၂၇၄ ဘုရားသခင်က ကျွန်ုပ်တို့ကို အနက်ရှိုင်းဆုံး ချစ်ပေသည်

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် စိတ်ချယုံကြည်ပါ၏။ လောကတစ်လျှောက် ကျွန်ုပ် အဘယ်သို့ လှည့်လည်သွားလာခဲ့သည်ကို ပြန်စဉ်းစားသော်၊ လူတို့၏ မတည်တံ့ပြောင်းလဲလွယ်ခြင်း နှင့် ဥပက္ခာပြုခြင်းတို့ကို ကျွန်ုပ် နက်နက်ရှိုင်းရှိုင်း ခံစားမိသည်။ အမှောင်ထဲ ကျွန်ုပ် ရုန်းကန်ပြီး စမ်းတဝါးဝါး သွားခဲ့သည်။ ဘဝ၏ ဆင်းရဲဒုက္ခက အဆုံးမရှိပေ၊ ကျွန်ုပ်၏ မျက်နှာကို မျက်ရည်များဖြင့် ဆေးကြောရင်း၊ နှစ်ကာလများတစ်လျှောက် ကျွန်ုပ် အားအင်လျော့လာခဲ့သည်။ မျှော်လင့်ချက်ကင်းမဲ့လျက်၊ စိတ်ပျက်ခြင်းဖြင့် ကျွန်ုပ် ခိုကိုးရာမဲ့စွာသာ အသက်ရှင်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်တို့ကို အနက်ရှိုင်းဆုံး ချစ်ပေသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို နိုးထစေသည်။ ကိုယ်တော့်ထံ နောက်ဆုံး ကျွန်ုပ် ပြန်လာပြီး ကျွန်ုပ်၏ နာကျင်သော ဘဝကို စွန့်ပစ်လေပြီ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အလင်းပြသည်၊ တောက်ပသော အသက်တာကို ကျွန်ုပ် မြင်ရပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များ၌ ကျွန်ုပ် မွေ့လျော်ပြီး ကိုယ်တော်၏ မျက်မှောက်တော်တွင် ကျွန်ုပ် ရှင်သန်၊ ကျွန်ုပ်၏ စိတ်နှလုံးက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နေသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် စိတ်ချယုံကြည်ပါ၏။ ကျွန်ုပ်၏ သဘာဝသည် ကိုယ်တော့်နှုတ်ကပတ်တော်အားဖြင့် ဖွင့်ပြခံရပါ၏။

ကိုယ်တော့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းသည် ကျွန်ုပ် မည်မျှနက်နဲစွာ ဖောက်ပြန်ပျက်စီးနေသည်ကို ကျွန်ုပ်အား မြင်စေပါသည်။

မာနထောင်လွှားသည်၊ လှည့်ဖြားတတ်သည်၊ ကောက်ကျစ်ကာ လောဘကြီးသည်၊ ကျွန်ုပ်သည် လူသားဆန်မှု လုံးဝ မရှိပေ။

ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို လက်ခံဖို့ရန် ကျွန်ုပ် မိမိကိုယ်ကိုယ် သိမြင်ပြီး ကိုယ်တော့်ရှေ့တွင် မြေပြင်ပေါ်သို့ ကျရောက်ပါ၏။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်တို့ကို အနက်ရှိုင်းဆုံး ချစ်ပေသည်။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကျွန်ုပ်အား ကယ်တင်သည်။

သမ္မာတရားနှင့်အသက်အား ကျွန်ုပ်အပေါ် ကိုယ်တော်အပ်နှင်းပြီး၊ လူသားတစ်ယောက် မည်သို့ဖြစ်ရမည်ကို ကျွန်ုပ်အား သင်ပြသည်။

ယခု ကျွန်ုပ် အနည်းငယ် ပြောင်းလဲပြီ၊ ကိုယ်တော်ကို ကျေးဇူးတင်ပြီး ချီးမွမ်းမှုမပြုဘဲ ကျွန်ုပ် မည်သို့နေနိုင်မည်နည်း။

