏ဆက်စပ်မှုကို သင်တို့ နားမလည်နိုင်သည့် အကြောင်းရင်းမှာ သင်တို့၏ဘဝအတွေ့အကြုံသည် အပေါ်ယံ ဖြစ်လွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် လူတို့၏ အသိပညာနှင့် အတွေ့အကြုံသည် အလွန်ပေါ့တန်သည့် အဆင့်တွင် ရှိနေပါက၊ သူနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အများစုသည် မရေရာသကဲ့သို့ စိတ်ကူးသက်သက် ဖြစ်လိမ့်မည်။ ယင်းသည် ယေဘုယျကာ၊ အယူဝါဒဆိုင်ရာနှင့် အယူအဆဆိုင်ရာသာ ဖြစ်ပေလိမ့်မည်။ သဘောတရားအရ၊ ယင်းသည် အကျိုးအကြောင်း ဆီလျော်ပြီး ယုတ္တိတန်ပုံရသော်လည်း သို့မဟုတ် ယုတ္တိတန်သည်ဟု ထင်ရသော်လည်း၊ လူအများစု၏နှုတ်များမှ ထွက်လာသည့် ဘုရားသခင်နှင့်ပတ်သက်သော အသိပညာသည် အမှန်တကယ် အနှစ်သာရ ကင်းမဲ့၏။ ယင်းသည် အနှစ်သာရ ကင်းမဲ့သည်ဟု ငါအဘယ်ကြောင့် ဆိုသနည်း။ ယင်းက အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ သင်ကိုယ်တိုင် ပြောဆိုသည့်အရာ၏ မှန်ကန်ခြင်းနှင့် တိကျမှု တို့အတွက်မူ ရှင်းလင်းသော သိနားလည်မှုတစ်ခု သင် အမှန်တကယ် မရှိသောကြောင့် ဖြစ်သည်။ ထို့သို့ဖြင့်၊ လူအများစုသည် ဘုရားသခင်ကို သိခြင်းအကြောင်း သတင်းအချက်အလက်များနှင့် အကြောင်းအရာများစွာကို ကြားပြီးဖြစ်သော်လည်း၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အသိပညာသည် သဘောတရားနှင့် မရေရာသကဲ့သို့ စိတ်ကူးသက်သက်ဖြစ်သည့် အယူဝါဒတို့ကို မကျော်လွန်သေးပေ။ သို့ဆိုလျှင် ဤပြဿနာကို မည်သို့ဖြေရှင်းနိုင်သနည်း။ ယင်းနှင့်ပတ်သက်၍ သင်တို့ စဉ်းစားဖူးသလော။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက၊ စစ်မှန်မှုကို ၎င်းတို့ ပိုင်ဆိုင်နိုင်သလော။ တစ်စုံတစ်ဦးသည် သမ္မာတရား လိုက်စားခြင်း မရှိပါက၊ ၎င်းတို့သည် သေချာပေါက် စစ်မှန်မှု မရှိကြပေ၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အသိပညာ သို့မဟုတ် အတွေ့အကြုံ တကယ်ကို မရှိကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သိနားလည်မှု မရှိသူများသည် ဘုရားသခင်ကို သိရှိနိုင်သလော။ လုံးဝ မသိရှိနိုင်ပေ။ ၎င်းတို့နှစ်ခုသည် အချင်းချင်း ဆက်စပ်နေကြ၏။ ထို့ကြောင့် လူအများစုက၊ “ဘုရားသခင်ကို သိကျွမ်းခြင်းသည် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း။ မိမိကိုယ်ကိုယ် သိခြင်းအကြောင်း ကျွန်ုပ် ပြောသည့်အခါ၊ နာရီများစွာကြာ ကျွန်ုပ်ပြောနိုင်သော်လည်း၊ ဘုရားသခင်ကို သိကျွမ်းခြင်းအကြောင်းနှင့် ပတ်သက်လာသည့်အခါ၊ ကျွန်ုပ် စကားများ ပျောက်ဆုံးရသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်ုပ် အနည်းငယ် ပြောနိုင်သည့်အခါတွင်ပင်၊ ကျွန်ုပ်၏ စကားများမှာ မရမကလုပ်ယူ၍ပြောရခြင်းဖြစ်ပြီး၊ ငြီးငွေ့ဖွယ် ကောင်းသည်ဟု ထင်ရသည်။ ထိုစကားများ ပြောနေသည်ကို ကျွန်ုပ်ကိုယ်ကျွန်ုပ် ကြားရသည့်အချိန်တွင် အချိုးမကျပင်ဖြစ်နေ၏” ဟုပြောကြပေသည်။ ဤသည်မှာ အရင်းအမြစ်ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းသည် ခက်ခဲလွန်းသည်၊ သူ့ကို သိကျွမ်းခြင်းက အားထုတ်မှုများစွာ လိုအပ်သည်၊ သို့မဟုတ် သင့်အနေဖြင့် ဆွေးနွေးစရာ မည်သည့်အကြောင်းအရာမျှ မရှိသကဲ့သို့ အခြားသူများနှင့် သင့်ကိုယ်သင်အား ဆွေးနွေးပြောဆိုရန်နှင့် ထောက်ပံ့ပေးရန် စစ်မှန်သည့်အရာ တစ်ခုတစ်လေကိုမျှ သင် မစဉ်းစားနိုင်ပါက၊ ဤအရာက သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားပြီးသူတစ်ဦး မဟုတ်သည်ကို သက်သေပြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ အဘယ်နည်း။ သူ၏ နှုတ်ကပတ်တော်များသည် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၏ ဖော်ပြချက်များ ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မတွေ့ကြုံရသေးပါက၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့်ဆိုင်သည့် အသိပညာတစ်ခုတစ်လေ သင်ထံတွင် ရှိနိုင်မည်လော။ ဧကန်မုချ မရှိနိုင်ပေ။ ဤအရာအားလုံး ဆက်နွှယ်နေကြ၏။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် အတွေ့အကြုံ မရှိပါက၊ သင်သည် ဘုရားသခင်၏အလိုကို သဘောမပေါက်နိုင်သကဲ့သို့၊ သူ၏စိတ်သဘောထားက မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာကို သူနှစ်သက်သည်၊ မည်သည့်အရာကို သူစက်ဆုပ်သည်၊ လူတို့နှင့်ဆိုင်သည့် သူ၏ သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်၊ ကောင်းမြတ်သောသူတို့အပေါ် မည်သည့် သဘောထားမျိုး သူထားရှိပြီး၊ ဆိုးယုတ်သောသူတို့အပေါ် မည်သည့် သဘောထားမျိုး သူ ထားရှိသည်ဆိုသည်တို့ကို သင် မသိပေ။ ဤအရာအားလုံးသည် ကျိန်းသေ ဒွိဟဖြစ်စေပြီး သင့်အဖို့ မရှင်းမလင်း ဖြစ်လေသည်။ ထိုသို့သော မရှင်းလင်းမှုအလယ်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်၊ သမ္မာတရား လိုက်စားကာ ဘုရားသခင် နောက်လိုက်သူများထဲမှ တစ်ဦး ဖြစ်သည်ဟု သင် အခိုင်အမာဆိုသည့်အခါ၊ ထိုသို့သော အခိုင်အမာ ပြောဆိုချက်များသည် လက်တွေ့ကျပါသလော။ လက်တွေ့မကျပေ။ ထို့ကြောင့် ဘုရားသခင်ကိုသိကျွမ်းခြင်းအကြောင်း ငါတို့ ဆက်လက် ဆွေးနွေးကြစို့။

ယနေ့၏ အကြောင်းအရာကို ကြားရဖို့ သင်တို့အားလုံး စိတ်ထက်သန်လျက် ရှိသည်၊ မှန်သလော။ ဤအကြောင်းအရာသည်လည်း ငါတို့ လတ်တလော ဆွေးနွေးနေကြပြီးဖြစ်သည့်၊ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသည့် အကြောင်းအရာနှင့်လည်း ဆက်စပ်နေ၏။ ဘုရားသခင်က အရာရာတိုင်းအပေါ် အုပ်စိုးပုံ၊ မည်သည့်နည်းလမ်းဖြင့် ထိုသို့ သူ အုပ်စိုးသည်ဆိုသည်နှင့် ယင်းတို့က ဘုရားသခင် ဖန်ဆင်းခဲ့သည့် ဤဂြိုဟ်ပေါ်တွင် တည်ရှိဖို့အလို့ငှာ အရာခပ်သိမ်းကို မည်သည့် အခြေခံသဘောတရားများဖြင့် သူ စီမံခန့်ခွဲသည်ဆိုသည်တို့ကို လူတို့အား အသိပေးရန် မတူကွဲပြားသော နည်းလမ်းများနှင့် ရှုထောင့်များကို အသုံးပြုရင်း၊ မည်သို့ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဆိုသည်နှင့်ပတ်သက်၍ ငါတို့ များစွာ ပြောဆိုကြပြီး ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် မည်သို့ ထောက်ပံ့ပေးသည်- ထိုသို့သော ထောက်ပံ့ခြင်းကို မည်သည့် နည်းလမ်းအားဖြင့် သူပေးသည်၊ လူတို့အား မည်သည့် အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်မျိုးများကို သူထောက်ပံ့ပေးသည် ဆိုသည်နှင့် လူသားအတွက် တည်ငြိမ်သည့် အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်အား မည်သည့်နည်းလမ်း၊ ပြီးလျှင် မည်သည့် အစပြုမှတ်တို့မှ သူထောက်ပံ့ပေးသည်ဆိုသည်တို့နှင့် ပတ်သက်၍လည်း များစွာ ငါတို့ ပြောဆိုပြီးဖြစ်သည်။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏အုပ်စိုးမှု၊ အုပ်ချုပ်မှုနှင့် သူ၏စီမံခန့်ခွဲမှုတို့အကြား ဆက်နွှယ်မှုနှင့်သက်ဆိုင်၍ ငါ တိုက်ရိုက် မပြောဆိုရသေးသော်လည်း၊ သူသည် အရာခပ်သိမ်းအား ဤနည်းဖြင့် စီမံအုပ်ချုပ်ရသည့်အကြောင်းအရင်းများအပြင်၊ လူသားမျိုးနွယ်အား ဤနည်းဖြင့် ထောက်ပံ့ပေးကာ အာဟာရဖြစ်စေသည့်အကြောင်းရင်းများကိုလည်း ငါသွယ်ဝိုက် ပြောဆိုထားပြီးဖြစ်သည်။ ဤအရာအားလုံးမှာ သူ၏စီမံခန့်ခွဲမှုနှင့် ဆက်စပ်၏။ ငါတို့ပြောဆိုပြီးဖြစ်သည့်အရာ၏ ပါဝင်သည့်အကြောင်းအရာမှာ- ပတ်ဝန်းကျင်ကြီးတစ်ရပ်လုံးမှ လူတို့၏အခြေခံလိုအပ်ချက်များနှင့် စားမြဲအစားအစာကဲ့သို့သော သာ၍များစွာ သေးငယ်သောအရာများအထိ၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်အုပ်ချုပ်ကာ ယင်းတို့အား စနစ်တကျပုံစံဖြင့် လည်ပတ်စေပုံမှသည် လူမျိုးတိုင်း၏ လူတို့အတွက် သူဖန်ဆင်းခဲ့သော မှန်ကန်ကာ သင့်တော်သည့် အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်အထိ စသည်ဖြင့်- လွန်စွာ ကျယ်ပြန့်ပြီးဖြစ်၏။ ဤကျယ်ပြန့်သည့်အကြောင်းအရာ အားလုံးသည် ဇာတိပကတိ၌ လူသားများ အသက်ရှင်ပုံနှင့် ဆက်စပ်၏- ဆိုလိုသည်မှာ အားလုံးသည် ပကတိမျက်စိဖြင့် မြင်နိုင်ပြီး၊ တောင်များ၊ မြစ်များ၊ သမုဒ္ဒရာများ၊ လွင်ပြင်များစသည်တို့ကဲ့သို့သော လူတို့ ခံစားနိုင်သည့် ရုပ်ဝတ္ထုလောက၏အရာများနှင့် ဆက်စပ်နေ၏။ ဤသည်တို့မှာ မြင်နိုင်ကာ ထိတွေ့နိုင်သည့်အရာများအားလုံး ဖြစ်သည်။ ငါသည် လေနှင့် အပူချိန်အကြောင်း ပြောဆိုသောအခါ၊ သင်တို့သည် လေ၏တည်ရှိမှုကို တိုက်ရိုက်ခံစားရန် သင်တို့၏ ထွက်သက်ဝင်သက်ကို အသုံးပြုနိုင်ပြီး၊ အပူချိန် အနိမ့်အမြင့်ကို ခံစားရန် သင်တို့၏ကိုယ်ခန္ဓာကို အသုံးပြုနိုင်၏။ သစ်ပင်များ၊ မြက်ပင်များနှင့် တောများထဲရှိ ငှက်များနှင့် သားရဲများ၊ ကောင်းကင်တွင် ပျံသည့်အရာများနှင့် မြေကြီးပေါ် လျှောက်သည့်အရာများ၊ ပြီးလျှင် တိရစ္ဆာန်တွင်းများမှ ထွက်လာသည့် အမျိုးမျိုးသော တိရစ္ဆာန်ငယ်လေးများ၊ အားလုံးကို လူတို့၏ ကိုယ်ပိုင် မျက်လုံးများနှင့်မြင်နိုင်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်နားများနှင့် ကြားနိုင်ပေသည်။ ဤအရာအားလုံးက ခြုံငုံမိသည့် အတိုင်းအတာသည် ကျယ်ပြန့်သော်လည်း၊ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာခပ်သိမ်းထဲတွင် ၎င်းတို့သည် ရုပ်ဝတ္ထုလောကကိုသာ ကိုယ်စားပြု၏။ ရုပ်ဝတ္ထု အရာများသည် လူတို့မြင်နိုင်ကာ ခံစားနိုင်သော အရာများဖြစ်၏၊ ဆိုလိုသည်မှာ ယင်းတို့ကို သင် ထိတွေ့သောအခါ၊ သင်သည် ယင်းတို့ကို ခံစားရပြီး၊ သင်၏မျက်လုံးများက ယင်းတို့ကို မြင်သည့်အခါ၊ သင်၏ ဦးနှောက်သည် သင့်အား ပုံရိပ်တစ်ခု၊ ရုပ်ပုံတစ်ခု ပေးလေသည်။ ယင်းတို့သည် စစ်မှန်ကာ အမှန်တကယ်ရှိသည့် အရာများ ဖြစ်သည်။ သင့်အဖို့ ယင်းတို့သည် စိတ်ကူးသက်သက် မဟုတ်ဘဲ၊ ပုံသဏ္ဌာန်တစ်ခု ရှိ၏၊ ယင်းတို့သည် စတုရန်းပုံ သို့မဟုတ် အဝိုင်း သို့မဟုတ် အရှည်သို့မဟုတ် အတို ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ အရာဝတ္ထု အသီးသီးက သင့်အား မတူကွဲပြားသည့် ထင်မြင်ချက်တစ်ခု ပေး၏။ ဤအရာအားလုံးသည် ဖန်ဆင်းခြင်း၏ ရုပ်ဝတ္ထုကဏ္ဍကို ကိုယ်စားပြုကြ၏။ ထို့ကြောင့် ဘုရားသခင်အတွက် “အရာခပ်သိမ်း အပေါ် ဘုရားသခင်၏အုပ်စိုးမှု” ဟူသည့် စကားရပ်ထဲက “အရာခပ်သိမ်းများ” သည် မည်သည့်အရာ ပါဝင်သနည်း။ ယင်းတို့သည် လူသားများ မြင်ကာ ထိတွေ့နိုင်သည့်အရာများ တကယ်ကို မပါဝင်ပေ။ ထို့ပြင် မြင်၍မရနိုင်သကဲ့သို့ စမ်းသပ်ထိတွေ့ မရနိုင်သော အရာများအားလုံး ပါဝင်သည်။ ဤသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏အုပ်စိုးမှု၏ စစ်မှန်သော အဓိပ္ပာယ်များအနက် တစ်ခုဖြစ်သည်။ လူသားများအဖို့ ထိုသို့သော အရာများသည် မြင်၍မရနိုင်သကဲ့သို့၊ စမ်းသပ်ထိတွေ့ မရနိုင်သောလည်း၊ ဘုရားသခင်အတွက်- ယင်းတို့ကို သူ၏မျက်လုံးများဖြင့် ကြည့်နိုင်ကာ သူ၏အချုပ်အခြာအာဏာ နယ်ပယ်အတွင်းတွင် ရှိသရွေ့- ယင်းတို့သည် အမှန်တကယ် တည်ရှိလေသည်။ ယင်းတို့သည် စိတ်ကူးသက်သက်ဖြစ်ပြီး မတွေးတတ်အောင်ဖြစ်သည့်အပြင်၊ လူသားများအဖို့ ယင်းတို့ကို မြင်၍မရနိုင်သကဲ့သို့ စမ်းသပ်ထိတွေ့၍ မရနိုင်သော်လည်း၊ ဘုရားသခင်အဖို့ ယင်းတို့မှာ အကယ်စင်စစ်နှင့် အမှန်တကယ် တည်ရှိကြလေသည်။ ဤသည်မှာ ဘုရားသခင် အုပ်စိုးသည့် အရာခပ်သိမ်းအလယ်ရှိ အခြားသော လောကဖြစ်ပြီး၊ ယင်းသည် ဘုရားသခင် စိုးမိုးသည့် အရာခပ်သိမ်း အတိုင်းအတာ၏ နောက်ထပ် အစိတ်အပိုင်းတစ်ခုဖြစ်၏။ ဤသည်မှာ မိတ်သဟာယပြုခြင်းအတွက် ယနေ့၏ အကြောင်းအရာ ဖြစ်သည်- ဘုရားသခင်သည် ဝိညာဉ်လောကကို မည်သို့ အုပ်စိုးပြီး စီမံအုပ်ချုပ်သည် ဆိုသည့်အရာ ဖြစ်သည်။ ဤအကြောင်းအရာသည် ဘုရားသခင်က အရာခပ်သိမ်းကို မည်သို့ အုပ်စိုးပြီး စီမံခန့်ခွဲသည်ဆိုသည်ကို ခြုံငုံသည့်အတွက်၊ ယင်းသည် ရုပ်ဝတ္ထုလောက၏ပြင်ပရှိ လောက- ဝိညာဉ်လောက-နှင့် ဆက်နွှယ်ပြီး၊ ထို့ကြောင့် ငါတို့အတွက် နားလည်ရန် လုံးဝ ပဓာနကျပေသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးကာ နားလည်ပြီးသည့်နောက်တွင်သာ၊ လူတို့က “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော နှုတ်ကပတ်တော်များ၏ စစ်မှန်သောအဓိပ္ပာယ်ကို စစ်မှန်စွာ နားလည်နိုင်ပေသည်။ ဤသည်မှာ ဤအကြောင်းအရာကို ငါတို့ ပြောဆိုဆွေးနွေးကြမည့် အကြောင်းရင်းဖြစ်သည်။ ယင်း၏ ရည်ရွယ်ချက်မှာ “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးကာ အရာခပ်သိမ်းကို စီမံခန့်ခွဲ၏” ဟူသော အကြောင်းအရာကို စုံလင်စေရန် ဖြစ်သည်။ သင်တို့သည် ဤအကြောင်းအရာကို ကြားသည့်အခါ၊ သင်တို့အဖို့ ထူးဆန်းသည် သို့မဟုတ် နားမလည်နိုင်စရာ ဖြစ်သည်ဟု ခံစားရကောင်း ခံစားရနိုင်သည်၊ သို့သော် သင်တို့ မည်သို့ ခံစားရသည်ဖြစ်စေ၊ ဝိညာဉ်လောကသည် ဘုရားသခင် အုပ်စိုးသည့် အရာခပ်သိမ်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည့်အတွက်၊ ဤအကြောင်းအရာနှင့်ဆိုင်သည့် သိနားလည်မှု တစ်ခုကို သင်တို့ ရရှိရမည်။ သင်တို့ ရရှိသည်နှင့်တစ်ပြိုင်နက်၊ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော စကားရပ်၏ သာ၍ နက်နဲသော သဘောပေါက်ခြင်း၊ သိနားလည်မှုနှင့် အသိပညာတစ်ခုကို သင်တို့ ရရှိလိမ့်မည်။

ဝိညာဉ်လောကကို ဘုရားသခင် အုပ်စိုးကာ စီမံခန့်ခွဲပုံ

ရုပ်ဝတ္ထုလောကအတွက် လူတို့သည် အချို့သောအရာများ သို့မဟုတ် ဖြစ်စဉ်များကို နားမလည်သည့်အခါတိုင်းတွင်၊ ၎င်းတို့သည် ဆီလျော်သည့် သတင်းအချက်အလက်များကို ရှာဖွေနိုင်ကြသည် သို့မဟုတ် ထိုအရာများ၏ မူလဇာစ်မြစ်များနှင့် နောက်ခံကို သိရန် လမ်းကြောင်းအမျိုးမျိုးကို အသုံးပြုနိုင်၏။ သို့သော် ယနေ့ ငါတို့ ပြောဆိုနေကြသည့် အခြားလောက- ရုပ်ဝတ္ထုလောကပြင်ပတွင် တည်ရှိသည့် ဝိညာဉ်လောက- နှင့်ပတ်သက်လာသည့်အခါ၊ လူတို့သည် ယင်းနှင့်ပတ်သက်၍ တစ်ခုတစ်လေသိရှိရန် နည်းလမ်းများ သို့မဟုတ် လမ်းကြောင်းများ လုံးဝမရှိပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ လောကတွင် ရုပ်ဝတ္ထုလောက၏ အရာရာတိုင်းသည် လူသား၏ ရုပ်ခန္ဓာတည်ရှိမှုမှ ခွဲထုတ်၍ မရသောကြောင့် ဖြစ်ပြီး၊ ရုပ်ဝတ္ထုလောက၏ အရာရာတိုင်းသည် ၎င်းတို့၏ ရုပ်ခန္ဓာအသက်ရှင်မှုနှင့် ရုပ်ခန္ဓာအသက်တာများမှ ခွဲခြား၍မရဟု လူတို့ ခံစားကြသောကြောင့်၊ လူအများစုသည် ၎င်းတို့အဖို့ မြင်၍ရနိုင်သည့် ၎င်းတို့၏မျက်စိရှေ့က ရုပ်ဝတ္ထုအရာများကိုသာ သိကြ သို့မဟုတ် မြင်ကြလေသည်။ သို့ရာတွင် ဝိညာဉ်လောကနှင့် ပတ်သက်လာသည့်အခါ- ဆိုလိုသည်မှာ အခြားလောကနှင့်သက်ဆိုင်သည့် အရာရာတိုင်းနှင့် ပတ်သက်လာသည့်အခါ- လူအများစုက မယုံကြည်ကြဟုဆိုပါက မှန်ကောင်းမှန်နိုင်ပေမည်။ လူတို့သည် ယင်းကို မမြင်နိုင်သကဲ့သို့၊ ယင်းကို နားလည်ရန် သို့မဟုတ် ယင်းနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ သိရန်၊ ဝိညာဉ်လောကသည် ရုပ်ဝတ္ထုလောကမှ မည်သို့ လုံးဝကွဲပြားပြီး- ယင်းသည် လူသားများအတွက် လျှို့ဝှက်ပြီး သိုသိပ်သော်လည်း- ဘုရားသခင်၏ အမြင်တွင် ပွင့်လင်းနေသည်ဆိုသည်ကို ပြောဖို့ မလိုအပ်ဟု လူတို့ ယုံကြည်ကြသောကြောင့်၊ လူတို့သည် ဤလောက၏ လက္ခဏာသွင်ပြင် အမျိုးမျိုးကိုနားလည်ရန် လမ်းကြောင်းတစ်ခုကို ရှာတွေ့ဖို့ အလွန် ခက်ခဲသည့်အချိန်တစ်ခု ရှိကြလေသည်။ ငါပြောဆိုမည့် ဝိညာဉ်လောက၏ မတူကွဲပြားသော သွင်ပြင်လက္ခဏာများသည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာ အာဏာတို့နှင့်သာ သက်ဆိုင်သည်။ ငါသည် မည်သည့် နက်နဲမှုများကိုမျှ ထုတ်ဖော်ပြမည်မဟုတ်သကဲ့သို့၊ သင်တို့ သိလိုသည့် လျှို့ဝှက်ချက်များထဲမှ တစ်ခုတစ်လေကိုမျှ သင်တို့အား ငါပြောမည်လည်း မဟုတ်ပေ။ ဤအရာက ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်မှု၊ ဘုရားသခင်၏ ထောက်ပံ့ခြင်းနှင့် သက်ဆိုင်သောကြောင့်၊ သင်တို့ သိရှိရန် လိုအပ်သည့် အပိုင်းကိုသာ ငါပြောမည်။

ပထမဦးစွာ၊ သင်တို့ကို ငါမေးခွန်းတစ်ခု မေးပါရစေ- သင်တို့၏စိတ်တွင်၊ ဝိညာဉ်လောကဟူသည်မှာ အဘယ်နည်း။ ယေဘုယျအားဖြင့်ပြောရလျှင်၊ ယင်းသည် ရုပ်ဝတ္ထုလောကပြင်ပရှိ လောကတစ်ခု၊ လူတို့အဖို့ မြင်၍မရနိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍မရနိုင်သော လောကတစ်ရပ်ဖြစ်၏။ သို့သော် သင်တို့၏ စိတ်ကူးတွင် မည်သည့် လောကမျိုးသည် ဝိညာဉ်လောက ဖြစ်သင့်သနည်း။ ယင်းကို မမြင်နိုင်သည် အကျိုးဆက်အနေဖြင့် သင်တို့သည် ယင်းကို တွေးနိုင်စွမ်းမရှိ ဖြစ်ကောင်းဖြစ်မည်။ သို့ရာတွင် သင်တို့သည် ဒဏ္ဍာရီပုံပြင်အချို့ကို ကြားသည့်အခါ၊ ယင်းနှင့်ပတ်သက်၍ သင်တို့ စဉ်းစားဆဲဖြစ်ပြီး၊ သင်တို့သည် ယင်းနှင့်ပတ်သက်၍ တွေးတောသည်ကို မရပ်နိုင်ပေ။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောသနည်း။ ၎င်းတို့ ငယ်ရွယ်ချိန် များစွာသောလူတို့ကို ဖြစ်ပျက်သည့်အရာ တစ်စုံတစ်ခု ရှိသည်- တစ်စုံတစ်ဦးက ၎င်းတို့အား- တစ္ဆေများ၊ သို့မဟုတ် ဝိညာဉ်များအကြောင်း- ကြောက်လန့်ဖွယ် ဇာတ်လမ်းတစ်ပုဒ် ပြောသည့်အခါ၊ ၎င်းတို့သည် အလွန်အမင်း ကြောက်ရွံ့ကြ၏။ ၎င်းတို့သည် အသေအချာ အဘယ်ကြောင့် ကြောက်ရွံ့ကြသနည်း။ ယင်းမှာ ၎င်းတို့သည် ထိုအရာများကို စိတ်ကူးနေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ယင်းတို့ကို မမြင်နိုင်သော်လည်း၊ ယင်းတို့အားလုံးသည် ၎င်းတို့၏အခန်း ပတ်ပတ်လည်၊ ကွယ်ဝှက်ထားသည့် သို့မဟုတ် မှောင်သည့် ထောင့်တစ်နေရာရာတွင် ရှိသည်ဟု ခံစားကြရပြီး၊ ၎င်းတို့ အလွန်ကြောက်လန့်ကြသည်မှာ မအိပ်ဝံ့ကြချေ။ အထူးသဖြင့် ညအခါတွင်၊ ၎င်းတို့သည် ၎င်းတို့၏ အခန်းများထဲ၌ တစ်ဦးတည်းနေဖို့ သို့မဟုတ် ခြံဝင်းထဲ၌ တစ်ဦးတည်း သွားဖို့ အလွန်စိုးရွံ့ကြလေသည်။ ယင်းမှာ သင်တို့၏ စိတ်ကူးစိတ်သန်းနှင့်ဆိုင်သော ဝိညာဉ်လောကဖြစ်ပြီး၊ ကြောက်ဖွယ်ရာဖြစ်သည်ဟု လူတို့ထင်ကြသည့် လောကတစ်ခု ဖြစ်သည်။ အမှန်မှာ ယင်းကို အယောက်တိုင်းက အတိုင်းအတာတစ်ချို့အထိ စိတ်ကူးကြပြီး အယောက်တိုင်းက အနည်းငယ် ခံစားနိုင်ကြလေသည်။

ဝိညာဉ်လောကအကြောင်း ပြောဆိုခြင်းဖြင့် အစပြုကြစို့။ ယင်းမှာ အဘယ်နည်း။ သင်တို့ကို တိုကာ ရိုးရှင်းသော ရှင်းလင်းချက်တစ်ရပ် ငါပေးမည်- ဝိညာဉ်လောကသည် အရေးကြီးသောနေရာတစ်ခု၊ ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသောနေရာ တစ်ခု ဖြစ်သည်။ ယင်းသည် အရေးကြီးသည်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ ဤအရာကို ငါတို့ အသေးစိတ် ဆွေးနွေးကြမည်။ ဝိညာဉ်လောက၏ တည်ရှိခြင်းသည် လူသားမျိုးနွယ်၏ ရုပ်ဝတ္ထုလောကနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ ယင်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုထဲက လူသား၏ ရှင်ခြင်းနှင့် သေခြင်းသံသရာတွင် အဓိကအခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်သည်။ ဤသည်မှာ ယင်း၏အခန်းကဏ္ဍဖြစ်ပြီး၊ ဤသည်မှာ ယင်း၏တည်ရှိခြင်းက အရေးကြီးရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ ယင်းသည် အာရုံငါးပါးအဖို့ မသိသာသောနေရာတစ်ခုဖြစ်သောကြောင့်၊ ဝိညာဉ်လောက တည်ရှိသည်၊ မတည်ရှိသည်ကို မည်သူမျှ တိကျစွာ အကဲမဖြတ်နိုင်ပေ။ ယင်း၏ အမျိုးမျိုးသော အင်အားများသည် လူသား တည်ရှိမှုနှင့် အတွင်းကျကျ ဆက်စပ်နေသည်၊ ယင်း၏ အကျိုးဆက်အနေဖြင့် လူသားမျိုးနွယ်၏ အသက်တာ စနစ်ကျမှုသည် ဝိညာဉ်လောကအားဖြင့် ကြီးမားစွာ လွှမ်းမိုး ခံရလေသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ ပါဝင်သလော မပါဝင်သလော။ ပါဝင်ပါသည်။ ဤအရာကို ငါပြောသောအခါ၊ ဤအကြောင်းအရာကို ငါအဘယ်ကြောင့် ဆွေးနွေးနေသည်ကို သင်တို့နားလည်ကြ၏။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ယင်းသည် ဘုရားသခင်၏ အချုပ်အခြာ အာဏာအပြင်၊ သူ၏စီမံအုပ်ချုပ်မှုတို့နှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ လူတို့အဖို့ မြင်၍မရနိုင်သည့်- ဤကဲ့သို့သော လောကတစ်ခုတွင်၊ ယင်း၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်း၊ အမိန့်နှင့် စီမံအုပ်ချုပ်မှုစနစ်တို့သည် ရုပ်ဝတ္ထုလောကနှင့်ဆိုင်သော မည်သည့်နိုင်ငံမဆို၏ ဥပဒေများနှင့် စနစ်တိုင်းထက် များစွာသာလွန်ပြီး၊ ဤလောက၌ အသက်ရှိနေသည့် မည်သည့်သတ္တဝါကမျှ ယင်းတို့ကို ဆန့်ကျင်ဝံ့မည်မဟုတ် သို့မဟုတ် ချိုးဖောက်ဝံ့မည် မဟုတ်ပေ။ ဤအရာက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံအုပ်ချုပ်မှုတို့နှင့် ဆက်စပ်သလော။ ဝိညာဉ်လောကတွင်၊ ရှင်းလင်းသည့် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များ၊ ရှင်းလင်းသည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ရှင်းလင်းသော ပြဋ္ဌာန်းချက်များ ရှိ၏။ ကွဲပြားသောအဆင့်များနှင့် အမျိုးမျိုးသော နယ်ပယ်များတွင်၊ အခြွေအရံများသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်သော အမိန့်ပြန်တမ်းတစ်ရပ်ကို ချိုးဖောက်ခြင်း၏အကျိုးဆက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့သိကြသည့်အတွက်၊ ၎င်းတို့၏တာဝန်များကို တင်းကျပ်စွာ လိုက်နာစောင့်ထိန်းကြပြီး စည်းမျဉ်းနှင့် စည်းကမ်းများကို လိုက်နာကြသည်။ ဘုရားသခင်က ဆိုးယုတ်သူကို မည်သို့ အပြစ်ပေးပြီး၊ ကောင်းသူကို မည်သို့ ဆုလာဘ်ချီးမြှင့်သည်၊ ပြီးလျှင် အရာခပ်သိမ်းအပေါ် သူ မည်သို့စီမံအုပ်ချုပ်ကာ အုပ်စိုးသည်ကို ၎င်းတို့ ရှင်းလင်းစွာသိကြလေသည်။ ထို့အပြင် သူသည် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များကို မည်သို့ ဆောင်ရွက်သည်ကို ၎င်းတို့ ရှင်းလင်းစွာ မြင်ကြလေသည်။ ဤသည်တို့သည် လူသားမျိုးနွယ်တို့ နေထိုင်သော ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသလော။ ဧကန်အမှန် ကြီးမားစွာ ကွဲပြားပေသည်။ ဝိညာဉ်လောကသည် ရုပ်ဝတ္ထုလောကနှင့် လုံးဝကွဲပြားသော လောကတစ်ခုဖြစ်၏။ ကောင်းကင်ဘုံနှင့် သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များ ရှိသည့်အတွက်၊ ဤအရာက ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှု၊ ထို့အပြင် သူ၏စိတ်သဘောထားအပြင်၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ခြုံငုံပေသည်။ ဤအရာကို ကြားရပြီးနောက်၊ ဤအကြောင်းအရာကို ငါပြောရန် အလွန် လိုအပ်သည်ဟု သင်တို့ မခံစားရသလော။ သင်တို့သည် ဝိညာဉ်လောက၏ ရှိရင်းစွဲဖြစ်သည့် လျှို့ဝှက်ချက်များကို မသင်ယူလိုသလော။ (ဟုတ်ကဲ့၊ သင်ယူလိုပါသည်။) ယင်းမှာ ဝိညာဉ်လောကနှင့်သက်ဆိုင်သော အယူအဆဖြစ်သည်။ ယင်းသည် ရုပ်ဝတ္ထုလောကနှင့် အတူယှဉ်တွဲ တည်ရှိကာ၊ တစ်ပြိုင်နက်တည်း ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာကို နာခံရသော်လည်း၊ ဤလောကနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာသည် ရုပ်ဝတ္ထုလောကထက် များစွာသာ၍ တင်းကျပ်၏။ အသေးစိတ် အချက်အလက်များနှင့်ပတ်သက်လာသည့်အခါ၊ ဝိညာဉ်လောကသည် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာနှင့်ဆိုင်သော အလုပ်အတွက် တာဝန်ရှိပုံနှင့်ပတ်သက်၍ ငါတို့ စတင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဝိညာဉ်လောက သတ္တဝါများနှင့်ဆိုင်သော အလုပ်၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

