၁၆၄ ဒုက္ခဘေးဆိုးမှတဆင့် ဘုရားသခင်အတွက် ကျွန်ုပ်၏ချစ်ခြင်းမေတ္တာ အားကောင်းလာသည်

၁ ကျွန်ုပ်သည် ဘီလူးသရဲစီးသော တရုတ်ကွန်မြူနစ်ပါတီ၏ အကျဉ်းထောင်တစ်ခုထဲသို့ ထည့်ထားခြင်းခံရပြီး သွေးစွန်းသော ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာမျိုးစုံကို မြင်ခဲ့ရသည်။ ရဲများ၏ ကြမ်းကြုတ်ရက်စက်ပြီး သရဲစီးသော မျက်နှာများကို ရင်ဆိုင်ရလျက်၊ ကျွန်ုပ် ကြောက်လန့်ကာ အားငယ်ခဲ့သည်။ သူတို့၏ ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုကို ကျွန်ုပ် ခံနိုင်ခြင်း ရှိမည် မရှိမည်နှင့် ကျွန်ုပ်၏သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း ရှိမည် မရှိမည်ကို မသိပေ။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှု အလွန်နုနယ်သည်ကိုလည်းကောင်း၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး ယုဒတစ်ယောက် ဖြစ်လာမည်ကိုလည်းကောင်း ကျွန်ုပ် စိုးရွံ့သည်။ ဘုရားသခင်အား စာတန်၏ ပိုက်ကွန်မှ ကျွန်ုပ်ကို ကယ်တင်ရန် တောင်းလျှောက်ရင်း ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ကို အသည်းအသန် ပန်ကြားခဲ့သည်။ စာတန်၏ ရိုင်းစိုင်းကြမ်းကြုတ်သော ရက်စက်မှုရှိလင့်ကစား ကျွန်ုပ်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တော်တွင် ရှိပေသည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ် နားလည်သောအခါ ကြောက်ရွံ့မှု သို့မဟုတ် စိုးရွံ့မှု ကျွန်ုပ် မခံစားရတော့ပါ၊ ထို့ပြင် သူတို့၏ ရက်စက်သော ညှင်းပန်းမှုဒဏ်ကို ရင်ဆိုင်ဖို့ ကျွန်ုပ်၌ ယုံကြည်ခြင်း ရှိခဲ့သည်။ ကျွန်ုပ် ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘုရားသခင်၏ စီမံခန့်ခွဲမှုများကို ကျွန်ုပ်နာခံမည်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်အသက် ဆုံးရှုံးခြင်း ကျရောက်နိုင်သော်လည်းဘုရားသခင်အတွက် ထူးကဲသောသက်သေကို ကျွန်ုပ်ခံမည်။

၂ မကောင်းဆိုးဝါးဆန်သော စီစီပီသည် ကြမ်းကြုတ်ရက်စက်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည်၊ ယင်းသည် ကျွန်ုပ်ကို အတင်းအဓမ္မ ဘုရားသခင်အား သစ္စာဖောက်စေဖို့ ကြိုးစားရင်း အကြမ်းနှင့် အနုနည်းစနစ်များ နှစ်ခုလုံးကို အသုံးပြုခဲ့သည်။ ကျွန်ုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်၍ လျှပ်စစ်ရိုက်သည့်အချိန်တွင် မကြာမီ ကျွန်ုပ် အသက်ရှူကျပ်မည်ကဲ့သို့ ခံစားရသည်။ ကျွန်ုပ်၏ လက်ချောင်းများထဲသို့ အပ်များထိုးစိုက်ခံရသောအခါ စူးရှသော နာကျင်မှုသည် သေခြင်းက ရှင်ခြင်းထက် ပိုနှစ်သက်စရာဖြစ်ပုံ ရစေသည်။ ကျွန်ုပ်၏ ဝေဒနာကြားတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုအရာအားလုံးကို ရင်ဆိုင်ဖို့ ကျွန်ုပ်ကို ယုံကြည်ခြင်း၊ ခွန်အားနှင့် ခံနိုင်ရည်ပေးခဲ့သည်။ ယခင်က ဘုရားသခင်အား ကျွန်ုပ် စစ်မှန်စွာ မချစ်ခဲ့ပုံကို တွေးမိပြီး နောင်တများစွာဖြင့် ကျွန်ုပ် ကျန်ရစ်ခဲ့ရသည်။ ထိုအခိုက်တွင် ဘုရားသခင်ထံ ကျွန်ုပ်၏စိတ်နှလုံးကို ရည်စူးဆက်ကပ် ထားဖို့ရန်သာ ကျွန်ုပ်ဆန္ဒရှိခဲ့ပြီး ဘုရားသခင် ကျွန်ုပ်ကို လက်ခံခဲ့လျှင် ကျွန်ုပ်၏ စိတ်နှလုံးသည် သက်သာရာရပြီး ငြိမ်းချမ်းပေလိမ့်သည်။ တရုတ်ကွန်မြူနစ်ပါတီ ကျွန်ုပ်ကို မည်မျှ နှိပ်စက်ပါစေ၊ ဘုရားသခင်ကို ကျွန်ုပ် ချစ်ဦးမည်၊ သက်သေခံဦးမည်။ ကျွန်ုပ်၌ မနက်ဖြန်ရှိခဲ့လျှင်၊ သမ္မာတရားကို ရှာဖွေလိုက်စားပြီး ကိုယ်တော့်ကို ပို၍ နက်နက်နဲနဲချစ်ဖို့ ကျွန်ုပ် အစွမ်းကုန် မုချလုပ်ဆောင်မည်။