ကိုယ်တော်၏ နှုတ်ကပတ်တော်များ၌ ကျွန်ုပ် မွေ့လျော်ပြီး ကိုယ်တော်၏ မျက်မှောက်တော်တွင် ကျွန်ုပ် ရှင်သန်၊ ကျွန်ုပ်၏ စိတ်နှလုံးက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နေသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် စိတ်ချယုံကြည်ပါ၏။ ကိုယ်တော် ကျွန်ုပ်ကို အမှန်တကယ် ချစ်သည်။

ကျွန်ုပ်၏ စိတ်နှလုံးသည် အလွန်တရာ ကျေးဇူးတင်ရှိခြင်းဖြင့် ပြည့်နေသည်။ သို့သော်လည်း ဘယ်ကနေစရမည်ကို ကျွန်ုပ် မသိပေ။

ကိုယ်တော်၏ ချစ်ခြင်းကို နှစ်သက်ခံစားရ သော်လည်း ကိုယ်တော်အတွက် သက်သေမခံနိုင် ဖြစ်လျက် ကျွန်ုပ်၏ စိတ်နှလုံး သောကရောက်ဖြစ်ရသည်။

ကျွန်ုပ်၏ တာဝန်များတွင် ကျွန်ုပ် ပေါ့ဆပြီး လှည့်ဖြားနေဆဲဖြစ်သည်၊ ကိုယ်တော့်အလိုတော်ကို ကျွန်ုပ် မဖြည့်ဆည်းနိုင်ပေ။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်တို့ကို အနက်ရှိုင်းဆုံး ချစ်ပေသည်။ ကိုယ်တော်၏ တရားစီရင်ခြင်းသည် ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်သည်။

ကိုယ်တော့်တရားစီရင်ခြင်းသည် ကျွန်ုပ်အား သန့်စင်စေပြီး ကိုယ်တော်၏ သန့်ရှင်းမှုနှင့် ချစ်ဖွယ်ဖြစ်မှုအား ကျွန်ုပ် မြင်ရသည်။

ယခု ကိုယ်တော်၏ ကယ်တင်ခြင်းကို ကျွန်ုပ်ရရှိပြီး အလင်းထဲတွင် ကျွန်ုပ်နေထိုင်သည်။ ကျွန်ုပ်၏ စိတ်နှလုံးသည် နှိုင်းယှဉ်မရသည့် ချိုမြိန်မှုကို ခံစားရသည်။

ကိုယ်တော်၏ နှုတ်ကပတ်တော်များ၌ ကျွန်ုပ် မွေ့လျော်ပြီး ကိုယ်တော်၏ မျက်မှောက်တော်တွင် ကျွန်ုပ် ရှင်သန်၊ ကျွန်ုပ်၏ စိတ်နှလုံးက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နေသည်။

အရာရာ၌ ကိုယ်တော့်ကို ကျွန်ုပ်တို့ နာခံမည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့အတိုင်း အသက်ရှင်ပြီး ကိုယ်တော်ကို ထာဝရချစ်မည်။

အရှေ့သို့- အို ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ် အောက်မေ့သတိရ

နောက်တစ်ခုသို့- ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်၏ စိတ်နှလုံးကို အရည်ပျော်စေပြီ

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အားဖြင့် စုံလင်သောသူဖြစ်ဖို့ ဘာသာရေးအတွေးအခေါ်တို့ကို စွန့်လွှတ်ပါ

၁ဘုရား နှုတ်ကပတ်တော်၏ စစ်ကြောစီရင်၊ ဆုံးမခြင်းကိုသင်လက်ခံလျှင် ဘာသာရေးလမ်းစဉ်များကိုဖယ်ရှားထား၊နူတ်ကပတ်တော်ကို ဟောင်းနွမ်းသော အယူအဆနှင့်...

ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေလူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင်ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံးဘုရားသည် ကျွန်ုပ်တို့ထဲ၌...

ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်