လူသားမျိုးနွယ်အလယ်တွင်၊ ငါသည် လူအားလုံးကို အမျိုးအစား သုံးမျိုးအဖြစ် ခွဲခြားသည်။ ပထမအမျိုးအစားမှာ ဘာသာရေး ယုံကြည်မှုများ မရှိသည့် မယုံကြည်သူများဖြစ်ကြ၏။ ၎င်းတို့ကို မယုံကြည်သူများဟု ခေါ်၏။ အလွန့်အလွန်များပြားသော မယုံကြည်သူအများစုမှာ ပိုက်ဆံတွင်သာ ယုံကြည်ခြင်း ရှိကြ၏၊ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ကျိုးစီးပွားများကိုသာ ထိန်းသိမ်းကြသည်၊ ရုပ်ဝါဒီဖြစ်ကြပြီး၊ ရုပ်ဝတ္ထုလောကကိုသာ ယုံကြည်ကြသည်- ၎င်းတို့သည် ရှင်ခြင်းနှင့် သေခြင်း သံသရာ သို့မဟုတ် နတ်ဘုရားများနှင့် တစ္ဆေများအကြောင်း ပြောဆိုထားသည့် မည်သည့်အရာကိုမျှ မယုံကြည်ကြပေ။ ငါသည် ဤလူတို့ကို မယုံကြည်သူများအဖြစ် အမျိုးအစားခွဲခြားပြီး၊ ၎င်းတို့သည် ပထမအမျိုးအစားဖြစ်၏။ ဒုတိယအမျိုးအစားမှာ မယုံကြည်သူများမှလွဲ၍ ယုံကြည်ခြင်းရှိသည့် အမျိုးမျိုးသော လူများဖြစ်၏။ လူသားမျိုးနွယ်အလယ်တွင်၊ ငါသည် ဤယုံကြည်ခြင်း ရှိသောလူတို့ကို အဓိကအမျိုးအစား အချို့ထဲသို့ ခွဲခြား၏- ပထမမှာ ယုဒလူမျိုး၊ ဒုတိယမှာ ဘရင်ဂျီ၊ တတိယမှာ ခရစ်ယာန်၊ စတုတ္ထမှာ မွတ်စလင်နှင့် ပဉ္စမမှာ ဗုဒ္ဓဘာသာဝင်တို့ဖြစ်ကြသည်။ ငါးမျိုးရှိ၏။ ဤသည်တို့မှာ ယုံကြည်ခြင်းရှိသည့် လူအမျိုးအစား အမျိုးမျိုးဖြစ်သည်။ တတိယအမျိုးအစားသည် ဘုရားသခင်ကို ယုံကြည်သူများ ပါဝင်ပြီး၊ ဤအရာတွင် သင်တို့ ပါဝင်ပေသည်။ ထိုသို့သော ယုံကြည်သူများသည် ယနေ့ ဘုရားသခင် နောက်လိုက်သောသူများ ဖြစ်ကြ၏။ ဤလူတို့ကို အမျိုးအစားနှစ်မျိုး ခွဲခြားထားသည်- ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် အစေခံသူများ ဖြစ်သည်။ ဤအဓိကအမျိုးအစားများကို ရှင်းလင်းစွာ ခွဲခြားထားပြီးဖြစ်သည်။ ထို့ကြောင့် ယခု သင်တို့၏စိတ်များထဲတွင် သင်တို့သည် လူသားများ၏ အမျိုးအစားများနှင့် အဆင့်များကို ရှင်းလင်းစွာ ခွဲခြားနိုင်ကြသည်၊ ဟုတ်သည် မဟုတ်လော။ ပထမအမျိုးအစားမှာ မယုံကြည်သူများ ဖွဲ့စည်းပါဝင်ပြီး၊ ၎င်းတို့ အဘယ်အရာ ဖြစ်သည်ကို ငါ ပြောပြီးဖြစ်သည်။ ကောင်းကင်ရှိ အဖိုးအိုကို ယုံကြည်ခြင်း ရှိသူများအား မယုံကြည်သူများအဖြစ် ယူဆရသလော။ မယုံကြည်သူအများအပြားသည် ကောင်းကင်ရှိ အဖိုးအိုကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် လေ၊ မိုး၊ မိုးခြိမ်းသံ စသည်ဖြင့်၊ အားလုံးကို ကောက်ပဲသီးနှံများ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းတို့အတွက် ၎င်းတို့ အားထားကြသည့် ဤအရာက ထိန်းချုပ်ထားသည်ဟုသာ ၎င်းတို့ ယုံကြည်ကြသည်- သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းအား ပြောဆိုသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လိုလားနေကြခြင်း မရှိပေ။ ဤသည်ကို ယုံကြည်ခြင်း ရှိခြင်းအဖြစ် ခေါ်ဆို၍ရနိုင်သလော။ ထိုသို့သော လူများသည် မယုံကြည်သူများထဲတွင် ပါဝင်ပေသည်။ ဤအရာကို သင် နားလည်သည်၊ ဟုတ်ပါသလော။ ဤအတန်းစားများကို မမှားလေနှင့်။ ဒုတိယအမျိုးအစားတွင် ယုံကြည်ခြင်း ရှိသည့် လူများပါဝင်ပြီး၊ တတိယအမျိုးအစားမှာ လတ်တလောတွင် ဘုရားသခင် နောက်လိုက်သော သူများဖြစ်၏။ သို့ဆိုလျှင် ငါသည် လူသားအားလုံးကို ဤအမျိုးအစားများထဲသို့ အဘယ်ကြောင့် ခွဲခြားလေပြီနည်း။ (အဘယ်ကြောင့်ဆိုသော် အမျိုးမျိုးသော လူအမျိုးအစားတို့သည် မတူကွဲပြားသော အဆုံးသတ်များနှင့် ခရီးပန်းတိုင်များ ရှိကြသောကြောင့် ဖြစ်သည်။) ယင်းမှာ ထိုအရာနှင့်သက်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ဤအမျိုးမျိုး လူမျိုးများနှင့် လူအမျိုးအစားများသည် ဝိညာဉ်လောကသို့ ပြန်သွားကြသည့်အခါ၊ ၎င်းတို့အသီးသီးသည် သွားစရာ မတူကွဲပြားသော နေရာတစ်ခု ရှိကြလိမ့်မည်ဖြစ်ပြီး၊ ရှင်ခြင်းနှင့် သေခြင်းသံသရာ၏ အမျိုးမျိုးသော နိယာမများကို ခံစားရမည်ဖြစ်သည်၊ ထို့ကြောင့် ယင်းမှာ လူသားများအား ဤအဓိက အမျိုးအစားများထဲသို့ ငါ အမျိုးအစား ခွဲခြားရပြီးဖြစ်သည့် အကြောင်းရင်းဖြစ်သည်။

(က) မယုံကြည်သူများ၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ

မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာဖြင့် အစပြုကြစို့။ သေဆုံးပြီးနောက် လူတစ်ဦးသည် ဝိညာဉ်လောကမှ အစောင့်တစ်ဦး၏ ခေါ်ဆောင်သွားခြင်းခံရ၏။ အတိအကျအားဖြင့် လူတစ်ဦး၏ မည်သည့်အရာသည် ယူသွားခြင်းခံရသနည်း။ တစ်ဦးတစ်ယောက်၏ ဇာတိခန္ဓာမဟုတ်ဘဲ၊ တစ်ဦးတစ်ယောက်၏ ဝိညာဉ်ဖြစ်၏။ တစ်ဦးတစ်ယောက်၏ ဝိညာဉ် ယူဆောင်သွားခြင်းခံရသည့်အခါ၊ ၎င်းတို့သည် ခုလေးတင် သေဆုံးသွားသူများ၏ လိပ်ပြာများကို အထူးလက်ခံသည့် ဝိညာဉ်လောက၏ ကိုယ်စားလှယ်လုပ်ငန်း ဖြစ်သော တစ်နေရာသို့ ရောက်ရှိသွားကြသည်။ ယင်းမှာ သေဆုံးပြီးနောက် မည်သူမဆို ပထမဦးဆုံး သွားသည့်နေရာဖြစ်ကာ ယင်းက ဝိညာဉ်အဖို့ ထူးဆန်းသည်။ ဤနေရာသို့ ၎င်းတို့ ခေါ်ဆောင်သွားခံရသောအခါ၊ အရာရှိတစ်ဦးသည် ၎င်းတို့၏အမည်၊ လိပ်စာ၊ အသက်နှင့် ၎င်းတို့၏ အတွေ့အကြုံများတို့ကို အတည်ပြုရင်း၊ ပထမဆုံး စစ်ဆေးမှုများကို ဆောင်ရွက်သည်။ ၎င်းတို့ အသက်ရှင်ခဲ့စဉ် ၎င်းတို့ ပြုခဲ့သည့်အရာတိုင်းကို စာအုပ်တစ်အုပ်တွင် မှတ်တမ်းတင်ထားကာ တိကျမှန်ကန်မှုအတွက် အတည်ပြုနိုင်ရန် စစ်ဆေး၏။ အားလုံးကို စစ်ဆေးပြီးနောက်တွင်၊ ၎င်းတို့ အပြစ်ပေး ခံရမည်လော သို့မဟုတ် လူသားတစ်ဦးအဖြစ် ဆက်လက်၍ လူဝင်စား ရမည်လောဟူသည်ကို ဆုံးဖြတ်ရန် ထိုသူ၏ဘဝတစ်လျှောက်လုံး အပြုအမူနှင့် လုပ်ဆောင်ချက်များကို အသုံးပြုလေသည်၊ ယင်းမှာ ပထမအဆင့်ဖြစ်သည်။ ဤပထမအဆင့်သည် ထိတ်လန့်ဖွယ် ဖြစ်သလော။ တစ်ခုတည်းသော ဖြစ်ပျက်ပြီးဖြစ်သည့်အရာမှာ ထိုလူသည် မှောင်မိုက်ပြီး အကျွမ်းတဝင်မရှိသော နေရာတစ်ခုသို့ ရောက်ရှိပြီးခြင်း ဖြစ်သောကြောင့်၊ ဤသည်မှာ အလွန် ထိတ်လန့်ဖွယ် မကောင်းပေ။

ဒုတိယအဆင့်တွင် ဤလူသည် ၎င်း၏ဘဝတစ်လျှောက်လုံး မကောင်းသည့်အရာများစွာ ပြုလုပ်ပြီးဖြစ်ကာ၊ များစွာသော ဆိုးညစ်သည့်လုပ်ဆောင်ချက်များ ကျူးလွန်ပြီးဖြစ်ပါက၊ ၎င်းသည် ကိုင်တွယ်ဖြေရှင်းခြင်းခံရရန် အပြစ်ဒဏ်ပေးခြင်း နေရာတစ်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရပေမည်။ ယင်းသည် လူတို့အား အပြစ်ဒဏ် ပေးခြင်းအတွက် အတိအကျ အသုံးပြုသည့်နေရာ ဖြစ်လိမ့်မည်။ ၎င်းတို့ မည်သို့ အပြစ်ပေးခံရမည်ဆိုသည်နှင့်သက်ဆိုင်သည့် အသေးစိတ်များမှာ ၎င်းတို့ ကျူးလွန်ပြီးသည့် အပြစ်များပေါ်အပြင် ၎င်းတို့ မသေဆုံးမီ ဆိုးညစ်သည့် အရာများ မည်မျှပြုလုပ်ခဲ့သည်ဟူသည့်အပေါ် မူတည်သည်- ဤသည်မှာ ဒုတိယအဆင့်တွင် ဖြစ်ပေါ်သည့် ပထမ အခြေအနေဖြစ်၏။ ၎င်းတို့မသေဆုံးမီ ပြုလုပ်ခဲ့သည့် မကောင်းသော အရာများနှင့် ကျူးလွန်ခဲ့သည့် မကောင်းမှုကြောင့် ၎င်းတို့၏ အပြစ်ပေးခြင်းနောက် ၎င်းတို့ဝင်စားသည့်အခါ- ၎င်းတို့ ရုပ်ဝတ္ထု လောကထဲသို့ နောက်တစ်ကြိမ် မွေးဖွားသောအခါ- လူအချို့သည် ဆက်လက်၍ လူဖြစ်လိမ့်မည်ဖြစ်သော်လည်း၊ အချို့မှာ တိရစ္ဆာန်များ ဖြစ်လာကြလိမ့်မည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ဝိညာဉ်လောကသို့ ပြန်သွားပြီးနောက် ၎င်းကျူးလွန်ပြီးဖြစ်သည့် မကောင်းမှုကြောင့်၊ ၎င်းသည် အပြစ်ဒဏ်ပေးခြင်း ခံရ၏။ ထို့အပြင် ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့် ဆိုးညစ်သောအရာများကြောင့်၊ ၎င်းတို့၏ နောက်ထပ် ဝင်စားမှုတွင် ၎င်းတို့သည် လူသားတစ်ဦးအဖြစ် ပြန်သွားလိမ့်မည် မဟုတ်ဘဲ၊ တိရစ္ဆာန်တစ်ကောင်အဖြစ် ပြန်သွားလိမ့်မည်မှာ သေချာသလောက်ဖြစ်သည်။ ၎င်းတို့ ဖြစ်လာနိုင်သည့် တိရစ္ဆာန်အမျိုးမျိုးတွင် နွားများ၊ မြင်းများ၊ ဝက်များနှင့် ခွေးများ ပါဝင်သည်။ အချို့လူများသည် ငှက်များ သို့မဟုတ် ဘဲများ သို့မဟုတ် ဘဲငန်းများအဖြစ် ပြန်မွေးဖွားနိုင်သည်...။ ၎င်းတို့သည် တိရစ္ဆာန်များအဖြစ် ဝင်စားပြီးနောက်တွင်၊ ၎င်းတို့ တစ်ဖန် သေဆုံးသည့်အခါ၊ ဝိညာဉ်လောကသို့ ပြန်သွားကြလိမ့်မည်။ ထိုနေရာတွင် ယခင်ကဲ့သို့ ၎င်းတို့ မသေဆုံးမီ ၎င်းတို့၏အပြုအမူအပေါ် အခြေပြု၍ ၎င်းတို့ လူသားများအဖြစ် ဝင်စားခြင်း ရှိမရှိကို ဝိညာဉ်လောကမှ ဆုံးဖြတ်လိမ့်မည်။ လူအများစုသည် အလွန် များစွာသော မကောင်းမှုများကို ကျူးလွန်ကြပြီး၊ ၎င်းတို့၏ အပြစ်များသည် ဆိုးရွားလွန်းလှ၏၊ ထို့ကြောင့် ၎င်းတို့သည် တိရစ္ဆာန်အဖြစ် ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်ထိ ဝင်စားကြရသည်။ ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်- ယင်းသည် ကြောက်မက်ဖွယ် ဖြစ်သည် မဟုတ်လော။ (ကြောက်မက်ဖွယ်ဖြစ်ပါသည်။) မည်သည့်အရာက သင်တို့ကို အထိတ်တလန့် ဖြစ်စေသနည်း။ လူတစ်ဦးက တိရစ္ဆာန် တစ်ကောင် ဖြစ်လာခြင်း- ယင်းသည် ထိတ်လန့်ဖွယ်ဖြစ်၏။ ပြီးလျှင် လူတစ်ဦးအတွက်၊ တိရစ္ဆာန်တစ်ဦး ဖြစ်လာရာတွင် အနာကျင်ဆုံးသော အရာများမှာ မည်သည့်အရာများ ဖြစ်သနည်း။ ဘာသာစကား မရှိခြင်း၊ ရိုးရှင်းသော အတွေးများသာ ရှိခြင်း၊ တိရစ္ဆာန်များ ပြုလုပ်သည့် အရာများသာ ပြုလုပ်နိုင်ကာ၊ တိရစ္ဆာန်များ စားသည့် အစာများသာ စားနိုင်ခြင်း၊ တိရစ္ဆာန်တစ်ကောင်၏ ရိုးရှင်းသော စိတ်နေစိတ်ထားနှင့် ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ ရှိခြင်း၊ လမ်းမတ်မတ် မလျှောက်နိုင်ခြင်း၊ လူသားများနှင့် ပြောဆိုမဆွေးနွေးနိုင်ခြင်းနှင့် လူသားများ၏ မည်သည့် အပြုအမူ သို့မဟုတ် လုပ်ရပ်များကမျှ တိရစ္ဆာန်တို့နှင့် မည်သည့် ဆက်စပ်မှုမျှမရှိသည့် အချက်တို့ ဖြစ်သည်။ ဆိုလိုသည်မှာ အရာခပ်သိမ်းထဲတွင် တိရစ္ဆာန်တစ်ကောင်ဖြစ်ခြင်းသည် သက်ရှိသတ္တဝါ အားလုံးအနက် သင့်အား အနိမ့်ဆုံးဖြစ်စေပြီး၊ လူတစ်ဦးဖြစ်ခြင်းထက် သာ၍ ဆင်းရဲဒုက္ခများစွာ ပါဝင်လေသည်။ ဤသည်မှာ မကောင်းမှု များစွာပြုလုပ်ပြီးဖြစ်ကာ ကြီးမားသော အပြစ်များ ကျူးလွန်ပြီးသော သူများနှင့်ဆိုင်သည့် ဝိညာဉ်လောက၏ အပြစ်ပေးခြင်း လက္ခဏာသွင်ပြင် တစ်ရပ်ဖြစ်၏။ ၎င်းတို့၏ အပြစ်ပေးခံရခြင်း ပြင်းထန်မှုနှင့် ပတ်သက်လာသည့်အခါ၊ ဤအရာကို ၎င်းတို့ ဖြစ်လာသည့် မည်သည့် တိရစ္ဆာန်အမျိုးအစားမဆိုအပေါ် မူတည်လျက် ဆုံးဖြတ်ပေသည်။ ဥပမာအားဖြင့်၊ ဝက်တစ်ကောင်ဖြစ်ခြင်းသည် ခွေးတစ်ကောင် ဖြစ်ခြင်းထက် သာ၍ကောင်းသလော။ ဝက်တစ်ကောင်သည် ခွေးတစ်ကောင်ထက် သာ၍ကောင်းမွန်စွာ သို့မဟုတ် သာ၍ဆိုးရွားစွာ အသက်ရှင်သလော။ သာ၍ဆိုးရွား၏၊ ဟုတ်ပါသလော။ လူတို့သည် နွားများ သို့မဟုတ် မြင်းများ ဖြစ်လာကြပါက ၎င်းတို့သည် ဝက်များအဖြစ် ၎င်းတို့ဖြစ်မည်ထက် သာ၍ကောင်းမွန်စွာ သို့မဟုတ် သာ၍ဆိုးရွားစွာ အသက်ရှင်လိမ့်မည်လော။ (သာ၍ကောင်းမွန်စွာ အသက်ရှင်မည်။) လူတစ်ဦးသည် ကြောင်တစ်ကောင်အဖြစ် ပြန်လည်မွေးဖွားခြင်းဖြင့် ပို၍ သက်သောင့်သက်သာ ရှိလိမ့်မည်လော။ သူသည် အလားတူပင် တိရစ္ဆာန်တစ်ကောင်ဖြစ်မည် ဖြစ်ပြီး၊ ကြောင်များသည် သူတို့၏ အချိန်အများစုကို အိပ်စက်ခြင်းဖြင့် ပျင်းရိပျင်းတွဲနေကြရသောကြောင့်၊ ကြောင်တစ်ကောင် ဖြစ်ခြင်းသည် နွားတစ်ကောင် သို့မဟုတ် မြင်းတစ်ကောင်ဖြစ်ခြင်းထက် များစွာ ပို၍ လွယ်ကူပေမည်။ နွား သို့မဟုတ် မြင်းတစ်ကောင်ဖြစ်လာခြင်းမှာ သာ၍ ပင်ပန်းခက်ခဲပေသည်။ ထို့ကြောင့် လူတစ်ဦးသည် နွား သို့မဟုတ် မြင်းတစ်ကောင်အဖြစ် ဝင်စားပါက၊ ၎င်းတို့သည် အလုပ်ကြိုးစားရသည်- ယင်းမှာ ပြင်းထန်သည့် အပြစ်ပေးခြင်းနှင့် ဆင်တူပေသည်။ ခွေးတစ်ကောင်သည် ၎င်း၏သခင်နှင့် သာ၍ရင်းနှီးသော ဆက်ဆံရေးရှိသောကြောင့်၊ ခွေးတစ်ကောင် ဖြစ်လာခြင်းသည် နွား သို့မဟုတ် မြင်းတစ်ကောင် ဖြစ်လာခြင်းထက် အနည်းငယ် သာ၍ကောင်းပေမည်။ နှစ်အချို့ ကြာအောင် အိမ်မွေးတိရစ္ဆာန်များ ဖြစ်ပြီးနောက်တွင် အချို့သော ခွေးတို့သည် ၎င်းတို့၏သခင်များ ပြောသည့်အရာ များစွာကို နားလည်နိုင်ကြသည်။ တစ်ခါတစ်ရံ ခွေးသည် ၎င်း၏သခင်၏ စိတ်နေစိတ်ထားနှင့် သတ်မှတ်ချက်များကို ကျင့်သားရနိုင်ကြပြီး သခင်က ခွေးကို ပို၍ကောင်းမွန်စွာ ဆက်ဆံကာ ခွေးသည် ပို၍ ကောင်းမွန်စွာ စားသောက်ရပြီး၊ ၎င်းနာကျင်သည့်အခါ သာ၍ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရ၏။ သို့ဆိုလျှင် ခွေးသည် ပျော်ရွှင်ဖွယ်ရာ ဘဝတစ်ခုကို မွေ့လျော်ခံစားသည် မဟုတ်လော။ သို့ဖြစ်၍ ခွေးတစ်ကောင် ဖြစ်ခြင်းသည် နွား သို့မဟုတ် မြင်းတစ်ကောင် ဖြစ်ခြင်းထက် သာ၍ကောင်းပေ၏။ ဤအရာတွင် လူတစ်ဦး၏ အပြစ်ဒဏ် ပြင်းထန်မှုသည် တိရစ္ဆာန်တစ်ကောင်အဖြစ် အကြိမ်ရေမည်မျှ ထိုသူ ဝင်စားရသည်ဆိုသည့်အပြင် မည်သည့် အမျိုးအစား ဖြစ်သည်ဆိုသည့်အရာကိုလည်း ဆုံးဖြတ်လေသည်။

၎င်းတို့အသက်ရှင်စဉ်တွင် ၎င်းတို့သည် အပြစ်များစွာ ကျူးလွန်ခဲ့သောကြောင့်၊ အချို့သောလူများသည် တိရစ္ဆာန်များအဖြစ် သက်တမ်း ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ် ဝင်စားခြင်းဖြင့် အပြစ်ပေး ခံရပေသည်။ အကြိမ်ရေ အလုံအလောက် အပြစ်ပေးခံရပြီးနောက်၊ ဝိညာဉ်လောကသို့ ပြန်သွားသည့်အခါ၊ ၎င်းတို့သည် အခြား တစ်နေရာသို့- အပြစ်ပေးခံရနှင့်ပြီးဖြစ်ကာ လူသားများအဖြစ် ဝင်စားရန် ပြင်ဆင်လျက်ရှိသည့် အမျိုးအစားများ ဖြစ်ကြသော ဝိညာဉ်အမျိုးမျိုးရှိသည့် နေရာတစ်ခုသို့- ခေါ်ဆောင် သွားခံရ၏။ ဤနေရာတွင် ဝိညာဉ်အသီးသီးသည် ၎င်းတို့ မည်သည့် မိသားစုမျိုးတွင် မွေးဖွားမည်၊ ၎င်းတို့လူဝင်စားပြီးသည်နှင့် တစ်ပြိုင်နက် မည်သည့်အခန်းကဏ္ဍမျိုးတွင် ပါဝင်မည် စုသည့်အတိုင်း အမျိုးအစား ခွဲခြားခံရကြ၏။ ဥပမာအားဖြင့် လူအချို့သည် ဤလောကသို့ လာသည့်အခါ၊ အဆိုတော်များ ဖြစ်လာကြလိမ့်မည်၊ ထို့ကြောင့် ၎င်းတို့သည် အဆိုတော်များအလယ် အထားခံရ၏။ အချို့သောသူများမှာ ဤလောကသို့ လာသည့်အခါ၊ စီးပွားရေးသမားများ ဖြစ်လာမည်ဖြစ်ကာ၊ ထို့ကြောင့် ၎င်းတို့သည် စီးပွားရေးသမားများအလယ် အထားခံရ၏။ ပြီးလျှင် တစ်စုံတစ်ဦးသည် လူသား ဖြစ်လာပြီးနောက်၊ သိပ္ပံပညာဆိုင်ရာ သုတေသီတစ်ဦး ဖြစ်လာဖို့ ဖြစ်ပါက၊ ၎င်းတို့သည် သိပ္ပံပညာဆိုင်ရာ သုတေသီများအလယ်တွင် အထားခံကြရလေသည်။ ၎င်းတို့သည် အုပ်စုအလိုက်ခွဲခံရပြီးနောက်တွင်၊ အသီးသီးကို မတူကွဲပြားသည့် အချိန်နှင့် သတ်မှတ်ထားသည့် ရက်စွဲအတိုင်း၊ ယနေ့ လူတို့ အီးမေးလ်ပို့သည့်အတိုင်း၊ ပေးပို့ခြင်းခံရလေသည်။ ဤအရာတွင် ရှင်ခြင်းနှင့်သေခြင်း သံသရာတစ်ခု ပြီးစီးလိမ့်မည်။ လူတစ်ဦး ဝိညာဉ်လောကထဲသို့ ရောက်ရှိသည့်ရက်မှ ၎င်း၏အပြစ်ဒဏ် အဆုံးသတ်သည်အထိ သို့မဟုတ် ၎င်းသည် တိရစ္ဆာန် တစ်ကောင်အဖြစ် ကြိမ်ဖန်များစွာ ဝင်စားပြီးဖြစ်ကာ လူသား တစ်ဦးအဖြစ် ပြန်ဝင်စားရန်ပြင်ဆင်နေသည်အထိ၊ ဤဖြစ်စဉ် ပြီးစီးပေသည်။

အပြစ်ဒဏ်ပေးခြင်းခံရပြီးဖြစ်ကာ တိရစ္ဆာန်များအဖြစ် ဝင်စားခြင်း မရှိသူများအတွက်မူ၊ ၎င်းတို့သည် လူသားများအဖြစ် ဝင်စားရန် ရုပ်ဝတ္ထုလောကသို့ လျင်မြန်စွာ အပို့ခံရမည်လော။ သို့မဟုတ် ၎င်းတို့ လူသားအလယ် မရောက်ရှိနိုင်မီ မည်မျှ ကြာလိမ့်မည်နည်း။ ဤအရာဖြစ်ပျက်နိုင်သည့် ကြိမ်နှုန်းမှာ အဘယ်နည်း။ ယင်းအဖို့ အချိန်ကန့်သတ်ချက်များရှိသည်။ ဝိညာဉ်လောကတွင် ဖြစ်ပျက်သည့် အရာရာတိုင်းသည် တိကျသည့် အချိန်ကန့်သတ်ချက်များနှင့် စည်းကမ်းများကို လိုက်နာရသည်- ယင်းကို ငါ ကိန်းဂဏန်းများနှင့် ရှင်းပြပါက၊ သင်တို့ နားလည်လိမ့်မည်။ အချိန်ကာလတိုအတွင်း ပြန်ဝင်စားသူများ အတွက်၊ ၎င်းတို့သေဆုံးသည့်အခါ၊ လူသားများအဖြစ် ပြန်ဝင်စားဖို့ ၎င်းတို့အတွက် ပြင်ဆင်မှုများ ပြုလုပ်နှင့်ပြီးဖြစ်လိမ့်မည်။ ဤအရာ ဖြစ်ပျက်နိုင်သည့် အတိုဆုံးအချိန်မှာ သုံးရက်ဖြစ်သည်။ အချို့သော လူများအတွက် ယင်းသည် သုံးလကြာသည်၊ အချို့အတွက် ယင်းသည် သုံးနှစ်ကြာသည်၊ အချို့အတွက် ယင်းသည် အနှစ် သုံးဆယ်ကြာသည်၊ အချို့အတွက် ယင်းသည် အနှစ်သုံးရာ ကြာသည်၊ စသည်ဖြင့် ဖြစ်၏။ ထို့ကြောင့် ဤအချိန် စည်းမျဉ်းများနှင့်ပတ်သက်၍ မည်သည့်အရာများ ပြော၍ ရနိုင်မည်နည်း၊ ပြီးလျှင် ယင်းတို့၏ အသေးစိတ် အချက်အလက်များမှာ အဘယ်နည်း။ ယင်းတို့သည် ရုပ်ဝတ္ထု လောက- လူ့လောကသည် ဝိညာဉ်တစ်ခုထံမှ လိုအပ်သည့်အရာ အပေါ်နှင့် ဤလောကတွင် ဤဝိညာဉ်ပါဝင်ဖို့ ရည်ရွယ်ထားသည့် အခန်းကဏ္ဍတို့အပေါ် အခြေခံထားပေ၏။ လူတို့သည် သာမန် လူများအဖြစ် ပြန်ဝင်စားကြသည့်အခါ၊ ၎င်းတို့အများစုသည် အလွန် လျင်မြန်စွာ ပြန်လူဝင်စားကြ၏၊ အဘယ့်ကြောင့်ဆိုသော် လူ့လောကသည် ထိုသို့သော သာမန်လူတို့ကို အရေးတကြီး လိုအပ်မှု ရှိသောကြောင့် ဖြစ်သည်- ထို့ကြောင့် သုံးရက်ကြာပြီးနောက် ၎င်းတို့သည် မသေဆုံးမီရှိခဲ့သည့် မိသားစုနှင့် လုံးဝ ကွဲပြားသည့် မိသားတစ်စုထံသို့ ထပ်မံပေးပို့ခြင်း ခံကြရလေသည်။ သို့သော် ဤလောကတွင် အထူးအခန်းကဏ္ဍ၌ ပါဝင်သောသူအချို့ ရှိ၏။ “အထူး” ဆိုသည်မှာ လူ့လောကတွင် ဤလူများအတွက် ကြီးမားသည့် တောင်းဆိုချက်မရှိဟု ဆိုလိုသည်။ ထိုသို့သော အခန်းကဏ္ဍကို ပါဝင်ရန် လူများစွာ မလိုပေ၊ ထို့ကြောင့် ယင်းသည် အနှစ်သုံးရာ ကြာကောင်းကြာနိုင်သည်။ တစ်နည်းအားဖြင့် ဤဝိညာဉ်သည် အနှစ်သုံးရာကြာတိုင်း တစ်ကြိမ်သာလာလိမ့်မည် သို့မဟုတ် အနှစ်သုံးထောင်ပင်ကြာတိုင်း တစ်ကြိမ်သာ လာလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ နှစ်သုံးရာ ကြာသည်ဖြစ်စေ သို့မဟုတ် နှစ်သုံးထောင် ကြာသည်ဖြစ်စေ လူ့လောကတွင် ထိုသို့သော အခန်းကဏ္ဍတစ်ခု မလိုအပ်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့ကို ဝိညာဉ်လောက၏ တစ်နေရာရာတွင် ထိန်းသိမ်းထား၏။ ဥပမာအနေဖြင့် ကွန်ဖြူးရှပ်ကို ကြည့်လော့- သူသည် တရုတ်ရိုးရာ ယဉ်ကျေးမှုအပေါ် နက်နဲသိမ်မွေ့သော သက်ရောက်မှု ရှိခဲ့ပြီး၊ သူ၏ရောက်ရှိလာမှုသည် ထိုအချိန်ကာလ လူတို့၏ ယဉ်ကျေးမှု၊ အသိပညာ၊ ရိုးရာနှင့် တွေးခေါ်မှုတို့အပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်ခဲ့သည်။ သို့သော် ဤကဲ့သို့သောလူတစ်ဦးကို ခေတ်တိုင်းတွင် မလိုအပ်ပေ၊ ထို့ကြောင့် သူသည် ပြန်လည်ဝင်စားခြင်းမတိုင်မီ ဝိညာဉ်လောကတွင် နှစ်သုံးရာ သို့မဟုတ် နှစ်သုံးထောင် စောင့်ဆိုင်းရင်း၊ ထိုနေရာတွင် နေခဲ့ရသည်။ လူ့လောကသည် ဤသို့သောတစ်စုံတစ်ဦးကို မလိုအပ်သောကြောင့်၊ ၎င်း၏အခန်းကဏ္ဍကဲ့သို့ အခန်းကဏ္ဍများ အလွန် နည်းပါးသကဲ့သို့၊ သူ့အတွက် လုပ်စရာ အနည်းငယ်သာရှိသည့်အတွက်၊ ၎င်းသည် အကြောင်းမဲ့သက်သက် စောင့်ဆိုင်းခဲ့ရလေသည်။ ထိုသို့ဖြင့် သူ့အား လူ့လောကက လိုအပ်သည်နှင့်တစ်ပြိုင်နက် ပို့လိုက်ရန် အချိန်များစုတွင် ဝိညာဉ်လောကထဲက တစ်နေရာတွင် သူ့ကို အချည်းနှီး ထိန်းသိမ်းထားခဲ့ရသည်။ ယင်းမှာ လူအများစု ပြန်လည်ဝင်စားသည့် အကြိမ်နှုန်းအတွက် ဝိညာဉ်နယ်ပယ်၏ အချိန်စည်းမျဉ်းများ ဖြစ်၏။ လူတို့အနေဖြင့် သာမန် ဖြစ်စေ၊ ထူးခြားသည် ဖြစ်စေ၊ ၎င်းတို့၏ ပြန်လည်ဝင်စားခြင်းများအတွက် ဝိညာဉ်လောကသည် သင့်တော်သည့် စည်းမျဉ်းများနှင့် မှန်ကန်သည့် အလေ့အကျင့်များရှိကာ၊ ဤစည်းမျဉ်းများနှင့် အလေ့အကျင့်များကို ဘုရားသခင်မှ ချပေးလိုက်ခြင်းဖြစ်၏၊ မည်သည့်အစောင့်မျှ သို့မဟုတ် ဝိညာဉ်လောက၏ မည်သည့်သတ္တဝါကမျှ ဆုံးဖြတ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း မဟုတ်ပေ။ ဤအရာကို သင် ယခု နားလည်ပြီ၊ ဟုတ်ပါသလော။