၃ ကျွန်ုပ် အသက်ဘေးမှ သီသီကလေးလိုသည်အထိ နတ်ဆိုးများက ကျွန်ုပ်ကို နာကျင်စေသော်လည်း ဘုရားသခင်သည် ကျွန်ုပ်ကို ဆိုးရွားသော အန္တရာယ်မှ တိတ်တဆိတ် ကွယ်ကာခဲ့သည်။ ဘေးဒုက္ခက ကျွန်ုပ်၏နှလုံးသားကို ကိုယ်တော့်ထံ ပိုမိုနီးကပ်စေသည်။ ကျွန်ုပ်ဘေးတွင် ဘုရားသခင်ရှိသဖြင့် နာကျင်မှုက ချိုမြိန်မှုအဖြစ်သို့ ပြောင်းလဲသည်။ သေရေးရှင်ရေး အကျပ်အတည်းတွင် ဘုရားသခင်နှင့် ကျွန်ုပ် မျက်နှာချင်းဆိုင်လာရပြီး ဘုရားသခင်၏ သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းကို ခံခဲ့ရသည်။ စီစီပီ၏ ရက်စက်သော ညှင်းပန်းနှိပ်စက်မှုများကို ခံရရင်း ယင်း၏ ဘီလူးသရဲစီးနေသော ကြောက်မက်ဖွယ် မျက်နှာထားကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ တရားမျှတမှုနှင့် မကောင်းမှုတို့ကြား ကျွန်ုပ် ခွဲခြားသိမြင်လာခဲ့ရပြီး ဘုရားသခင်သည်သာ ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ကျွန်ုပ် သာ၍ပင် မြင်တွေ့ခဲ့ရသည်။ အဆင်းနီသော နဂါးကြီးကို ကျွန်ုပ် ပို၍ပင် မုန်းတီးပြီး ကျိုးနွံနာခံဖို့ထက် သေရန်ပင်လိုလားမိသည်။ ကျွန်ုပ်သည် သံမဏိစိတ်ဓာတ်ဖြင့် ဘုရားသခင်နောက် လိုက်သည်ပင်။ အို ဘုရားရှင်၊ ကောင်းကင်ဘုံသို့ သွားရာလမ်းသည် စုံစမ်းနှောင့်ယှက်ခြင်းနှင့် အန္တရာယ်များဖြင့် ပြည့်လျက် ခက်ခဲကြမ်းတမ်းပေသည်။ ကျွန်ုပ်ကိုလမ်းပြမည့် ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့်အတူ ကျွန်ုပ်သည် ကိုယ်တော့်ကို အမြဲ နီးကပ်စွာမှီခိုဖို့ ဆန္ဒရှိပြီး ကိုယ်တော့်အတွက် ကျွန်ုပ်၏ချစ်ခြင်း ဘယ်သောအခါမျှ မပြောင်းလဲပါပေ။

အရှေ့သို့- ၁၆၃ ခေတ်ကာလများတစ်လျှောက် သန့်ရှင်းသူများ ပြန်လည် မွေးဖွားကြသည်

နောက်တစ်ခုသို့- ၁၆၅ ထာဝရ အမှတ်အသား

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။