၂၆၁ လူသားတို့အနာဂတ်အတွက် ဘုရားသခင်ပူဆွေး

ကျယ်ပြောလှသော လောက

မရေတွက်နိုင်အောင် ပြောင်းလဲ၊ ကွင်းပြင်ထဲ သမုဒ္ဒရာများ

နုန်းတင်၊ သမုဒ္ဒရာထဲ ကွင်းပြင်များ ဖုံးလွှမ်း။

စကြဝဠာအတွင်းရှိ အရာခပ်သိမ်းကို အုပ်စိုးသော သူမှတစ်ပါး

ဘယ်သူမှ ဤလူသားမျိုးနွယ်ကို မဦးဆောင်၊ လမ်းမပြနိုင်။

ဤလူသားမျိုးနွယ်အတွက် အမှုပြုရန် သို့မဟုတ်

ပြင်ဆင်မှုများ လုပ်ဆောင်ရန် ခွန်အားကြီးသူ မရှိ။

ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီ ဦးဆောင်နိုင်သူနှင့်

လောကမတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိ။

လူသားတို့အနာဂတ်အတွက် ဘုရားသခင် ပူဆွေး၊

လူသားတို့ကျဆုံးခြင်းကြောင့် သူ ကြေကွဲ၊

ဖောက်ပြန်ပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့လမ်းဆီ

လူတို့ တစ်လှမ်းချင်း ချီတက်နေကြလို့ နာကျင်ခံစား။

ဘုရား၏စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး

ဆိုးယုတ်သူကို ရှာဖွေဖို့ ဘုရားကို စွန့်လွှတ်ခဲ့။ ထိုသို့သော

လူသားမျိုးနွယ်သွားရာလမ်းကို ဘယ်သူ စဉ်းစားခဲ့ဖူးသလဲ။


ဘုရား၏အမျက်ဒေါသကို ဘယ်သူမှ သတိမပြုမိခြင်း၊

ဘုရားကို ကျေနပ်စေမည့်လမ်းအား ဘယ်သူမှ မရှာဖွေခြင်း၊

ဘုရားထံတော် တိုးဝင်ရန် ဘယ်သူမှ မကြိုးစားခြင်းနှင့်

ဘုရား၏ ပူဆွေးမှုနှင့်နာကျင်မှုကို နားလည်ရန်

ဘယ်သူမှ မကြိုးစားခြင်းမှာ ဒီအကြောင်းကြောင့် ဖြစ်သည်။

ဘုရား၏အသံတော်ကို ကြားပြီးနောက်မှာပင်

လူသည် သူ့လမ်းသူ ဆက်လျှောက်ရင်း

ဘုရားထံမှ လမ်းလွဲရန် ကြိုးစား၊

ကျေးဇူးတော်နှင့်စောင့်ရှောက်မှုကို

ရှောင်ဖယ်ကာ သမ္မာတရားကို ရှောင်ရှား၊

ဘုရား၏ ရန်သူ စာတန်ထံ

သူ့ကိုယ်သူ ရောင်းချရန် ပိုနှစ်သက်သည်။

ပြန်လှည့်၍မကြည့်ဘဲ သူ့ကို ပစ်သွားသည့်

ဤလူသားမျိုးနွယ်အပေါ်

ဘုရားသခင်တုံ့ပြန်မည့်ပုံကို ဘယ်သူ စဉ်းစားခဲ့ဖူးသလဲ။


ဘုရား၏ အထပ်ထပ် သတိပေးခြင်းများနှင့် တိုက်တွန်းခြင်းများမှာ

အရင်က လုံးဝမဖြစ်ဖူးသော ကပ်ဘေးကို

သူ့လက်တွင် ပြင်ဆင်ထားသောကြောင့်၊

လူ့ခန္ဓာနှင့် ဝိညာဉ်အတွက် မခံမရပ်နိုင်စရာ ဖြစ်လိမ့်မည့်

အရင်က လုံးဝမဖြစ်ဖူးသော ကပ်ဘေးကို သူ့လက်တွင်

ပြင်ဆင်ထားသောကြောင့်ဖြစ်သည်ကို ဘယ်သူမှ မသိ။

ဤကပ်ဘေးဟာ ခန္ဓာအတွက်သာ မဟုတ်ဘဲ

စိတ်ဝိညာဉ်အတွက်ပါ ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။

ဤအချက်ကို သင် သိထားဖို့လိုသည်-

ဘုရား၏ အစီအစဉ်ပျက်သွားပြီး

သူ့သတိပေးချက်များနှင့် တိုက်တွန်းချက်များ

တုံ့ပြန်မှုတွေမရသည့်အခါ

သူ ဘယ်လို အမျက်ဒေါသမျိုး ထွက်မလဲ။

ဘယ်ဖန်ဆင်းခံမှ ကြုံတွေ့၊ ကြားဖူးသည့်

အရာတစ်ခုနှင့်မှ တူမည်မဟုတ်။

ထို့ကြောင့် ဤကပ်ဘေးသည် မကြုံစဖူးအရာ၊

ဘယ်တော့မှ ထပ်ဖြစ်မည် မဟုတ်ဟု ဘုရားပြော၏။

အကြောင်းမှာ ဘုရား၏ အစီအစဉ်သည်

လူကို ဤတစ်ကြိမ်သာ ဖန်ဆင်းရန်နှင့်

ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သည်။

ဒါ ပထမဆုံးနှင့် နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။

ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ် ကယ်တင်မည့်

ဘုရား၏ရည်ရွယ်ချက်များနှင့်

ပြင်းပြသောမျှော်လင့်ချက်ကို ဘယ်သူမှ နားမလည်။

ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ် ကယ်တင်မည့်

ဘုရား၏ရည်ရွယ်ချက်များနှင့်

ပြင်းပြသောမျှော်လင့်ချက်ကို ဘယ်သူမှ နားမလည်။

ဘုရား၏ရည်ရွယ်ချက်တို့နှင့် ပြင်းပြသော မျှော်လင့်ချက်။


“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၆၀ လူ့အသက်အတွက်၊ ဆင်းရဲဒုက္ခအားလုံးကို ဘုရားကြံ့ကြံ့ခံသည်

နောက်တစ်ခုသို့- ၂၆၂ အနန္တတန်ခိုးရှင်၏ သက်ပြင်းချသံကို သင်ကြားပြီးပြီလော

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။