မည်သည့်ဝိညာဉ်အတွက်မဆို၊ ၎င်း၏ ပြန်လည်ဝင်စားခြင်း၊ ဤဘဝတွင် ၎င်း၏ အခန်းကဏ္ဍက မည်သည့်အရာဖြစ်သည်၊ မည်သည့် မိသားစုထဲတွင် ၎င်းမွေးဖွားသည်ဆိုသည်နှင့် ၎င်း၏ဘဝ မည်သည့်အရာနှင့်တူသည်တို့မှာ ထိုဝိညာဉ်၏ ယခင်ဘဝ တစ်သက်တာနှင့် နီးစပ်စွာ ဆက်နွှယ်လေသည်။ လူမျိုးစုံ လူ့လောကထဲသို့ လာကြပြီး၊ ၎င်းတို့ ဆောင်ရွက်သည့် တာဝန်များကဲ့သို့ ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍ ကွဲပြားလေသည်။ ဤသည်တို့မှာ မည်သည့် တာဝန်များ ဖြစ်သနည်း။ လူအချို့သည် အကြွေးပြန်ဆပ်ရန် လာကြပေပြီ။ ၎င်းတို့သည် ၎င်းတို့၏ ယခင်ဘဝများ၌ အခြားသူများကို ငွေများစွာ အကြွေးတင်ခဲ့ပါက၊ ဤဘဝတွင် ထိုအကြွေးများကို ပြန်ဆပ်ရန် ၎င်းတို့ လာကြလေသည်။ ထိုအတောအတွင်းတွင် အချို့လူများသည် အကြွေးကောက်ခံရန် လာကြ၏။ ၎င်းတို့သည် ၎င်းတို့၏ ယခင်ဘဝတစ်သက်တာများတွင် အလွန်များသော အရာများနှင့် အလွန်များသော ငွေကြေးများ လိမ်လည်ခံခဲ့ကြရလေသည်။ အကျိုးဆက်အနေဖြင့်၊ ဝိညာဉ်လောကသို့ ၎င်းတို့ ရောက်ပြီး နောက်တွင်၊ ဝိညာဉ်လောကသည် ၎င်းတို့အား တရားမျှတမှုပေးကာ ဤဘဝတစ်သက်တာတွင် ၎င်းတို့၏ အကြွေးများကို ကောက်ခံခွင့် ပေးလေသည်။ အချို့သူများသည် ကျေးဇူးကြွေးဆပ်ရန် လာကြပြီးဖြစ်သည်- ယခင်ဘဝ တစ်သက်တာအတွင်းတွင်- ဆိုလိုသည်မှာ ၎င်းတို့၏ ယခင် ပြန်ဝင်စားခြင်းအတွင်းတွင်- တစ်စုံတစ်ဦးသည် ၎င်းတို့ကို ကြင်နာခဲ့ကာ၊ ဤဘဝတွင် ပြန်ဝင်စားရန် ကြီးမားသည့် အခွင့်အရေး တစ်ရပ် ရရှိပြီးဖြစ်သောကြောင့်။ ၎င်းတို့သည် ထိုကျေးဇူးကြွေးများ ပြန်ဆပ်ရန် ပြန်လည်မွေးဖွားကြ၏။ သို့သော်လည်း အခြားသူများကမူ အသက်များ အလျော်တောင်းရန် ပြန်လည်မွေးဖွားခဲ့ကြပေပြီ။ မည်သူတို့၏ အသက်များကို ၎င်းတို့ တောင်းဆိုသနည်း။ ယခင်ဘဝများ၌ ၎င်းတို့ကို သတ်ခဲ့သည့် လူများ၏ အသက်များကို ၎င်းတို့ တောင်းကြပေသည်။ အတိုချုပ်အားဖြင့် လူတိုင်း၏ လက်ရှိဘဝသည် ၎င်းတို့၏ယခင်ဘဝ တစ်သက်တာများနှင့် ခိုင်မာသော ဆက်စပ်မှုတစ်ခု ရှိလေသည်။ ဤဆက်စပ်မှုသည် ခွဲခြား၍မရနိုင်ပေ။ ဆိုလိုသည်မှာ လူတိုင်း၏ လက်ရှိဘဝသည် ယခင်ဘဝအားဖြင့် ကြီးမားစွာ သက်ရောက်မှု ခံရပေသည်။ ဥပမာအားဖြင့် ကျန်းသည် သူမသေဆုံးမီတွင် လီအား ငွေကြေးမြောက်များစွာ လိမ်လည်ခဲ့သည် ဆိုပါစို့။ သို့ဆိုလျှင် ကျန်းသည် လီကို အကြွေးတင်သလော။ အကြွေးတင်၏၊ ထို့ကြောင့် လီသည် ကျန်းထံမှ အကြွေးကောက်ခံသင့်သည်မှာ သဘာဝကျသလော။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့ သေဆုံးပြီးနောက်တွင်၊ ၎င်းတို့ နှစ်ဦးအကြားတွင် ကျေအေးရန် အကြွေးတစ်ခု ရှိနေသည်။ ၎င်းတို့ ပြန်ဝင်စားကြပြီး ကျန်းသည် လူသားဖြစ်လာသည့်အခါ၊ လီသည် ၎င်းထံမှ သူ၏အကြွေးကို မည်သို့ကောက်ခံသနည်း။ တစ်နည်းမှာ လီသည် ကျန်း၏ သားအဖြစ် ပြန်လည် မွေးဖွားခြင်း ဖြစ်သည်။ ကျန်းသည် ဝင်ငွေမြောက်မြားစွာရသည်၊ ထို့နောက် ယင်းကို လီက ဖြုန်းတီး၏။ ကျန်း ဝင်ငွေ မည်မျှရသည်ဖြစ်စေ၊ သူ့သားလီက ယင်းကို ဖြုန်းတီးပစ်သည်။ ကျန်း ဝင်ငွေ မည်မျှရသည်ဖြစ်စေ၊ မည်သည့်အခါမျှ လောက်ငခြင်း မရှိပေ။ ထိုအတောအတွင်းတွင်၊ ၎င်း၏သားမှာ အကြောင်းရင်းအချို့ကြောင့် အမျိုးမျိုးသော နည်းလမ်းများဖြင့် ၎င်းဖခင်၏ပိုက်ဆံများကို အဆုံးတွင် အမြဲသုံးပစ်သည်ချည်း ဖြစ်၏။ ကျန်းက၊ “ငါ့သားသည် အဘယ်ကြောင့် ထိုသို့သော ဆိုးသည့်ကံကို အမြဲ ယူဆောင် လာသနည်း။ အခြားသူများ၏သားများသည် အဘယ်ကြောင့် အလွန် လိမ္မာရသနည်း။ ငါ၏သားသည် အဘယ်ကြောင့် မည်သည့် ရည်မှန်းချက်မျှ မရှိရသနည်း၊ အဘယ်ကြောင့် သူသည် လွန်စွာ အသုံးမကျဖြစ်ကာ မည်သည့်ငွေမျှ ရှာနိုင်စွမ်း မရှိရသနည်း၊ ပြီးလျှင် ငါသည် အဘယ်ကြောင့် သူ့ကို အမြဲပံ့ပိုးနေရသနည်း။ ငါသည် သူ့ကို ပံ့ပိုးရမည် ဖြစ်သည့်အတွက်၊ ပံ့ပိုးမည်- သို့သော် သူ့ကို ငါ ငွေမည်မျှပေးပါစေ၊ သူ အမြဲ နောက်ထပ် လိုအပ်ရသည်မှာ အဘယ်ကြောင့်နည်း။ သူသည် အဘယ်ကြောင့် အလုပ် ကြိုးစားနိုင်စွမ်း မရှိဘဲ၊ ယင်းအစား လတ်လျားလတ်လျားနေခြင်း၊ စားခြင်း၊ သောက်ခြင်း၊ မတရား မေထုန်ပြုခြင်းနှင့် လောင်းကစားခြင်းကဲ့သို့သော အရာမျိုးစုံကို လုပ်ရသနည်း။ ဘာတွေများ ဖြစ်နေသနည်း” ဟု တွေးရင်း၊ နားဝေတိမ်တောင် ဖြစ်နေ၏။ ထို့နောက် ကျန်းက၊ “ငါသည် အတိတ်ဘဝက သူ့အပေါ် အကြွေးတစ်ခုတင်ခဲ့၍ ဖြစ်နိုင်သည်။ ကောင်းပြီ သို့ဆိုလျှင် ငါသည် အပြည့်အဝ ဆပ်လိုက်မည်။ ငါ အပြည့်အဝ မဆပ်မချင်း ဤအရာ အဆုံးသတ်မည် မဟုတ်” ဟု ခေတ္တခဏ တွေးမိ၏။ လီသည် သူ၏အကြွေးကို အမှန်တကယ် ပြန်ထေပြီးဖြစ်သည့်နေ့ ရောက်ကောင်းရောက်လာမည်ဖြစ်ပြီး၊ သူ အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ရှိသည့်အချိန်တွင်၊ သူက “ငါ့ဘဝ၏ ပထမတစ်ပိုင်းတွင် ငါသည် ကောင်းသည့်အရာတစ်ခုမျှ မလုပ်ဆောင်လေပြီ။ ငါ့အဖေ ရှာဖွေထားသည့် ငွေအားလုံးကို ငါဖြုန်းတီးမိပြီ၊ ထို့ကြောင့် ငါသည် လူကောင်းတစ်ယောက် စဖြစ်သင့်ပြီ။ ငါ့ကိုယ်ငါ စိတ်တင်းမည်။ ငါသည် ရိုးသားပြီး ကောင်းမွန်စွာ အသက်ရှင်သောသူတစ်ဦး ဖြစ်မည်ဖြစ်ပြီး၊ ငါ့အဖေကို မည်သည့်အခါမျှ တစ်ဖန် သောကရောက်စေမည် မဟုတ်” ဟု သဘောပေါက်ရင်း သူ ရုတ်တရက် အသိတရားရကောင်းရလာပေမည်။ သူသည် အဘယ်ကြောင့် ဤသို့စဉ်းစားသနည်း။ သူသည် အဘယ်ကြောင့် သာ၍ကောင်းဖို့ ရုတ်တရက် ပြောင်းလဲသွားသနည်း။ ဤအတွက် အကြောင်းရင်း တစ်ခု ရှိသလော။ အကြောင်းရင်းမှာ အဘယ်နည်း။ (အဘယ်ကြောင့်ဆိုသော် လီသည် သူ၏အကြွေးကို ကောက်ခံပြီးဖြစ်သောကြောင့် ဖြစ်သည်။ ကျန်းသည် သူ၏အကြွေးကို ဆပ်ပြီးဖြစ်သည်။) ဤအရာတွင် အကြောင်းနှင့် အကျိုးရှိသည်။ ဤဇာတ်လမ်းမှာ ၎င်းတို့၏ လတ်တလော တစ်သက်တာများမတိုင်မီ အချိန်ကာလကြာမြင့်စွာက စတင်ခဲ့ပေသည်။ ၎င်းတို့၏ ဤအတိတ်ဘဝဇာတ်လမ်းသည် ပစ္စုပ္ပန်သို့ ပါလာပြီးဖြစ်ကာ၊ မည်သူကမျှ အခြားသူကို အပြစ်တင်၍ မရပေ။ ကျန်းသည် ၎င်း၏သားအား မည်သည့်အရာကို သွန်သင်ပေးခဲ့သည်ဖြစ်စေ၊ သူ၏သားသည် မည်သည့်အခါကမျှ နားမထောင်ခဲ့သကဲ့သို့၊ မည်သည့်အခါကမျှ အလုပ်ကြိုးစားခဲ့ခြင်း မရှိပေ။ သို့သော် အကြွေးကျေခဲ့သည့်နေ့တွင်၊ သူ၏ သားကို သွန်သင်စရာ မလိုအပ်ပေ- သူ၏သားသည် အလိုအလျောက် နားလည်သွားခဲ့၏။ ဤသည်မှာ ရိုးရှင်းသော ဥပမာတစ်ခု ဖြစ်သည်။ ထိုသို့သော ဥပမာများစွာ ရှိသလော။ (ရှိပါသည်။) ယင်း က လူတို့အား မည်သည့်အရာ ပြောပြသနည်း။ (၎င်းတို့ ကောင်းကောင်းနေသင့်ပြီး မကောင်းမှု မကျူးလွန်သင့်ပါ။) ၎င်းတို့ မကောင်းမှု မပြုသင့်သကဲ့သို့၊ ၎င်းတို့၏ အပြစ်များအတွက် ပြစ်ဒဏ်ပေးခြင်း ရှိလိမ့်မည်ဖြစ်သည်။ မယုံကြည်သူ အများစုသည် မကောင်းမှုများစွာ ကျူးလွန်ကြကာ ၎င်းတို့၏ အပြစ်များသည် ဒဏ်ခတ်ခံရခြင်းနှင့် ကြုံရသည်၊ မှန်ပါသလော။ သို့သော် ထိုသို့သော ဒဏ်ခတ်ခြင်းသည် ထင်ရာမြင်ရာ ဖြစ်သလော။ လုပ်ရပ်တိုင်းအတွက်၊ နောက်ကြောင်းရာဇဝင်တစ်ခုရှိပြီး၊ ယင်း၏ ဒဏ်ခတ်ခံရခြင်း နောက်ကွယ်က အကြောင်းရင်းတစ်ခု ရှိပေသည်။ သင်သည် တစ်စုံတစ်ဦးကို ငွေများလိမ်လည်ပြီးနောက် သင်ကို မည်သည့်အရာမျှ မဖြစ်ဟု ထင်သလော။ သင်သည် ထိုငွေကို လိမ်ပြီးနောက်တွင်၊ မည်သည့်အကျိုးဆက်မျှ သင် ရင်ဆိုင်ရလိမ့်မည် မဟုတ်ဟု ထင်သလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်။ အကျိုးဆက်များ ဧကန် ရှိလိမ့်မည်။ ၎င်းတို့ မည်သူဖြစ်သည်ကို ပဓာနမထားဘဲ၊ သို့မဟုတ် ဘုရားသခင်တစ်ပါး ရှိသည်ကို ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ တစ်ဦးချင်းစီတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်အပြုအမူအတွက် တာဝန်ယူရမည်ဖြစ်ပြီး၊ ၎င်းတို့၏လုပ်ရပ်များအတွက် အကျိုးဆက်များကို ခံရမည်ဖြစ်သည်။ ဤရိုးရှင်းသော နမူနာနှင့်စပ်လျဉ်း၍- ကျန်း၏ အပြစ်ပေးခံရခြင်းနှင့် လီ၏ ပြန်ပေးဆပ်ခံရခြင်း- ဤသည်မှာ တရားသည် မဟုတ်လော။ လူတို့သည် ထိုသို့သောအရာများကို လုပ်ဆောင်သည့်အခါ၊ ဤသည်မှာ ဖြစ်ပေါ်သည့် ရလဒ်အမျိုးအစား ဖြစ်သည်။ ယင်းကို ဝိညာဉ်လောက၏ စီမံအုပ်ချုပ်မှုမှ ခွဲခြား၍မရပေ။ ၎င်းတို့ မယုံကြည်သူများ ဖြစ်သော်လည်း၊ ဘုရားသခင်ကို မယုံကြည်သူများ၏ တည်ရှိမှုသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်သည့် ဤအမိန့်ပြန်တမ်းများနှင့် အမိန့်မျိုးတို့ကို နာခံရပေသည်။ ယင်းတို့မှ မည်သူမျှ မလွတ်မြောက်နိုင်သကဲ့သို့၊ ဤ လက်တွေ့အရှိတရားကို မည်သူမျှ မရှောင်ရှားနိုင်ပေ။

ယုံကြည်ခြင်း မရှိသူများသည် လူသားများအဖို့ မြင်နိုင်သည့် အရာရာတိုင်းသည် တည်ရှိသော်လည်း၊ မြင်၍မရနိုင်သည့်အရာတိုင်း သို့မဟုတ် လူတို့မှ အလွန်ကွာလှမ်းသောအရာတိုင်းသည် မတည်ရှိဟု မကြာခဏ ယုံကြည်ကြသည်။ ၎င်းတို့က “ရှင်ခြင်းနှင့် သေခြင်းသံသရာ” မရှိသကဲ့သို့၊ “အပြစ်ဒဏ်” မရှိဟု ယုံကြည်ဖို့ သာ၍ နှစ်သက်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် စိတ်မလုံမလဲ ဖြစ်ခြင်းမရှိဘဲ၊ အပြစ်ပြုကာ မကောင်းမှု ကျူးလွန်ကြ၏။ နောက်ပိုင်းတွင် ၎င်းတို့သည် အပြစ်ပေးခံရ၏၊ သို့မဟုတ် တိရစ္ဆာန်များအဖြစ် ပြန်ဝင်စားကြ၏။ မယုံကြည်သူများထဲတွင် လူအမျိုးအစား အမျိုးမျိုး၏ အများစုသည် ဤရက်စက်သော သံသရာထဲသို့ ကျရောက်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်လောကသည် သက်ရှိသတ္တဝါ အားလုံးအပေါ် ၎င်း၏ စီမံအုပ်ချုပ်မှုတွင် တင်းကျပ်သည်ကို ၎င်းတို့ မသိသောကြောင့် ဖြစ်သည်။ သင်ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဘုရားသခင်က သူ၏ မျက်လုံးများဖြင့် စောင့်ကြည့်လေ့လာသည့် နယ်ပယ်ကို လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှက မလွတ်မြောက်နိုင်သကဲ့သို့၊ ဘုရားသခင်၏ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် အမိန့်များ၏ စည်းမျဉ်းများနှင့် ကန့်သတ်မှုများကို လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုကမျှ မလွတ်မြောက်နိုင်သောကြောင့် ဖြစ်သည်ဆိုသည့် အမှန်တရား တည်ရှိ၏။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ အပြစ်ပြုရန်နှင့် မကောင်းမှုကျူးလွန်ရန်မှာ လက်မခံနိုင်ဖွယ် ဖြစ်ပြီး၊ လုပ်ရပ်အားလုံးက အကျိုးဆက်များ ရှိသည်ကို ဤရိုးရှင်းသည့် နမူနာက အယောက်တိုင်းကို ပြောပြပေသည်။ အခြားသူတစ်ဦးအား ငွေလိမ်လည်ခဲ့သူ တစ်စုံတစ်ဦးသည် အပြစ်ပေးခံရသောအခါ၊ ထိုသို့သော အပြစ်ဒဏ်သည် မျှတ၏။ ဤကဲ့သို့သော အများအားဖြင့် တွေ့ကြရသည့် အပြုအမူသည် ဝိညာဉ်လောကတွင် အပြစ်ပေးခံရပြီး ထိုသို့သော အပြစ်ဒဏ်ကို ဘုရားသခင်၏ အမိန့်များနှင့် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများအားဖြင့် ချမှတ်ပေသည်။ ထို့ကြောင့် ဆိုးဆိုးရွားရွား အပြစ်ရှိပြီး ဆိုးယုတ်သော အပြုအမူသည်- မုဒိမ်းကျင့်ခြင်းနှင့် တိုက်ခိုက်လုယူခြင်း၊ လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်း၊ ခိုးမှုနှင့် လုယက်မှု၊ လူသတ်မှုနှင့် မီးရှို့မှု စသည်ဖြင့်သည်- ပြင်းထန်မှုကွဲပြားသည့် အပြစ်ဒဏ်အမျိုးမျိုးကို သာ၍ပင် ခံရသည်။ ပြင်းထန်မှုကွဲပြားသည့် ဤအပြစ်ဒဏ်များတွင် မည်သည့်အရာ ပါဝင်သနည်း။ ယင်းတို့ထဲမှ အချို့သည် အချိန်ကို အသုံးပြုခြင်းဖြင့် ပြင်းထန်မှုအဆင့်ကို သတ်မှတ်သည်၊ အချို့မှာမူ ကွဲပြားသော နည်းပညာများမှတစ်ဆင့် ထိုသို့ လုပ်ဆောင်လေသည်။ အခြားသူများသည် လူတို့ ပြန်ဝင်စားသည့်အခါ၊ ၎င်းတို့ မည်သည့်နေရာ သွားကြသည်ကို သတ်မှတ်ခြင်းအားဖြင့် ထိုသို့ လုပ်ဆောင်ဆဲဖြစ်၏။ ဥပမာအားဖြင့် အချို့လူများသည် အယုတ္တ အနတ္တထွက်သည်။ “အယုတ္တ အနတ္တထွက်သည်” ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် အခြားသူများအား မကြာခဏ ဆဲဆိုခြင်းနှင့် အခြားသူများကို ဆဲဆိုသည့် မလိုမုန်းထားသော စကားကို မကြာခဏ အသုံးပြုခြင်းတို့ကို ဆိုလိုသည်။ မလိုမုန်းထားသော စကားက မည်သည့်အရာကို ညွှန်ပြသနည်း။ ယင်းက လူသည် ဆိုးယုတ်သော နှလုံးသား ရှိသည်ကို ညွှန်ပြပေသည်။ အခြားသူတို့အား ဆဲဆိုသော ရိုင်းစိုင်းသည့် စကားသည် ထိုသို့သောလူတို့၏ ပါးစပ်များမှ လာလေ့ရှိကာ၊ ထိုသို့သော မလိုမုန်းထားသည့် စကားက ပြင်းထန်သည့် အကျိုးဆက်များ ဆောင်ကြဉ်း၏။ ဤလူများသေဆုံးကာ သင့်တော်သည့် အပြစ်ဒဏ်ရရှိပြီးနောက်၊ ၎င်းတို့သည် ဆွံ့အသူများအဖြစ် ပြန်လည်မွေးဖွားကောင်း မွေးဖွားနိုင်သည်။ အချို့သောလူများသည် ၎င်းတို့အသက်ရှင်စဉ်တွင် လွန်စွာ အပိုင်ကြံတတ်သည်။ ၎င်းတို့သည် အခြားသူများအပေါ် မကြာခဏ အခွင့်အရေးယူကြသည်။ ၎င်းတို့၏ သေးငယ်သည့် လျှို့ဝှက်ကြံစည်မှုများသည် အထူးသဖြင့် ကောင်းမွန်စွာ စီစဉ်ထားကြကာ လူတို့ကို များစွာ ထိခိုက်နစ်နာစေကြသည်။ ၎င်းတို့ ပြန်လည်မွေးဖွားသည့်အခါ၊ ကျပ်မပြည့်သူများ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဒုက္ခိတဖြစ်သော လူများအဖြစ် ဖြစ်နိုင်သည်။ အချို့သော လူများသည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာကိစ္စကို မကြာခဏ ချောင်းကြည့်လေ့ရှိသည်။ ၎င်းတို့၏မျက်လုံးများသည် ၎င်းတို့ သိခွင့်မရှိသည့် အရာများစွာကို မြင်ကြပြီး ၎င်းတို့ မသိသင့်သည့် အရာများစွာကို သိကြ၏။ အကျိုးဆက်အနေဖြင့် ၎င်းတို့ ပြန်လည်မွေးဖွားသည့်အခါ၊ ၎င်းတို့ မျက်စိကန်းကောင်း ကန်းနိုင်သည်။ လူအချို့သည် ၎င်းတို့ အသက်ရှင်စဉ်တွင် လွန်စွာ လျင်မြန်ထက်မြက်၏။ ၎င်းတို့သည် မကြာခဏ ခိုက်ရန်ဖြစ်ပွားလေ့ရှိကာ မကောင်းမှုများစွာ လုပ်ကြ၏။ ဤအရာကြောင့်၊ ၎င်းတို့သည် ဒုက္ခိတ၊ ခြေကျိုးနေသူအဖြစ် သို့မဟုတ် လက်တစ်ဘက်မရှိဘဲလျက် ပြန်မွေးဖွားနိုင်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ကျောဘုနှင့်လူများ သို့မဟုတ် လည်ပင်းရွဲ့သူများအဖြစ် ပြန်မွေးဖွားနိုင်သည် သို့မဟုတ် ခြေထော့ကျိုးဖြင့် လမ်းလျှောက်နိုင်၏၊ ခြေတစ်ဘက်မှာ အခြားတစ်ဘက်ထက် သာ၍တိုခြင်း စသည်တို့ဖြစ်နိုင်၏။ ဤအရာတို့တွင် ၎င်းတို့သည် အသက်ရှင်စဉ် ၎င်းတို့ကျူးလွန်ခဲ့သည့် မကောင်းမှုအဆင့်များအပေါ် အခြေခံ၍ အမျိုးမျိုးသော အပြစ်ဒဏ်များ ခံကြရပြီး ဖြစ်သည်။ လူအချို့သည် အဘယ်ကြောင့် မျက်လုံးများစွေကြသည်ဟု သင်တို့ ထင်သနည်း။ ထိုသို့သောလူများစွာ ရှိသလော။ ဤခေတ်တွင် မနည်းပေ။ အချို့သောလူများသည် ၎င်းတို့၏အတိတ်ဘဝများတွင် ၎င်းတို့၏ မျက်လုံးများကို လွန်စွာအသုံးပြုခဲ့ပြီး မကောင်းသည့် အရာများစွာ လုပ်ဆောင်ခဲ့သောကြောင့် မျက်လုံးစွေရခြင်းဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် စွေသော မျက်လုံးများဖြင့် ဤဘဝတွင် မွေးဖွားခဲ့ကြခြင်းဖြစ်ပြီး၊ ဆိုးရွားသော ကိစ္စများတွင်၊ ၎င်းတို့သည် မျက်စိကန်းလျက်ပင် မွေးဖွားကြရ၏။ ဤသည်မှာ ဒဏ်ခတ်ခံရခြင်းဖြစ်၏။ လူအချို့သည် ၎င်းတို့မသေဆုံးမီ အခြားသူများနှင့် အဆင်ပြေကြသည်။ ၎င်းတို့၏ ဆွေမျိုးများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်သောလူများအတွက် ကောင်းသောအရာများစွာ ၎င်းတို့ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မရှိဆင်းရဲသားများအား ပေးကမ်းစွန့်ကြဲပြီး၊ အခြားသူများကို စောင့်ရှောက်ကြသည်၊ သို့မဟုတ် ငွေကြေးအရ ကူညီကြပြီး၊ လူတို့က ၎င်းတို့အား လွန်စွာ အထင်ကြီးကြလေသည်။ ထိုသို့သောလူများသည် ဝိညာဉ်လောကသို့ ပြန်သွားသည့်အခါ၊ အပြစ်ပေးခြင်း မခံရပေ။ မယုံကြည်သူ တစ်ဦးအတွက် မည်သည့်နည်းဖြင့်မဆို အပြစ်ပေးမခံရခြင်းမှာ ၎င်းတို့သည် အလွန်ကောင်းမြတ်သော လူတစ်ဦး ဖြစ်ခဲ့သည်ဟု ဆိုလို၏။ ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်မည့်အစား ၎င်းတို့သည် ကောင်းကင်ရှိ အဖိုးအိုကိုသာ ယုံကြည်ကြ၏။ ထိုသို့သော လူတစ်ဦးသည် ၎င်းတို့လုပ်ဆောင်သမျှတိုင်းကို စောင့်ကြည့်လျက် ၎င်းတို့၏အထက်တွင် ဝိညာဉ်တစ်ပါးရှိသည်ဟု ယုံကြည်၏- ယင်းမှာ ဤလူ ယုံကြည်သမျှ ဖြစ်သည်။ ရလဒ်မှာ ဤလူသည် များစွာ သာ၍ လိမ္မာခြင်းဖြစ်၏။ ထိုသို့သော လူများသည် ကြင်နာသောစိတ်နှလုံးရှိပြီး စေတနာရှိကြသကဲ့သို့၊ နောက်ဆုံးတွင် ဝိညာဉ်လောကသို့ ၎င်းတို့ ပြန်သွားသည့်အခါ၊ ဝိညာဉ်လောကသည် ၎င်းတို့အား အလွန်ကောင်းမွန်စွာ ဆက်ဆံလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ မကြာမီ ပြန်ဝင်စားကြလိမ့်မည်။ ၎င်းတို့ ပြန်လည်မွေးဖွားကြသောအခါ၊ မည်သည့် မိသားစုမျိုးများတွင် ၎င်းတို့ ရောက်ရှိကြလိမ့်မည်နည်း။ ထိုသို့သော မိသားစုများသည် ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း၊ ၎င်းတို့၏ မိသားစုဝင်များ အလယ်တွင် စိတ်သဘောထား ညီညွတ်ခြင်းရှိလျက်၊ မည်သည့် အန္တရာယ်မဆိုမှ ကင်းလွတ်လိမ့်မည်။ ထိုနေရာတွင် ဤပြန်ဝင်စားသော လူများသည် ဘေးကင်း၊ ပျော်ရွှင်ဖွယ်ရာ နေ့ရက်များကို ဖြတ်သန်းကြလိမ့်မည်ဖြစ်ပြီး၊ အယောက်တိုင်းသည် ဝမ်းမြောက်ကာ ကောင်းမွန်သော ဘဝများကို အသက်ရှင်ကြလိမ့်မည်။ ဤလူများ အရွယ်ရောက်သောအခါတွင်၊ ကြီးမားသည့်၊ ဆွေကြီးမျိုးကြီးမိသားစုများ ရှိကြလိမ့်မည်၊ ၎င်းတို့၏ သားသမီးများသည် ပါရမီ ရှိကြလိမ့်မည်ဖြစ်ပြီး၊ အောင်မြင်မှုကို ပျော်မွေ့ကြရလိမ့်မည်ဖြစ်ကာ၊ ၎င်းတို့၏မိသားစုများသည် ကောင်းမွန်သော အခွင့်အလမ်းကို မွေ့လျော်ခံစားရလိမ့်မည်- ထိုသို့သောရလဒ်တစ်ခုသည် ဤလူတို့၏ အတိတ် ဘဝများနှင့် ကြီးမားစွာ ဆက်စပ်ပေသည်။ ဆိုလိုသည်မှာ လူတို့ သေဆုံးပြီးနောက် ၎င်းတို့ သွားကြပြီး ပြန်ဝင်စားကြသည့်နေရာ၊ ၎င်းတို့ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ၊ ၎င်း၏ဘဝပေးတာဝန်များက မည်သည့်အရာများဖြစ်သည်၊ ဘဝတွင် မည်သည့်အရာကို ၎င်းတို့ ဖြတ်သန်းရမည်၊ မည်သည့် ဆုတ်ဆိုင်းမှုများကို ၎င်းတို့ ကြံ့ကြံ့ခံရမည်၊ မည်သည့် ကောင်းချီးမင်္ဂလာများကို ၎င်းတို့ မွေ့လျော်ခံစားရမည်၊ မည်သူတို့ကို ၎င်းတို့ ဆုံတွေ့ပြီး ၎င်းတို့ထံ မည်သည့်အရာများဖြစ်ပျက်လိမ့်မည်- ဤအရာကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်၊ မရှောင်ရှားနိုင်ပေ၊ သို့မဟုတ် ယင်းတို့မှ ပုန်းကွယ်၍မရနိုင်ပေ။ ဆိုလိုသည်မှာ သင့်ဘဝ သတ်မှတ်ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ- ယင်းကို ရှောင်ရှားဖို့ သင် မည်သို့မည်ပုံနှင့် မည်သည့် နည်းလမ်းဖြင့်မဆို ကြိုးစားပါစေ- ဝိညာဉ်လောက၌ ဘုရားသခင်က သင့်အတွက် စီစဉ်ထားသည့် ဘဝလမ်းကြောင်းကို သင် ချိုးဖောက်၍ မရနိုင်ပေ။ အကြောင်းမှာ သင်သည် ပြန်ဝင်စားသည့်အခါ၊ သင့်ဘဝ၏ကံကြမ္မာကို သတ်မှတ်ထားနှင့်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အယောက်တိုင်းသည် ဤအရာကို ရင်ဆိုင်သင့်ပြီး ရှေ့ဆက် သွားသင့်သည်။ ဤသည်မှာ ဤလောကတွင် အသက်ရှင်သောသူ မည်သူမျှ မရှောင်ရှားနိုင်သည့် ကိစ္စတစ်ရပ်ဖြစ်ပြီး၊ မည်သည့်ကိစ္စမျှ သာ၍ မစစ်မှန်ပေ။ သင်တို့အားလုံးသည် ငါ ပြောနေခဲ့သည့် အရာရာတိုင်းကို နားလည်ပြီးဖြစ်သည်၊ ဟုတ်ပါသလော။

ဤအရာများကို နားလည်ပြီးနောက်၊ ဘုရားသခင်သည် မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအတွက် အလွန် အမှားမခံသကဲ့သို့၊ တင်းကျပ်သော စစ်ဆေးမှုများနှင့် စီမံအုပ်ချုပ်မှု ရှိသည်ကို သင်တို့ ယခု မြင်ကြပြီလော။ ပထမအနေဖြင့်၊ သူသည် ဝိညာဉ်လောကတွင် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများ၊ အမိန့်များနှင့် စနစ်များ အမျိုးမျိုးကို ထူထောင်ပြီးဖြစ်ကာ၊ ဤအရာများကို ကြောငြာပြီးသည်နှင့် တစ်ပြိုင်နက်၊ ယင်းတို့ကို ဘုရားသခင် သတ်မှတ်ထားသည့်အတိုင်း ဝိညာဉ်လောကရှိ တရားဝင် ရာထူးအမျိုးမျိုးတွင် ရှိသော သတ္တဝါများက အလွန်တင်းကျပ်စွာ ဆောင်ရွက်ကြပြီး၊ ယင်းတို့ကို မည်သူကမျှ မချိုးဖောက်ဝံ့ကြပေ။ ထို့ကြောင့် လူ့လောကရှိ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာ၌၊ တစ်စုံတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားသည်ဖြစ်စေ၊ လူသားတစ်ဦးအဖြစ် ဝင်စားသည်ဖြစ်စေ၊ နှစ်ခုလုံးအတွက် ဥပဒေများရှိ၏။ ဤဥပဒေများသည် ဘုရားသခင်ထံမှ လာသောကြောင့်၊ မည်သူမျှ မချိုးဖောက်ဝံ့ကြသကဲ့သို့ မည်သူမျှ ချိုးဖောက်နိုင်ခြင်းလည်း မရှိပေ။ လူတို့ မြင်ရသည့် ရုပ်ဝတ္ထုလောကသည် ပုံမှန်ဖြစ်ကာ စနစ်တကျ ရှိသည်မှာ ဘုရားသခင်၏ ဤအချုပ်အခြာ အာဏာကြောင့်နှင့် ထိုသို့သော ဥပဒေများ တည်ရှိသောကြောင့်သာ ဖြစ်သည်။ လူသားများသည် ၎င်းတို့အဖို့ လုံးဝ မြင်၍မရနိုင်သည့် အခြားလောကနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ တည်ရှိနိုင်ပြီး ယင်းနှင့်အတူ သဟဇာတဖြစ်စွာ အသက်ရှင်နိုင်သည်မှာ ဘုရားသခင်၏ ဤအချုပ်အခြာ အာဏာကြောင့်သာ ဖြစ်သည်- ထိုအရာအားလုံးကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲခြား၍မရနိုင်ပေ။ လူတစ်ဦး၏ သွေးသားဘဝ သေဆုံးပြီးနောက်၊ ဝိညာဉ်သည် အသက်ရှိဆဲဖြစ်ပြီး၊ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုအောက်တွင် မရှိပါက၊ မည်သည့်အရာ ဖြစ်မည်နည်း။ ထိုဝိညာဉ်သည် နေရာတိုင်းကို ကျူးကျော် ဝင်ရောက်ရင်း၊ နေရာအနှံ့ သွားလာမည်ဖြစ်ကာ၊ လူ့လောကရှိ သက်ရှိအရာများကိုပင် အန္တရာယ်ပေးလိမ့်မည်။ ထိုသို့သော အန္တရာယ်သည် လူသားမျိုးနွယ်အပေါ်တွင်သာမက၊ အပင်များနှင့် တိရစ္ဆာန်များအပေါ်လည်း အန္တရာယ်ပြုနိုင်ပေမည်- သို့သော် ပထမဆုံး အန္တရာယ်ပြုခံရမည်မှာ လူတို့ ဖြစ်ပေမည်။ ဤသည်သာ ဖြစ်ခဲ့ပါက- ထိုသို့သော ဝိညာဉ်တစ်ခုသည် စီမံအုပ်ချုပ်မှု မရှိဘဲ၊ လူတို့ကို အစစ်အမှန် အန္တရာယ်ပြုကာ ဆိုးညစ်သည့် အရာများကို အမှန်တကယ် လုပ်ဆောင်ခဲ့ပါက- ဝိညာဉ်လောကတွင်လည်း ဤဝိညာဉ်သည် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ခြင်းခံရလိမ့်မည်။ အမှုအရာများသည် ဆိုးရွားခဲ့ပါက၊ ထိုဝိညာဉ်သည် မကြာခင် တည်ရှိတော့မည် မဟုတ်သကဲ့သို့၊ ဖျက်ဆီးခြင်းခံရပေမည်။ ဖြစ်နိုင်ပါက၊ ယင်းကို တစ်နေရာရာတွင် ထားရှိမည်ဖြစ်ပြီး၊ ထို့နောက် ပြန်ဝင်စားစေလိမ့်မည်။ ဆိုလိုသည်မှာ ဝိညာဉ်အမျိုးမျိုးနှင့်ဆိုင်သည့် ဝိညာဉ်လောက၏ စီမံအုပ်ချုပ်မှုကို အဆင့်များနှင့် စည်းမျဉ်းများနှင့်အညီ ညွှန်ကြားကာ ဆောင်ရွက်ပေသည်။ လူသား၏ ရုပ်ဝတ္ထုလောကသည် ပရမ်းပတာ ဖြစ်ခြင်းထဲသို့ မကျရောက်သည်မှာ၊ ရုပ်ဝတ္ထုလောက၏ လူသားများသည် ပုံမှန်စိတ်နေစိတ်ထား၊ ပုံမှန် ဆင်ခြင်တုံတရားနှင့် စနစ်တကျရှိသော သွေးသားဘဝကို ပိုင်ဆိုင်သည်မှာ ထိုသို့သော စီမံအုပ်ချုပ်မှုကြောင့်သာ ဖြစ်သည်။ လူသားမျိုးနွယ်သည် ထိုသို့သော သာမန်ဘဝတစ်ခု ရှိသည့်နောက်တွင်သာ ဇာတိပကတိ၌ အသက်ရှင်သူတို့သည် ဆက်လက် ရှင်သန်နိုင်လိမ့်မည်ဖြစ်ပြီး၊ မျိုးဆက်များတစ်လျှောက် မျိုးပွားနိုင်လိမ့်မည် ဖြစ်သည်။

