ဘုရားသခင် သင့်စိတ်နှလုံးသားနှင့်ဝိညာဉ်ကို ရှာဖွေနေ
၁
အနန္တတန်ခိုးရှင်ထံမှ အသက်ပေးသွင်းမှုစွန့်လွတ်သည့်လူသား
အဘယ်ကြောင့် သူတို့ အသက်ဆက်နေရသည်ကိုပင်မသိသည့်အပြင် သေခြင်းကို ကြောက်ရွံ့ကြလေသည်
ပံ့ပိုးမှုတို့မရှိ ကူညီမှုတို့မရှိ
သို့သော်လူတို့ သေချင်းအားတွန့်ဆုတ်ဆဲ
ရဲဝံ့စွာရင်ဆိုင်လိုက်ပါ ဤလောကရဲ့စက်ဆုပ်ဖွယ်ရာများ
ဝိညာဉ် ရေးအသိကင်းမဲ့သော ခန္ဓာများဖြင့်ရပ်တည်ခဲ့
မျှော်လင့်ချက်မဲ့ သင်အသက်ရှင်
ရည်မှန်းချက်မဲ့ သူရှင်သန်
ဒဏ္ဍာရီထဲမှသန့်ရှင်းသော ဘုရား တစ်ပါးတည်းသာရှိ
ဒဏ္ဍာရီထဲမှသန့်ရှင်းသော ဘုရား တစ်ပါးတည်းသာရှိ
သူကြွလာခြင်းအတွက်တောင့်တသူ၊ ဒုက္ခ၌ငြီးတွားသူ၊
လာရောက်ကယ်တင်မယ့်သူ၊ အစဉ်အမြဲကြည့်ရှုသူ
အသိမနိုးကြားသေးသောလောကီလူအပေါင်း
ထိုယုံကြည်ချက်အားသဘောမပေါက်နိုင် ယနေ့တိုင်
လူသားတို့ ထိုအရာများအားတမ်းတဆဲ၊ တမ်းတနေဆဲ
၂
ပြင်းထန်စွာ ကြေကွဲ သူတို့ အနန္တတန်ခိုးရှင်သနားမူ
အသိတရားကင်းသူကိုလည်း သခင်ဘုရားစိတ်ပျက်မူ၏
လူသားတို့ဆီကအဖြေကိုသူစောင့်နေ
တုံ့ပြန်မှုကိုကြာမြင့်စွာသူစောင့်နေ
သင့်ရဲ့စိတ်နှလုံးနှင့် ဝိညာဉ်ကို သူရှာဖွေချင်နေသည်
စားသောက်စရာများ သူသင့်ကိုပေးချင်တယ်
သင့်ကိုတဖန်ရေငတ်၍ဆာလောင်ခြင်းမရှိစေရန်
သင့်ကိုနိုးကြားနေစေချင်
သင့်စိတ်ပင်ပန်းနွမ်းနယ်ချိန်
အဖော်မဲ့မှုတို့ကို စတင်ခံစားရချိန်
ဒီလောကအလယ်မှာ အထီးကျန်ချိန်
စိတ်ရှုပ်မခံနဲ့ မငိုပါနဲ့
အနန္တတန်ခိုးရှင်စောင့်ကြည့်နေတယ်
သင့်ရဲ့ရောက်လာမှုကို လက်ခံတယ်
၃
သူဟာသင့်ရဲ့ဘေးမှာ ပြန်လာဖို့စောင့်မျှော်နေ
သူဟာစောင့်မျှော်နေ သင်ပြန်သတိရမယ့်နေ့ကို
သင်သည်ဘုရားထံမှလာကြောင်းသတိထား
သင်သည်ဘုရားထံမှဖြစ်သည်
သင်မသိတဲ့ အချိန်တစ်ချို့မှာ တစ်ကြိမ်တစ်ခါလမ်းပျောက်ခဲ့တယ်
တစ်နေရာတွင် သတိလစ်လမ်းမှား
ဘယ်ချိန်မသိဘဲ "ဖခင်" တစ်ဦးရှိခဲ့
နောက်မှ ဘုရား စောင့်ကြည့်နေမှန်းသိ
သင်ပြန်အလာကို သူစောင့်မျှော်လျက်နေ
အစဉ်အမြဲ သူစောင့်ကြည့်လို့နေခဲ့၊ စောင့်နေခဲ့
သူသည်လွန်စွာတမ်းတ
သူစောင့်ဆိုင်းလျက်ရှိ အဖြေမရှိနိုင်သောလူတို့တုံ့ပြန်မှုကို
တန်ဖိုးဖြတ်မရနိုင်
စိတ်နှလုံးနှင့်ဝိညာဉ် လူသားတို့အတွက် သူစောင့်ကြည့်လျက်နေ
သူ့စောင့်ကြည့်မှုဟာ ထာဝရကြာမြင့်နိုင်
ဤစောင့်ကြည့်မှုလည်း အဆုံးသတ်လုနီးပြီ
သင်ခုချိန်ပြန်ဆန်းစစ်
သင့်ရဲ့စိတ်နှလုံးနှင့်သင့်အသက်ဝိညာဉ် ဘယ်မှာလဲ?
ဘယ်မှာလဲ?
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။