ခုတင်ကြားရပြီးဖြစ်သည့် နှုတ်ကပတ်တော်များနှင့်သက်ဆိုင်၍ မည်သည့်အရာကို သင် တွေးထင်သနည်း။ ယင်းတို့သည် သင့်အဖို့ အသစ်အဆန်း ဖြစ်သလော။ ယနေ့၏ မိတ်သဟာယ အကြောင်းအရာများက သင်တို့အား မည်သည့် ထင်မြင်ချက်များ ရှိသွားစေသနည်း။ ယင်းတို့၏ ထူးခြားဆန်းသစ်မှုမှလွဲ၍ အခြားတစ်ခုတစ်လေကို သင် ခံစားရသလော။ (လူတို့သည် လိမ္မာသင့်ကြပြီး၊ ဘုရားသခင်သည် ကြီးမြတ်ကာ ရိုသေလေးမြတ် ခံရသင့်သည်ကို ကျွန်ုပ်တို့ မြင်ရသည်။) (လူအမျိုးအစား အမျိုးမျိုး၏ အဆုံးသတ်များကို ဘုရားသခင် ကိုင်တွယ်ပုံနှင့်ပတ်သက်သည့် ဘုရားသခင်၏ ဆွေးနွေးမှုကို ယခုတင် ကြားပြီးနောက်၊ တစ်ဖက်တွင် ဘုရားသခင်၏စိတ်သဘောထားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ ခွင့်မပြုသကဲ့သို့၊ သူ့ကို ကျွန်ုပ် ရိုသေလေးမြတ်သင့်သည်ကို ကျွန်ုပ်ခံစားရ၏။ အခြားတစ်ဖက်တွင် မည်သည့်လူစားမျိုးကို ဘုရားသခင် နှစ်သက်ပြီး မည်သည့် လူစားမျိုးကို သူမနှစ်သက်သည်ကို ကျွန်ုပ်သိ၏၊ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားသခင် နှစ်သက်သည့်သူများထဲမှ တစ်ဦး ဖြစ်လိုပါ၏။) ဤနယ်ပယ်တွင် ဘုရားသခင်သည် သူ၏ လုပ်ရပ်များ၌ မူအရ လုပ်ဆောင်သည်ကို သင်တို့ မြင်သလော။ သူ ဆောင်ရွက်သည့် အခြေခံသဘောတရားများမှာ အဘယ်နည်း။ (သူသည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့ လုပ်ဆောင်သည့် အရာအားလုံးအရ သတ်မှတ်ပါသည်။) ဤသည်မှာ ငါတို့ ခုတင်ပြောခဲ့သည့် မယုံကြည်သူများ၏ အဆုံးသတ် အမျိုးမျိုးအကြောင်း ဖြစ်၏။ မယုံကြည်သူများနှင့် ပတ်သက်သည့်အခါ၊ ဘုရားသခင်၏ လုပ်ရပ်များ နောက်ကွယ်ရှိ အခြေခံသဘောတရားသည် ကောင်းသူများကို ဆုချခြင်းနှင့် ဆိုးညစ်သူများကို အပြစ်ပေးခြင်း တစ်ခုလော။ ခြွင်းချက်များ တစ်ခုတစ်လေ ရှိသလော။ (မရှိပါ။) ဘုရားသခင်၏လုပ်ရပ်များ နောက်ကွယ်တွင် အခြေခံသဘောတရား တစ်ရပ်ရှိသည်ကို သင်တို့မြင်သလော။ မယုံကြည်သူများသည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြသကဲ့သို့၊ ၎င်းတို့သည် သူ၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မရှိပေ။ ထို့အပြင် ၎င်းတို့သည် သူ့ကို အသိအမှတ်ပြုရန် မဆိုထားနှင့်၊ သူ၏ အချုပ်အခြာအာဏာကိုပင် မသိပေ။ ပို၍ ဆိုးရွားသည်မှာ၊ ၎င်းတို့သည် ဘုရားသခင်ကို မထီမဲ့မြင်ပြုကာ သူ့ကို ကျိန်ဆဲကြပြီး၊ ဘုရားသခင်ကို ယုံကြည်သူများ အပေါ် ရန်လိုကြ၏။ ဘုရားသခင်အပေါ် ၎င်းတို့၏ ဤသဘောထား ရှိသော်လည်း၊ ၎င်းတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုမှာ သူ၏အခြေခံသဘောတရားများမှ သွေဖည်ခြင်း မရှိဆဲဖြစ်၏။ သူသည် ၎င်းတို့အား သူ၏ အခြေခံသဘောတရားများနှင့် သူ၏စိတ်သဘောထားနှင့်အညီ စနစ်တကျပုံစံဖြင့် စီမံအုပ်ချုပ်၏။ ဘုရားသခင်သည် ၎င်းတို့၏ ရန်လိုမှုကို မည်သို့ သဘောထားသနည်း။ မသိနားမလည်မှုအဖြစ် သဘောထားပေသည်။ အကျိုးဆက်အနေဖြင့် သူသည်- အလွန်များလှသော မယုံကြည်သူများ အများစုဖြစ်သည့်- ဤလူတို့ကို အတိတ်တွင် တိရစ္ဆာန်များအဖြစ် ပြန်ဝင်စားစေပြီး ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင်၊ မယုံကြည်သူများသည် အတိအကျ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့အားလုံးသည် သားရဲများ ဖြစ်ကြ၏။ ဘုရားသခင်သည် သားရဲများအပြင် လူသားမျိုးနွယ်ကို စီမံအုပ်ချုပ်ပြီး၊ သူသည် ထိုသို့သော လူတို့အတွက် တူညီသော အခြေခံသဘောတရားများ ရှိ၏။ ဤလူများနှင့်သက်ဆိုင်သည့် သူ၏ စီမံအုပ်ချုပ်မှုတွင်ပင်၊ အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှုနောက်ကွယ်က သူ၏ ဥပဒေများကဲ့သို့ သူ၏စိတ်သဘောထားကို မြင်၍ရနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် ငါခုတင် ဖော်ပြခဲ့သည့် မယုံကြည်သူများကို သူ စီမံအုပ်ချုပ်သည့် အခြေခံသဘောတရားများတွင် သင်တို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တွေ့မြင်ကြသလော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့ မြင်သလော။ (ကျွန်ုပ်တို့ မြင်ပါသည်။) တစ်နည်းအားဖြင့် အရာအားလုံးထဲမှ မည်သည့်အရာကို သူ ကိုင်တွယ်ဖြေရှင်းသည် ဖြစ်စေ၊ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် အခြေခံ သဘောတရားများ နှင့် စိတ်သဘောထားနှင့်အညီ ဆောင်ရွက်လေသည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရဖြစ်၏။ သူသည် ထိုသို့သော လူများကို သားရဲများအဖြစ် ယူဆသောကြောင့်သာ၊ သူ ချမှတ်ထားပြီးဖြစ်သည့် အမိန့်များ သို့မဟုတ် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများကို မည်သည့်အခါတွင်မျှ သာမန်ကာလျှံကာ ချိုးဖောက်မည် မဟုတ်ပေ။ ဘုရားသခင်သည် စိုးစဉ်းမျှ မဆင်မခြင်မပြုဘဲ၊ အခြေခံ သဘောတရားများနှင့်အညီ ဆောင်ရွက်ပြီး၊ သူ၏ လုပ်ရပ်များသည် မည်သည့် အကြောင်းရင်းမျှ၏ သက်ရောက်မှု လုံးဝ မခံရပေ။ သူ လုပ်ဆောင်သည့်အရာတိုင်းသည် သူ၏ကိုယ်ပိုင် အခြေခံသဘောတရားများကို လိုက်နာ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ဘုရားသခင်ကိုယ်တိုင်၏ အနှစ်သာရကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ မည်သည့် အဖန်ဆင်းခံသတ္တဝါကမျှ မပိုင်ဆိုင်သော သူ၏ အနှစ်သာရ၏ လက္ခဏာသွင်ပြင် တစ်ရပ်ဖြစ်သည်။ ဘုရားသခင်သည် သူဖန်ဆင်းခဲ့သည့်အရာ အားလုံးထဲက အရာဝတ္ထုတိုင်း၊ လူတိုင်းနှင့် သက်ရှိတိုင်းကို ကိုင်တွယ်ရာတွင်၊ ချဉ်းကပ်ရာတွင်၊ စီမံခန့်ခွဲရာတွင်၊ စီမံအုပ်ချုပ်ပြီး အုပ်စိုးရာတို့တွင် တာဝန်ကျေပွန်ကာ တာဝန်သိပြီး ဤတွင် သူသည် မည်သည့်အခါကမျှ သတိမမူခြင်း မရှိဖူးပေ။ ကောင်းသော သူများအဖို့၊ သူသည် ယဉ်ကျေးသိမ်မွေ့ပြီး ကြင်နာ၏။ ဆိုးညစ်သောသူများအပေါ်၊ သူသည် အကြင်နာကင်းသော အပြစ်ဒဏ်သင့်စေပြီး၊ သက်ရှိသတ္တဝါ အမျိုးမျိုးအတွက် သူသည် ကွဲပြားသောအချိန်များတွင် လူ့လောက၏ ခြားနားသော သတ်မှတ်ချက်များအတိုင်း အချိန်ကိုက်ပြီး ပုံမှန်ဖြစ်သော နည်းဟန်တစ်ခုဖြင့် သင့်တော်သော အစီအစဉ်များ သူ ပြုလုပ်သည်မှာ၊ ဤသက်ရှိသတ္တဝါ အမျိုးမျိုးသည် စနစ်ကျသော ပုံစံဖြင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍများအတိုင်း ပြန်ဝင်စားကြပြီး၊ ရုပ်ဝတ္ထုလောကနှင့် ဝိညာဉ်လောကအကြားတွင် စနစ်ကျသော နည်းလမ်းတစ်ခုဖြင့် ရွေ့လျားကြလေသည်။

သက်ရှိသတ္တဝါတစ်ခု၏ သေဆုံးခြင်းသည်- ရုပ်ခန္ဓာအသက် အဆုံးသတ်ခြင်းသည်- ထိုသက်ရှိသတ္တဝါသည် ရုပ်ဝတ္ထုလောကမှ ဝိညာဉ်လောကထဲသို့ ကူးပြောင်းပြီးဖြစ်သည်ကို ညွှန်ပြသည်၊ အသစ်သော ရုပ်ခန္ဓာအသက်၏ မွေးဖွားခြင်းမှာမူ သက်ရှိသတ္တဝါ တစ်ခုသည် ဝိညာဉ်လောကမှ ရုပ်ဝတ္ထုလောကသို့ ရောက်လာပြီးဖြစ်ကာ ၎င်း၏အခန်းကဏ္ဍကို စတင်တာဝန်ယူကာ ဆောင်ရွက်သည်ကို ညွှန်ပြပေသည်။ ယင်းသည် သတ္တဝါတစ်ခု၏ ထွက်ခွာခြင်းဖြစ်စေ ရောက်ရှိခြင်းဖြစ်စေ၊ နှစ်ခုလုံးသည် ဝိညာဉ်လောက၏အလုပ်မှ ခွဲခြား၍မရပေ။ တစ်စုံတစ်ဦးသည် ရုပ်ဝတ္ထုလောကထဲသို့ ရောက်လာသည့်အချိန်တွင်၊ မည်သည့် မိသားစုသို့ ထိုလူ သွားမည်၊ ၎င်းတို့ဆိုက်ရောက်မည့် ခေတ်၊ ၎င်းတို့ဆိုက်ရောက်မည့်အချိန်နှင့် ၎င်းတို့ဆောင်ရွက်မည့် အခန်းကဏ္ဍအဖို့၊ ဝိညာဉ်လောကတွင် ဘုရားသခင်က သင့်တော်သည့် အစီအမံများနှင့် ချမှတ်ချက်များ ဖော်ဆောင်ထား နှင့်ပြီး ဖြစ်သည်။ ထို့သို့ဖြင့် ဤလူ၏အသက်တာတစ်ခုလုံး- ၎င်းတို့ လုပ်ဆောင်သည့်အရာများနှင့် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများသည်- သွေဖည်မှု စိုးစဉ်းမျှမရှိဘဲ ဝိညာဉ်လောကတွင် ပြဌန်းထားသည့် အစီအစဉ်များအတိုင်း ရှေ့ဆက်လိမ့်မည်။ ထို့အပြင် ရုပ်ခန္ဓာအသက် အဆုံးသတ်သည့်အချိန်နှင့် ယင်းအဆုံးသတ်သည့် ပုံစံနှင့် နေရာတို့သည် ဝိညာဉ်လောကအဖို့ ရှင်းလင်းသိသာကာ ထိုးထွင်းသိမြင်နိုင်ပေသည်။ ဘုရားသခင်သည် ရုပ်ဝတ္ထုလောကကို အုပ်စိုးပြီး၊ ဝိညာဉ်လောကကိုလည်း အုပ်စိုးကာ၊ သူသည် ဝိညာဉ်တစ်ပါး၏ ပုံမှန် ရှင်ခြင်းနှင့်သေခြင်း သံသရာကို နှောင့်နှေးစေမည် မဟုတ်သကဲ့သို့၊ ထိုသံသရာနှင့်ဆိုင်သည့် အစီအစဉ်များတွင် မည်သည့် အမှားများမျှ ကျူးလွန်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်လောက၏ တရားဝင်ရာထူးများ၌ ရှိသည့် အစောင့်အသီးသီးသည် ဘုရားသခင်၏ ညွှန်ကြားချက်များ၊ စည်းမျဉ်းများနှင့်အညီ ၎င်းတို့၏ တာဝန်တစ်ခုချင်းစီကို ထမ်းဆောင်ကာ ၎င်းတို့ လုပ်သင့်သော အရာများကို လုပ်ကြပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်၏လောကတွင်၊ လူသားက ရှုမြင်ရသည့် ရုပ်ဝတ္ထု ဖြစ်စဉ်တိုင်းသည် စနစ်တကျရှိပြီး၊ ပရမ်းပတာများ မပါရှိပေ။ ဤအရာအားလုံးမှာ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် စနစ်တကျ အုပ်ချုပ်မှုကြောင့်အပြင်၊ သူ၏ သြဇာအာဏာသည် အရာခပ်သိမ်းအပေါ် အုပ်စိုးသည်ဆိုသည့် အချက်ကြောင့်လည်း ဖြစ်သည်။ သူ၏ အုပ်စိုးမှုတွင် လူသားများ နေထိုင်သည့် ရုပ်ဝတ္ထုလောက ပါဝင်သည့်အပြင်၊ လူသားမျိုးနွယ်၏ နောက်ကွယ်ရှိ မမြင်နိုင်သော ဝိညာဉ်လောကလည်း ပါဝင်၏။ ထို့ကြောင့် လူသားများသည် ကောင်းမွန်သောဘဝ ရှိလိုပြီး ကောင်းမွန်သော ပတ်ဝန်းကျင်များတွင် နေထိုင်ရန် မျှော်လင့်ပါက၊ မြင်၍ရနိုင်သည့် ရုပ်ဝတ္ထု လောကတစ်ခုလုံးဖြင့် ထောက်ပံ့ပေး ခံရခြင်းအပြင်၊ ၎င်းတို့ကို မည်သူမျှ မမြင်နိုင်သည့်၊ လူသားမျိုးနွယ်ကိုယ်စား သက်ရှိသတ္တဝါတိုင်းကို အုပ်ချုပ်ကာ စနစ်တကျရှိသည့် ဝိညာဉ်လောကဖြင့်လည်း ထောက်ပံ့ပေးရမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ ဖြစ်သည်ဟု ပြောပြီးသည့်နောက်၊ ငါတို့သည် “အရာခပ်သိမ်း” အပေါ် ငါတို့၏ အသိရှိခြင်းနှင့် နားလည်သဘောပေါက်ခြင်းတို့ကို တိုးပွားစေကြပြီး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

(ခ) ယုံကြည်ခြင်းရှိသော လူအမျိုးမျိုး၏ ရှင်ခြင်းနှင့်သေခြင်းသံသရာ

မယုံကြည်သူများဟူသော ပထမအတန်းအစားရှိ လူတို့၏ ရှင်ခြင်းနှင့် သေခြင်းသံသရာကို ငါတို့ ခုတင် ဆွေးနွေးခဲ့ကြသည်။ ယခုတွင်၊ ယုံကြည်ခြင်းရှိသည့် လူအမျိုးမျိုးဟူသော ဒုတိယအတန်းအစားကို ဆွေးနွေးကြစို့။ “ယုံကြည်ခြင်းရှိသောလူအမျိုးမျိုး၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ” သည် လွန်စွာအရေးကြီးသည့် အကြောင်းအရာ နောက်တစ်ခု ဖြစ်ကာ၊ ယင်းနှင့်သက်ဆိုင်၍ သင်တို့ နားလည်မှုအချို့ရှိရန် အလွန်လိုအပ်၏။ ပထမဦးစွာ၊ “ယုံကြည်ခြင်းရှိသောလူများ” တွင် ရှိသည့် “ယုံကြည်မှု” သည် မည်သည့်ယုံကြည်မှုများအား ရည်ညွှန်းသည်ကို ငါတို့ ပြောဆိုကြစို့- ယုဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဘရင်ဂျီဘာသာ၊ အစ္စလမ်ဘာသာနှင့် ဗုဒ္ဓဘာသာ တည်းဟူသော အဓိက ဘာသာငါးမျိုးကို ဖြစ်သည်။ မယုံကြည်သူများအပြင် ဤအဓိကဘာသာ ငါးမျိုးကို ယုံကြည်သောသူများသည် ကမ္ဘာ့လူဦးရေ၏ ကြီးမားသော အချိုးအစားတစ်ခုကို နေရာယူထားသည်။ ဤဘာသာ ငါးမျိုးအကြားတွင်၊ ၎င်းတို့၏ယုံကြည်ခြင်းမှ အသက်မွေးဝမ်းကျောင်းမှုတစ်ခု ပြုထားသောသူ အနည်းငယ်ရှိ၏၊ သို့သော် ဤဘာသာများသည် နောက်လိုက်များစွာ ရှိကြလေသည်။ ၎င်းတို့ သေဆုံးသောအခါ ကွဲပြားသည့်အရပ်တစ်ခုသို့ သွားကြလိမ့်မည်။ မည်သူနှင့် “ကွဲပြားသနည်း”။ ငါတို့ခုတင်ဆွေးနွေးနေကြသည့် မယုံကြည်သူများနှင့်- ယုံကြည်ခြင်းမရှိသူများနှင့်- ဖြစ်၏။ ၎င်းတို့သေဆုံးပြီးနောက်၊ ဤဘာသာငါးမျိုး၏ ယုံကြည်သူများသည် အခြားနေရာတစ်ခု၊ မယုံကြည်သူများမှ ကွဲပြားသည့် တစ်နေရာရာသို့ သွားကြ၏။ သို့သော် ယင်းမှာ ဖြစ်စဉ်တစ်ခုတည်း ဖြစ်နေဆဲ‌ဖြစ်သည်။ ဝိညာဉ်လောကသည် ထိုနည်းတူ ၎င်းတို့မသေဆုံးမီ လုပ်ဆောင်ခဲ့သည့်အရာအားလုံးအပေါ် အခြေပြု၍ ၎င်းတို့ကို တရားစီရင်လိမ့်မည် ဖြစ်သည်၊ ထို့နောက်တွင် ၎င်းတို့သည် လျော်ညီစွာ ကိုင်တွယ်ဖြေရှင်းခံရကြလိမ့်မည်။ သို့ရာတွင် ဤလူများသည် အရေးယူခံရရန် ကွဲပြားသော နေရာတစ်ခုသို့ အဘယ်ကြောင့် အပို့ခံရပါသနည်း။ ဤအရာအတွက် အရေးကြီးသည့် အကြောင်းရင်းတစ်ရပ် ရှိ၏။ ယင်းမှာ အဘယ်နည်း။ ယင်းကို သင်တို့အား ဥပမာတစ်ခုဖြင့် ငါရှင်းပြမည်။ သို့ရာတွင် ငါမရှင်းပြမီတွင်၊ သင်တို့သည် “၎င်းတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း အနည်းငယ်သာရှိသောကြောင့် ဖြစ်နိုင်သည်။ ၎င်းတို့သည် အပြည့်အဝ မယုံကြည်သူများ မဟုတ်” ဟု မိမိဘာသာ စဉ်းစားကောင်း စဉ်းစားကြလိမ့်မည်။ သို့သော်၊ ဤသည်မှာ အကြောင်းရင်း မဟုတ်ပေ။ ၎င်းတို့သည် အခြားသူများထံမှ သီးခြားထားခံရသည့် အလွန်အရေးကြီးသော အကြောင်းရင်းတစ်ရပ် ရှိ၏။

ဥပမာအနေနှင့်၊ ဗုဒ္ဓဘာသာကို ကြည့်လော့။ သင်တို့ကို ငါအမှန်တရားတစ်ခု ပြောပြမည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ပထမဦးစွာ ဗုဒ္ဓဘာသာသို့ သက်ဝင်ပြောင်းလဲပြီးသူတစ်ဦးဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့၏ ယုံကြည်ခြင်း မည်သည့်အရာဖြစ်သည်ကို သိသော လူတစ်ဦး ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များသည် ၎င်းတို့၏ဆံပင်ကို ညှပ်ကာ ဘုန်းကြီးများ သို့မဟုတ် သီလရှင်များ ဖြစ်သွားသည့်အခါ၊ ယင်းမှာ ၎င်းတို့သည် လူ့လောက၏ ပွက်ပွက်ညံသံများကို ကျောခိုင်းစွန့်ခွာရင်း၊ မိမိတို့ကိုယ်ကိုယ် လောကီ ကမ္ဘာမှ ခွဲထွက်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ နေ့စဉ်၊ ၎င်းတို့သည် သုတ်များကို ရွတ်ဖတ်ပြီး ဗုဒ္ဓ၏နာမတို့ကို သံပြိုင်ရွတ်ဆိုကြသည်၊ သက်သတ်လွတ် အစာကိုသာ စားကြသည်၊ တပသီဘဝများကို နေထိုင်အသက်ရှင်ကြပြီး ၎င်းတို့၏နေ့ရက်များကို ဆီမီးခွက်၏ အေးစက်၊ မှေးမှိန်သော အလင်းရောင်ကိုသာ အဖော်ပြုလျက် ဖြတ်သန်းကြ၏။ ၎င်းတို့သည် ၎င်းတို့၏ဘဝတစ်ခုလုံးကို ဤကဲ့သို့ ကုန်ဆုံးကြသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦး၏ခန္ဓာအသက် ကုန်ဆုံးသောအခါ၊ ၎င်းတို့သည် ၎င်းတို့၏ဘဝ အကျဉ်းချုပ်တစ်ရပ် ပြုလုပ်၏။ သို့သော် ၎င်းတို့၏စိတ်နှလုံးများတွင် ၎င်းတို့ သေဆုံးပြီးနောက် မည်သည့်နေရာသို့ သွားမည်၊ မည်သူနှင့်တွေ့မည်၊ သို့မဟုတ် ၎င်းတို့၏ အဆုံးသတ် မည်သည့်အရာဖြစ်မည်ကို သိကြမည် မဟုတ်ပေ- စိတ်ထဲတွင်၊ ၎င်းတို့သည် ထိုသို့သော အရာများနှင့်သက်ဆိုင်၍ ရှင်းရှင်းလင်းလင်း သိကြမည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ယုံကြည်မှုတစ်ရပ်ကို ကျိုးကြောင်းမမြင်ဘဲ၊ ထိန်းသိမ်းထားခြင်းထက် ပို၍ မည်သည့်အရာမျှ လုပ်ဆောင်ပြီးကြလိမ့်မည် မဟုတ်၊ ယင်းနောက်တွင် ၎င်းတို့သည် ၎င်းတို့၏ ကျိုးကြောင်းမမြင်သော ဆန္ဒများ၊ စံများနှင့်အတူ လူ့လောကမှ ထွက်ခွာကြ၏။ ယင်းမှာ ၎င်းတို့ သက်ရှိလောကမှ ထွက်ခွာသည့်အခါ၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ရုပ်ခန္ဓာဘဝ အဆုံးသတ်ခြင်းဖြစ်သည်။ ထို့နောက်တွင်၊ ၎င်းတို့သည် ဝိညာဉ်လောကရှိ ၎င်းတို့၏မူလနေရာသို့ ပြန်သွားကြသည်။ ဤလူသည် ကမ္ဘာမြေသို့ပြန်သွားရန် ပြန်ဝင်စားပြီး၊ ၎င်းတို့၏ မိမိတို့ကိုယ်ကိုယ် ပျိုးထောင်ခြင်းကို ဆက်လက်လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်မှာ ၎င်းတို့ မသေမီ ၎င်းတို့၏ အပြုအမူနှင့် လက်တွေ့လုပ်ဆောင်မှုတို့အပေါ် မူတည်လေသည်။ ၎င်းတို့၏တစ်သက်တာအတွင်း မည်သည့်အမှားမျှ မပြုလုပ်ခဲ့ပါက၊ ၎င်းတို့သည် လျင်မြန်စွာ ပြန်လည်လူဝင်စားကြလိမ့်မည်ဖြစ်ပြီး၊ ဤလူ့အနေဖြင့် ဘုန်းကြီး သို့မဟုတ် သီလရှင်တစ်ပါး နောက်တစ်ကြိမ် ပြန်ဖြစ်မည့် ကမ္ဘာမြေပေါ်သို့ တစ်ဖန် ပြန်ပို့ခံရလိမ့်မည် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ပထမဆုံးအကြိမ် မိမိကိုယ်ကိုယ် ပျိုးထောင်ခြင်းအား ၎င်းတို့ လက်တွေ့လုပ်ဆောင်ခဲ့ပုံနှင့်အညီ ၎င်းတို့သည် ၎င်းတို့၏ ရုပ်ခန္ဓာဘဝအတွင်း မိမိကိုယ်ကိုယ် ပျိုးထောင်ခြင်းကို လက်တွေ့လုပ်ဆောင်ကြပြီး၊ ထို့နောက် ၎င်းတို့၏ ရုပ်ခန္ဓာဘဝ နိဂုံးချုပ်သည့်နောက်တွင် ၎င်းတို့ အဆန်းစစ်ခံကြရမည့်နေရာ ဝိညာဉ်လောကသို့ ပြန်သွားကြလေသည်။ ထို့နောက်တွင်၊ မည်သည့်ပြဿနာမျှ မတွေ့ရှိရပါက၊ ၎င်းတို့သည် လူ့လောကသို့ တစ်ဖန်ပြန်လာနိုင်ကြပြီး ဗုဒ္ဓဘာသာသို့ နောက်တစ်ဖန် ကူးပြောင်းပြီး၊ ထိုသို့ဖြင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုကို ဆက်ကြလေသည်။ သုံးကြိမ်မှ ခုနစ်ကြိမ်ထိ လူပြန်ဝင်စားပြီးနောက်၊ ရုပ်ခန္ဓာဘဝအသီးသီး ကုန်ဆုံးပြီးနောက် ၎င်းတို့ သွားသည့်နေရာဖြစ်သည့် ဝိညာဉ်လောကသို့ နောက်တစ်ဖန် ပြန်သွားကြလိမ့်မည်။ လူ့လောကထဲက ၎င်းတို့၏ အရည်အချင်းနှင့် အပြုအမူအမျိုးမျိုးသည် ဝိညာဉ်လောက၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ကိုက်ညီလျက်ရှိပါက၊ ဤအချိန်မှစ၍ ၎င်းတို့သည် ထိုနေရာတွင် ဆက်လက်တည်ရှိကြမည် ဖြစ်သည်။ ၎င်းတို့သည် လူသားအဖြစ် ပြန်ဝင်စားတော့မည်မဟုတ်သကဲ့သို့၊ ကမ္ဘာမြေပေါ်တွင် မကောင်းမှုပြုခြင်းအတွက် ၎င်းတို့ အပြစ်ပေးခံရမည့် မည်သည့်အန္တရာယ်မျှလည်း ရှိမည်မဟုတ်ပေ။ ၎င်းတို့သည် ဤဖြစ်စဉ်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဖြတ်သန်းရမည်မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့၏အခြေအနေများပေါ်မူတည်၍၊ ၎င်းတို့သည် ဝိညာဉ်နယ်ပယ်တွင် ရာထူးတစ်ခုကို ယူကြလိမ့်မည်။ ဤသည်မှာ “ဗုဒ္ဓအဖြစ်ကို ရရှိခြင်း” ဟု ဗုဒ္ဓဘာသာဝင်များ ရည်ညွှန်းသည့်အရာဖြစ်၏။ ဗုဒ္ဓအဖြစ်ကို ရရှိခြင်းဟူသည်မှာ ဝိညာဉ်လောက၏ အရာရှိတစ်ဦးအဖြစ် အောင်မြင်မှုကို ရရှိခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ပြန်ဝင်စားခြင်း သို့မဟုတ် အပြစ်ဒဏ်ခံရမည့် အန္တရာယ် မရှိတော့ခြင်းကို အဓိကအားဖြင့် ဆိုလိုသည်။ ထို့အပြင်၊ ယင်းက ပြန်ဝင်စားပြီးနောက် လူသားဖြစ်ခြင်း၏ ဒုက္ခများ ခံစားရခြင်း မရှိတော့ဟု ဆိုလိုသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် တိရစ္ဆာန် တစ်ကောင်အဖြစ် ပြန်လည်ဝင်စားမည့် အလားအလာ တစ်စုံတစ်ရာ ရှိသေးသလော။ (မရှိပါ။) ဤအရာက ၎င်းတို့သည် ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ်၌ စတင်ပါဝင်ရန် ဆက်လက်တည်ရှိကြမည် ဖြစ်ပြီး ပြန်လည်ဝင်စားတော့မည် မဟုတ်ဟု ဆိုလိုပေသည်။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓအဖြစ် ပေါက်မြောက်မှုကို ရရှိခြင်းနှင့်သက်ဆိုင်သည့် ဥပမာတစ်ရပ်ဖြစ်သည်။ ပေါက်မြောက်မှုကို မရရှိသူများအတွက်မူ ၎င်းတို့၏ ဝိညာဉ်လောကသို့ ပြန်ရောက်သည့်အခါ၊ ၎င်းတို့သည် အသက်ရှင်စဉ် မိမိကိုယ်ကိုယ် ပျိုးထောင်ခြင်းအား လုံ့လဝီရိယရှိစွာ လက်တွေ့မလုပ်ဆောင်ခဲ့ သို့မဟုတ် ဗုဒ္ဓဘာသာမှ ပြဋ္ဌာန်းထားသည့်အတိုင်း သုတ်များကို ရွတ်ဖတ်ခြင်းနှင့် ဗုဒ္ဓ၏အမည်နာမတို့ကို သံပြိုင်ရွတ်ဆိုခြင်းတွင် တာဝန်မကျေပွန်ခဲ့ကြောင်း၊ ယင်းအစား မကောင်းသည့် လုပ်ရပ်များစွာကို ကျူးလွန်ခဲ့ပြီး ဆိုးယုတ်သော အမူအကျင့်များစွာ၌ ပါဝင်ခဲ့သည်ကို ရှာဖွေတွေ့ရှိသော သက်ဆိုင်ရာ အရာရှိ၏ စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းကို ခံလာရလေသည်။ ထို့နောက် ဝိညာဉ်လောကတွင် ၎င်းတို့၏ မကောင်းမှုပြုခြင်းနှင့်ပတ်သက်၍ တရားစီရင်မှုတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ၎င်းတို့အပြစ်ပေးခံရမည်မှာ သေချာပေ၏။ ဤတွင်၊ ခြွင်းချက်များ မရှိပေ။ ထိုသို့ဖြစ်သဖြင့်၊ ထိုသို့သောလူတစ်ဦးသည် ပေါက်မြောက်မှုကို မည်သည့်အချိန်တွင် ရရှိနိုင်သနည်း။ ၎င်းတို့ မကောင်းမှု ကျူးလွန်ခြင်းမရှိသည့် တစ်သက်တာတွင်- ဝိညာဉ်လောကသို့ ပြန်သွားကြပြီးနောက် ၎င်းတို့မသေဆုံးမီ မည်သည့်အမှားမျှ မလုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ ထို့နောက် ၎င်းတို့သည် သုတ်များကို ဆက်လက်ရွတ်ဖတ်ရင်းနှင့် ဗုဒ္ဓ၏အမည်နာမတို့ကို သံပြိုင်ရွတ်ဆိုရင်း၊ ၎င်းတို့၏နေ့ရက်များကို ဆီမီး၏ အေးစက် မှေးမှိန်သော အလင်းရောင်ဖြင့် ဖြတ်သန်းရင်း၊ မည်သည့်သက်ရှိကိုမျှ သတ်ဖြတ်ခြင်း သို့မဟုတ် အသားတစ်ခုတစ်လေ စားခြင်းကို ရှောင်ကြဉ်ရင်း၊ ဆက်လက် ပြန်ဝင်စားကြလေသည်။ ၎င်းတို့သည် လူ့လောက ဒုက္ခများကို အဝေး၌ ချန်ရင်းနှင့် အခြားသူများနှင့် အငြင်းပွားခြင်းမရှိဘဲလျက်၊ လူ့လောကတွင် ပါဝင်ခြင်းမရှိကြပေ။ ဤဖြစ်စဉ်တွင်၊ ၎င်းတို့သည် မည်သည့်မကောင်းမှုမျှ မကျုးလွန်ကြပါက၊ ဝိညာဉ်လောကသို့ ၎င်းတို့ ပြန်သွားကြပြီး ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူအားလုံး ဆန်းစစ်ခံရပြီးနောက်တွင် ၎င်းတို့သည် သုံးကြိမ်မှ ခုနှစ်ကြိမ်အထိ ဆက်ဖြစ်သည့် သံသရာတစ်ခုဖြင့် လူသားနယ်ပယ်ထဲသို့ နောက်တစ်ဖန် ပြန်ပို့ ခံရကြလေသည်။ ဤအချိန်အတွင်းတွင် လက်မခံနိုင်ဖွယ် အပြုအမူကို မကျူးလွန်ပါက၊ ၎င်းတို့၏ ဗုဒ္ဓအဖြစ်ကို ရရှိခြင်းသည် ထိခိုက်ခြင်းရှိမနေသကဲ့သို့ နှောင့်နှေးလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ယုံကြည်ခြင်းရှိသူအားလုံး၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ၏ အင်္ဂါရပ်တစ်ခုဖြစ်သည်။ ၎င်းတို့သည် “ပေါက်မြောက်မှုကို ရရှိနိုင်” ကြသကဲ့သို့၊ ဝိညာဉ်လောကတွင် ရာထူးတစ်ရပ်ကို ရယူနိုင်ကြလေသည်။ ဤသည်မှာ မယုံကြည်သူများနှင့် ၎င်းတို့ကို ကွဲပြားစေသည့်အရာ ဖြစ်၏။ ပထမဦးစွာ၊ ၎င်းတို့သည် ကမ္ဘာမြေပေါ် အသက်ရှင်ဆဲရှိစဉ်တွင်၊ ဝိညာဉ်လောကတွင် ရာထူးတစ်ရပ် လက်ခံနိုင်သောသူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်ကြသနည်း။ ၎င်းတို့အနေဖြင့် မည်သည့်မကောင်းမှုမျှ လုံးဝမပြုရန် သေချာရမည်။ ၎င်းတို့အနေဖြင့်၊ လူသတ်မှု၊ မီးရှို့မှု၊ မုဒိမ်းမှု သို့မဟုတ် တိုက်ခိုက်လုယက်မှုကို မကျူးလွန်ရ။ လိမ်လည်မှု၊ လှည့်ဖြားမှု၊ ခိုးမှု သို့မဟုတ် လုယက်မှုတို့ကို ၎င်းတို့ ကျူးလွန်ပါက၊ ၎င်းတို့သည် ပေါက်မြောက်မှု မရရှိနိုင်ပေ။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် မကောင်းမှုပြုခြင်းနှင့် ဆက်စပ်မှု သို့မဟုတ် နှီးနွှယ်မှု တစ်ခုတစ်လေရှိပါက၊ ဝိညာဉ်လောကက ၎င်းတို့ကို ပေးသည့် အပြစ်ဒဏ်မှ ၎င်းတို့ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ ဗုဒ္ဓအဖြစ်ကို ရရှိသော ဗုဒ္ဓဘာသာဝင်များအတွက် ဝိညာဉ်လောကသည် သင့်တော်သော အစီအမံများ ပြုလုပ်ပေးသည်- ဗုဒ္ဓဘာသာနှင့် ကောင်းကင်က အဖိုးအိုတို့ကို ယုံကြည်ပုံရသူများကို စီမံအုပ်ချုပ်ရန် ၎င်းတို့ တာဝန်ပေးခံရနိုင်သည်- ၎င်းတို့အနေဖြင့် တရားစီရင်ပိုင်ခွင့်တစ်ခု ခွဲဝေသတ်မှတ်ပေးခံရနိုင်သည်။ ၎င်းတို့အနေဖြင့် မယုံကြည်သူများကိုလည်း ကွပ်ကဲအုပ်ချုပ်ကောင်း အုပ်ချုပ်နိုင်သည် သို့မဟုတ် သိပ်အရေးမပါသော တာဝန်များဖြင့် ရာထူးများ ရှိကောင်းရှိနိုင်ပေသည်။ ထိုသို့သော ခွဲဝေသတ်မှတ်ခြင်းသည် ၎င်းတို့ ဝိညာဉ်များ၏ အမျိုးမျိုးသော သဘာဝများနှင့်အညီ ဖြစ်ပေသည်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ ဥပမာတစ်ရပ်ဖြစ်သည်။

ငါတို့ ပြောဆိုပြီးဖြစ်သည့် ဘာသာငါးခုထဲတွင်၊ ခရစ်ယာန်ဘာသာသည် တော်တော်ထူးခြား၏။ မည်သည့်အရာက ခရစ်ယာန်ဘာသာကို အလွန် ထူးခြားစေသနည်း။ ဤသူတို့သည် စစ်မှန်သောဘုရားသခင်ကို ယုံကြည်ကြသည့် လူများ ဖြစ်၏။ စစ်မှန်သောဘုရားသခင်ကို ယုံကြည်သောသူများသည် ဤနေရာတွင် မည်သို့ စာရင်းသွင်းခံရနိုင်သနည်း။ ခရစ်ယာန်ဘာသာသည် ယုံကြည်ခြင်း တစ်မျိုးဖြစ်သည်ဟု ဆိုရာတွင်၊ ယင်းသည် ယုံကြည်ခြင်းနှင့်သာ အသေအချာ သက်ဆိုင်ပေမည်။ ယင်းသည် အခမ်းအနားတစ်မျိုး၊ ဘာသာတရားတစ်မျိုးနှင့် စစ်မှန်ရိုးသားစွာ ဘုရားသခင်နောက်လိုက်သူများ၏ ယုံကြည်ခြင်းမှ လုံးဝ ကွဲပြားသည့် အရာတစ်ခုမျှ ဖြစ်ပေမည်။ “အဓိကဘာသာ ငါးမျိုး” ထဲတွင် ခရစ်ယာန်ဘာသာကို ငါ စာရင်းသွင်းရသည့် အကြောင်းရင်းမှာ ခရစ်ယာန်ဘာသာသည် ယုဒဘာသာ၊ ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာတို့၏ အဆင့်သို့ လျှော့ချခံရခဲ့သောကြောင့် ဖြစ်၏။ ဤနေရာမှ လူအများစုသည် ဘုရားသခင် တည်ရှိခြင်းကို ယုံကြည်ဖို့မပြောနှင့်၊ ဘုရားသခင်ရှိသည် သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အုပ်စိုးသည်ကို မယုံကြည်ကြချေ။ ယင်းအစား ၎င်းတို့သည် ဓမ္မပညာ ဆွေးနွေးရန် ကျမ်းစာကို အသုံးပြုရုံမျှပြုကြပြီး၊ ကြင်နာရန်၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန်နှင့် ကောင်းသောအရာများကို လုပ်ဆောင်ရန် လူတို့အား သွန်သင်ဖို့ ဓမ္မပညာကို အသုံးပြုကြ၏။ ခရစ်ယာန်ဘာသာသည် ထိုသို့သောဘာသာတရားမျိုး ဖြစ်လာပြီဖြစ်သည်- ယင်းသည် လူသားကို စီမံခြင်းနှင့် ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အမှုနှင့် မည်သည့် ဆက်နွှယ်မှုမျှ လုံးဝ မရှိဘဲလျက်၊ ဓမ္မပညာဆိုင်ရာ သဘောတရားများအပေါ်သာ အာရုံစိုက်လေသည်။ ယင်းသည် ဘုရားသခင်နောက်လိုက်သော်လည်း၊ ဘုရားသခင်၏ အမှန်တကယ် အသိအမှတ်ပြုခြင်းမခံရသည့် လူတို့၏ ဘာသာတရားတစ်ခု ဖြစ်လာလေပြီ။ သို့သော်၊ ဘုရားသခင်သည် ထိုသို့သောလူတို့ကို ချဉ်းကပ်ရာတွင်လည်း အခြေခံသဘောတရားတစ်ခု ရှိ၏။ သူသည် ၎င်းတို့အား မယုံကြည်သူများကို ဆက်ဆံကိုင်တွယ်သကဲ့သို့ သဘောရှိ သာမန်ကာလျှံကာ ဆက်ဆံခြင်း သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်း မပြုပေ။ ၎င်းတို့ကို ဗုဒ္ဓဘာသာဝင်များအား သူဆက်ဆံသည့်နည်းတူ ဆက်ဆံလေသည်။ အသက်ရှင်နေစဉ်တွင် ခရစ်ယာန်တစ်ဦးသည် ကိုယ့်စည်းကမ်းနှင့်ကိုယ်နေခြင်းကို ကျင့်သုံးနိုင်ပါက၊ ပညတ်တော်ဆယ်ပါးကို တင်းကျပ်စွာ လိုက်နာပြီး ပညတ်တရားနှင့် ပညတ်တော်များနှင့်အညီ မိမိတို့ကိုယ်တိုင်၏ အပြုအမူနှင့်သက်ဆိုင်၍ တောင်းဆိုချက်များပြုကာ ယင်းတို့ကို ၎င်းတို့၏အသက်တာတစ်ခုလုံး လိုက်နာနိုင်ပါက၊ ၎င်းတို့အနေဖြင့် “ချီဆောင်ခြင်း” ဟုခေါ်သည့်အရာကို အမှန်တကယ် မရရှိနိုင်မီ ရှင်ခြင်းနှင့်သေခြင်းသံသရာများကို ဖြတ်သန်းရင်း တူညီသောအချိန်ပမာဏကို ကုန်ဆုံးရမည်ဖြစ်သည်။ ဤချီဆောင်ခြင်းကို ရရှိပြီးနောက်တွင်၊ ၎င်းတို့သည် ရာထူးတစ်ရပ် လက်ခံကာ ယင်း၏ အရာရှိများထဲမှ တစ်ဦးဖြစ်လာသည့်နေရာ ဝိညာဉ်လောကထဲတွင် ဆက်လက်တည်ရှိကြလေသည်။ အလားတူပင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် မကောင်းမှုကျူးလွန်ပါက- ၎င်းတို့သည် အလွန်အပြစ်နှင့်ပြည့်ကာ များလှစွာသော အပြစ်များကို ကျူးလွန်ပါက- ၎င်းတို့သည် ခြားနားသော ပြင်းထန်မှုဖြင့် မလွဲဧကန် အပြစ်ပေးခံရပြီး ဆုံးမပဲ့ပြင်ခံရကြမည် ဖြစ်သည်။ ဗုဒ္ဓဘာသာတွင်၊ ပေါက်မြောက်မှုကို ရရှိခြင်းဆိုသည်မှာ အဆုံးစွန် သုခတည်းဟူသော စင်ကြယ်သည့် နယ်မြေသို့ ရှေ့ဆက်ခြင်းဟု ဆိုလိုသော်လည်း၊ ခရစ်ယာန်ဘာသာတွင် ယင်းကို မည်သို့ခေါ်ဝေါ်ကြသနည်း။ ယင်းကို “ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ခြင်း” နှင့် “ချီဆောင်ခံရခြင်း” ဟု ခေါ်၏။ အမှန်တကယ် ချီဆောင်ခံရသူတို့သည်လည်း ရှင်ခြင်းနှင့်သေခြင်း သံသရာကို သုံးကြိမ်မှ ခုနစ်ကြိမ်ထိ ဖြတ်သန်းရပြီး၊ ထို့နောက်တွင် သေဆုံးပြီးနောက်၊ ၎င်းတို့ အိပ်ပျော်သွားသည့်အလား ဝိညာဉ်လောကသို့ ရောက်လာကြ၏။ ၎င်းတို့သည် စံချိန်မီပါက၊ ရာထူးတစ်ခုကို ရယူရန် ထိုနေရာတွင် ဆက်တည်ရှိနိုင်ပြီး၊ ကမ္ဘာမြေပေါ်ရှိ လူတို့နှင့် မတူဘဲ ရိုးရှင်းသောနည်းလမ်းတစ်ခု‌ဖြင့် သို့မဟုတ် အစဉ်အလာအတိုင်း ပြန်ဝင်စားကြလိမ့်မည် မဟုတ်ပေ။

ဤဘာသာအားလုံးအကြားတွင်၊ ၎င်းတို့ပြောဆို၍ ၎င်းတို့ရရှိအောင် ကြိုးပမ်းသည့် နိဂုံးသည် ဗုဒ္ဓဘာသာတွင် ပေါက်မြောက်မှု ရရှိခြင်းနှင့် အတူတူဖြစ်သည်။ ဤ “ပေါက်မြောက်မှု” ကို ကွဲပြားသော နည်းလမ်းများဖြင့် ရရှိခြင်းသာ ဖြစ်သည်။ ၎င်းတို့အားလုံးသည် သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဖြစ်ကြ၏။ ၎င်းတို့၏အပြုအမူတွင် ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာ လိုက်နာနိုင်သော ဤဘာသာများ၏ နောက်လိုက်များ တစ်စိတ်တစ်ပိုင်းအတွက်၊ ဘုရားသခင်သည် သင့်တော်သော ပန်းတိုင်တစ်ခု၊ သင့်တော်သည့် သွားစရာနေရာတစ်ခု ပေးပြီး ၎င်းတို့ကို သင့်လျော်စွာ ကိုင်တွယ်၏။ ဤအရာအားလုံးသည် ကျိုးကြောင်းဆီလျော်သော်လည်း လူတို့စိတ်ကူးသကဲ့သို့ မဟုတ်ပေ။ ယခုတွင်၊ ခရစ်ယာန်ဘာသာထဲက လူတို့အား မည်သည့်အရာ ဖြစ်ပျက်သည့်အကြောင်းကို ကြားရပြီးနောက်၊ သင်တို့ မည်သို့ခံစားရသနည်း။ ၎င်းတို့၏ အတိဒုက္ခသည် မမျှတဟု သင် ခံစားရသလော။ ၎င်းတို့ကို စာနာသလော။ (အနည်းငယ် စာနာပါသည်။) လုပ်ဆောင်၍ရသောအရာ ဘာမျှ မရှိပေ။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ်သာ အပြစ်တင်စရာရှိ၏။ ငါသည် ဤအရာကို အဘယ်ကြောင့်ပြောသနည်း။ ဘုရားသခင်၏အမှုသည် စစ်မှန်၏။ သူသည် အသက်ရှင်ကာ အကယ်ရှိပြီး၊ သူ၏အမှုသည် လူသားမျိုးနွယ် အားလုံးနှင့် လူတစ်ဦးစီတိုင်းကို ရည်ရွယ်၏။ ထိုသို့ဖြစ်လျှင် ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် လက်မခံကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို အလွန်ထိတ်ထိတ်ပျာပျာ ဆန့်ကျင်ပြီး ညှဉ်းပန်းနှိပ်စက်ကြသနည်း။ ဤသို့သော နိဂုံးမျိုးကို ရရှိဖို့ပင် မိမိတို့ကိုယ်ကိုယ် ကံကောင်းသည်ဟု ၎င်းတို့ စဉ်းစားသင့်သည်၊ ထိုသို့ဆိုလျှင် သင်တို့သည် ၎င်းတို့အတွက် အဘယ်ကြောင့် စိတ်မကောင်းဖြစ်ကြသနည်း။ ၎င်းတို့ ဤသို့ကိုင်တွယ်ခံရခြင်းသည် ကြီးမားသော သည်းခံမှုကိုပြ၏။ ဘုရားသခင်ကို ၎င်းတို့ ဆန့်ကျင်သည့်အတိုင်းအတာကို ထောက်ဆလျှင်၊ ၎င်းတို့သည် ဖျက်ဆီးခံရသင့်သော်လည်း၊ ဘုရားသခင်သည် ဤအရာကို မလုပ်ဆောင်ပေ။ ယင်းအစား သူသည် ခရစ်ယာန်ဘာသာအား သာမန်ဘာသာ တစ်စုံတစ်ခုကဲ့သို့ အလားတူ တကယ်ကို ကိုင်တွယ်လေသည်။ ထို့ကြောင့်၊ အခြားဘာသာများ အကြောင်း အသေးစိတ်ပြောရန် လိုအပ်မှုတစ်စုံတစ်ရာ ရှိသလော။ ဤဘာသာတရားအားလုံး၏ သီးခြားလက္ခဏာမှာ လူတို့အနေဖြင့် အခက်အခဲကို သာ၍ခံစားရန်၊ မကောင်းမှု မပြုရန်၊ ကောင်းသော လုပ်ရပ်များ လုပ်ဆောင်ရန်၊ သူတစ်ပါးအား ဆဲရေးခြင်း မပြုရန်၊ သူတစ်ပါးအပေါ် ဝေဖန်ချက်မပေးရန်၊ အငြင်းပွားမှုများမှ မိမိကိုယ်ကိုယ် ကင်းအောင်နေရန်နှင့် လူကောင်းများဖြစ်ရန်တို့ ဖြစ်၏- ဘာသာရေး သွန်သင်မှု အများစုမှာ ဤကဲ့သို့ဖြစ်၏။ ထို့ကြောင့် ဤယုံကြည်မှု ရှိသူများ- ဘာသာတရား အမျိုးမျိုးနှင့် ဂိုဏ်းဂဏအမျိုးမျိုး၏ ဤနောက်လိုက်များသည်- ၎င်းတို့၏ ဘာသာရေးကျင့်ဝတ်သီလများကို တင်းကျပ်စွာ လိုက်နာနိုင်ကြပါက၊ ကမ္ဘာမြေပေါ်တွင် ၎င်းတို့ရှိကြသည့် အချိန်အတွင်းတွင် ကြီးမားသောအမှားများ သို့မဟုတ် အပြစ်များ ကျူးလွန်မိကြမည် မဟုတ်ပေ။ ပြီးလျှင် သုံးကြိမ်မှ ခုနစ်ကြိမ်ထိ ပြန်ဝင်စားပြီးနောက်တွင် ဤလူများသည်- ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာလိုက်နာနိုင်သော သူများသည်- အများအားဖြင့် ဝိညာဉ်လောကတွင် ရာထူးတစ်ခုကို လက်ခံရန် ဆက်လက်တည်ရှိကြမည် ဖြစ်သည်။ ထိုသို့သောလူများ အများအပြား ရှိသလော။ (အများအပြားမရှိပါ။) သင်၏အဖြေကို မည်သည့်အရာအပေါ် အခြေပြုသနည်း။ ကောင်းမှုပြုဖို့နှင့် ဘာသာရေး စည်းမျဉ်းများနှင့် ပညတ်များကို လိုက်နာဖို့မှာ မလွယ်ကူပေ။ ဗုဒ္ဓဘာသာသည် လူတို့အား အသားစားခွင့်မပြုပေ- ယင်းကို သင် လုပ်ဆောင်နိုင်မည်လော။ သင်သည် မီးခိုးရောင် ဝတ်ရုံများဝတ်ရပြီး ဗုဒ္ဓဘာသာဘုရားကျောင်းများတွင် တစ်နေကုန် သုတ်များ ရွတ်ဖတ်ပြီး ဗုဒ္ဓ၏အမည်နာမများ သံပြိုင်ရွတ်ဆိုရမည်ဆိုပါက၊ ယင်းကို သင်လုပ်ဆောင်နိုင်မည်လော။ လွယ်ကူမည်မဟုတ်ပေ။ ခရစ်ယာန်ဘာသာတွင် ပညတ်တော်ဆယ်ပါး၊ ပညတ်ချက်များနှင့် ပညတ်တရားများရှိ၏၊ ဤအရာများသည် လိုက်နာရန် လွယ်ကူသလော။ မလွယ်ကူပေ။ ဥပမာအားဖြင့်- သူတစ်ပါးကို ဆဲရေးခြင်းမပြုရဟူသည်ကို ကြည့်လော့- လူတို့သည် ဤစည်းကမ်းကို တကယ်ကို လိုက်နာနိုင်စွမ်း မရှိပေ။ မိမိတို့ကိုယ်ကိုယ် မတားဆီးနိုင်ဘဲလျက်၊ ၎င်းတို့ ဆဲရေးကြ၏- ပြီးလျှင် ဆဲရေးပြီးနောက်၊ ၎င်းတို့သည် ထိုစကားများကို ပြန်မရုပ်သိမ်းနိုင်ကြချေ၊ ထို့ကြောင့် ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်ကြသနည်း။ ညတွင် ၎င်းတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြ၏။ တစ်ခါတစ်ရံတွင်၊ အခြားသူများကို ၎င်းတို့ဆဲရေးပြီးနောက်၊ ၎င်းတို့၏စိတ်နှလုံးများတွင် အမုန်းတရားကို သိုထားကြဆဲဖြစ်ပြီး၊ ၎င်းတို့သည် ထိုသူတို့အား နောက်ထပ် အန္တရာယ်ပြုဖို့ အချိန်တစ်ခုကို အသေးစိတ်စီမံချက် ရေးဆွဲကြသည်ထိပင် လုပ်ဆောင်ကြလေသည်။ အတိုချုပ်အနေဖြင့်၊ သေဆုံးနေသော ဤတရားသေဝါဒ အလယ်တွင် အသက်ရှင်ကြသူတို့အတွက် အပြစ်ပြုခြင်း သို့မဟုတ် မကောင်းမှုကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရန်မှာ မလွယ်ကူပေ။ ထို့ကြောင့်၊ ဘာသာတရားတိုင်းတွင် လက်တစ်ဆုပ်စာ လူတို့သာလျှင် ပေါက်မြောက်မှုကို အမှန်တကယ် ရရှိနိုင်ကြ၏။ ဤဘာသာတရားများနောက် အလွန်များလှသော လူတို့က လိုက်ကြသောကြောင့် ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ်ကို လက်ခံရန် အတော်များများက ဆက်လက် တည်ရှိနိုင်ကြမည်ဟု သင်ယူသလော။ ထိုမျှမများပေ။ အနည်းငယ်သာလျှင် ဤအရာကို အမှန်တကယ် ရရှိနိုင်ကြလေသည်။ ယင်းမှာ ယုံကြည်ခြင်းရှိသောလူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာအတွက် ယေဘုယျအားဖြင့် ထိုမျှသာ ဖြစ်သည်။ ၎င်းတို့ကို ကွာခြားစေသည့်အရာမှာ ၎င်းတို့သည် ပေါက်မြောက်မှုကို ရရှိနိုင်ကြပြီး၊ ဤသည်မှာ ၎င်းတို့ကို မယုံကြည်သူများနှင့် ကွာခြားစေသည့်အရာ ဖြစ်သည်။

(ဂ) ဘုရားသခင်၏ နောက်လိုက်များ၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ

ဆက်လက်၍၊ ဘုရားသခင် နောက်လိုက်သောသူတို့၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအကြောင်း ပြောကြစို့။ ဤအရာသည် သင်တို့နှင့်သက်ဆိုင်၏၊ ထို့ကြောင့် အာရုံစိုက်ကြလော့။ ပထမဦးစွာ ဘုရားသခင်၏ နောက်လိုက်သောသူများကို မည်သို့ အမျိုးအစား ခွဲခြားနိုင်သည်ဆိုသည်နှင့်ပတ်သက်၍ စဉ်းစားလော့။ (ဘုရားသခင် ရွေးချယ်ထားသူများနှင့် အစေခံသူများ ဖြစ်သည်။) ဧကန်အမှန် နှစ်မျိုး ရှိ၏- ဘုရားသခင် ရွေးချယ်ထားသူများနှင့် အစေခံသူများ ဖြစ်သည်။ ပထမဦးစွာ ၎င်းတို့ထဲတွင် အနည်းငယ်သာရှိသည့် ဘုရားသခင် ရွေးချယ်ထားသူများ အကြောင်းကို ငါတို့ ပြောကြစို့။ “ဘုရားသခင် ရွေးချယ်ထားသော သူများ” ဆိုသည်မှာ မည်သူတို့ကို ရည်ညွှန်းသနည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ကာ လူသားမျိုးနွယ် ဖြစ်တည်လာခဲ့သည့်နောက်တွင်၊ သူ့နောက်လိုက်မည့် လူတစ်စုကို ရွေးချယ်ခဲ့သည်။ ဤသည်တို့ကို “ဘုရားသခင် ရွေးချယ်ထားသောသူများ” အဖြစ် ရိုးရှင်းစွာ ရည်ညွှန်းပေသည်။ ဤလူများကို ဘုရားသခင်၏ ရွေးချယ်ခြင်းအဖို့ အထူးနယ်ပယ်တစ်ခုနှင့် အရေးပါမှုတို့ရှိခဲ့သည်။ ဤနယ်ပယ် ထူးခြားသည်မှာ အရေးကြီးသော အမှုကို သူ လုပ်ဆောင်သည့် အချိန်တွင် လာကြရမည့် ရွေးချယ်ထားသူ အနည်းငယ်အထိသာ ကန့်သတ်ထားပေသည်။ ပြီးလျှင် အရေးပါမှုမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံကြရသည့် အုပ်စုတစ်စု ဖြစ်ခဲ့သည့်အတွက်၊ အရေးပါမှု ကြီးမားပေသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ဤလူတို့အား ပြည့်စုံစေပြီး စုံလင်စေရန် ဆန္ဒရှိကာ၊ သူ၏စီမံခန့်ခွဲခြင်း အမှုပြီးဆုံးသည်နှင့်တစ်ပြိုင်နက်၊ ဤလူတို့ကို သူ ရယူလိမ့်မည်ဖြစ်သည်။ ဤအရေးပါမှုမှာ ကြီးမားသည်မဟုတ်လော။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်က ရယူရန် ရည်ရွယ်ထားသူများ ဖြစ်ကြသည့်အတွက်၊ ဤရွေးချယ်ခံရသူများသည် ဘုရားသခင်အဖို့ ကြီးမားသော အရေးပါမှု ရှိပေသည်။ အစေခံသူများအတွက်မူ၊ ဘုရားသခင်၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း အကြောင်းအရာမှ တစ်ခဏ နားပြီး၊ ၎င်းတို့၏ဇာစ်မြစ်များအကြောင်းကို ဦးစွာပြောကြစို့။ တိုက်ရိုက်အားဖြင့် “အစေခံသူ” တစ်ဦးသည် အစေခံသောသူဖြစ်၏။ အစေခံသောသူများသည် ယာယီဖြစ်၏။ ၎င်းတို့သည် ထိုသို့ ရေရှည် သို့မဟုတ် အစဉ်အမြဲ မလုပ်ဆောင်ကြဘဲ၊ ယာယီ ခန့်အပ် သို့မဟုတ် စုဆောင်းခံရသူများဖြစ်၏။ ၎င်းတို့အများစု၏ ဇာစ်မြစ်မှာ ၎င်းတို့သည် မယုံကြည်သူများထဲမှ ရွေးချယ်ခံခဲ့ကြရပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတွင် အစေခံသူများ အခန်းကဏ္ဍကို ခံယူရမည်ဟု ထုတ်ပြန်ကြေညာထားချိန်တွင် ကမ္ဘာမြေသို့ ၎င်းတို့ လာခဲ့ကြပေသည်။ ၎င်းတို့သည် အရင်ဘဝတွင် တိရစ္ဆာန်တစ်ကောင် ဖြစ်ပြီးကောင်း ဖြစ်ပြီးနိုင်သော်လည်း၊ မယုံကြည်သူများလည်း ဖြစ်ပြီးကောင်း ဖြစ်ပြီးနိုင်ပေသည်။ ယင်းမှာ အစေခံသူများ၏ ဇာစ်မြစ်များဖြစ်ကြ၏။

ဘုရားသခင် ရွေးချယ်ထားသူများနှင့်ပတ်သက်၍ နောက်ထပ် ပြောဆိုကြစို့။ ၎င်းတို့ သေဆုံးကြသည့်အခါ၊ မယုံကြည်သူများနှင့် ယုံကြည်ခြင်းရှိသော လူအမျိုးမျိုးတို့၏ နေရာနှင့် လုံးဝ မတူကွဲပြားသော နေရာတစ်ခုသို့ သွားကြလေသည်။ ယင်းသည် ၎င်းတို့နှင့်အတူ ကောင်းကင်တမန်များနှင့် ဘုရားသခင်၏ စေတမန်များ အတူပါရှိသည့်နေရာတစ်ခု ဖြစ်သည်။ ယင်းသည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ စီမံအုပ်ချုပ်သည့် နေရာတစ်ခုဖြစ်၏။ ဤနေရာတွင် ဘုရားသခင် ရွေးချယ်ထားသောသူတို့သည် ၎င်းတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် ဘုရားသခင်ကို မရှုမြင်နိုင်ကြသော်လည်း၊ ယင်းသည် ဝိညာဉ်လောက၏ အခြားမည်သည့်နေရာနှင့်မျှ မတူပေ။ ဤသည်မှာ မတူကွဲပြားသော နေရာတစ်ခု၊ ဤလူတစ်စုတို့ သေဆုံးပြီးနောက် သွားသည့်နေရာဖြစ်၏။ ၎င်းတို့သေဆုံးသည့်အခါ၊ ၎င်းတို့သည်လည်း ဘုရားသခင်၏ စေတမန်များ၏ မညှာမတာ စုံစမ်းစစ်ဆေးခြင်းကို ခံရ၏။ ပြီးလျှင် မည်သည့်အရာကို စုံစမ်းစစ်ဆေးသနည်း။ ဘုရားသခင်၏ စေတမန်များသည် ဤလူတို့က ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်မှုတွင် ၎င်းတို့၏ဘဝတစ်လျှောက်လုံး လျှောက်လှမ်းကြပြီးဖြစ်သည့် လမ်းကြောင်းများ၊ ထိုအချိန် အတောအတွင်းတွင် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ဖူးခြင်း ရှိမရှိ၊ သို့မဟုတ် ကျိန်ဆဲခဲ့ဖူးခြင်း ရှိမရှိဆိုသည်နှင့် ဆိုးရွားသည့် အပြစ်များ သို့မဟုတ် မကောင်းမှုများ ကျူးလွန်ခဲ့ခြင်း ရှိမရှိကို စုံစမ်းစစ်ဆေးကြ၏။ ဤစုံစမ်းစစ်ဆေးမှုက ထိုသီးခြားလူသည် နေခွင့်ရမည်လော သို့မဟုတ် ထွက်ခွာရမည်လော ဟူသည့် မေးခွန်းကို ဖြေရှင်းလိမ့်မည်။ “ထွက်ခွာသည်” ဟူသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ပြီးလျှင် “နေသည်” ဟူသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ “ထွက်ခွာသည်” ဟူသည်မှာ ၎င်းတို့၏အပြုအမူအပေါ် အခြေခံ၍ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသူများ၏ အဆင့်အတန်းများ အလယ် ကျန်ရှိခြင်း ရှိမရှိဆိုသည်ကို ရည်ညွှန်း၏။ “နေ”ဖို့ ခွင့်ပြုခံရခြင်း ဟူသည်မှာ ၎င်းတို့သည် နောက်ဆုံးသောကာလ အတွင်းတွင် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့်သူများအလယ် ကျန်ရှိနိုင်သည်ကို ဆိုလိုပေသည်။ နေသူများအတွက် ဘုရားသခင်သည် အထူး အစီအစဉ်များ ရှိသည်။ သူ၏အမှု ကာလအသီးသီးအတွင်းတွင်၊ ဘုရားသခင်သည် ထိုသို့သောလူတို့ကို တမန်တော်များ အဖြစ်ဆောင်ရွက်ရန် သို့မဟုတ် အသင်းတော်များကို ပြန်လည် နိုးထစေခြင်း သို့မဟုတ် စောင့်ရှောက်ခြင်း အမှုကို လုပ်ဆောင်ရန် စေလွှတ်လိမ့်မည်။ သို့သော် ထိုသို့သောအမှုကို လုပ်နိုင်စွမ်း ရှိသူများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ပြန်မွေးဖွားကြသည့် မယုံကြည်သူများလောက် မကြာမကြာ ပြန်မဝင်စားကြပေ။ ထို့ထက် ၎င်းတို့သည် ဘုရားသခင်၏ အမှု၏ သတ်မှတ်ချက်များနှင့် အဆင့်များနှင့်အညီ ကမ္ဘာမြေပေါ်သို့ ပြန်သွားကြရကာ၊ မကြာခဏ မဝင်စားကြပေ။ ထို့ကြောင့် ၎င်းတို့ မည်သည့်အချိန်တွင် ပြန်ဝင်စားသည်ဆိုသည်နှင့်ပတ်သက်၍ စည်းမျဉ်း တစ်ခုတစ်လေ ရှိသလော။ ၎င်းတို့သည် နှစ်အနည်းငယ်ကြာတိုင်း တစ်ကြိမ် လာကြသလော။ ၎င်းတို့သည် ထိုသို့သော အကြိမ်ရေနှုန်းဖြင့် လာကြသလော။ မလာကြပေ။ ဤအရာသည် ဘုရားသခင်၏အမှု၊ ယင်း၏အဆင့်များနှင့် သူ၏လိုအပ်ချက်များအပေါ် အခြေခံထားပြီး၊ သတ်မှတ်ထားသည့် စည်းမျဉ်းများ မရှိပေ။ တစ်ခုတည်းသော စည်းမျဉ်းမှာ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် သူ့အမှု၏နောက်ဆုံးအဆင့်ကို လုပ်ဆောင်သည့်အခါ၊ ဤရွေးချယ်ထားသောလူများ အားလုံး လာကြလိမ့်မည်ဖြစ်ပြီး၊ ဤသို့လာခြင်းသည် ၎င်းတို့၏ နောက်ဆုံး ပြန်ဝင်စားခြင်း ဖြစ်လိမ့်မည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ ဘုရားသခင်၏အမှု၏ နောက်ဆုံးအဆင့်အတွင်း စွမ်းဆောင်ရရှိမည့်ရလဒ်အပေါ် အခြေခံထားခြင်း ဖြစ်၏- အကြောင်းမှာ အမှု၏ ဤနောက်ဆုံးသောအဆင့်အတွင်းတွင်၊ ဘုရားသခင်သည် ဤရွေးချယ်ထားသောသူများကို လုံးဝပြည့်စုံ စေလိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤနောက်ဆုံးသောအဆင့်အတွင်းတွင် ဤလူတို့သည် ပြည့်စုံစေခြင်းခံရပြီး စုံလင်စေခြင်း ခံရပါက၊ ၎င်းတို့သည် ယခင်ကကဲ့သို့ ပြန်ဝင်စားကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ လူသားဖြစ်ခြင်း ဖြစ်စဉ်သည် ၎င်းတို့၏ ပြန်ဝင်စားခြင်း ဖြစ်စဉ်ကဲ့သို့ လုံးဝ ပြီးဆုံးခြင်းသို့ ရောက်လာလိမ့်မည်။ ဤသည်မှာ နေမည့်သူများနှင့် ဆက်နွှယ်၏။ ထို့ကြောင့် မနေနိုင်သောသူများသည် မည်သည့်နေရာသို့ သွားကြသနည်း။ နေခွင့်မရသူများသည် ၎င်းတို့၏ ကိုယ်ပိုင် သင့်တော်သည့် ခရီးပန်းတိုင် ရှိပေသည်။ ပထမဦးဆုံးအနေဖြင့်၊ ၎င်းတို့၏ မကောင်းမှုပြုခြင်း၊ ၎င်းတို့ ပြုလုပ်ပြီးဖြစ်သည့်အမှားများနှင့် ၎င်းတို့ ကျူးလွန်ပြီးဖြစ်သည့် အပြစ်များ၏ အကျိုးဆက်အနေဖြင့် ၎င်းတို့သည်လည်း အပြစ် ပေးခံရလိမ့်မည်။ ၎င်းတို့အပြစ်ပေး ခံရပြီးနောက်တွင်၊ ဘုရားသခင်သည် အခြေအနေများနှင့် လိုက်လျောညီထွေ ဖြစ်သည့်အတိုင်း သူတို့ကို မယုံကြည်သူများအလယ် ပို့ရန် အစီအစဉ်များ ပြုလုပ်လိမ့်မည် သို့မဟုတ် ယုံကြည်ခြင်းရှိသော လူအမျိုးမျိုးအလယ် သွားရန် ၎င်းတို့အတွက် စီစဉ်လိမ့်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့အတွက် ဖြစ်နိုင်ခြေရှိသော ရလဒ်နှစ်ခုရှိသည်- တစ်ခုမှာ အပြစ်ဒဏ်ပေးခံရခြင်းနှင့် ပြန်ဝင်စားပြီးနောက် ဘာသာတရားတစ်ခုခုနှင့်ဆိုင်သော လူတို့အကြား အသက်ရှင်ခြင်း ဖြစ်ကောင်းဖြစ်မည်ဖြစ်ပြီး၊ အခြားတစ်ခုမှာ မယုံကြည်သူများ ဖြစ်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်လာကြပါက၊ အခွင့်အရေးအားလုံး ဆုံးရှုံးသွားလိမ့်မည်။ သို့သော် ၎င်းတို့သည် ယုံကြည်ခြင်းရှိသော လူများ ဖြစ်လာကြပါက- ဥပမာအားဖြင့် ၎င်းတို့ ခရစ်ယာန်များ ဖြစ်လာကြပါက- ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အဆင့်အတန်းများ အလယ်သို့ ပြန်သွားရန် အခွင့်အရေးတစ်ခု ရှိကြလိမ့်ဦးမည်ဖြစ်သည်။ ဤတွင် လွန်စွာရှုပ်ထွေးသော ဆက်နွှယ်မှုများရှိ၏။ တိုတိုပြောရလျှင် ဘုရားသခင် ရွေးချယ်ထားသောသူများထဲမှ တစ်ဦးသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသော တစ်စုံတစ်ရာ လုပ်ဆောင်မိပါက၊ ၎င်းတို့သည် အခြားသူတိုင်းကဲ့သို့ပင် အပြစ်ပေးခံရလိမ့်မည်။ ဥပမာအားဖြင့် ယခင်က ငါတို့ဆွေးနွေးခဲ့ကြသည့် ပေါလုကို ကြည့်လော့။ ပေါလုသည် အပြစ်ပေးခံရသည့် လူတစ်ဦး၏ ဥပမာတစ်ရပ်ဖြစ်သည်။ ငါပြောနေသည့်အကြောင်းအရာကို သင်တို့ သဘောပေါက်သလော။ ဘုရားသခင် ရွေးချယ်ထားသူများ၏ နယ်ပယ်မှာ ပုံသေ ဖြစ်သလော။ (အများအားဖြင့် ဖြစ်ပါသည်။) ယင်း၏အများစုမှာ ပုံသေ ဖြစ်သည်၊ သို့သော် ယင်း၏ သေးငယ်သောအစိတ်အပိုင်း တစ်ခုသည် ပုံသေမဟုတ်ပေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ ဤနေရာ၌ ငါသည် အသိသာ အထင်ရှားဆုံးသော အကြောင်းရင်းကို ရည်ညွှန်းလေပြီ- မကောင်းမှု ကျူးလွန်ခြင်း ဖြစ်သည်။ လူတို့ မကောင်းမှု ကျူးလွန်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို မလိုချင်သကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့ကို မလိုချင်သည့်အခါတွင်၊ သူသည် ၎င်းတို့အား လူမျိုးများ နှင့် လူအမျိုးအစား အမျိုးမျိုးတို့အကြား ပစ်လိုက်လေသည်။ ဤအရာက ၎င်းတို့ကို မျှော်လင့်ချက် မရှိဘဲ ဖြစ်သွားစေပြီး၊ ၎င်းတို့အတွက် ပြန်သွားဖို့ ခက်ခဲစေလေသည်။ ဤအရာအားလုံးသည် ဘုရားသခင် ရွေးချယ်ထားသော သူများ၏ ရှင်ခြင်းနှင့် သေခြင်းသံသရာနှင့် ဆက်နွှယ်ပေသည်။

ဤနောက်အကြောင်းအရာသည် အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာနှင့် ဆက်နွှယ်နေ၏။ အစေခံသူများ၏ ဇာစ်မြစ်များအကြောင်းကို ငါတို့ ခုတင် ဆွေးနွေးခဲ့သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ အတိတ်ဘဝများတွင် မယုံကြည်သူများနှင့် တိရစ္ဆာန်များ ဖြစ်ခဲ့ကြပြီးနောက် ပြန်ဝင်စားကြသည် ဆိုသည့်အချက် ဖြစ်သည်။ အမှု၏နောက်ဆုံးအဆင့် ရောက်ရှိသည့်အတွက်၊ ဘုရားသခင်သည် မယုံကြည်သူများမှ ထိုသို့သော လူတစ်စုကို ရွေးချယ်ထားပြီးဖြစ်ကာ ဤအုပ်စုသည် အထူးအုပ်စုဖြစ်၏။ ဤလူတို့ကို ရွေးချယ်ရခြင်းတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ သူ၏အမှုကို ၎င်းတို့ အစေခံရန်အတွက် ဖြစ်၏။ “အစေခံခြင်း” ဆိုသည်မှာ ကြားရသည်မှာ ရည်မွန်လှသောစကားလုံး မဟုတ်သကဲ့သို့၊ အ‌ယောက်တိုင်း၏ စိတ်ဆန္ဒများနှင့် မကိုက်ညီသော်လည်း၊ ယင်းသည် မည်သူ့ကို ရည်ရွယ်သည်ကို ငါတို့ကြည့်သင့်သည်။ ဘုရားသခင်၏ အစေခံသူများ တည်ရှိနေခြင်းသည် အထူး အရေးပါမှုတစ်ရပ် ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားခြင်း ခံခဲ့ရသည့်အတွက် အခြားမည်သူမျှ ၎င်းတို့၏အခန်းကဏ္ဍကို မဆောင်ရွက်နိုင်ပေ။ ပြီးလျှင် ဤအစေခံသူများ၏ အခန်းကဏ္ဍမှာ အဘယ်နည်း။ ဘုရားသခင်၏ ရွေးချယ်ခံရသူများကို အစေခံရန်ဖြစ်၏။ အများအားဖြင့်၊ ၎င်းတို့၏အခန်းကဏ္ဍမှာ ဘုရားသခင်၏ အမှုကို အစေခံရန်၊ ဘုရားသခင်၏ အမှုတွင် ပူးပေါင်းလုပ်ဆောင်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသူများကို သူစုံလင်စေခြင်းအမှုကို ကူညီဆောင်ကြဉ်းပေးရန်တို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် အားထုတ်ကြိုးပမ်းနေကြခြင်း ရှိမရှိ၊ အမှု၏ ရှုထောင့်အချို့ကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သို့မဟုတ် အချို့သော အလုပ်များကို တာဝန်ယူခြင်း ရှိမရှိဆိုသည်ကို ပဓာနမထားဘဲ၊ ဤအစေခံသူများနှင့်ပတ်သက်၍ ဘုရားသခင်၏ သတ်မှတ်ချက်မှာ အဘယ်နည်း။ ၎င်းတို့နှင့်သက်ဆိုင်သည့် သူ၏သတ်မှတ်ချက်များမှာ အလွန်မညှာမတာ ဖြစ်လွန်းနေသလော။ (မဟုတ်ပါ။ ၎င်းတို့ကို သစ္စာစောင့်သိရန်သာ ဘုရားသခင် တောင်းဆိုပါသည်။) အစေခံသူများသည်လည်း သစ္စာစောင့်သိရမည်ဖြစ်၏။ သင်၏ဇာစ်မြစ် သို့မဟုတ် ဘုရားသခင်သည် သင့်ကို အဘယ်ကြောင့် ရွေးချယ်သည်ကို ပဓာနမထားဘဲ၊ သင်သည် ဘုရားသခင်ကိုလည်းကောင်း၊ သင့်ကို ဘုရားသခင် အပ်နှံသည့် မည်သည့် စေခိုင်းချက်တာဝန်များကိုမဆို၊ ပြီးလျှင် သင် တာဝန်ရှိသည့် အလုပ်နှင့် သင်ထမ်းဆောင်သည့် တာဝန်များကိုလည်းကောင်း သစ္စာစောင့်သိရမည်။ ဘုရားသခင်ကို သစ္စာစောင့်သိခြင်းနှင့် ကျေနပ်စေခြင်းငှာ တတ်စွမ်းနိုင်သည့် အစေခံသူများအတွက်၊ ၎င်းတို့၏အဆုံးသတ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့ ဆက်လက်တည်ရှိနိုင်ကြလိမ့်မည်။ ဆက်လက်တည်ရှိသော အစေခံသူများဖြစ်ဖို့ရန်မှာ ကောင်းချီးမင်္ဂလာ တစ်ခုလော။ ဆက်လက်တည်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤကောင်းချီးမင်္ဂလာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ အဆင့်အတန်းတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံရသူများနှင့် တူပုံမရပေ။ ၎င်းတို့သည် ကွဲပြားပုံရ၏။ သို့သော် အမှန်တွင်၊ ဤဘဝတွင် ၎င်းတို့ မွေ့လျော်သည့် အရာသည် ဘုရားသခင်၏ ရွေးချယ်ခံသူတို့ မွေ့လျော်သည့်အရာနှင့် တူညီသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့်၊ ယင်းသည် ဤဘဝတွင် တူညီပေသည်။ ဤအရာကို သင်တို့ မငြင်းကြပေ၊ ဟုတ်သည်မဟုတ်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၊ ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ ထောက်ပံ့မှု၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ- ဤအရာများကို မည်သူ မမွေ့လျော်ဘဲ နေသနည်း။ ထိုသို့သော အလျှံပယ်ရှိခြင်းကို အယောက်တိုင်း မွေ့လျော် ခံစားကြ၏။ အစေခံသူတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာသည် အစေခံမှုကို လုပ်ဆောင်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်အဖို့၊ ၎င်းတို့သည် သူဖန်ဆင်းခဲ့သော အရာအားလုံးထဲမှ တစ်ဦးသာ ဖြစ်၏။ ၎င်းတို့၏ အခန်းကဏ္ဍမှာ အစေခံသူ၏ အခန်းကဏ္ဍသာ ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ ဖြစ်သည့်အတွက်၊ အစေခံသူတစ်ဦးနှင့် ဘုရားသခင်၏ရွေးချယ်ခံရသူတစ်ဦးတို့အကြား ကွာခြားချက် တစ်ခုတစ်လေ ရှိသလော။ လက်တွေ့အားဖြင့် မရှိပေ။ အမည်ခံအားဖြင့် ပြောရလျှင် ကွာခြားချက်ရှိ၏၊ အနှစ်သာရနှင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍအရ ကွာခြားချက်ရှိ၏- သို့ရာတွင် ဘုရားသခင်သည် ဤလူစုကို မမျှမတ မဆက်ဆံပေ။ ထို့ကြောင့် ဤလူများသည် အစေခံသူများဟု အဘယ်ကြောင့် သတ်မှတ်ခံထားရသနည်း။ သင်တို့သည် ဤအရာနှင့် သက်ဆိုင်၍ သိနားလည်မှုတစ်ခု ရှိရပေမည်။ အစေခံသူများသည် မယုံကြည်သူများထဲမှ လာကြ၏။ မယုံကြည်သူများထဲမှ ၎င်းတို့လာသည်ဟု ငါတို့ ဖော်ပြသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့တွင် တူညီသည့် မကောင်းသည့် နောက်ခံသမိုင်း ရှိကြသည်မှာ သိသာပေသည်- ၎င်းတို့အားလုံးသည် ဘုရားမဲ့ဝါဒီများဖြစ်ကြပြီး၊ အတိတ်တွင်လည်း ထိုသို့ ဖြစ်ခဲ့ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ကြသကဲ့သို့၊ ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာအားလုံးကို ရန်လိုခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို သို့မဟုတ် ဘုရားသခင်တည်ရှိခြင်းကို မယုံကြည်ကြချေ။ ထိုသို့ဖြစ်သဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းငှာ တတ်စွမ်းနိုင်ကြပါသလော။ ကြီးမားသော အတိုင်းအတာအထိ ၎င်းတို့ နားလည်နိုင်စွမ်းမရှိဟု ပြောသည်မှာ တရားပေသည်။ တိရစ္ဆာန်များသည် လူ့စကားများကို နားလည်နိုင်စွမ်း မရှိကြသကဲ့သို့၊ အစေခံသူများသည် ဘုရားသခင် မည်သည့်အရာ ပြောနေသည်၊ မည်သည့်အရာကို သူ တောင်းဆိုသည်၊ သို့မဟုတ် ထိုသို့သော တောင်းဆိုချက်များကို သူ အဘယ်ကြောင့် ပြုသည်တို့ကို နားမလည် နိုင်ကြပေ။ ၎င်းတို့ နားမလည်ပေ။ ၎င်းတို့အဖို့ ဤအရာများသည် နားမလည်နိုင်ဖွယ်ရာ ဖြစ်ပြီး၊ ၎င်းတို့ ဉာဏ်အလင်းမရဘဲ ရှိနေကြ၏။ ဤအကြောင်းကြောင့်၊ ဤလူတို့သည် ငါတို့ပြောဆိုခဲ့သည့် အသက်ကို မပိုင်ဆိုင်ကြပေ။ အသက်မရှိဘဲနှင့်၊ သမ္မာတရားကို လူတို့ နားလည်နိုင်ကြသလော။ ၎င်းတို့သည် သမ္မာတရားဖြင့် ပြင်ဆင်ထားပါသလော။ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် သက်ဆိုင်သည့် အတွေ့အကြုံနှင့် အသိပညာတို့ကို ၎င်းတို့ ရှိကြပါသလော။ (မရှိပါ။) ယင်းမှာ အစေခံသူတို့၏ ဇာစ်မြစ်များဖြစ်၏။ သို့သော်၊ ဘုရားသခင်သည် ဤလူတို့ကို အစေခံသူများ ဖြစ်စေသည့်အတွက်၊ ၎င်းတို့နှင့်သက်ဆိုင်သည့် သူ၏သတ်မှတ်ချက်များတွင် စံနှုန်းများ ရှိဆဲဖြစ်၏။ သူသည် ၎င်းတို့အပေါ် အထင်အမြင်မသေးသကဲ့သို့၊ ၎င်းတို့အပေါ် ဝတ်ကျေတမ်းကျေ ပြုခြင်းလည်း မရှိပေ။ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်များကို နားမလည်ကြသကဲ့သို့၊ အသက်ကို ပိုင်ဆိုင်ခြင်း မရှိကြသော်လည်း၊ ဘုရားသခင်သည် ၎င်းတို့ကို ကြင်နာစွာ ဆက်ဆံဆဲဖြစ်ပြီး၊ ၎င်းတို့နှင့် သက်ဆိုင်သော သူ၏သတ်မှတ်ချက်များနှင့် ပတ်သက်လာသည့်အခါ စံနှုန်းများ ရှိဆဲဖြစ်၏။ သင်တို့သည် ယခုတင် ဤစံနှုန်းများနှင့် ပတ်သက်၍ ပြောဆိုခဲ့ကြသည်- ဘုရားသခင်ကို သစ္စာစောင့်သိခြင်းနှင့် သူပြောသည့်အရာကိုလုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ သင်၏အစေခံမှုတွင်၊ သင်သည် လိုအပ်သည့်နေရာတွင် အစေခံရမည်ဖြစ်ပြီး၊ တကယ့်အဆုံးထိတိုင် အစေခံရမည်ဖြစ်၏။ သင်သည် သစ္စာစောင့်သိသော အစေခံသူတစ်ဦး ဖြစ်နိုင်ပါက၊ အဆုံးထိတိုင်အောင် အစေခံနိုင်ပြီး သင့်ကို ဘုရားသခင် အပ်နှံထားသည့် စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းနိုင်ပါက၊ သင်သည် တန်ဖိုးရှိသော အသက်တာကို အသက်ရှင်လိမ့်မည်ဖြစ်သည်။ ဤအရာကို သင် လုပ်ဆောင်နိုင်ပါက၊ သင်သည် ဆက်လက် တည်ရှိနိုင်လိမ့်မည်။ သင်သည် ဘုရားသခင်ကို သိရန် အနည်းငယ် သာ၍အားထုတ်ပါက၊ အနည်းငယ် သာ၍ကြိုးစားပါက၊ ဘုရားသခင်ကိုသိရန် သင်၏ကြိုးပမ်းအားထုတ်မှုများကို ဆတက်ထမ်းပိုး ပြုလုပ်နိုင်ပါက၊ ဘုရားသခင်ကို သိခြင်းအကြောင်း အနည်းငယ်ပြောဆိုနိုင်ပါက၊ သူ့အဖို့ သက်သေခံနိုင်ပါက၊ သည့်အပြင် သူ၏ အလိုတော်နှင့်သက်ဆိုင်သည့် တစ်စုံတစ်ရာကို သင် နားလည်နိုင်ပါက၊ ဘုရားသခင်၏အမှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အတော်အတန် အရေးထားနိုင်ပါက၊ သင်သည် အစေခံသူတစ်ဦးအနေဖြင့် အခွင့်အလမ်းတွင် ပြောင်းလဲမှုတစ်ခု တွေ့ကြုံရလိမ့်မည်ဖြစ်သည်။ ဤအခွင့်အလမ်း၌ ပြောင်းလဲမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်သည် ဆက်လက်တည်ရှိရုံသက်သက် ဖြစ်လိမ့်မည် မဟုတ်တော့ပေ။ သင်၏အပြုအမူအနေအထိုင်၊ သင်၏ကိုယ်ပိုင် မျှော်မှန်းချက်များနှင့် လိုက်စားမှုများအပေါ် မူတည်၍၊ ဘုရားသခင်သည် သင့်ကို ရွေးချယ်ခံရသူများထဲမှ တစ်ဦးဖြစ်စေလိမ့်မည်။ ဤအရာသည် အခွင့်အလမ်းထဲက သင်၏ ပြောင်းလဲမှု ဖြစ်လိမ့်မည်။ အစေခံသူများအတွက်၊ ဤအရာနှင့်ပတ်သက်၍ အကောင်းဆုံးသော အရာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ရွေးချယ်ခံရသူ ဖြစ်လာနိုင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ဖြစ်ပါက၊ ယင်းမှာ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည့်ပုံစံကဲ့သို့ တိရစ္ဆာန်များအဖြစ် ဝင်စားတော့မည်မဟုတ်ဟု ဆိုလိုပေသည်။ ယင်းမှာ ကောင်းပါ၏လော။ ကောင်းပေသကဲ့သို့ သတင်းကောင်းလည်း ဖြစ်၏- ယင်းမှာ အစေခံသူများသည် ပုံသွင်း၍ရသည်ဟု ဆိုလိုပေသည်။ အစေခံသူများအတွက်၊ ဘုရားသခင်သည် ၎င်းတို့ကို အစေခံဖို့ ခွဲခန့်မှတ်သားလိုက်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ထိုသို့ ထာဝရ လုပ်ဆောင်ကြလိမ့်မည်ဆိုသည်မှာ မမှန်ပေ။ ထိုသို့ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်သည် ဤလူ၏ တစ်ဦးချင်း အပြုအမူနှင့် သင့်လျော်သည့် နည်းလမ်းဖြင့် ၎င်းတို့ကို ကိုယ်တွယ်ကာ တုန့်ပြန်မည်ဖြစ်သည်။

သို့ရာတွင်၊ တကယ့်အဆုံးထိတိုင် အစေမခံနိုင်သည့် စေခံသူများ ရှိ၏။ ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ လမ်းတစ်ဝက်၌ အရှုံးပေးကာ ဘုရားသခင်ကို စွန့်ပစ်သူများအပြင် အပြစ်များ တစ်သီတစ်တန်း ကျူးလွန်သော လူများ ရှိကြ၏။ ဘုရားသခင်၏ အမှုကို ကြီးမားသော ထိခိုက်မှု ဖြစ်စေပြီး ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေါ်စေသည့်သူများပင်ရှိပြီး၊ ဘုရားသခင်အား ကျိန်ဆဲသည့် အစေခံသူများ စသည်ဖြင့်ပင် ရှိကြ၏။ ဤသို့ ပြင်၍ မရသော အကျိုးဆက်များသည် မည်သည့်အရာကို ညွှန်ပြသနည်း။ ထိုသို့သော ဆိုးယုတ်သည့် လုပ်ရပ်တစ်ခုတစ်လေသည် ၎င်းတို့၏အစေခံမှု အဆုံးသတ်ခြင်းကို ညွှန်ပြပေလိမ့်မည်။ သင်၏ အစေခံမှုအတွင်း သင်၏အပြုအမူသည် လွန်ကဲစွာ ညံ့ဖျင်းလွန်းသောကြောင့်နှင့် သင်သည် လွန်လွန်းပြီ ဖြစ်သောကြောင့်၊ သင်၏အစေခံမှုက စံမမီသည်ကို ဘုရားသခင် တွေ့သည်နှင့်တစ်ပြိုင်နက်၊ သူသည် သင်၏ အစေခံရန် အရည်အချင်း ပြည့်မီမှုကို ဖယ်ရှားမည်ဖြစ်သည်။ သင့်ကို သူ အစေခံခွင့်ပြုတော့မည် မဟုတ်ပေ။ သူသည် သင့်အား သူ၏တကယ့်မြင်ကွင်းရှေ့နှင့် ဘုရားသခင်၏ အိမ်တော်မှ ဖယ်ရှားလိမ့်မည် ဖြစ်သည်။ သင်သည် အစေမခံလိုသည်မှာ ဟုတ်ပါသလော။ သင်သည် စဉ်ဆက်မပြတ် မကောင်းမှု ပြုလိုလျက်ရှိသည် မဟုတ်လော။ သင်သည် တစ်သမတ်တည်း သစ္စာမဲ့သည် မဟုတ်လော။ ကိုင်း ဒီလိုဆို၊ လွယ်ကူသည့် ဖြေရှင်းချက်တစ်ရပ် ရှိ၏- သင်၏ အစေခံရန် အရည်အချင်းပြည့်မီမှု ဖယ်ရှားခံရမည်ဖြစ်သည်။ ဘုရားသခင်အဖို့၊ အစေခံတစ်ဦးထံမှ ၎င်း၏ အစေခံရန် အရည်အချင်းပြည့်မီမှုကို ဖယ်ရှားခြင်းဆိုသည်မှာ ဤအစေခံသူ၏ အဆုံးသတ်ကို ကြေညာလိုက်ပြီ ဖြစ်သည်ဟု ဆိုလိုပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို အစေခံရန် အရည်အချင်းမီတော့မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤလူ၏အစေခံမှုကို နောက်ထပ် မလိုအပ်တော့သကဲ့သို့၊ မည်မျှကောင်းမွန်သော အရာများကို ၎င်းတို့ ပြောကောင်းပြောကြပါစေ၊ ထိုစကားများသည် အချည်းနှီး ဖြစ်ပေလိမ့်မည်။ အမှုအရာများ ဤအဆင့်ထိ ရောက်သည့်အခါတွင်၊ အခြေအနေသည် ပြန်လည်ပြုပြင်မရနိုင်သောအရာ ဖြစ်လာပြီးဖြစ်လိမ့်မည်။ ဤကဲ့သို့သော အစေခံသူများသည် ပြန်လမ်းရှိလိမ့်မည် မဟုတ်။ ပြီးလျှင် ဤကဲ့သို့သော အစေခံသူများကို ဘုရားသခင်သည် မည်သို့ ကိုင်တွယ်ဖြေရှင်း သနည်း။ သူသည် ၎င်းတို့အား အစေခံမှုမှ ရပ်စဲရုံမျှ ရပ်စဲသလော။ မဟုတ်ပေ။ သူသည် ၎င်းတို့အား ဆက်လက်တည်ရှိနေခြင်းမှ တားဆီးရုံမျှ တားဆီး သလော။ သို့မဟုတ် သူသည် ၎င်းတို့အား ဘေးဖယ်ထားပြီး၊ ၎င်းတို့ ပြောင်းလဲမှုတစ်ခု ပြုလုပ်ရန် စောင့်ဆိုင်းသလော။ မစောင့်ဆိုင်းပေ။ ဘုရားသခင်သည် အစေခံသူများနှင့် ပတ်သက်လာသည့်အခါ အမှန်တကယ် သိပ်ချစ်ခင်သည် မဟုတ်ပေ။ လူတစ်ဦးသည် ဘုရားသခင်ကို ၎င်းတို့၏ အစေခံရာ၌ ဤသဘောထားမျိုးရှိပါက၊ ဤသဘောထား၏ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်သည် ၎င်းတို့၏ အစေခံရန် အရည်အချင်း ပြည့်မီမှုကို ဖယ်ရှားလိမ့်မည် ဖြစ်ပြီး၊ မယုံကြည်သူများအလယ်သို့ ၎င်းတို့ကို နောက်တစ်ကြိမ် ပြန်ပစ်ထည့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် မယုံကြည်သူများ အလယ် ပြန်ပစ်ခြင်းခံရသော အစေခံသူတစ်ဦး၏ ကံကြမ္မာမှာ အဘယ်နည်း။ မယုံကြည်သူများ၏ ကံကြမ္မာနှင့် အတူတူဖြစ်၏- ၎င်းတို့သည် တိရစ္ဆာန် တစ်ကောင်အဖြစ် ပြန်ဝင်စားစေခြင်းခံရမည်ဖြစ်ပြီး၊ မယုံကြည်သူများကဲ့သို့ ဝိညာဉ်လောကတွင် အလားတူ အပြစ်ပေးခြင်းကို ရရှိမည် ဖြစ်သည်။ ထို့အပြင်၊ ထိုသို့သော လူသည် ဘုရားသခင်၏ အမှုနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိတော့သည့်အတွက်၊ ဘုရားသခင်သည် ဤလူ၏အပြစ်ဒဏ်တွင် ကိုယ်တိုင် မည်သည့်စိတ်ဝင်စားမှုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှု အသက်တာ၏နိဂုံး ဖြစ်သည်သာမက၊ ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာ၏ နိဂုံးဖြစ်သည့်အပြင်၊ ၎င်းတို့ကံကြမ္မာနှင့် သက်ဆိုင်သည့် ကြေညာချက်လည်း ဖြစ်သည်။ ထို့ကြောင့်၊ အစေခံသူများသည် ညံ့ဖျင်းစွာ အစေခံပါက၊ မိမိတို့ကိုယ်တိုင် အကျိုးဆက်များကို ခံစားရမည်ဖြစ်သည်။ အစေခံသူတစ်ဦးသည် တကယ့်အဆုံးထိတိုင် အစေခံနိုင်စွမ်းမရှိပါက၊ သို့မဟုတ် လမ်းတစ်ဝက်တွင် ၎င်းတို့၏ အစေခံရန် အရည်အချင်းပြည့်မီမှု ဖယ်ရှားခံရပါက၊ မယုံကြည်သူများအလယ်သို့ ပစ်ထည့်ခြင်း ခံရမည်ဖြစ်ပြီး- ဤအရာဖြစ်ပျက်ပါက၊ ထိုသို့သော လူသည် ခြံမွေးတိရစ္ဆာန်များ နည်းတူ၊ အသိဉာဏ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိသော လူများနည်းတူ ကိုင်တွယ်ဖြေရှင်းခြင်း ခံရလိမ့်မည်ဖြစ်သည်။ ငါဤသို့ပြောသည့်အခါ၊ သင်တို့နားလည်နိုင်သည်၊ မဟုတ်လော။

အထက်တွင်ဆိုခဲ့ပြီးဖြစ်သည်မှာ ဘုရားသခင်က သူ၏ ရွေးချယ်ထားသူများနှင့် အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအား ကိုင်တွယ်ပုံဖြစ်၏။ ဤအရာကို ကြားပြီးနောက်တွင်၊ သင်တို့ မည်သို့ ခံစားရသနည်း။ ငါသည် ယခင်က ဤအကြောင်းအရာကို ပြောဆိုဖူးသလော။ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများနှင့် အစေခံသူများနှင့်ပတ်သက်သည့် အကြောင်းအရာကို ငါ ပြောဆိုဖူးသလော။ ငါ အမှန်တကယ် ပြောဆိုဖူး၏၊ သို့သော် သင်တို့ မမှတ်မိပေ။ ဘုရားသခင်သည် သူ၏ရွေးချယ်ခြင်းခံရသူများနှင့် အစေခံသူများအပေါ် ဖြောင့်မတ်၏။ အခြေအနေအားလုံးတွင်၊ သူသည် ဖြောင့်မတ်၏။ ဤအရာတွင် သင်အပြစ်ရှာနိုင်သည့် နေရာတစ်ခုခု ရှိသလော။ “ဘုရားသခင်သည် ရွေးချယ်ခံရသူများအပေါ် အဘယ်ကြောင့် သည်းခံလွန်းသနည်း။ ပြီးလျှင် သူသည် အစေခံသူများအပေါ် အဘယ်ကြောင့် အနည်းငယ်သာ သည်းခံသနည်း” ဟု ပြောမည့်လူများ ရှိသည်မဟုတ်လော။ တစ်စုံတစ်ဦးသည် အစေခံသူများအတွက် ရပ်တည်ပေးရန် ဆန္ဒရှိသလော။ “ဘုရားသခင်သည် အစေခံသူများအား အချိန်ပို၍ ပေးနိုင်သလော၊ ပြီးလျှင် ၎င်းတို့အပေါ် သာ၍ စိတ်ရှည်ပြီး သည်းခံနိုင်သလော။” ထိုသို့သော မေးခွန်းကို ဖွင့်ဟရန်မှာ မှန်ကန်သလော။ (မမှန်ပေ။) ပြီးလျှင် အဘယ်ကြောင့် မမှန်သနည်း။ (အစေခံသူများဖြစ်စေခြင်း လုပ်ရပ်မှတစ်ဆင့်ဖြင့်သာ အမှန်တကယ် ကျွန်ုပ်တို့ မျက်နှာသာပေးခံရခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။) အစေခံသူများသည် အစေခံရန် အခွင့်ပေးခံရခြင်း သက်သက်ဖြင့် မျက်နှာသာပေးခံရကြပြီး ဖြစ်သည်။ “အစေခံသူများ” ဟူသည့် အမည် မရှိဘဲနှင့်၊ ပြီးလျှင် ၎င်းတို့ လုပ်သည့် အလုပ်မရှိဘဲနှင့်၊ ဤလူများသည် မည်သည့်နေရာတွင် ရှိမည်နည်း။ ၎င်းတို့သည် ခြံမွေးတိရစ္ဆာန်များနှင့်အတူ အသက်ရှင်ရင်းနှင့် သေဆုံးရင်း၊ မယုံကြည်သူများအလယ်တွင် ရှိကြပေမည်။ ၎င်းတို့သည် ယနေ့တွင် ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့နှင့် ဘုရားသခင်၏ အိမ်တော်သို့ လာဖို့ အခွင့်ပေးခံရလျက်၊ မွေ့လျော်ခံစားရသည့် ကျေးဇူးတော်များမှာ ကြီးမားလှပေတကား။ ဤသည်မှာ အင်မတန် ကြီးမားသော ကျေးဇူးတော် တစ်ခု ဖြစ်၏။ ဘုရားသခင်သည် သင့်အား အစေခံရန် အခွင့်အရေးကို မပေးပါက၊ သင်သည် သူ၏ရှေ့မှောက်သို့ လာရန် အခွင့်အရေး မည်သည့်အခါတွင်မျှ ရှိမည် မဟုတ်ပေ။ အနည်းဆုံးအနေဖြင့်ပြောရလျှင်၊ သင်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကာ ပေါက်မြောက်မှုကို ရရှိထားပြီး ဖြစ်လျှင်ပင်၊ အများဆုံးအနေဖြင့် သင်သည် ဝိညာဉ်လောကတွင် လက်တိုလက်တောင်းလုပ်ရသူ တစ်ဦးသာဖြစ်၏။ သင်သည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ တွေ့ရမည်မဟုတ်၊ သူ၏အသံ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို ကြားရမည်မဟုတ်၊ သို့မဟုတ် သူ၏ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးမင်္ဂလာများကို ခံစားရမည်မဟုတ်သကဲ့သို့၊ သင်သည် သူနှင့် မျက်နှာချင်းဆိုင်လာရဖို့ မည်သည့်အခါမျှ ဖြစ်နိုင်မည် မဟုတ်ပေ။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ၎င်းတို့ ရှေ့မှောက်တွင် ရှိသည့် တစ်ခုတည်းသောအရာမှာ ရိုးရှင်းသည့် အလုပ်တာဝန်များ ဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်အားသိရန် မဖြစ်နိုင်သကဲ့သို့၊ ၎င်းတို့အနေဖြင့် လိုက်နာကာ နာခံရုံသာ ရှိသည်။ အစေခံသူများမှာမူ အမှု၏ဤအဆင့်အတွင်းတွင် များစွာရရှိကြ၏။ ပထမဦးစွာ၊ ၎င်းတို့သည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်ဖို့ လာနိုင်ကြသည်၊ သူ၏အသံကို ကြားနိုင်ကြသည်၊ သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ကြပြီး၊ လူတို့အပေါ် သူအပ်နှင်းသည့် ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို တွေ့ကြုံခံစားနိုင်ကြလေသည်။ ထို့အပြင်၊ ၎င်းတို့သည် ဘုရားသခင် အပ်နှင်းသည့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို မွေ့လျော်ခံစားနိုင်ကြ၏။ အစေခံသူများသည် အမှန်တကယ် မြောက်မြားလှစွာ ရရှိကြပေသည်။ ထို့ကြောင့် အစေခံသူတစ်ဦးအနေဖြင့် သင်သည် သင့်တော်သည့် ကြိုးပမ်းအားထုတ်မှုပင် မပြုနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို ထားရှိနိုင်သေးသလော။ သူသည် သင့်ကို မထားနိုင်ပေ။ သူသည် သင့်ထံမှ များစွာ မတောင်းဆိုသော်လည်း၊ သင်သည် သူတောင်းဆိုသည့် မည်သည့်အရာကိုမျှ မှန်ကန်စွာ မလုပ်ဆောင်ပေ။ သင်သည် သင်၏တာဝန်ကို စောင့်ထိန်းခြင်း မရှိလေပြီ။ ထို့သို့ဖြစ်သဖြင့်၊ ဘုရားသခင်သည် သင့်ကို မထားနိုင်သည်မှာ သေချာ၏။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားမှာ ယင်းသို့ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အလိုမလိုက်လွန်းသော်လည်း၊ သူသည် သင့်အပေါ် ခွဲခြားဆက်ဆံခြင်းလည်း မရှိပေ။ ဤအရာများသည် ဘုရားသခင် ပြုမူသည့် အခြေခံသဘောတရားများဖြစ်၏။ ဘုရားသခင်သည် လူများနှင့် သတ္တဝါများ အားလုံးကို ဤပုံစံဖြင့် ဆက်ဆံလေသည်။

ဝိညာဉ်လောကနှင့်ပတ်သက်လာသည့်အခါ၊ ထိုအထဲက သတ္တဝါ အမျိုးမျိုးသည် မှားယွင်းသောအရာ တစ်စုံတစ်ခုကို လုပ်ဆောင်မိပါက သို့မဟုတ် ၎င်းတို့၏အလုပ်ကို မှန်ကန်စွာ မလုပ်ဆောင်ပါက၊ ဘုရားသခင်သည်လည်း ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် အလားတူ လိုက်လျောညီထွေဖြစ်သော ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ပြန်တမ်းများနှင့် အမိန့်များရှိ၏။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ ထောင်စုနှစ်အချို့ကြာသည့် စီမံခန့်ခွဲခြင်း အမှုအတောအတွင်းတွင်၊ အပြစ်များ ကျူးလွန် မိခဲ့ကြသည့် တာဝန်ထမ်းဆောင်သူ အချို့သည် မျိုးဖြုတ် ခံကြရပြီးဖြစ်သော်လည်း၊ အချို့မှာ- ယနေ့ထက်ထိ- ထိန်းသိမ်း ခံရဆဲဖြစ်ပြီး၊ အပြစ်ပေးခံရဆဲဖြစ်၏။ ဤသည်မှာ ဝိညာဉ်လောကရှိ သတ္တဝါတိုင်း ရင်ဆိုင်ရမည့်အရာဖြစ်၏။ ၎င်းတို့သည် မှားယွင်းသော အရာတစ်စုံတစ်ခုကို လုပ်ဆောင်မိပါက သို့မဟုတ် မကောင်းမှု ကျူးလွန်မိပါက၊ အပြစ်ပေးခံရ၏- ဤသည်မှာ သူရွေးချယ်ထားသောသူများနှင့် အစေခံသူများအပေါ် ဘုရားသခင်၏ ချဉ်းကပ်မှုနှင့် တူညီပေသည်။ ထို့ကြောင့် ဝိညာဉ်လောကနှင့် ရုပ်ဝတ္ထုလောက နှစ်ခုလုံးတွင်၊ ဘုရားသခင် ဆောင်ရွက်သည့် အခြေခံသဘောတရားများသည် မပြောင်းလဲပေ။ သင်သည် ဘုရားသခင်၏ ဆောင်ရွက်ချက်များကို မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ၊ ၎င်းတို့၏အခြေခံသဘောတရားများ ပြောင်းလဲခြင်း မရှိပေ။ တစ်လျှောက်လုံးတွင် ဘုရားသခင်သည် အရာရာတိုင်းကို သူ၏ချဉ်းကပ်မှုနှင့် အရာခပ်သိမ်းကို သူ၏ကိုင်တွယ်မှုတွင် တူညီသော အခြေခံသဘောတရားများ ရှိပြီးဖြစ်သည်။ ဤသည်မှာ ပြောင်းလဲ၍မရနိုင်ပေ။ ဘုရားသခင်သည် မယုံကြည်သူများအလယ်ရှိ သင့်တော်သော ပြုမူပြောဆိုပုံဖြင့် အသက်ရှင်သည့်သူတို့အပေါ် ကြင်နာလိမ့်မည်ဖြစ်ပြီး၊ ဘာသာတရား အသီးသီးထဲရှိ ကောင်းကောင်းမွန်မွန်ပြုမူပြီး မကောင်းမှု မလုပ်ဆောင်ကြသည့် သူတို့အတွက် ဘုရားသခင် စီမံခန့်ခွဲသည့် အရာခပ်သိမ်းထဲက ၎င်းတို့၏အခန်းကဏ္ဍများကို လုပ်ဆောင် ခွင့်ပေးရင်းနှင့် ၎င်းတို့လုပ်သင့်သည့်အရာကို လုပ်ခွင့်ပြုရင်း၊ အခွင့်အရေးများကို ချန်ထားလိမ့်မည်။ ထို့အတူ ဘုရားသခင်နောက် လိုက်သူများထဲနှင့် သူရွေးချယ်ထားသောလူတို့ထဲတွင်၊ ဘုရားသခင်သည် သူ၏အခြေခံသဘောတရားများနှင့်အညီ မည်သူ့ကိုမျှ ခွဲခြားဆက်ဆံခြင်း မရှိပေ။ သူသည် စိတ်ရင်းမှန်ဖြင့် သူ့နောက်လိုက်နိုင်သူတိုင်းအပေါ် ကြင်နာပြီး စိတ်ရင်းမှန်ဖြင့် သူ့နောက်လိုက်သူတိုင်းကို ချစ်၏။ ယင်းမှာ- မယုံကြည်သူများ၊ ယုံကြည်ခြင်းရှိသော လူအမျိုးအစား အမျိုးမျိုးနှင့် ဘုရားသခင် ရွေးချယ်ထားသူများကဲ့သို့သော- လူအမျိုးအစား အချို့အတွက် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှင်းသည့်အရာ ခြားနားခြင်းသာ ဖြစ်ပေသည်။ ဥပမာအားဖြင့် မယုံကြည်သူများကို ကြည့်လော့- ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ ဘုရားသခင်က ၎င်းတို့အား သားရဲများကဲ့သို့ မြင်သော်လည်း၊ အရာခပ်သိမ်း အလယ်တွင် ၎င်းတို့အသီးသီးသည် စားစရာအစာရှိ၏၊ ၎င်းတို့၏ ကိုယ်ပိုင်နေရာတစ်ခုရှိကာ၊ ပုံမှန် ရှင်ခြင်းနှင့်သေခြင်း သံသရာ ရှိလေသည်။ မကောင်းမှုပြုသူတို့သည် အပြစ်ပေးခြင်းခံရကာ ကောင်းမှုပြုသူများသည် ကောင်းချီးခံစားရပြီး ဘုရားသခင်၏ ကြင်နာမှုကို လက်ခံရရှိကြ၏။ ယင်းမှာ ဤသို့ ဖြစ်သည်မဟုတ်လော။ ယုံကြည်ခြင်းရှိသော လူများအတွက် ပြန်လည်မွေးဖွားခြင်း တစ်ခုပြီးတစ်ခုမှတစ်ဆင့် ၎င်းတို့သည် ဘာသာရေး ကျင့်ဝတ်သီလများကို အတိအကျ လိုက်နာနိုင်ပါက၊ ထိုပြန်လည် ဝင်စားခြင်းများအားလုံး၏ နောက်ပိုင်းတွင်၊ ဘုရားသခင်သည် နောက်ဆုံးတွင် ၎င်းတို့အဖို့ သူ၏ကြေညာချက် ပြုလုပ်လိမ့်မည်။ ထို့အတူ သင်တို့အတွက် ယနေ့တွင်၊ သင်တို့သည် ဘုရားသခင် ရွေးချယ်ထားသူများထဲမှ တစ်ဦးဖြစ်သည်ဖြစ်စေ၊ အစေခံသူ တစ်ဦးဖြစ်စေ၊ ဘုရားသခင်သည် အလားတူ သင်တို့ကိုလည်း လိုက်နာ စေလိမ့်မည်ဖြစ်ပြီး၊ သူချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များနှင့်အညီ သင်တို့၏အဆုံးသတ်ကို ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။ ဘာသာတရား အမျိုးမျိုးနှင့်သက်ဆိုင်သော သူများဖြစ်သည်- ယုံကြည်ခြင်းရှိသော လူအမျိုးအစား အမျိုးမျိုးဖြစ်သော၊ ဤလူအမျိုးအစား အမျိုးမျိုးထဲတွင်၊ ဘုရားသခင်သည် အသက်ရှင်ဖို့ နေရာကို ၎င်းတို့အား ပေးပြီးပြီလော။ ယုဒလူမျိုးများ အဘယ်မှာနည်း။ ဘုရားသခင်သည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဝင်ရောက်နှောင့်ယှက်လေပြီလော။ သူ မနှောင့်ယှက်လေပြီ။ ခရစ်ယာန်များနှင့် ပတ်သက်၍ကော အဘယ်နည်း။ ၎င်းတို့နှင့်ပတ်သက်၍လည်း သူမနှောင့်ယှက်လေပြီ။ သူသည် ၎င်းတို့အား ၎င်းတို့၏ ကိုယ်ပိုင် လုပ်ထုံးလုပ်နည်းများကို လိုက်နာခွင့်ပြုသည်၊ သူသည် ၎င်းတို့အား စကားမပြောပေ သို့မဟုတ် မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းကိုမျှ မပေးပေ၊ ထို့အပြင် ၎င်းတို့ထံ မည်သည့်အရာကိုမှ သူ မထုတ်ဖော်ပြပေ။ သင် မှန်သည်ဟုထင်ပါက၊ ဤနည်းဖြင့် ယုံကြည်လော့။ ဘရင်ဂျီတို့သည် မာရိကိုယုံကြည်ကြပြီး၊ မာရိမှတစ်ဆင့် သတင်းသည် ယေရှုထံသို့ လက်ဆင့်ကမ်းခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ယင်းမှာ ၎င်းတို့၏ယုံကြည်မှုပုံစံ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့၏ယုံကြည်ခြင်းကို ပြုပြင်ဖူးသလော။ ဘုရားသခင်သည် ၎င်းတို့အား စိတ်ကြိုက်လုပ်ကိုင်ခွင့်ပေး၏။ သူသည် ၎င်းတို့အား အလေးဂရုမပြုသကဲ့သို့၊ အသက်ရှင်ဖို့ နေရာတစ်ခုခုကို ပေးလေသည်။ မွတ်စလင်များ၊ ဗုဒ္ဓဘာသာဝင်များနှင့် စပ်လျဉ်း၍၊ သူသည် အလားတူ ဖြစ်သည် မဟုတ်လော။ ၎င်းတို့အတွက်လည်း သူသည် နယ်နိမိတ်များ ချမှတ်ပြီးဖြစ်ကာ ၎င်းတို့၏ သက်ဆိုင်ရာယုံကြည်မှုများတွင် ဝင်ရောက်နှောင့်ယှက်ခြင်း မရှိဘဲ၊ ၎င်းတို့၏ ကိုယ်ပိုင် အသက်ရှင်ရာ နေရာများကို ရှိခွင့်ပြု၏။ အရာအားလုံးကို ကောင်းမွန်စွာ စနစ်တကျ စီမံထား၏။ ဤအရာအားလုံးတွင် သင်တို့သည် မည်သည့်အရာကို မြင်ကြသနည်း။ ဘုရားသခင်သည် သြဇာအာဏာ ပိုင်ဆိုင်သော်လည်း၊ သူသည် ယင်းကို အလွဲသုံးစားမပြုပေ။ ဘုရားသခင်သည် အရာခပ်သိမ်းကို စုံလင်သော စနစ်ကျမှုဖြင့် စီစဉ်ထားပြီး စနစ်ကျသည့် နည်းဟန်တစ်ခုဖြင့် ယင်းကို လုပ်ဆောင်ကာ၊ ဤတွင် သူ၏ဉာဏ်ပညာနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း တည်ရှိလေသည်။

ယနေ့တွင် ငါတို့သည် ထိုနယ်ပယ်အပေါ် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အုပ်စိုးမှုတို့၏ လက္ခဏာသွင်ပြင် တစ်ရပ်ကို ကိုယ်စားပြုသော၊ ဝိညာဉ်လောက၏ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သစ်လွင်ပြီး ထူးခြားသော အကြောင်းအရာတစ်ခုကို ထည့်သွင်းဆွေးနွေးကြပြီး ဖြစ်သည်။ ဤအရာများကို သင်တို့ နားမလည်မီတွင်၊ သင်တို့က “ဤအရာနှင့်ပတ်သက်သည့် အရာရာတိုင်းသည် နက်နဲမှုတစ်ရပ်ဖြစ်ပြီး ကျွန်ုပ်တို့၏ အသက်ထဲသို့ ဝင်ရောက်မှုနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပါ။ ဤအရာတို့သည် လူတို့ အမှန်တကယ် အသက်ရှင်ပုံမှ ကင်းကွာနေပြီး၊ ယင်းတို့ကို ကျွန်ုပ်တို့ နားလည်ရန် မလိုအပ်သကဲ့သို့၊ ယင်းတို့အကြောင်းကိုလည်း ကျွန်ုပ်တို့ ကြားရန် ဆန္ဒမရှိပါ။ ယင်းတို့သည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် လုံးဝ ဆက်စပ်ခြင်းမရှိပါ” ဟု ပြောကြပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ ယခုတွင် ထိုသို့သော အတွေးနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသည်ဟု သင်တို့ထင်သလော။ ယင်းမှာ မှန်ကန်ပါ၏လော။ (မမှန်ကန်ပါ။) ထိုသို့သော အတွေးသည် မမှန်ကန်သကဲ့သို့၊ ဆိုးရွားသည့် ပြဿနာများ ရှိ၏။ ဤအရာအတွက် အကြောင်းရင်းမှာ သင်သည် အရာခပ်သိမ်းအပေါ် ဘုရားသခင် မည်သို့အုပ်စိုးသည်ကို သဘောပေါက်ရန် ဆန္ဒရှိပါက၊ သင်မြင်တွေ့နိုင်သည့်အရာနှင့် သင်၏ တွေးခေါ်သည့်နည်းလမ်းက သဘောပေါက်နိုင်သည့်အရာကိုသာ သက်သက် နားလည်၍မရပေ။ သင်သည် သင့်အဖို့ မြင်ကောင်း မြင်နိုင်မည် မဟုတ်သော်လည်း၊ သင်မြင်နိုင်သော ဤလောကနှင့် ခွဲခြား၍မရအောင် ချိတ်ဆက်နေသည့် အခြားလောက၏ အချို့တစ်ဝက်တို့ကိုလည်း နားလည်ရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အချုပ်အခြာအာဏာနှင့် သက်ဆိုင်ပြီး၊ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော အကြောင်းအရာနှင့် သက်ဆိုင်ပေသည်။ ယင်းသည် ထိုအရာနှင့်ပတ်သက်သည့် သတင်းအချက်အလက်ဖြစ်၏။ ဤသတင်းအချက်အလက် မရှိဘဲနှင့်၊ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် အဘယ်သို့ ဖြစ်သည်ဆိုသည်နှင့်ပတ်သက်သည့် လူတို့၏ အသိပညာတွင် အပြစ်အနာအဆာများနှင့် ချို့တဲ့မှုများ ရှိပေမည်။ သို့ဖြစ်၍ ယနေ့ ငါတို့ပြောပြီးသည့်အရာကို ငါတို့၏ ယခင်အကြောင်းအရာများကို အချောသတ်ခြင်းအပြင် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဆိုသည့်အရာ၏ ပါဝင်သည့် အကြောင်းအရာကို နိဂုံးချုပ်ခြင်းဖြစ်သည်ဟု ပြောနိုင်၏။ ဤအရာကို နားလည်ပြီးနောက်တွင်၊ သင်တို့သည် ယခု ဤပါဝင်သည့် အကြောင်းအရာမှတစ်ဆင့် ဘုရားသခင်ကို သိနိုင်ကြပြီလော။ သာ၍ အရေးကြီးသည်မှာ၊ ယနေ့တွင် ငါသည် အစေခံသူများနှင့် ပတ်သက်သည့် အလွန်အရေးကြီးသော သတင်းအချက်အလက် တစ်ရပ်ကို သင်တို့ထံ လက်ဆင့်ကမ်းပြီးဖြစ်၏။ သင်တို့သည် ဤကဲ့သို့သော အကြောင်းအရာများကို နားထောင်ရခြင်းအား အလွန် နှစ်သက်သကဲ့သို့၊ သင်တို့သည် ဤအရာများကို အမှန်တကယ် ဂရုစိုက်သည်ကို ငါသိသည်။ ထို့ကြောင့် ယနေ့ ငါပြောပြီးဖြစ်သည့်အရာ နှင့်ပတ်သက်၍ သင်တို့ စိတ်ကျေနပ်သည်ဟု ခံစားရသလော။ (ဟုတ်ကဲ့။ ကျွန်ုပ်တို့ ခံစားရပါသည်။) အခြားအရာများထဲမှ အချို့သည် သင်တို့အပေါ် အလန်ခိုင်မာသည့် ယူဆချက်တစ်ရပ် မဖြစ်စေနိုင်ကောင်းသော်လည်း၊ အစေခံသူများနှင့်ပတ်သက်သည့် ငါ ပြောဆိုပြီးဖြစ်သော အရာသည် သင်တို့ တစ်ဦးစီတိုင်း၏ ဝိညာဉ်ကို တို့ထိသည့်အတွက်၊ ဤအကြောင်းအရာက သင်တို့အပေါ် အထူးသဖြင့် ခိုင်မာသည့် ယူဆချက်တစ်ရပ် ဖြစ်စေပြီးဖြစ်သည်။

လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်၏ သတ်မှတ်ချက်များ

(က) ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း

“ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” နှင့်သက်ဆိုင်သော အကြောင်းအရာအပြင်၊ “ဘုရားသခင်သည် အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်၏” နှင့်သက်ဆိုင်သော အကြောင်းအရာ၏ အဆုံးသို့ ငါတို့ ရောက်ရှိပြီဖြစ်သည်။ ထိုသို့ပြီးမြောက်သည်နှင့်အညီ၊ ငါတို့သည် အမှုအရာများကို အကျဉ်းရုံးရန် လိုသည်။ မည်သည့် အကျဉ်းချုပ်မျိုး ငါတို့ ပြုလုပ်ရမည်နည်း။ ယင်းသည် ဘုရားသခင် ကိုယ်တော်တိုင်နှင့်ပတ်သက်သည့် သုံးသပ်ချက်တစ်ခု ဖြစ်သည်။ ထိုသို့ ဖြစ်သဖြင့်၊ ယင်းသည် ဘုရားသခင်၏ လက္ခဏာသွင်ပြင်တိုင်းအပြင်၊ ဘုရားသခင်ကို လူတို့ယုံကြည်သည့် ပုံစံနှင့်လည်း ဧကန်ဖြစ်သော ဆက်စပ်မှုတစ်ခု ရှိရပေမည်။ ထို့ကြောင့် ပထမဦးစွာ ငါသည် သင်တို့ကို မေးရမည်- ဤတရားဟောချက်များကို ကြားရပြီးသည့်နောက်၊ သင်တို့၏စိတ်အမြင်ထဲတွင် ဘုရားသခင်သည် မည်သူနည်း။ (ဖန်ဆင်းရှင် ဖြစ်ပါသည်။) သင်တို့၏ စိတ်အမြင်ထဲတွင် ရှိသော ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်၏။ အခြားအရာများ ရှိသေးသလော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ သခင်ဖြစ်၏။ ဤစကားများသည် သင့်တော်ပါသလော။ (သင့်တော်ပါသည်။) ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်ပြီး၊ ရှိသမျှအားလုံးအပေါ် အုပ်စိုးကာ ရှိသမျှအားလုံးအတွက် ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ အဆင့်အတန်းဖြစ်ပြီး၊ သူ၏ ပင်ကိုလက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာ အားလုံးအတွက် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာမှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခြင်းအားလုံးကို အုပ်ချုပ်သူ ဖြစ်၏။ ယင်းမှာ ဘုရားသခင် ပိုင်ဆိုင်သော ပင်ကိုလက္ခဏာဖြစ်ပြီး၊ သူသည် အရာခပ်သိမ်းတို့အလယ်တွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်ထဲတွင် ဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ- ဘုရားသခင်၏ သတ္တဝါများထဲမှ မည်သူကမျှ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို တူအောင်တုရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အခွင့်အလမ်းမျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့ အလယ်တွင် ဤပင်ကိုလက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် ဖန်ဆင်းခြင်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ- ငါတို့၏ အတုမရှိသော ဘုရားသခင် ကိုယ်တော်တိုင်- တစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။ သူသည် အရာခပ်သိမ်းအလယ် နေထိုင်ကာ ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားဖြစ်လာခြင်း၊ အသွေးအသား ရှိသည့် သူတို့ထဲမှ တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာခြင်းနှင့် ၎င်းတို့နှင့်အတူ အကောင်းအဆိုးများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏၊ သို့သော် တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာ အားလုံး၏ ကံကြမ္မာနှင့် ယင်းတို့အားလုံး ရွေ့လျားသည့်ဦးတည်ရာကို ဆုံးဖြတ်ရင်း၊ ရှိသမျှအရာအားလုံးကို ကွပ်ကဲအုပ်ချုပ်လေသည်။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာကို လမ်းပြပြီး၊ လူသားမျိုးနွယ်၏ ဦးတည်ချက်ကို ထိန်းကျောင်းပေး၏။ ဤကဲ့သို့သော ဘုရားသခင်တစ်ပါးကို သက်ရှိသတ္တဝါအားလုံးက ဝတ်ပြု ကိုးကွယ်သင့်သည်၊ နာခံသင့်ပြီး သိရှိသင့်ပေသည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်ထဲမှ မည်သည့်အုပ်စု သို့မဟုတ် မည်သည့် အမျိုးအစားနှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင် နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် သူ၏ အစီအစဉ်များကို လက်ခံခြင်းသည်သာ မည်သည့် လူမဆိုနှင့် မည်သည့် သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာ- လိုအပ်သော ရွေးချယ်စရာ- ဖြစ်၏။ ဘုရားသခင်၏ အတုမရှိမှုတွင်၊ လူတို့က သူ၏သြဇာအာဏာ၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့် အရာခပ်သိမ်းအဖို့ သူထောက်ပံ့ပေးသည့် နည်းလမ်းများ အားလုံး လုံးဝ အတုမရှိသည်ကို တွေ့ကြ၏။ ဤအတုမရှိမှုသည် ဘုရားသခင်ကိုယ်တိုင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကို သတ်မှတ်ပြီး သူ၏အဆင့်အတန်းကိုလည်း သတ်မှတ်၏။ ထို့ကြောင့် သတ္တဝါတို့ အားလုံးထဲတွင်၊ ဝိညာဉ်လောကထဲရှိ သို့မဟုတ် လူသားမျိုးနွယ်အလယ်ရှိသည့် မည်သည့် သက်ရှိသတ္တဝါမဆို ဘုရားသခင်၏ကိုယ်စား ရပ်တည်ရန် ဆန္ဒရှိပါက၊ ဘုရားသခင်ကို တုပရန် မည်သည့် ကြိုးပမ်းမှုမဆိုကဲ့သို့ အောင်မြင်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားဖြစ်၏။ ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာ၊ တန်ခိုးနှင့် အဆင့်အတန်းကို ပိုင်ဆိုင်သည့် ဤကဲ့သို့သော ဖန်ဆင်းရှင်နှင့် အုပ်စိုးသူတစ်ဦး၏ လူသားမျိုးနွယ်နှင့်သက်ဆိုင်သော သတ်မှတ်ချက်များကား အဘယ်နည်း။ ဤသည်မှာ အယောက်တိုင်းအဖို့ ရှင်းလင်းသင့်ပြီး အယောက်တိုင်းက အမှတ်ရသင့်ပေသည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသား နှစ်ဦးလုံးအတွက် အလွန် အရေးကြီးပေသည်။

(ခ) ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ သဘောထားအမျိုးမျိုး

ဘုရားသခင်အပေါ် လူတို့ပြုမူပုံသည် ၎င်းတို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့်အပြင်၊ ၎င်းတို့အပေါ် ဘုရားသခင် မည်သို့ ပြုမူပြီး ၎င်းတို့ကို မည်သို့ကိုင်တွယ်မည်ကို ဆုံးဖြတ်ပေးသည်။ ဤအချိန်တွင် ဘုရားသခင်အပေါ် လူတို့ပြုမူပုံ နှင့်သက်ဆိုင်သည့် ဥပမာအချို့ ငါပေးမည်။ ဘုရားသခင် ရှေ့မှောက်တွင် ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်သည့် ပုံစံများနှင့် သဘောထားများသည် မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို နားထောင်ကာ ကြည့်ကြစို့။ အောက်ပါ လူအမျိုးအစား ခုနှစ်မျိုးတို့၏ အပြုအမူကို စဉ်းစားကြစို့-

၁) ဘုရားသခင်အပေါ် ၎င်း၏သဘောထားက အထူးသဖြင့် ရယ်ဖွယ်ကောင်းသော လူတစ်မျိုးရှိ၏။ ဤလူတို့က ဘုရားသခင်သည် ဘုရားလောင်းတစ်ပါး သို့မဟုတ် လူ့ရိုးရာယုံကြည်မှု၏ သန့်ရှင်းသူတစ်ဦးကဲ့သို့ ဖြစ်ပြီး၊ အချင်းချင်း ဆုံသည့်အခါတိုင်း သုံးကြိမ်ဦးညွှတ်ဖို့နှင့် အစာစားပြီးတိုင်း အမွှေးတိုင်ထွန်းပေးရန် လူသားများကို လိုအပ်သည်ဟု ထင်ကြ၏။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ၎င်းတို့ အလွန့်အလွန် ကျေးဇူးတင်ရှိကာ ဘုရားသခင်အပေါ် ကျေးဇူးတင်ခြင်း ခံစားရသည့်အခါတိုင်းတွင်၊ ၎င်းတို့သည် ဤ စိတ်ဆန္ဒမျိုး မကြာခဏ ရှိကြသည်။ ထို့ကြောင့် ယနေ့ ၎င်းတို့ယုံကြည်သော ဘုရားသခင်သည် ၎င်းတို့၏ နှလုံးသားများတွင် ၎င်းတို့ တမ်းတကြသော သန့်ရှင်းသူကဲ့သို့ တွေ့ဆုံသည့်အခါ၊ သုံးကြိမ်ဦးညွှတ်ပြီး၊ အစာစားပြီးတိုင်း အမွှေးတိုင်ထွန်းသော နည်းလမ်းကို လက်ခံနိုင်ရန် ၎င်းတို့ ဆန္ဒရှိကြလေသည်။

၂) လူအချို့သည် ဘုရားသခင်အား သက်ရှိအားလုံးကို ဒုက္ခဆင်းရဲမှ ကယ်ဆယ်နိုင်စွမ်းရှိပြီး၊ ၎င်းတို့ကို ကယ်တင်နိုင်စွမ်း ရှိသည့် သက်ရှိဗုဒ္ဓတစ်ပါးကဲ့သို့ မြင်ကြ၏။ ၎င်းတို့သည် သူ့ကို ၎င်းတို့အား ဒုက္ခပင်လယ်မှ ဝေးရာသို့ ခေါ်ဆောင်သွားနိုင်စွမ်းရှိသည့် သက်ရှိဗုဒ္ဓတစ်ပါးကဲ့သို့ မြင်ကြ၏။ ဤလူတို့၏ ဘုရားသခင်ကို ယုံကြည်မှုသည် ဘုရားသခင်အား ဗုဒ္ဓတစ်ပါးကဲ့သို့ ကိုးကွယ်ဝတ်ပြုခြင်း ဖြစ်စေသည်။ ၎င်းတို့သည် အမွှေးတိုင် မထွန်းသော်လည်း၊ မကန်တော့သော်လည်း သို့မဟုတ် ပူဇော် ပသခြင်းများ မပေးသော်လည်း၊ စိတ်ထဲတွင် ၎င်းတို့သည် ဘုရားသခင်မှာ ၎င်းတို့အား ကြင်နာကာ ငဲ့ညှာရန်၊ မည်သည့် သက်ရှိသတ္တဝါကိုမျှ မသတ်ရန်၊ အခြားသူများကို ဆဲရေးတိုင်းထွာခြင်းမှ ရှောင်ကြဉ်ရန်၊ ရိုးသားဖြောင့်မတ်ပုံရသည့် ဘဝတစ်ခုကို အသက်ရှင်ရန်နှင့် အပြစ်များ မကျူးလွန်ရန်သာ တောင်းဆိုသည့် ထိုသို့သော ဗုဒ္ဓတစ်ပါးသာဖြစ်သည်ဟု ခံစားကြလေသည်။ ဤအရာများမှာ ၎င်းတို့နှင့်ပတ်သက်၍ သူ တောင်းဆိုသည့် အရာအားလုံးဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏နှလုံးသားများထဲက ဘုရားသခင်ဖြစ်၏။

၃) လူအချို့က ဘုရားသခင်အား ကြီးမြတ်သောသူ သို့မဟုတ် ကျော်ကြားသူ တစ်စုံတစ်ဦးကဲ့သို့ ဝတ်ပြုကိုးကွယ်ကြ၏။ ဥပမာအားဖြင့် ဤကြီးမြတ်သောလူက မည်သည့်နည်းဖြင့် စကားပြောရန် နှစ်သက်သည်ဖြစ်စေ၊ မည်သည့် လေယူလေသိမ်းဖြင့် သူ စကားပြောသည်ဖြစ်စေ၊ မည်သည့်စကားလုံးများနှင့် ဝေါဟာရကို သူ အသုံးပြုသည်၊ သူ၏ အသံနေအသံထား၊ သူ၏ လက်ဟန်များ၊ ခံယူချက်များနှင့် အပြုအမူများ၊ သူ၏ ဟန်အမူအရာ- ယင်းတို့အားလုံးကို ၎င်းတို့ အတုခိုးကြပြီး၊ ဤသည်တို့မှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှု လမ်းကြောင်းတွင် ၎င်းတို့ အပြည့်အဝ ပေါက်ဖွားလာစေရမည့် အရာများဖြစ်သည်။

၄) လူအချို့က သူသည် အရာခပ်သိမ်း၏ အထက်တွင် ရှိကာ မည်သူမျှ သူ့ကို ပုန်ကန်ပြစ်မှားဝံ့ခြင်းမရှိ- တစ်ဦးတစ်ယောက်က ပြစ်မှားမိပါက၊ ထိုလူ အပြစ်ပေးခံရလိမ့်မည်ဟု ခံစားရလျက်၊ ဘုရားသခင်အား ဧကရာဇ်တစ်ပါးကဲ့သို့ မြင်ကြသည်။ ဧကရာဇ်များသည် ၎င်းတို့၏နှလုံးသားများတွင် နေရာတစ်ခုခု စွဲကိုင်ထားကြသောကြောင့်၊ ထိုသို့သော ဧကရာဇ်တစ်ဦးကို ၎င်းတို့ ကိုးကွယ်ကြခြင်း ဖြစ်သည်။ ဧကရာဇ်တို့၏ အတွေးများ၊ အပြုအမူ၊ သြဇာအာဏာနှင့် သဘာဝ- ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ကိုယ်ရေးကိုယ်တာ ဘဝတို့ပင်လျှင်- အားလုံးသည် ၎င်းတို့ နားလည်ရမည်ဟု ဤလူများ ခံစားကြသည့် အရာတစ်ခု ဖြစ်လာသည်။ ယင်းတို့သည် ၎င်းတို့ ပူပန်ရသည့် ပြဿနာများနှင့် ကိစ္စရပ်များ ဖြစ်လာကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်အား ဧကရာဇ် တစ်ပါးကဲ့သို့ ဝတ်ပြုကိုးကွယ်ကြ၏။ ထိုသို့သော ယုံကြည်မှု ပုံစံတစ်ခုသည် ရယ်ဖွယ်ရာဖြစ်၏။

၅) အချို့သောလူများက ဘုရားသခင် တည်ရှိခြင်း၌ အထူးယုံကြည်ခြင်း ရှိပြီး ဤယုံကြည်ခြင်းသည် နက်နဲကာ မဆုတ်မနစ် ဖြစ်သည်။ သို့သော် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အသိပညာသည် အလွန်အပေါ်ယံဆန်ပြီး၊ သူ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အတွေ့အကြုံများစွာ မရှိကြသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်အား ရုပ်တုဆင်းတု တစ်ခုကဲ့သို့ ဝတ်ပြုကိုးကွယ်ကြ၏။ ဤရုပ်တုသည် ၎င်းတို့၏ နှလုံးသားများတွင်ရှိသော ဘုရားသခင်ဖြစ်၏။ ယင်းမှာ ၎င်းတို့ ကြောက်ရွံ့ကာ ဦးညွှတ်ရမည်ဖြစ်ပြီး၊ ၎င်းတို့လိုက်လျှောက်ကာ အတုခိုးရမည်ဟု ၎င်းတို့ ခံစားကြရသည့် အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ ဘဝတစ်ခုလုံးတွင် လိုက်လျှောက်ရမည့် ရုပ်တုတစ်ခုကဲ့သို့မြင်၏။ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသော အသံနေအသံထားကို အတုခိုးကာ၊ အပြင်ပန်းအားဖြင့် ဘုရားသခင်နှစ်သက်သောသူများကို ၎င်းတို့ အတုခိုးကြ၏။ ၎င်းတို့သည် ရိုးစင်းပြီး၊ ဖြူစင်ကာ ရိုးသားပုံရသည့် အရာများကို မကြာခဏ လုပ်ဆောင်ကြပြီး၊ ၎င်းတို့မည်သည့်အခါမျှ မခွဲခွာနိုင်သည့် ကြင်ဖော်ကြင်ဖက် သို့မဟုတ် အဖော်တစ်ဦး ဖြစ်သည့်အလား ဤရုပ်တုနောက်ကို လိုက်ကြ၏။ ယင်းမှာ ၎င်းတို့၏ယုံကြည်မှုပုံစံ ဖြစ်သည်။

၆) ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရပြီးဖြစ်ကာ တရားဟောချက် များစွာကြားပြီးဖြစ်သော်လည်း၊ စိတ်ထဲတွင် ဘုရားသခင်အပေါ် ၎င်းတို့၏အပြုအမူ နောက်ကွယ်က တစ်ခုတည်းသော အခြေခံသဘောတရားမှာ ၎င်းတို့သည် အ‌မြဲ မျက်နှာလိုမျက်နှာရ လုပ်သင့်ကာ ဖော်လံဖားသင့်သည် သို့မဟုတ် ဘုရားသခင်အား ချီးမွမ်းကာ လက်တွေ့မကျသော နည်းလမ်း တစ်ရပ်ဖြင့် သူ့ကို ချီးကျူးသင့်သည်ဟု ခံစားရသော လူအမျိုးအစား တစ်မျိုး ရှိ၏။ ဘုရားသခင်သည် ၎င်းတို့အား ထိုသို့ပြုမူဖို့ တောင်းဆိုသော ဘုရားသခင် တစ်ပါးဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ထို့အပြင် ၎င်းတို့ ထိုသို့ မလုပ်ဆောင်ပါက၊ သူ၏ဒေါသကို အချိန်မရွေး ၎င်းတို့ နှိုးဆွနိုင်သည် သို့မဟုတ် သူ့အား အမှတ်မထင် ပြစ်မှားမိနိုင်ကာ၊ ဤအပြစ်ပြုခြင်း၏ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်သည် ၎င်းတို့အား အပြစ်ပေးလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြ၏။ ယင်းမှာ ၎င်းတို့၏ နှလုံးသားများတွင် ၎င်းတို့ ထိန်းသိမ်းထားသည့် ဘုရားသခင်ဖြစ်၏။

၇) ထို့နောက် ဘုရားသခင်၌ ဝိညာဉ်ရေးအာဟာရ ရှာတွေ့သော လူအများစုရှိ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဤလောကတွင် အသက်ရှင်ကြသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ငြိမ်သက်ခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း မရှိဘဲ၊ မည်သည့်နေရာတွင်မျှ ကိုယ်စိတ်ချမ်းသာမှု ၎င်းတို့ ရှာမတွေ့ကြပေ။ ဘုရားသခင်ကို ၎င်းတို့ ရှာတွေ့သည်နှင့်တစ်ပြိုင်နက် သူ၏နှုတ်ကပတ်တော်များကို ၎င်းတို့ မြင်ကာကြားပြီးနောက်တွင်၊ ၎င်းတို့၏နှလုံးသားများတွင် ၎င်းတို့သည် လျှို့ဝှက်သော ဝမ်းမြောက်မှုနှင့် ပီတိတို့ကို စတင်သိုထားကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် နောက်ဆုံး၌ ၎င်းတို့၏ စိတ်ဝိညာဉ်အား ပျော်ရွှင်စေမည့် နေရာ ရှာတွေ့ပြီးဖြစ်သကဲ့သို့၊ ၎င်းတို့အား ဝိညာဉ်ရေး အာဟာရ ထောက်ပံ့ပေးမည့် ဘုရားသခင်ကို နောက်ဆုံးတွင် ရှာတွေ့ပြီဟု ၎င်းတို့ ယုံကြည်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်အား ၎င်းတို့ လက်ခံကာ သူ့နောက် စတင်လိုက်ပြီးနောက်တွင်၊ ၎င်းတို့သည် ပျော်ရွှင်လာကာ ၎င်းတို့၏ဘဝများကို ကျေနပ်ကြလေသည်။ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ အိပ်ပျော်နေစဉ် ယောင်ယမ်း လမ်းလျှောက်ကာ ဘဝကို ဖြတ်သန်းကြသော မယုံကြည်သူများကဲ့သို့ မပြုမူကြတော့ဘဲ၊ ဘဝတွင် မျှော်လင့်စောင့်စားစရာ တစ်စုံတစ်ရာ ရှိသည်ဟု ၎င်းတို့ခံစားကြရ၏။ ထို့ကြောင့် ဤဘုရားသခင်က ၎င်းတို့၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ကာ ၎င်းတို့အား စိတ်ရောဝိညာဉ်ပါ ကြီးမားသည့် ပျော်ရွှင်မှု ဆောင်ကြဉ်းပေးနိုင်သည်ဟု ၎င်းတို့ ထင်ကြသည်။ မသိလိုက်ဘဲနှင့်၊ ၎င်းတို့သည် ၎င်းတို့အား ထိုသို့သော ဝိညာဉ်ရေး အာဟာရပေးပြီး ၎င်းတို့၏ စိတ်ဝိညာဉ်များနှင့် ၎င်းတို့၏ မိသားစုဝင် အားလုံးထံ ပျော်ရွှင်မှုဆောင်ကြဉ်းပေးသည့် ဤဘုရားသခင်ကို မခွာနိုင်ဖြစ်လာကြသည်။ ဘုရားသခင်ကို ယုံကြည်မှုသည် ဝိညာဉ်ရေးရာ အာဟာရကို ဆောင်ကြဉ်းဖို့ထက် မည်သည့်အရာမျှ မလိုအပ်ဟု ၎င်းတို့ ယုံကြည်သည်။

သင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် ဘုရားသခင်အပေါ် အထက်ဖော်ပြပါ သဘောထားအမျိုးမျိုးကို ရှိသလော။ (ရှိပါသည်။) ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှု၌ လူတစ်ဦး၏နှလုံးသားသည် ထိုသဘောထားများထဲမှ တစ်ခုတစ်လေကို သိုထားပါက၊ ၎င်းတို့သည် ဘုရားသခင်ရှေ့မှောက် အမှန်တကယ် လာနိုင်ကြသလော။ တစ်စုံတစ်ဦးသည် ၎င်း၏ စိတ်နှလုံးတွင် ဤသဘောထားများထဲမှ တစ်ခုတစ်လေ ရှိပါက၊ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သလော။ ထိုသို့သော လူတစ်ဦးသည် အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်ကို ယုံကြည်သလော။ (မယုံကြည်ပါ။) သင်သည် အတုမရှိသော ဘုရားသခင် ကိုယ်တော်တိုင်ကို မယုံကြည်သည့်အတွက် မည်သူ့ကို သင် ယုံကြည်သနည်း။ သင်ယုံကြည်သည်မှာ အတုမရှိသော ဘုရားသခင် ကိုယ်တော်တိုင်မဟုတ်လျှင်၊ သင်သည် ရုပ်တုတစ်ခု သို့မဟုတ် ကြီးမြတ်သော လူတစ်ဦး သို့မဟုတ် ဘုရားလောင်းတစ်ပါးကို ယုံကြည်သည် သို့မဟုတ် သင်၏နှလုံးသားထဲရှိသည့် ဗုဒ္ဓကို ကိုးကွယ်သည်မှာ ဖြစ်နိုင်၏။ ထို့အပြင် သင်သည် သာမန်လူတစ်ဦးကို ယုံကြည်သည်မှာ ဖြစ်နိုင်၏။ တိုတိုပြောရလျှင် ဘုရားသခင်အပေါ် လူတို့၏ယုံကြည်မှု ပုံစံအမျိုးမျိုးနှင့် သဘောထားများကြောင့်၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် သိမြင်ခြင်းနှင့်ဆိုင်သော ဘုရားသခင်ကို ၎င်းတို့၏နှလုံးသားများတွင် ထားကြသည်၊ ၎င်းတို့၏ စိတ်ကူးစိတ်သန်းကို ဘုရားသခင်အပေါ် သတ်မှတ်ကြသည်၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ သဘောထားများနှင့် စိတ်ကူးစိတ်သန်းများကို အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘေးချင်းယှဉ်လျက် ထားကြကာ၊ ထို့နောက်တွင် ယင်းတို့ကို အထွတ်အမြတ်ထားခံရစေဖို့ ဆွဲကိုင် ထားကြ၏။ လူတို့သည် ဘုရားသခင်အပေါ် ထိုသို့သော မသင့်တော်သည့် သဘောထားများရှိသောအခါ၊ ယင်းသည် မည်သည့် အဓိပ္ပာယ်နည်း။ ယင်းမှာ ၎င်းတို့သည် စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်ကို ငြင်းပယ်ပြီးဖြစ်ကာ အယောင်ဆောင်သော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေကြသည်ဟု ဆိုလိုပေသည်။ ယင်းက ဘုရားသခင်ကို ယုံကြည်နေစဉ်တွင်၊ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းပယ်နေကြပြီး သူ့ကို ဆန့်ကျင်နေကြသကဲ့သို့၊ စစ်မှန်သော ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ ငြင်းပယ်သည်ကို ညွှန်ပြပေသည်။ လူတို့သည် ထိုသို့သော ယုံကြည်မှုပုံစံများကို ဆက်လက် စွဲကိုင်နေကြပါက၊ မည်သည့်အကျိုးဆက်များကို ၎င်းတို့ ရင်ဆိုင် ရလိမ့်မည်နည်း။ ထိုသို့သော ယုံကြည်မှုပုံစံများကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းသို့ တစ်ကြိမ်တစ်ခါမျှ သာ၍ နီးစပ်နိုင်ကြလိမ့်မည်လော။ (၎င်းတို့ နီးစပ်နိုင်ကြလိမ့်မည် မဟုတ်ပါ။) ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့ရှာဖွေသည့် ဦးတည်ချက်သည် ၎င်းတို့ လျှောက်လှမ်းဖို့ ဘုရားသခင် တောင်းဆိုသည့် ဦးတည်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်သည့်အတွက်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကြောင့် ၎င်းတို့သည် ဘုရားသခင်၏လမ်းခရီးမှ သာ၍ သွေဖည်သွားကြလိမ်မည် ဖြစ်သည်။ “မြင်းရထားကို မြောက်ဘက်သို့ မောင်းခြင်းအားဖြင့် တောင်ဘက်သို့သွားခြင်း” ဟူသည့် ဇာတ်လမ်းကို သင်တို့ ကြားဖူးသလော။ ဤအရာသည် မြင်းရထားကို မြောက်ဘက်သို့ မောင်းခြင်းအားဖြင့် တောင်ဘက်သို့ သွားခြင်းနှင့်ဆိုင်သည့် ထိုသို့သော ကိစ္စရပ်တစ်ခုသာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ လူတို့သည် ဘုရားသခင်ကို ထိုသို့သော အဓိပ္ပာယ် မရှိသည့်ပုံစံဖြင့် ယုံကြည်ပါက၊ သင် ပို၍ ကြိုးစားလေလေ၊ ဘုရားသခင်ထံမှ သာ၍ ဝေးကွာလေလေ ဖြစ်လိမ့်မည်။ ထိုသို့ဖြင့် ငါသည် သင်တို့အား ဤသို့ဆုံးမ၏- သင်တို့ စတင်ဆောင်ရွက်ခြင်း မပြုမီ၊ သင်သည် မှန်ကန်သည့် လမ်းကြောင်းတွင် အမှန်တကယ် သွားနေခြင်း ရှိမရှိဆိုသည်ကို ဦးစွာ သိမြင်ရမည်။ သင်၏ အားထုတ်မှုများတွင် အာရုံစိုက်ပြီး၊ သင့်ကိုယ်သင် “ငါယုံကြည်သည့် ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးသူလော။ ငါယုံကြည်သည့် ဘုရားသခင်သည် ငါ့အား ဝိညာဉ်ရေး အာဟာရပေးသည့် တစ်စုံတစ်ဦးမျှ ဖြစ်သလော။ သူသည် ငါ၏ ရုပ်တုသက်သက် ဖြစ်သလော။ ငါယုံကြည်သည့် ဤဘုရားသခင်သည် ငါ့အား အဘယ်အရာ တောင်းဆိုသနည်း။ ဘုရားသခင်သည် ငါပြုသမျှတိုင်းကို လက်ခံသလော။ ငါ၏ လုပ်ရပ်များနှင့် လိုက်စားမှု အားလုံးသည် ဘုရားသခင်ကို သိရှိရန် ကြိုးစားခြင်းနှင့် ကိုက်ညီသလော။ ယင်းတို့သည် ငါနှင့်ပတ်သက်၍ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသလော။ ငါလျှောက်သည့် လမ်းကြောင်းကို ဘုရားသခင်က အသိအမှတ်ပြုကာ လက်ခံပါသလော။ ဘုရားသခင်သည် ငါ၏ ယုံကြည်ခြင်းနှင့်ပတ်သက်၍ စိတ်ကျေနပ်သလော” ဟု မေးဖြစ်အောင်မေးလော့။ သင်သည် သင့်ကိုယ်သင် ဤမေးခွန်းများကို မကြာခဏ ထပ်တလဲလဲ မေးသင့်သည်။ သင်သည် ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို ရှာဖွေဖို့ ဆန္ဒရှိပါက၊ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရာတွင် မအောင်မြင်နိုင်မီ ရှင်းလင်းသည့် အသိနှင့် ရှင်းလင်းသည့် ရည်ရွယ်ချက်များ ရှိရမည်။

သူ၏သည်းခံနိုင်ခြင်း အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ငါခုတင်ပြောခဲ့သည့် မသင့်တော်သော သဘောထားများကို မကျေမနပ်နှင့် လက်ခံမည်မှာ ဖြစ်နိုင်သလော။ ဤလူတို့၏ သဘောထားများကို ဘုရားသခင်သည် ချီးကျူးနိုင်မည်လော။ (မချီးကျူးနိုင်ပါ။) လူသားများနှင့် သူ၏နောက်သို့ လိုက်သော သူတို့အပေါ် ဘုရားသခင်၏သတ်မှတ်ချက်များမှာ အဘယ်နည်း။ သူသည် လူတို့ရှိဖို့ မည်သည့်သဘောထားမျိုး တောင်းဆိုသနည်း။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း သိပါသလော။ ဤအချိန်တွင် ငါသည် များစွာ ပြောပြီးဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် အပြင် သူ၏ လုပ်ဆောင်ချက်များနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့နှင့် ပတ်သက်၍ များစွာ ငါ ပြောဆိုပြီး ဖြစ်သည်။ ဘုရားသခင်သည် လူတို့ထံမှ မည်သည့်အရာ ရယူလိုသည်ကို ယခုသင်တို့သိသလော။ ဘုရားသခင်သည် သင့်ထံမှ မည်သည့်အရာ လိုချင်သည်ကို သင်သိသလော။ ကျယ်ကျယ် ပြောလော့။ အတွေ့အကြုံများနှင့် လက်တွေ့လုပ်ဆောင်မှုမှ သင်တို့၏ အသိပညာသည် ချို့တဲ့နေဆဲ သို့မဟုတ် လွန်စွာ အပေါ်ယံဆန်ဆဲဖြစ်ပါက၊ ဤနှုတ်ကပတ်တော်များ နှင့်ဆိုင်သည့် သင်တို့၏ အသိပညာနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို သင်တို့ ပြောနိုင်၏။ သင်တို့သည် အကျဉ်းချုပ် အသိပညာတစ်ခု ရှိကြသလော။ ဘုရားသခင်သည် လူသားအပေါ် မည်သည့်အရာ တောင်းဆိုသနည်း။ (ဤဆွေးနွေးမှုများ အချို့အတွင်းတွင်၊ ကျွန်ုပ်တို့သည် သူ့အား သိရန်၊ သူ၏လုပ်ဆောင်ချက်များအား သိရန်၊ သူသည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်ကြောင်းကို သိရန်နှင့် သူ၏ အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် အကျွမ်းဝင်ရန် တောင်းဆိုခြင်းအား ဖော်ပြပြောဆိုပြီးဖြစ်ပါသည်။) ပြီးလျှင် ဘုရားသခင်သည် လူတို့အား သူ့ကိုသိရန် တောင်းဆိုသည့်အခါ၊ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ (ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး၊ လူသားများသည် ဖန်ဆင်းခံ သတ္တဝါများဖြစ်ကြသည်ကို ၎င်းတို့ နားလည်ကြပါသည်။) လူတို့သည် ထိုသို့သော အသိပညာကို ရရှိကြသည့်အခါ၊ ဘုရားသခင်အပေါ် ၎င်းတို့၏သဘောထား၌၊ ၎င်းတို့၏ တာဝန် ထမ်းဆောင်ခြင်း၌၊ သို့မဟုတ် ၎င်းတို့၏ အသက်စိတ်သဘောထားများ၌ မည်သည့် အပြောင်းအလဲများ ရှိသနည်း။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ စဉ်းစားဖူးကြသလော။ ဘုရားသခင်ကို သိကျွမ်းကာ သူ့ကို နားလည်သည့်အခါ၊ ၎င်းတို့ လူကောင်းများ ဖြစ်လာကြသည်ဟု ဆိုနိုင်မည်လော။ (ဘုရားသခင်ကို ယုံကြည်မှုသည် လူကောင်း တစ်ဦးဖြစ်ရန် ကြိုးစားခြင်း မပါဝင်ပါ။ ထို့ထက် ယင်းမှာ ဘုရားသခင်၏ အဆင့်မီသော သတ္တဝါတစ်ဦးဖြစ်လာခြင်းနှင့် ရိုးသားသော လူတစ်ဦးဖြစ်လာခြင်းတို့နှင့် သက်ဆိုင်သော လိုက်စားမှု ဖြစ်ပါသည်။) အခြား တစ်ခုတစ်လေ ရှိသေးသလော။ (ဘုရားသခင်အား အမှန်တကယ် စစ်မှန်စွာ သိပြီးနောက်တွင်၊ ကျွန်ုပ်တို့သည် သူ့ကို ဘုရားသခင်အဖြစ် သဘောထားနိုင်ကြသည်။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင် ဖြစ်သည်၊ ကျွန်ုပ်တို့သည် ဖန်ဆင်းခံ သတ္တဝါများဖြစ်သည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်ပြီး၊ ကျွန်ုပ်တို့၏ မှန်ကန်သည့် နေရာတွင် နေသင့်သည်ကို ကျွန်ုပ်တို့ သိသည်။) အလွန်ကောင်း၏။ အခြားသူအချို့ထံမှ နားထောင်ကြစို့။ (ကျွန်ုပ်တို့သည် ဘုရားသခင်ကို သိပြီး နောက်ဆုံးတွင် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံကာ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော လူများ ဖြစ်နိုင်ကြသည်။) ယင်းမှာ မှန်ပေ၏။

(ဂ) သူ့အပေါ် လူသားမျိုးနွယ်ထားရှိဖို့ ဘုရားသခင် တောင်းဆိုသော သဘောထား

အမှန်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် လွန်စွာတောင်းဆိုမှု မပြုပေ- သို့မဟုတ် အနည်းဆုံးအနေဖြင့် သူသည် လူတို့စိတ်ကူးသလောက် မညှာမတာမခိုင်းပေ။ အကယ်၍ ဘုရားသခင်သည် မည်သည့်နှုတ်ကပတ်တော်များကိုမျှ မမိန့်မြွက်ခဲ့ပါက၊ အကယ်၍ သူသည် သူ၏စိတ်နေသဘောထား သို့မဟုတ် လုပ်ဆောင်ချက်များ တစ်ခုတစ်လေကို ထုတ်ဖော်မပြခဲ့ပါက၊ ဘုရားသခင်ကို သိကျွမ်းခြင်းသည် သင်တို့အတွက် လွန်စွာ ခက်ခဲပေမည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အလိုကို ကောက်ချက်ချရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ လုပ်ဆောင်ရန် လွန်စွာခက်ခဲပေမည်။ သို့သော် သူ၏အမှု နောက်ဆုံးအဆင့်တွင်၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုပြီးဖြစ်သည်၊ များစွာသော အမှုပမာဏကို လုပ်ဆောင်ပြီးဖြစ်ကာ၊ လူသားနှင့်သက်ဆိုင်သည့် သတ်မှတ်ချက်များစွာ ပြုလုပ်ပြီးဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များနှင့် သူ၏ များစွာသော အမှုပမာဏတွင်၊ သူသည် လူတို့အား သူ နှစ်သက်သည့်အရာ၊ သူစက်ဆုပ်သည့်အရာနှင့် ၎င်းတို့ မည်သို့သော လူများ ဖြစ်သင့်သည်ဆိုသည်တို့ကို လူတို့အား သူ အသိပေးပြီး ဖြစ်သည်။ ဤအရာများကို နားလည်ပြီးနောက်တွင်၊ ၎င်းတို့၏နှလုံးသားများတွင် လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သော တိကျသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်တစ်ရပ် ရှိသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မရေရာမှုဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း မရှိကြသကဲ့သို့၊ မရေရာသော ဘုရားသခင်ကို မယုံကြည်ကြတော့သည့်အပြင်၊ မရေရာမှု သို့မဟုတ် ဘာမျှမရှိခြင်းအလယ်တွင် ဘုရားသခင်၌ ယုံကြည်ခြင်း မရှိကြသောကြောင့် ဖြစ်သည်။ ထို့ထက် ၎င်းတို့သည် သူ၏ မိန့်မြွက်ချက်များကို ကြားနိုင်ကြသည်၊ သူ၏သတ်မှတ်ချက်များ နှင့်ဆိုင်သည့် စံနှုန်းများကို နားလည်နိုင်ကြပြီး ယင်းတို့ကို ကြိုးပမ်းရရှိနိုင်ကြကာ ဘုရားသခင်သည် ၎င်းတို့ သိသင့်ပြီး နားလည်သင့်သည့်အရာအားလုံးကို ၎င်းတို့အား ပြောပြရန် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုလေသည်။ ယနေ့တွင် လူတို့သည် ဘုရားသခင်၏ ဖြစ်ခြင်းနှင့် ၎င်းတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာကို မသိကြသေးပါက၊ တစ်ဦးတစ်ယောက်က ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သင့်သည်ကို ၎င်းတို့ မသိကြသကဲ့သို့ သူ့ကို မည်သို့ ယုံကြည်ရမည် သို့မဟုတ် သူ့ကို မည်သို့ ဆက်ဆံရမည်ဆိုသည်ကို မသိကြပါက- ဤအရာနှင့်ပတ်သက်၍ ပြဿနာတစ်ရပ် ရှိပေသည်။ ယခုတွင်ပင် သင်တို့အသီးသီးသည် သီးသန့်နယ်ပယ်တစ်ခုနှင့်ပတ်သက်၍ ပြောဆိုခဲ့ကြ၏။ သင်တို့သည် အတိအကျဖြစ်စေ၊ ယေဘုယျသဘောဖြစ်စေ အမှုအရာအချို့ကို သိကြ၏။ သို့သော် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် ဘုရားသခင်၏ မှန်ကန်၊ ပြည့်စုံကာ တိကျသည့် သတ်မှတ်ချက်များကို ငါသည် သင်တို့အား ပြောပြရန် ဆန္ဒရှိ၏။ ယင်းတို့သည် နှုတ်ကပတ်တော် အနည်းငယ်မျှသာဖြစ်ပြီး လွန်စွာရိုးရှင်း၏။ ယင်းတို့ကို သင်တို့ သိနှင့်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ လူသားမျိုးနွယ်နှင့် ဘုရားသခင် နောက်လိုက်သော သူများနှင့်ဆိုင်သည့် ဘုရားသခင်၏ မှန်ကန်သော သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်၏။ သူသည် သူ့နောက်သို့လိုက်သောသူများထံမှ အမှုအရာ ငါးခုကို တောင်းဆိုသည်- စစ်မှန်သောယုံကြည်မှု၊ သစ္စာစောင့်သိသော နောက်လိုက်ခြင်း၊ အကြွင်းမဲ့ ကျိုးနွံနာခံခြင်း၊ စစ်မှန်သော အသိပညာနှင့် အူလှိုက်သည်းလှိုက် ရိုသေလေးမြတ်ခြင်းတို့ ဖြစ်သည်။

ဤအရာငါးခုတွင် လူတို့သည် သူ့ကို မေးခွန်းမထုတ်တော့ရန် သို့မဟုတ် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများ သို့မဟုတ် မရေရာသကဲ့သို့ စိတ်ကူးသက်သက် ရှုထောင့်အမြင်များကို အသုံးပြုရင်း သူ့နောက် မလိုက်ရန် ဘုရားသခင် တောင်းဆို၏။ ၎င်းတို့သည် ဘုရားသခင် နောက်သို့ မည်သည့် စိတ်ကူးစိတ်သန်းများ သို့မဟုတ် အယူအဆများကိုမျှ အခြေခံ၍ မလိုက်ရ။ သူနောက်သို့လိုက်သောသူ အယောက်တိုင်းက ထိုသို့ သစ္စာစောင့်သိစွာ လုပ်ဆောင်ရန်၊ စိတ်မပါ့တပါ သို့မဟုတ် ဆက်ကပ်အပ်နှံမှု မရှိဘဲ မလိုက်ရန် သူ တောင်းဆိုသည်။ ဘုရားသခင်သည် သင့်အပေါ် သတ်မှတ်ချက်များ တစ်ခုတစ်လေ ပြုလုပ်သည့်အခါ၊ သင့်ကို စစ်ဆေးသည့်အခါ၊ သင့်ကို တရားစီရင်သည့်အခါ၊ သင့်ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သည့်အခါ သို့မဟုတ် သင့်ကို ဆုံးမပဲ့ပြင်ပြီး ရိုက်နှက်သည့်အခါ၊ သင်သည် သူ့ကို လုံးဝ ကျိုးနွံနာခံသင့်ပေသည်။ သင်သည် အကြောင်းပြချက်များကို ပြောဆိုသင့်ဖို့မဆိုထားနှင့်၊ အကြောင်းတရားကို သင် မမေးသင့် သို့မဟုတ် သတ်မှတ်ချက်များကို မပြုလုပ်သင့်ပေ။ သင်၏နာခံမှုသည် အကြွင်းမဲ့ ဖြစ်ရမည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာသည် လူတို့ အချို့တဲ့ဆုံးသော နယ်ပယ် ဖြစ်၏။ ၎င်းတို့သည် ထိုသို့သော စကားများက ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာအတွက် အတိကျဆုံးသော အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြစ်သည်ဟု ယုံကြည်လျက်၊ ဘုရားသခင်နှင့် ဆက်နွှယ်ခြင်းမရှိသော ဆိုရိုးများ၊ မိန့်မြွက်ချက်များနှင့် စကားများကို ဘုရားသခင်အပေါ် သတ်မှတ်ကြသည်။ လူတို့၏ စိတ်ကူးစိတ်သန်း၊ ၎င်းတို့ ကိုယ်တိုင်၏ ဆင်ခြင်တုံတရားနှင့် ၎င်းတို့၏ကိုယ်ပိုင် အသိပညာမှလာသော ဤဆိုရိုးများသည် ဘုရားသခင်၏ အနှစ်သာရနှင့် စိုးစဉ်းမျှ ဆက်နွှယ်မှုမရှိသည်ကို ၎င်းတို့ မသိကြချေ။ ထို့ကြောင့် လူတို့ ရှိကြဖို့ ဘုရားသခင် ဆန္ဒရှိသည့် အသိပညာနှင့် ပတ်သက်လာသည့်အခါ၊ သူသည် သင့်ကို သူနှင့် သူ၏နှုတ်ကပတ်တော်များအား သတိပြုမိဖို့ တောင်းဆိုရုံမျှ မတောင်းဆိုဘဲ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ အသိပညာသည် မှန်ကန်ဖို့လည်း တောင်းဆိုသည်ကို ငါသည် သင်တို့အား ပြောပြလို၏။ သင်သည် ဝါကျတစ်ကြောင်းသာ ပြောနိုင်လျှင်ပင် သို့မဟုတ် အနည်းငယ်မျှသာ သိလျှင်ပင်၊ ဤအနည်းငယ်မျှသည် မှန်ကန်ပြီး စစ်မှန်ကာ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရနှင့် သဟဇာတဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့အပေါ် လက်တွေ့မကျသည့် သို့မဟုတ် ပေါ့ပေါ့တန်တန်ဖြစ်သော ချီးမွမ်းခြင်း သို့မဟုတ် ချီးကျူးခြင်းတစ်ခုတစ်လေကို စက်ဆုပ်ရွံရှာသောကြောင့် ဖြစ်သည်။ ထိုထက်ပို၍ လူတို့က သူ့ကို မတူမတန် သဘောထားကြသောအခါ၊ သူမုန်းတီး၏။ ဘုရားသခင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးနေသည့် အတောအတွင်းတွင် လူတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောရှိ ပြောဆိုရင်း၊ သင့်တော်သည်ဟု ၎င်းတို့ မြင်သည်အတိုင်း ပြောဆိုရင်း၊ အမှန်တရားများကို အလေးထားခြင်းမရှိဘဲ ပြောဆိုကြသည်ကို သူမုန်းတီး၏။ ထို့အပြင် ဘုရားသခင်ကို ၎င်းတို့သိသည်ဟု ယုံကြည်ပြီး၊ ချုပ်တည်းမှု မရှိသကဲ့သို့ ကိုယ်နှုတ်စောင့်ထိန်းမှုမရှိဘဲ သူနှင့် ဆက်နွှယ်သည့် အကြောင်းအရာများကို ဆွေးနွေးကြရင်း၊ သူနှင့်ပတ်သက်သည့် ၎င်းတို့၏ အသိပညာနှင့်ပတ်သက်၍ ကြွားဝါကြသောသူတို့ကို မုန်းတီး၏။ အထက်ဖော်ပြပါ သတ်မှတ်ချက်များ ငါးခုအနက် နောက်ဆုံးမှာ အူလှိုက်သည်းလှိုက် ရိုသေလေးမြတ်ခြင်းဖြစ်သည်- ဤသည်မှာ သူ့နောက်လိုက် သူတို့အားလုံးအပေါ် ဘုရားသခင်၏ အဆုံးစွန်သော သတ်မှတ်ချက် ဖြစ်၏။ တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့် ပတ်သက်သည့် မှန်ကန်ပြီး စစ်မှန်သော အသိပညာတစ်ခု ပိုင်ဆိုင်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ရိုသေလေးမြတ်နိုင်ကြပြီး မကောင်းမှုကို စစ်မှန်စွာ ရှောင်ကြဉ်နိုင်ကြ၏။ ဤရိုသေလေးမြတ်မှုသည် ၎င်းတို့နှလုံးသား၏ နက်ရှိုင်းသော နေရာများမှ လာပေသည်။ ဤရိုသေလေးမြတ်မှုသည် လိုလိုလားလား‌ ပေးထားခြင်းဖြစ်ပြီး၊ ဘုရားသခင်ထံမှ ဖိအား၏ ရလဒ်တစ်ခု မဟုတ်ပေ။ ဘုရားသခင်သည် သူ့ထံ ကောင်းမွန်သည့် သဘောထား သို့မဟုတ် အမူအကျင့် သို့မဟုတ် အပြင်ပန်း အပြုအမူ တစ်ခုတစ်လေနှင့်ဆိုင်သည့် လက်ဆောင်တစ်ခုပေးရန် သင့်အား မတောင်းဆိုပေ။ ထို့ထက် သင်သည် သူ့အား ရိုသေလေးမြတ်ရန်နှင့် သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာများတွင် သူ့ကို ကြောက်ရွံ့ရန် သူတောင်းဆို၏။ ထိုသို့သော ရိုသေလေးမြတ်မှုကို သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုများ၊ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာနှင့် ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနားလည်ခြင်း တစ်ခု ရရှိခြင်း၊ ဘုရားသခင်၏အနှစ်သာရကို သိနားလည်လာခြင်းနှင့် သင်သည် ဘုရားသခင်၏ သတ္တဝါများထဲမှ တစ်ဦးဖြစ်သည်ဆိုသည့် အချက်ကို သင်၏ အသိအမှတ်ပြုခြင်းတို့၏ ရလဒ်တစ်ခုအဖြစ် ကြိုးပမ်းရရှိပေသည်။ ထို့ကြောင့် ဤနေရာတွင် ရိုသေလေးမြတ်မှုကို အဓိပ္ပာယ်သတ်မှတ်ရန် “အူလှိုက်သည်းလှိုက်” ဟူသော စကားလုံးကို အသုံးပြုရာတွင် ငါ၏ရည်မှန်းချက်မှာ ဘုရားသခင်အတွက် ၎င်းတို့၏ရိုသေလေးမြတ်မှုသည် ၎င်းတို့ နှလုံးသားများ၏ အရင်းခံနေရာမှ လာသင့်သည်ကို လူသားများ နားလည်ရန်အတွက် ဖြစ်သည်။

ယခုတွင် ထိုသတ်မှတ်ချက်ငါးခုကို စဉ်းစားလော့- သင်တို့ထဲမှ တစ်ဦးတစ်လေသည် ပထမသုံးခုကို ရရှိနိုင်စွမ်း ရှိသလော။ ဤအရာအားဖြင့် ငါသည် စစ်မှန်သောယုံကြည်မှု၊ သစ္စာစောင့်သိသော နောက်လိုက်ခြင်းနှင့် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းတို့ကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ သင်တို့အထဲတွင် တစ်ဦးတစ်လေသည် ဤအရာများကို လုပ်နိုင်စွမ်းရှိသလော။ ငါသည် ငါးခုစလုံးဟုပြောခဲ့ပါက၊ သင်တို့ထဲတွင် လုပ်နိုင်စွမ်းရှိသူ တစ်ဦးမျှ ရှိမည်မဟုတ်သည်မှာ မလွဲမသွေဖြစ်မည်ကို ငါသိ၏၊ သို့သော် ငါသည် သုံးခုသို့ လျှော့ချပြီးဖြစ်သည်။ သင်တို့သည် ၎င်းအရာတို့ကို စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိကို တစ်ချက် စဉ်းစားလော့။ “စစ်မှန်သောယုံကြည်မှု” သည် ကြိုးပမ်းရရှိရန် လွယ်ကူသလော။ (မလွယ်ကူပါ။) လူတို့သည် ဘုရားသခင်အား မကြာခဏ မေးခွန်း ထုတ်သည့်အတွက်၊ ယင်းမှာ မလွယ်ကူပေ။ “သစ္စာစောင့်သိသော နောက်လိုက်ခြင်း” ရော အဘယ်သို့နည်း။ ဤ “သစ္စာစောင့်သိသော” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ (စိတ်မပါ့တပါ ဖြစ်ခြင်းမဟုတ်ဘဲ၊ စိတ်ပါလက်ပါဖြစ်ခြင်းဖြစ်သည်။) စိတ်မပါ့တပါ ဖြစ်ခြင်း မဟုတ်ဘဲ စိတ်ပါလက်ပါဖြစ်ခြင်းဖြစ်သည်။ သင် ထိထိမိမိ ပြောဆိုလေပြီ။ သို့ဖြစ်၍ သင်တို့သည် ဤသတ်မှတ်ချက်ကို စွမ်းဆောင်နိုင်စွမ်း ရှိသလော။ သင်သည် သာ၍ ကြိုးစားရပေမည်၊ ဟုတ်ပါသလော။ ယခုတွင် သင်သည် ဤသတ်မှတ်ချက်တွင် မအောင်မြင်သေးပေ။ “အကြွင်းမဲ့ ကျိုးနွံနာခံခြင်း” ရော- သင် စွမ်းဆောင်ပြီးပြီလော။ (မစွမ်းဆောင်သေးပါ။) သင်သည် ယင်းကိုလည်း မစွမ်းဆောင်ကြသေးပေ။ သင်သည် မကြာခဏ နာခံမှု မရှိသကဲ့သို့ ပုန်ကန်၏။ သင်သည် မကြာခဏ နားမထောင်ပေ၊ လိုက်နာရန် ဆန္ဒမရှိပေ၊ သို့မဟုတ် မကြားလိုပေ။ ဤသည်တို့သည် အသက်ထဲသို့ ဝင်ရောက်ခြင်းကို ကြိုးပမ်းရရှိပြီးနောက် လူတို့ ပြည့်မီကြသည့် အခြေခံကျဆုံးသော သတ်မှတ်ချက် သုံးရပ် ဖြစ်သော်လည်း၊ သင်တို့သည် ယင်းတို့ကို မစွမ်းဆောင်ကြသေးချေ။ ထို့ကြောင့် ယခုတွင် သင်တို့သည် ကြီးမားသော အလားအလာ ရှိသလော။ ယနေ့တွင် ဤနှုတ်ကပတ်တော်များအား ငါပြောသည်ကို ကြားပြီးနောက်၊ သင်တို့ လိုလားတောင့်တကြသလော။ (လိုလားတောင့်တကြပါသည်။) သင်တို့ လိုလားတောင့်တသင့်သည်မှာ မှန်၏။ လိုလားတောင့်တခြင်းကို ရှောင်ကြဉ်ဖို့ မကြိုးစားနှင့်။ သင်တို့ကိုယ်စား ငါ လိုလားတောင့်တမိသည်။ အခြားသတ်မှတ်ချက်နှစ်ခုကို ငါဆွေးနွေးမည်မဟုတ်။ ဤနေရာရှိ မည်သူမျှ ယင်းတို့ကို စွမ်းဆောင်ရရှိနိုင်စွမ်းမရှိသည်မှာ သေချာသည်။ သင်တို့သည် လိုလားတောင့်တနေကြ၏။ ထို့ကြောင့် သင်တို့သည် သင်တို့၏ရည်မှန်းချက်များကို သတ်မှတ်ပြီးပြီလော။ မည်သည့် ရည်မှန်းချက်များနှင့် မည်သည့် ဦးတည်ချက်များဖြင့် သင်တို့ လိုက်စားကာ သင်တို့၏ အားထုတ်မှုများကို မြှုပ်နှံသင့်သနည်း။ သင်သည် ရည်မှန်းချက်တစ်ခုတစ်လေ ရှိသလော။ ငါ ရှင်းရှင်းပြောမည်- သင်တို့သည် ဤသတ်မှတ်ချက်ငါးခုကို စွမ်းဆောင် ရရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့သည် ဘုရားသခင်အား စိတ်ကျေနပ်စေပြီးဖြစ်လိမ့်မည်။ ၎င်းတို့ အသီးသီးသည် အညွှန်းတစ်ခု ဖြစ်သည့်အပြင်၊ အသက်ထဲသို့ လူတစ်ဦး၏ ဝင်ရောက်မှုနှင့်ဆိုင်သည့် ရင့်ကျက်မှု၏ နောက်ဆုံးရည်မှန်းချက်လည်း ဖြစ်သည်။ ငါသည် အသေးစိတ်ပြောဆိုရန်နှင့် ယင်းကို ပြည့်မီကြဖို့ သင်တို့ကို တောင်းဆိုရန် ဤသတ်မှတ်ချက်များမှ တစ်ခုတည်းကိုသာ ရွေးချယ်လျှင်ပင်၊ ယင်းကို စွမ်းဆောင်ရရှိရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ သင်သည် အတိုင်းအတာတစ်ရပ်အထိ အခက်အခဲကို ကြံ့ကြံခံရမည်ဖြစ်ပြီး၊ အားထုတ်မှု ပမာဏတစ်ခုခု ထားရှိရမည် ဖြစ်သည်။ မည်သို့သော စိတ်နေစိတ်ထားမျိုး သင်တို့ ရှိသင့်သနည်း။ ယင်းသည် ခွဲစိတ်သည့်စားပွဲပေါ်သို့တက်ရန် စောင့်ဆိုင်းနေသည့် ကင်ဆာဝေဒနာရှင်တစ်ဦးနှင့် အလားတူ ဖြစ်သင့်သည်။ ငါ အဘယ်ကြောင့် ဤသို့ပြောသနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်ရန် ဆန္ဒရှိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ရရှိကာ သူ၏ စိတ်ကျေနပ်မှုကို ရရှိရန်ဆန္ဒရှိပါက၊ သင်သည် အတိုင်းအတာ တစ်ရပ်အထိ နာကျင်မှုကို သည်းခံပြီး အားထုတ်မှု အတိုင်းအတာတစ်ရပ်ကို မထားရှိဘဲနှင့်၊ ဤအရာများကို သင် စွမ်းဆောင်ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် တရားဟောချက် များစွာကို ကြားပြီးဖြစ်သော်လည်း၊ ကြားဖူးခြင်းသက်သက်က ဤတရားဒေသနာသည် သင်၏တရားဒေသနာ ဖြစ်သွားသည်ဟု မဆိုလိုပေ။ သင်သည် ယင်းကို မှတ်သားကာ သင်နှင့်သက်ဆိုင်သော အရာတစ်ခုအဖြစ် ပြောင်းလဲရမည်။ ဤနှုတ်ကပတ်တော်များနှင့် တရားဟောချက်တို့အား သင် အသက်ရှင်သည့် နည်းလမ်းကို လမ်းပြခွင့်ပေးကာ သင့်ဘဝထံ လူ့ဘဝနှင့်ဆိုင်သော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ကို ဆောင်ကြဉ်းခွင့်ပေးရင်း၊ ယင်းကို သင့်ဘဝထဲသို့ လက်သင့်ခံရမည်ဖြစ်ပြီး သင်၏တည်ရှိမှုထဲသို့ ယူဆောင်ရမည် ဖြစ်သည်။ ထိုသို့ ဖြစ်ပျက်သည့်အခါ၊ ဤနှုတ်ကပတ်တော်များကို သင်၏ ကြားနာခြင်းသည် ကြားနာရကျိုးနပ်လိမ့်မည် ဖြစ်သည်။ ငါပြောသည့် နှုတ်ကပတ်တော်များသည် သင်၏ဘဝတွင် တိုးတက်မှု တစ်ခုတစ်လေ မဖြစ်ပေါ်စေပါက သို့မဟုတ် သင်၏ ဖြစ်တည်မှုတွင် မည်သည့်တန်ဖိုးကိုမျှ မဖြည့်စွက်ပါက၊ ယင်းတို့ကို သင်၏ နားထောင်ခြင်းတွင် အဓိပ္ပာယ်မရှိပေ။ ဤအရာကို သင်တို့ နားလည်သည်၊ မဟုတ်လော။ ယင်းကိုနားလည်ပြီးနောက်၊ ဆက်လက် ဖြစ်ပျက်သည့်အရာမှာ သင်တို့အပေါ်တွင်သာ မူတည်သည်။ သင်တို့ စတင်လုပ်ဆောင်ကြရမည်။ သင်တို့သည် အရာခပ်သိမ်း၌ အလွန် အလေးအနက်ထားရမည်။ မရေမရာ မဖြစ်လေနှင့်။ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေသည်။ သင်တို့ထဲမှ အများစုသည် ဘုရားသခင်ကို ဆယ်နှစ်ကျော် ယုံကြည်နှင့်ကြပြီး ဖြစ်သည်။ ဤကုန်လွန်ခဲ့သည့် ဆယ်နှစ်ကို ပြန်တွေးကြည့်လော့။ သင်တို့ မည်မျှရရှိလေပြီနည်း။ ပြီးလျှင် သင်တို့၌ ဤတစ်သက်တာတွင် အသက်ရှင်ဖို့ ဆယ်စုနှစ်ပေါင်း မည်မျှကျန်သေးသနည်း။ မရှည်ကြာပေ။ ဘုရားသခင်၏အမှုက သင့်ကို စောင့်နေခြင်း ရှိမရှိ၊ သူသည် သင့်ကို အခွင့်အရေးတစ်ရပ် ချန်ထားပေးခြင်း ရှိမရှိ သို့မဟုတ် သူသည် တူညီသော အမှုကို တစ်ဖန်ပြန်ပြုမည် မပြုမည်ကို မေ့ထားလော- ဤအရာများကို မပြောလေနှင့်။ သင်သည် သင့်ဘဝ၏ လွန်ခဲ့သော ဆယ်နှစ်တာကာလကို နောက်ပြန်လှည့်နိုင်သလော။ ကုန်လွန်သွားသော နေ့ရက်တိုင်းနှင့် သင်လှမ်းသည့် ခြေလှမ်းတိုင်းဖြင့်၊ သင်၌ တစ်ရက်လျော့နည်းသွားပေ၏။ အချိန်သည် မည်သူကိုမျှ မစောင့်ပေ။ သင်သည် အစားအစာ၊ အဝတ်အစားများ သို့မဟုတ် အခြားမည်သည့်အရာမဆိုထက်၊ ဘုရားသခင်ကို ယုံကြည်ခြင်းအား သင့်ဘဝတွင် အကြီးမားဆုံးသော အရာဖြစ် ချဉ်းကပ်မှသာ၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှ သင်သည် အကျိုးရရှိပေလိမ့်မည်။ သင်သည် အချိန်ရှိမှသာ ယုံကြည်ပြီး၊ သင်၏ ယုံကြည်ခြင်းအဖို့ သင်၏အာရုံအားလုံးကို မြှုပ်နှံနိုင်စွမ်း မရှိပါက၊ ပြီးလျှင် သင်သည် အစဉ် စိတ်ရှုပ်ထွေးမှုတွင် နစ်နေပါက၊ မည်သည့်အရာမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဤအရာကို သင်တို့ နားလည်သည်၊ မဟုတ်လော။ ယနေ့ ဤနေရာ၌ ငါတို့ နားမည်။ နောက်မှ တွေ့ကြမည်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်

အရှေ့သို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။